blank

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့သည့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားတွင် MPT က လှူဖွယ်ဝတ္ထုများ ပါဝင်ဆက်ကပ်လှူဒါန်းခဲ့

Published 02 Jan 2018

ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) –၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် (ပြာသိုလပြည့်)နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကြုံတောင့်ကြံုခဲ့ နှစ်ဦးအလှူဖြစ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီအား ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာနှင့် ပင့်သံဃာအပါး ၁၈,၀၀၀ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားတွင် မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ပါဝင်လှူဒါန်း ကုသိုလ်ယူခဲ့ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံတွင် အကြီးကျယ်ဆုံးနှင့် အခမ်းအနားဆုံး ဖြစ်သည့် ယခုလို ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားနှင့် သံဃာတော် အရှင်သူမြတ်များကို လှူဖွယ်ဝတ္တူများဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက ကြီးမှူးပြီး ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။  သုံးစွဲသူများ၏ ကုသိုလ်လည်းဖြစ်သည့် ယခုလိုလှူဒါန်းမှုတွင် MPT အနေဖြင့် တောင်ဘက်မုခ်မှ ကြွချီလာသည့် ကြည်ညိုဖွယ်ရာ သံဃာတော်အရှင်သူမြတ်များကို သင်္ကန်းတော်နှင့် အခြားသောလှူဖွယ်ဝတ္ထု တို့ကို ဆက်ကပ် လှူဒါန်းခဲ့ပါသည်။

ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ရည်သန်သည့် ယခုလို ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားတွင် သံဃာ့ဂိုဏ်းပေါင်းစုံမှ သံဃာတော်အရှင်သူမြတ် ၁၈,၀၀၀ တို့က ကြွရောက် အပူဇော်ခံခဲ့ကြပြီး ၂၀၁၈ ခုနှစ်၏ ပထမဆုံးသော ရက်မြတ် မင်္ဂလာနေ့တွင် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ ညချမ်းအချိန်အခါသမယတွင်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးသော နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ကို ပြည်သူ့ရင်ပြင်၌ သုံးညတိုင်တိုင် ကျင်းပပြုလုပ်လျက် ရှိပါသည်။

ထို့အပြင် ရွှေတိဂုံစေတီတော်ကြီးထံသို့ လာရောက်ဖူးမြော်ခဲ့ကြသည့် များပြားသော ဘုရားဖူးလာပြည်သူများ အတွက် MPT မှ ရွှေတိဂုံစေတီတော်ပေါ်တွင် အများပြည်သူသုံးအခမဲ့ ဝိုင်ဖိုင်ကွန်ရက် (MPT Free Wi-Fi) ကို ထောက်ပံ့ကူညီပေးခဲ့သည်။ MPT ဆင်းမ်ကတ်အသုံးပြုသူများအနေဖြင့် အဆိုပါ ဝိုင်ဖိုင်စနစ်ကို ချိတ်ဆက်ရယူပြီး အသုံးပြုခြင်းဖြင့် မိုဘိုင်းလ်ဖုန်းဒေတာသုံးစွဲမှုသက်သာစေနိုင်မည်ဖြစ်ကာ လျင်မြန်သည့် အင်တာနက်ကို ရရှိအသုံးပြုနိုင်မည်လည်း ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးနိုင်ကိုကိုက “ နိုင်ငံရဲ့အထင်ကရ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ပြုလုပ်ခဲ့တဲ့ အခုလို ထူးမြတ်လှတဲ့ပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် အထူးပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် တကယ့်ကို အရေးပါလှတဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနဲ့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲမှာ သံဃာတော် အရှင်သူမြတ်တွေကို လှူဒါန်းခွင့်ရရှိခြင်းဟာ အလွန်ပဲကြံုတောင့်ကြံုခဲအခွင့် အရေးတစ်ရပ်လည်း ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

best operator in Myanmar