×

LATEST NEWS

WHAT'S NEWS?


MPT သင်္ကြန်ပွဲတော် အတူနွဲပျော်

11 Apr 2017
MPT၏ နှစ်သစ်ကူး အတာသင်္ကြန်အကြို မိသားစုရေသဘင်နှင့်ဖျော်ဖြေပွဲ အစီအစဉ်များကို ၂၀၁၇ ခုနှစ် ဧပြီလ (၁၀)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ မြန်မာ့နှစ်သစ်ကူးကိုကြိုဆိုတဲ့အနေနဲ့ ကျင်းပတဲ့ပွဲမှာ MPT-KSGM ကအကြီးတန်း စီမံခန့်ခွဲမှုအဖွဲ့ဝင်များအားလုံး တက်ရောက်ခဲ့ကြပြီး လာရောက်သူအားလုံးကို မြန်မာ့ရိုးရာမုန့်များနှင့်ကျွေးမွေးဧည့်ခံခြင်း၊ သင်္ကြန်ယိမ်းအကအလှများနဲ့ ဖျော်ဖြေခြင်းနဲ့ ရေပက်ကစားခြင်းတွေကို ပြုလုပ်ခဲ့ပါတယ်။