blank

လူ့အသက်ပေါင်းများစွာ ကယ်တင်နိုင်ရန် MPT ဝန်ထမ်းများက သွေးလှူဘဏ် နှင့် ဆေးရုံများတွင် စုပေါင်းသွေးလှူဒါန်း

Published 17 Mar 2018

(ရန်ကုန်၊ ၁၇ မတ် ၂၀၁၈) – လွန်ခဲ့သည့် မတ်လ ၁၆ ရက်နေက နိုင်ငံတစ်ဝှမ်းရှိ သွေးလှူဘဏ်များနှင့်ဆေးရုံများတွင် စေတနာ့ဝန်ထမ်းများအဖြစ် သွေးလှူဒါန်းခဲ့ကြသည့် MPT ဝန်ထမ်း ၄၀၀ ကျော်ကို အထူးကျေးဇူးတင်ရှိကြောင်း MPT သတင်းထုတ်ပြန်လိုက်သည်။ တစ်နိုင်ငံလုံးမှ သွေးလှူရှင်များကိုအားပေးထောက်ခံခြင်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးရှိ MPT တာဝန်ရှိသူများက လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းရှိ အမျိုးသားသွေးဌာနတွင် လာရောက်ကာ သွေးလှူဒါန်းသူများနှင့်အတူလာရောက် အားပေးခဲ့ကြပါသည်။ နိုင်ငံ၏ အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး ဆက်သွယ်ရေးအော်ပရေတာ၏ များစွာသောလူမှုအကျိုးပြုလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည့် ယခုလိုသွေးလှူဒါန်းမှုမှာ ဝန်ထမ်းများစုပေါင်းပြီးသွေးလှုဒါန်းခဲ့သည့် ကာလအနေဖြင့် ၂၀၁၈ ခုနှစ်တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

သွေးသည် လူ့ခန္ဓာကိုယ်အတွက် အလွန်ပင်အရေးကြီးသည့် ကဏ္ဍတစ်ခုအဖြစ် တည်ရှိနေပြီး ယခုလို MPT ဝန်ထမ်းများ၏ သွေးလှူဒါန်းမှုဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ် ခွဲစိတ်ကုသမှုတိုင်းတွင် လိုအပ်သောသွေး အထောက်အပံ့ကိုဖြစ်စေပြီး မလိုလားအပ်သည့် အသက်ဆုံးရှုံးမှုများမှ ရှောင်လွှဲနိုင်မည်ဖြစ်သည်။ သွေးသွင်းကုသရခြင်းမှာ အခြေအနေအမျိုးအမျိုးအလိုက် လိုအပ်လျက်ရှိနေသဖြင့် အမျိုးသားသွေးဌာနတွင် သွေးလှူရှင်များလှူဒါန်းထားသည့် သွေးပမာဏမှာ ၂ရက် (သို့) ၃ ရက်ခန့်စာသာ
လုံလောက်မှုရှိကြောင်း ၎င်းဌာန၏ ဝက်ဘ်ဆိုက်တွင်လည်း ဖော်ပြထားသည်။

ကမ္ဘာပေါ်တွင်လည်း အမျိုးသမီး ၈၀၀ နီးပါးမှာ ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် သန္ဓေသားနှင့်ပတ်သက်သည့် ရောဂါအခြေအနေများကြောင့် မှန်ကန်သည့် သွေးအမျိုးအစားနှင့် လုံလောက်သည့် သွေးပမာဏရရှိ ရုံဖြင့်ဖြေရှင်းနိုင်သည့် ဖြစ်ရပ်များမှာ သွေးအခက်အခဲကြောင့် သေဆုံးနေရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကထုတ်ပြန်ထားသည်။ အမျိုးသားသွေးဌာန၏ သတင်းအရ မြန်မာနိုင်ငံအတွင်းတွင် သွေးလိုအပ်မှု ပမာဏမှာသွေးလှုုဒါန်းမှုများထက် မြင့်မားနေကြောင်း ထုတ်ပြန်ထားသည်။ ထို့ကြောင့် လုံလောက်သည့် သွေးပမာဏကိုထောက်ပံ့ပေးနိုင်ရန် လုပ်ဆောင်နေသည့် အမျိုးသားသွေးဌာန၏ ဆောင်ရွက်ချက်များအတွက် MPT က ၎င်း၏လူမှုအကျိုးပြုလုပ်ငန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ယခုလိုလှူဒါန်းမှုပြုရခြင်း လည်းဖြစ်ပါသည်။ MPT အနေဖြင့်
နိုင်ငံတစ်ဝှမ်းက ၎င်း၏ ဝန်ထမ်းများ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ လူမှုရေးလုပ်ရှားမှုများဖြင့် မြန်မာနိုင်ငံအားရှေ့သို့လှမ်းချီနိုင်အောင်ကြိုးပမ်းလျက်ရှိသည်။ ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အခြားသော နယ်ပယ်များတွင် ဆောင်ရွက်နေသည့်လူမှုအကျိုးပြုလုပ်ငန်းများက နှလုံးသားထဲကမြန်မာဟူသည့် စကားကို သက်သေပြရန် ဆောင်ရွက်နေသည့် MPT၏ ကတိကဝတ်များပင်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino က “အရေးပေါ်လိုအပ်တဲ့သွေးကို ရှာဖွေရတဲ့ အခြေအနေက လူနာရော၊ လူနာ မိသားစုဝင်တွေပါ အားလုံးကို ပူပင်သောကရောက်စေပါတယ်။ ခွဲစိတ်ကုသမှုခံနေရတဲ့ ကလေးငယ်တွေ၊ မတော်တဆမှုတွေကြောင့် အရေးပေါ်အခြေအနေရောက်နေတဲ့ လူတွေအတွက် ကျွန်တော်တို့အားလုံးရဲ့ ပေါင်းစည်း သွေးလှူဒါန်းမှုက ကူညီပေးနိုင်မှာဖြစ်လို့အရမ်းပဲ ကြည်နူးမိပါတယ်။ ရှေ့ လျှောက်လည်း MPT ဝန်ထမ်းတွေက ခုထက်ပိုတဲ့ အင်အားနဲ့ လာရောက်လှူဒါန်းသွားဦးမှာဖြစ်ပါတယ်။ ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စကို ကူညီပံ့ပိုးပေးခဲ့တဲ့အပြင် အချိန်ပေးပြီးပါဝင်လှူဒါန်းခဲ့ကြတဲ့သူတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်” ဟု ပြောကြားသွားပါသည်။

အမျိုးသားသွေးလှူဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဒေါက်တာ သီတာအောင်က “တစ်နိုင်ငံလုံးမှာ စဉ်ဆက်မပြတ် သွေးလှူဒါန်းမှုတွေဆောင်ရွက်နေတဲအ့ တွက် MPT ဝန်ထမ်းတွေကို အထူးကျေးဇူးတင်ပါတယ်။ သွေးလှူဒါန်းမှုက လူတွေရဲ့ကျန်းမာရေးစနစ် ကောင်းကောင်းမွန်းမွန် လည်ပတ်နိုင်ဖို့ အရေးကြီးတဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ကလေးငယ်တွေနဲ့ လူကြီးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့သွေးတွေ ရရှိနိုင်ဖို့ သွေးလှူရှင်တွေက အမြဲတမ်းသွေးလှူပေးဖို့ လိုအပပ် ါတယ်။ တကယ်လို့ တစ်နိုင်ငံလုံး အသက်တွေက ကို ကယ်ဖို့ မိမိတို့ရဲ့သွေးကို လှူဒါန်းချင်တယ်ဆိုရင်တော့ www.donatebloodmyanmar.org လိပ်စာမှာ ဝင်ရောက်ကြည့်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ပြောကြားသွားပါသည်။

MPT သည် ၂၀၁၇ ခုနှစ်တွင် စတင်ပြီး သွေးလှူဒါန်းသည့် လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးတွင် စတင်ဆောင်ရွက်ခဲ့သည်။ ယခုလိုလှုပ်ရှားမှုတွင် သွေးအိတ်ပေါင်း ၁၀၀၀ ကျော်ကို လှူဒါန်းနိုင်ခဲ့ပြီး ယင်းသိုသောကောင်းမွန်သည့် လှုပ်ရှားမှုကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ အရေးပေါ်အခြေအနေတိုင်းနှင့် ခွဲစိတ်ကုသမှုဆောင်ရွက်စဉ်တွင် လူ့အသက်ကို ကယ်တင်နိုင်သဖြင့် သွေးလှူဒါန်းမှုမှာ မြန်မာတို့အတွက် မြင့်မြတ်သည့် အလှူတစ်မျိုးလည်းဖြစ်ပါသည်။ သွေးလှူဒါန်း၍ လူအများ၏အသက်များကို မည်သို့ ကယ်တင်နိုင်သည်ကို ပိုမို လေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှု အကျိုးပြုလုပ်ငန်းများနှင့်ပတ်သက်၍ http://mpt.com.mm/mm/abouthome/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

best operator in Myanmar