×

PRESS RELEASES


MPT မှ ပျော်ရွင်ကံထူး နှစ်သစ်ကူးကံစမ်းမဲအစီအစဉ်ကို ပြန်လည်စတင်

12 Dec 2017
(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT အနေဖြင့် အသုံးပြုသူ ၂၆သန်းကျော်အတွက် အကြီးမားဆုံးနှင့် အကောင်းဆုံးသောဆုများကို ပေးအပ်ခဲ့ပြီး ယခုနှစ်အတွက်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းသော ဆုများကို ပေးအပ်ရန် စိတ်အားထက်သန်လျက်ရှိရာ MPT က “ပျော်ရွှင်ကံထူး နှစ်သစ်ကူး” ကံစမ်းမဲ အထူးအစီအစဉ်တစ်ရပ်ကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာ ၁၃ရက်မှစတင်၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့အထိ ပြန်လည်ပြုလုပ်ပေးသွား တော့မည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ ယခုနှစ်အတွက် ပြန်လည်စတင်လိုက်သည့် MPT ၏ ကံစမ်းမဲအစီအစဉ်တွင် iPhone X အလုံး ၃၀၊ Toyota Vios ကား ၃ စီး အပြင် အထူးဆုကြီးတစ်ဆုအဖြစ် စတားစီးတီးကွန်ဒိုမီနီယမ်မှ တိုက်ခန်းတစ်ခန်းတို့ကို ထည့်သွင်းပေးအပ်သွားမည် ဖြစ်ပါသည်။ MPT မှ အနေဖြင့် အသုံးပြုသူများကို ယခုကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန်လွယ်ကူသောနည်းလမ်းများဖြင့် စီစဉ်...