×
  • MPT Official Instagram
  • MPT LinkedIn

အထွေထွေစည်းကမ်းသတ်မှတ်ချက်များ

၁။ အကျုံးဝင်မှု

၁.၁ ဤအထွေထွေစည်းကမ်းသတ်မှတ်ချက်များ(“အထွေထွေစည်းကမ်းချက်များ”)သည် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ပေးသည့် ဝန်ဆောင်မှုများအားလုံးနှင့် အကျံုးဝင်သည်။
၁.၂ အကယ်၍ သီးသန့်စည်းကမ်းချက်များနှင့် အထွေထွေစည်းကမ်းချက်များအကြား ပဋိပက္ခ တစ်စုံ တစ်ရာရှိလျှင် သီးသန့်စည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်များသည် ဤအထွေထွေစည်းကမ်းချက် များပါ ပြဋ္ဌာန်းချက်များကို ကွဲလွဲမှုရှိနေသည့် အတိုင်းအတာအထိသာ လွှမ်းမိုးမည်။

၂။ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

၂.၁ အောက်ပါ စကားလုံးများနှင့် စကားရပ်များသည် ဤအထွေထွေစည်းကမ်းသတ်မှတ်ချက်များ အရ အောက်ပါ အနက်အဓိပ္ပါယ်များ အသီးသီး ရှိကြပါသည်။

ဝယ်သူနှင့် ပတ်သတ်သည့် အချက် အလက် စာရင်း MPT ကပေးသည့် ဝန်ဆောင်မှုတစ်စုံတစ်ရာနှင့်ပတ်သက်ပြီး MPT ၏ ဝယ်သူတစ်ဦးတစ်ယောက်နှင့် ပတ်သက်သော အချက်အလက်ပါ စာရင်း တစ်စုံတစ်ရာကို ရည်ညွှန်းသည်။
အုပ်စုအဖွဲ့ဝင်ကုမ္ပဏီ MPT ကိုထိန်းချုပ်ထားသည့် သို့မဟုတ် MPT ကထိန်းချုပ်ထားသည့် သို့မဟုတ် MPT နှင့်အတူ ဘုံထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ဥပဒေနှင့်အညီ ပဋိညာဉ်ပြုနိုင်သည့်လူ၊အဖွဲ့အစည်း တစ်စုံတစ်ရာ ဟု အဓိပ္ပါယ်ထွက်စေရမည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်အရ “ထိန်းချုပ်” ဟူသော စကားရပ်က (၁) ကုမ္ပဏီကြီး တစ်ခု၏ မဲပေးခွင့်ရှိသော အစု ရှယ်ယာများ သို့မဟုတ် မဲပေးခွင့်ရှိသော အစု ရှယ်ယာများ ရှိသည့့် အခြားစီးပွားရေး လုပ်ငန်းအဖွဲ့အစည်း၏ ငါးဆယ် ရာခိုင်နှုန်း (၅၀%) ကျော်ကို လက်ဝယ်ပိုင်ဆိုင်ခြင်းအကျိုးခံစားခွင့်သို့မဟုတ် (၂) အစုစပ် လုပ်ငန်း တစ်ခု သို့မဟုတ် မဲပေးခွင့်ရှိသော အစု ရှယ်ယာ များမရှိသည့်   အခြား စီးပွားရေးလုပ်ငန်း အဖွဲ့အစည်း၏ အသားတင် ပိုင်ဆိုင်သည့်ပစ္စည်းများ (အက်ဆက်တ်စ်) သို့မဟုတ် အမြတ်များ တွင် ငါးဆယ် ရာခိုင်နှုန်း (၅၀%) ကျော် အကျိုးစီးပွားကို ဆိုလိုသည်။ အထက်တွင် မည်သို့ဆိုစေကာမူ ဤစကားရပ် တွင် KDDI Summit Global Myanmar Co., Ltd. ပါ၀င်သည်ဟု မှတ်ယူရမည်။
ကျသင့်ငွေတောင်းခံလွှာ ကျသင့်ငွေဖော်ပြထားသည့် ငွေတောင်းခံလွှာ၊ ငွေတောင်းခံလွှာ သို့မဟုတ် အခြားဝန်ဆောင်မှု သို့မဟုတ်သုံးစွဲမှု တစ်စုံတစ်ရာ အတွက်် MPTသို့ ပေးချေရမည့် အဖိုးအခ၊ ဝန်ဆောင်ခ သို့မဟုတ် အခြား ငွေပမာဏ အတွက် ရှင်းတမ်း တစ်စုံတစ်ရာကို ညွှန်းသည်။
ဝယ်သူနှင့် သဘောတူညီချက် ဝန်ဆောင်မှုသို့မဟုတ် MPT၏ ပစ္စည်းကိရိယာများနှင့် ပတ်သက်၍ MPT နှင့် ဝယ်သူတစ်ဦး တစ်ယောက်ကြား သဘောတူညီချက် တစ်စုံတစ်ခုကို ရည်ညွှန်းသည်။ ဝယ်သူနှင့် သဘောတူညီချက်တွင် ဤအထွေထွေ စည်းကမ်းချက်များနှင့် သီးသန့် စည်းကမ်းချက်များပါ  ရှိနေ ပါက ယင်းတိုု့ လည်းပါဝင်သည်။
ဝယ်သူ အုပ်စုအဖွဲ့ဝင်ကုမ္ပဏီ ဝယ်သူကိုထိန်းချုပ်ထားသည့် သို့မဟုတ် ဝယ်သူကထိန်းချုပ် ထား သည့် သို့မဟုတ် ဝယ်သူနှင့်အတူ ဘုံထိန်းချုပ်မှု အောက် တွင် ရှိနေသည့် ဥပဒေနှင့်အညီ ပဋိညာဉ် ပြုနိုင်သည့်လူ၊ အဖွဲ့အစည်း တစ်စုံတစ်ရာဟု အဓိပ္ပါယ်ထွက်စေရမည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက် အရ “ထိန်းချုပ်” ဟူသော စကားရပ်က (၁) ကုမ္ပဏီကြီး တစ်ခု၏ မဲပေး ခွင့်ရှိသော အစုရှယ်ယာများ သို့မဟုတ် မဲပေးခွင့်ရှိသော အစုရှယ်ယာ များရှိသည့့် အခြားစီးပွားရေး လုပ်ငန်းအဖွဲ့အစည်း၏ ငါးဆယ် ရာခိုင် နှုန်း (၅၀%) ကျော်ကို လက်ဝယ်ပိုင်ဆိုင်ခြင်း အကျိုးခံစားခွင့် သို့မဟုတ် (၂) အစုစပ် လုပ်ငန်းတစ်ခု သို့မဟုတ် မဲပေးခွင့်ရှိသော အစုရှယ်ယာ များမရှိသည့်   အခြားစီးပွားရေး လုပ်ငန်း အဖွဲ့အစည်း၏ အသားတင် ပိုင်ဆိုင်သည့် ပစ္စည်းများ (အက်ဆက်တ်စ်) သို့မဟုတ် အမြတ်များ တွင် ခံစားခွင့် ငါးဆယ် ရာခိုင်နှုန်း (၅၀%) ကျော်သော အကျိုးစီးပွားကို ဆိုလိုသည်။
ဝယ်သူ နှင့် သက်ဆိုင်သော  သတင်း အချက်အလက် ဝယ်သူတစ်ယောက်က ဝန်ဆောင်မှုတစ်ခုကိုအသုံးပြုမှုသို့မဟုတ် ဆော့ဖ်ဝဲ နှင့်ဆက်နွယ်မှု သို့မဟုတ် ဝယ်သူနှင့် MPT တို့အကြား သဘောတူညီမှုများမှ MPT ကရရှိလာသော သတင်းအချက် အလက်များအားလုံးကို ညွှန်းသည်။ ဤစကားရပ် တွင် ဝယ်သူထံမှ ကောက်ယူရရှိနိုင်သော သဘောထားအမြင်တစ်စုံတစ်ရာအပါအဝင်၊ ဝယ်သူနှင့်ပတ်သက်သော မည်သည့်သတင်း အချက်အလက်မဆို ပါဝင်သည်။
ဝယ်သူတောင်းဆိုချက် ဝယ်သူဘက်မှ စတင်၍ MPT အပေါ် တောင်းဆိုချက်၊ ညွှန်ကြား ချက် သို့မဟုတ် အမိန့်တစ်စုံတစ်ရာကို ရည်ညွှန်းသည်။
ဝယ်သူ MPT ၏ဝန်ဆောင်မှုများအား ရယူရန်လျှောက်ထားသူ၊ ပုံမှန်အခပေး ရယူထားသူ သို့မဟုတ် အသုံးပြုနေသူ မည်သူတစ်စုံတစ်ဦးကိုမဆို ရည်ညွှန်းသည်။
သက်တမ်းပြည့်သည့်ရက် အပိုဒ် ၄.၅ တွင်ပေးထားသည့် အဓိပ္ပါယ်အတိုင်းဖြစ်သည်။
ဝန်ဆောင်ခများ ဝန်ဆောင်မှုတစ်စုံတစ်ရာ ပေးခြင်းနှင့်ဆက်နွယ်ပြီး သတ်မှတ်ထား သည့် ဝန်ဆောင်ခများ သို့မဟုတ် အဖိုးအခများကို ရည်ညွှန်းသည်။
အသိဉာဏပစ္စည်း မှတ်ပုံတင်ပြီးသည့် မူပိုင်ခွင့်ရှိသည့်ဖန်တီးမှု၊ မှတ်ပုံတင်မူပိုင်ခွင့်များ၊ စက်မှုဒီဇိုင်းများနှင့် ဝန်ဆောင်မှုနှင့်ကုန်အမှတ်တံဆိပ်များ သို့မဟုတ် MPT ကသုံးနေသည့် ဆက်သွယ်ရေးစနစ်၊ MPT ပစ္စည်းကိရိယာ သို့မဟုတ် MPT ဆော့ဖ်ဝဲအပါအဝင် MPT ကယင်းတို့၏ပိုင်ဆိုင်သူ၊ သို့မဟုတ် ထိုသို့သောပစ္စည်းဆိုင်ရာ အခွင့်အရေးများအား အသုံး ပြုမှု၊ စီမံအုပ်ချုပ်မှု နှင့်ပိုင်ဆိုင်မှုတို့အား MPT သို့စနစ်တကျ လိုင်စင် ချထားပေးမှု။
ဥပဒေ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဥပဒေများနှင့် အခြား သက်ဆိုင်သည့် ဥပဒေတစ်စုံတစ်ရာကို ဆိုလိုသည်။
ဥပဒေနှင့်အညီ ပဋိညာဉ်ပြုနိုင်သည့် လူ၊ အဖွဲ့အစည်း လူအုပ်စုတစ်စု၊ ကုမ္ပဏီကြီးတစ်ခု၊ အစုစပ်လုပ်ငန်းတစ်ခု သို့မဟုတ် ဥပဒေအရ လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုထားသော အဖွဲ့အစည်း တစ်ခုအား၊ အစုရှယ်ယာဝင်၊ အစုစပ်ဝင် သို့မဟုတ် အဖွဲ့ဝင် တစ်ယောက် နှင့် ခွဲခြားကွဲပြားမှုကို ခွင့်ပြုသည့် ဥပဒေက အသိ အမှတ် ပြုသည့်/အခြားဥပဒေနှင့်အညီ ပဋိဉာဉ်ပြုနိုင်သည့် လူ၊ အဖွဲ့အစည်း ကိုရည်ညွှန်းသည်။
MPT မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှင့် ယင်း၏အကျိုးစီးပွားအား ဆက်ခံ သူများကို ရည်ညွှန်းသည်။
MPT ပစ္စည်းကိရိယာများ ဝယ်သူ၏ အဆောက်အအုံနှင့် ယင်း၏ဥပစာတွင်ရှိသည့် ပစ္စည်း ကိရိ ယာများအပါအဝင် MPT က ပိုင်ဆိုင်သော၊ အသုံးပြု နေသော၊ တပ် ဆင်ထားသောနှင့်/သို့မဟုတ် ငှားရမ်းထားသော ပစ္စည်း ကိရိ ယာ၊ ကိရိယာသို့မဟုတ်အရာဝတ္ထု တစ်စုံတစ်ရာကို ရည်ညွှန်းသည်။
MPT ဆော့ဖ်ဝဲ MPT ပစ္စည်းကိရိယာ၊ MPT ကထိန်းသိမ်းပေးနေသည့် သို့မဟုတ် သုံးစွဲနေသည့် ဆက်သွယ်ရေးစနစ် သို့မဟုတ် ဝန်ဆောင်မှု တစ်ခုခုကို အသုံးပြုရန်အလို့ငှာ၊ MPTကဖြစ်စေ၊ MPT ကိုယ်စား ဖြစ်စေ တပ်ဆင်ပေးထားသော သို့မဟုတ် ပေးထားသော ကွန်ပျူတာ ပရိုဂရမ်၊ ကွန်ပျူတာ ဆော့ဖ်ဝဲ တစ်စုံတစ်ရာကို ရည်ညွှန်းသည်။
မြန်မာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ရည်ညွှန်းသည်။
စာချုပ်အဖွဲ့ဝင်များ MPTနှင့်ဝယ်သူများကို ရည်ညွှန်းပြီး၊ “စာချုပ်အဖွဲ့ဝင် တစ်ဦး တစ်ယောက်” ဟူသော စကား သည် ယင်းတို့ထဲမှ မည်သူ တစ်စုံတစ်ဦး ကိုမဆို ဟူသည့် အဓိပ္ပါယ်ဖြစ်သည်။
ငွေပေးချေမှုဆိုင်ရာ စည်းကမ်းချက်များ ငွေတောင်းခံလွှာများကြောင့် ငွေတောင်းခံလွှာများနှင့် ပတ်သက်သော ကိစ္စရပ်များအပေါ် ပေးချေရမည့် သို့မဟုတ် လွှမ်းမိုးစပ်ဆိုင်သည့် ဝန်ဆောင်ခများ ပေးချေခြင်းဆိုင်ရာ  စည်းကမ်းသတ်မှတ်ချက်များကို ရည်ညွှန်းသည်။ ယင်းတို့ကို MPTက အခါအားလျော်စွာ ဆုံးဖြတ်နိုင်ပြီး၊ သီးသန့် စည်းကမ်းချက်များ သတ်မှတ်နိုင်သည်။
ကြိုတင်ပေးချေရသော ဝန်ဆောင်ခများ ငွေစာရင်းတစ်ခုထဲသို့ ပေးသွင်းကာ ဝယ်သူတစ်ယောက်၏ မြီရှင်စာရင်းတွင်ထည့်သွင်းသောငွေကို ရည်ညွှန်းသည်။ ဝန်ဆောင်ခ များ တိုးလာသည့်အခါ၊ ငွေတောင်းခံလွှာ မထုတ်ဘဲ ယင်းငွေထဲမှ ဝန်ဆောင်ခများကို ဖြတ်တောက်ယူသည်။
သတ်မှတ်နှုန်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်အတိုးနှုန်းကို ရည်ညွှန်း သည်။ ယင်းကို http://www.cbm.gov.mm တွင်ကြည့်နိုင်သည်။
ဝန်ဆောင်မှု MPT က ကမ်းလှမ်းသော သို့မဟုတ် ပေးသော၊  ဆက်သွယ်ရေးနှင့် (ပစ္စည်းကိရိယာတစ်စုံတစ်ခုကို ပေးသွင်းမှု၊ ငှားရမ်းမှု သို့မဟုတ် တပ်ဆင်မှု အပါအဝင်) အခြား မည်သို့သောဝန်ဆောင်မှုကို မဆို ရည်ညွှန်းသည်။
ဝန်ဆောင်မှုအမှတ်စဉ် ဝယ်သူအား ခွဲခြား ရွေးချယ်နိုင်ရန် MPT ကသတ်မှတ်သည့် စာလုံးများ နှင့် /သို့မဟုတ် ဂဏန်းများ တွဲစပ်မှုတစ်စုံတစ်ရာကို ရည်ညွှန်းသည်။ ယင်းသတ်မှတ်ထားသော တွဲစပ်မှုက  MPT၏ဝန်ဆောင်မှုများနှင့်/ သို့မဟုတ် ပစ္စည်း ကိရိယာ များကို အသုံးပြုနိုင်စေသည်။
သီးသန့်စည်းကမ်းချက်များ သီးခြားဝန်ဆောင်မှုတစ်ခုနှင့်ပတ်သက်၍ MPT ကသတ်မှတ်သည့် စည်းကမ်းသတ်မှတ်ချက်များကို ရည်ညွှန်းသည်။ ဤစကားရပ်တွင် ထိုသက်ဆိုင်ရာ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဝယ်သူနှင့် MPTတို့ အကြား သဘောတူညီချက်အပေါ် လွှမ်းမိုးသော စည်းကမ်းသတ် မှတ်ချက်များ ပါဝင်သည်။
အခွန်များ ဖြည့်ဆည်းပေးသောဝန်ဆောင်မှုတစ်ခုခု၊ သို့မဟုတ် သတ်မှတ် သက်တမ်းပြည့်ပြီးဖြစ်သော ဝန်ဆောင်ခဖြစ်စေ၊ ပေးငွေဖြစ်စေ နှင့် ပတ်သက်၍သော်လည်းကောင်း၊ စပ်လျဉ်း၍သော် လည်းကောင်း မည်သည့်ဥပဒေတစ်ရပ်ရပ် သို့မဟုတ် မြန်မာနိုင်ငံပြင်ပ စီရင်ပိုင်ခွင့် တစ်စုံ တစ်ရာ၏ ဥပဒေအရနှင့်/ဥပဒေကြောင့်၊ မည်သို့ပင် ချမှတ်ခြင်း၊ ပြဋ္ဌာန်းခြင်းပြုစေကာမူ ဝယ်သူကMPT အားပေးရမည့် သက်ဆိုင် သော အခွန်များ၊ အကောက်ခွန်များ၊ စည်းကြပ်ရငွေများနှင့် အခြား အလားတူ အဖိုး အခများအားလုံးကို ရည်ညွှန်းသည်။
ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးရန်အလို့ငှာ အသုံးပြု သည့် ပစ္စည်းကိရိယာတစ်စုံတစ်ရာ သို့မဟုတ် ဆက်သွယ် ရေးကို လွယ်ကူချောမောစေသည့် ပစ္စည်းကိရိယာ တစ်စုံတစ်ရာကို ဆိုလို သည်။  နှင့်
တတိယပုဂ္ဂိုလ် ထောက်ပံ့သူများ အပိုဒ် ၉.၁ တွင်ပေးထားသည့် အဓိပ္ပါယ်အတိုင်းဖြစ်သည်။

၃။ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ

၃.၁ မြန်မာနိုင်ငံဥပဒေအရ လိုအပ်ပါက၊ ဝယ်သူသည် ဝန်ဆောင်မှုတစ်စုံတစ်ရာကို အသုံးပြုရန်ဖြစ်စေ၊ (MPT ပစ္စည်းကိရိယာများအပါအဝင်) ပစ္စည်းကိရိယာတစ်စုံတစ်ရာကိုသုံးရန်အတွက် လိုအပ်သည့် လိုင်စင်များ၊ ခွင့်ပြုချက်များ၊ အာဏာပိုင်၏ခွင့်ပြုချက်များနှင့် အခြားလိုအပ်သည့်လုပ်ပိုင်ခွင့်များအားလုံးကို မိမိအသုံးစရိတ် ကျခံ၍ ရယူခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် တာဝန်ရှိစေရမည်။
၃.၂ ဝယ်သူ၏တာဝန်များမှာ –

  • (က)ဤ ဝန်ဆောင်မှုနှင့်MPT ပစ္စည်းကိရိယာများအားအသုံးပြုမှုသို့မဟုတ်လည်ပတ်မှု၊ တပ်ဆင်ပုံနည်း တို့အတွက် MPT ၏ညွှန်ကြားချက်များကို နှောင့်နှေးမှုမရှိဘဲလိုက်နာရန်၊
  • (ခ)ဝန်ဆောင်မှုတစ်စုံတစ်ရာနှင့်ပတ်သက်၍ အသုံးပြုသော ပစ္စည်းကိရိယာ တစ်ခုစီနှင့် အားလုံးတို့အား ဥပဒေနှင့်အညီ အသုံးပြုခြင်း ဖြစ်စေရန်၊
  • (ဂ)MPT ပစ္စည်းကိရိယာများအား တပ်ဆင်မှု၊ ခေတ်နှင့်အညီမွမ်းမံမှုနှင့် အသုံးပြုမှုအတွက် MPT၊ ထုတ်လုပ်သူ နှင့်/သို့မဟုတ် ဖြန့်ချိသူတို့၏ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ သို့မဟုတ် သတ်မှတ်ချက်များ အားလုံးကိုလိုက်နာရန်နှင့် ထိုသို့သော MPT ပစ္စည်းကိရိယာများ အားလုံးကို ဖော်ပြထားချက်နှင့်အညီ ကောင်းစွာအသုံးပြုနိုင်သည့်အခြေအနေတွင်ရှိနေစေရန်အတွက် ထိန်းသိမ်းရန်၊
  • (ဃ)ဝယ်သူအတွက်အသုံးပြုသည့် သို့မဟုတ် တပ်ဆင်သည့် သို့မဟုတ် ဝယ်သူအတွက်၊ MPT ကပေးသော ဝန်ဆောင်မှုတစ်စုံတစ်ရာ၊ သို့မဟုတ် MPT ပစ္စည်းကိရိယာများ နှင့်/သို့မဟုတ် MPT ဆော့ဖ်ဝဲတို့နှင့် (MPT ပစ္စည်းကိရိယာများနှင့် MPT ဆော့ဖ်ဝဲတို့သာမကပဲ) မည်သည့်ပုံစံဖြင့်ဖြစ်စေ ချိတ်ဆက်ထားသော၊ အပြန်အလှန် သက်ရောက်မှုရှိစေသော သို့မဟုတ် လည်ပတ်နိုင်သော ပစ္စည်း ကိရိယာများနှင့်  ဆော့ဖ်ဝဲများအားလုံး ၏ ဝန်ဆောင်မှု၊ ပစ္စည်းကိရိယာများနှင့် စနစ်တို့ သဟဇာတ ဖြစ်နေစေရန်။
  • (င)MPT ပစ္စည်းကိရိယာများအားလုံးကို ဝယ်သူကသတ်မှတ်ပြီး၊ MPT က စာနှင့်ရေးသား အတည်ပြု ထားသည့် အဆောက်အအုံနှင့်ယင်း၏ဥပစာတွင် ထားစေရန်၊
  • (စ)ဤဝန်ဆောင်မှုအတွက်လိုအပ်သော MPTပစ္စည်းကိရိယာများအား တည်ဆောက်မှု၊ တပ်ဆင်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးအတွက်လိုအပ်သည့် ဆက်သွယ်မှုဆိုင်ရာ လိုအပ်သော အထောက်အကူ ပြုသည့်ပစ္စည်းပစ္စယများ၊ ထိန်းကွပ်မှုဆိုင်ရာတရားဝင်ခွင့်ပြုသည့် စာရွက်စာတမ်း များ၊ နှင့်အခြား အလားတူအာဏာပိုင်၏ခွင့်ပြုချက်များအပါအဝင် – ဤဝန်ဆောင်မှုနှင့် ပတ်သက်၍ လိုအပ်သော အထောက်အကူပြုသည့်ပစ္စည်းပစ္စယအားလုံးကို၊ MPT က လိုအပ်ပါက ဝယ်သူ၏ အသုံးစရိတ်နှင့် ပေးစေရန်။
၃.၃ ဝယ်သူဘက်မှ မပြုလုပ်ရန် သဘောတူသည်မှာ –

  • (က)မည်သည့်သက်ဆိုင်သော ဥပဒေတစ်ရပ်ရပ် သို့မဟုတ် ၀ယ်သူနှင့်သဘောတူစာချုပ်တစ်ခုခု သို့မဟုတ် MPT မှ ခွင့်ပြုထားသည့် ကိစ္စတစ်ခုခု ကို ဆန့်ကျင်၍ အခြားရည်ရွယ်ချက်တစ်ခုခုအတွက် ၀န်ဆောင်မှုတစ်စုံတစ်ရာ သို့မဟုတ် MPT ပစ္စည်းကိရိယာများကို အသုံးပြုခြင်း သို့မဟုတ် သုံးစွဲမှုကို ခွင့်ပြုခြင်း၊
  • (ခ)MPT၏စာနှင့်ရေးထားသော ကြိုတင်ခွင့်ပြုချက် မပါဘဲ၊ MPTပစ္စည်းကိရိယာများ သို့မဟုတ် MPT ဆော့ဖ်ဝဲကို ပြောင်းလဲရန် သို့မဟုတ် အစားထိုးရန် သို့မဟုတ်၊ ဖော်ပြပါတို့နှင့် ပတ်သက်၍ ပြောင်းလဲမှု သို့မဟုတ် အစားထိုး မှုကို ခွင့်ပြုခြင်း၊
  • (ဂ)ဤဝန်ဆောင်မှုကို ပြန်လည်ရောင်းချမှုနှင့်ပတ်သက်၍ ကိန်းဂဏနးအချက်အလက်တစ်စုံတစ်ရာသို့မဟုတ် သတင်း အချက်အလက်တစ်စုံတစ်ရာကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ သယ်ဆောင်ရန် သို့မဟုတ်ထုတ်လွှင့်ရန် MPT၏စာနှင့်ရေးထားသောကြိုတင်ခွင့်ပြုချက် မပါဘဲ၊ ဝန်ဆောင်မှု တစ်စုံတစ်ရာကို အသုံးပြုရန် သို့မဟုတ် သုံးစွဲမှုကိုခွင့်ပြုခြင်း၊
  • (ဃ)ရည်ရွယ်ထားသည့်သို့မဟုတ်တရားဝင်ခွင့်ပြုထားသည့် ကိစ္စတို့မှအပ၊ ဝန်ဆောင်မှု ၊ MPT ပစ္စည်းကိရိယာ သို့မဟုတ် MPT ဆော့ဖ်ဝဲတစ်စုံတစ်ရာတို့ကို MPT၏ စာနှင့်ရေးထားသော ကြိုတင်ခွင့်ပြုချက်မပါဘဲ၊ အသုံးပြုရန် သို့မဟုတ်သုံးစွဲမှုကိုခွင့်ပြုခြင်း၊ နှင့်
  • (င)ဆက်သွယ်ရေးအားဖြင့်သတင်းအချက်အလက်စီးဆင်းမှုကိုဖြစ်ပေါ်စေသည့် သို့မဟုတ် ဖြစ်ပေါ်စေနိုင်ဖွယ် ရှိသည့် လုပ်ဆောင်မှုတစ်ရပ်ရပ် သို့မဟုတ် MPT၏ ဆက်သွယ်ရေးဝန်ဆောင်မှုတစ်ခုခုပေးခြင်း သို့မဟုတ် လည်ပတ်ခြင်းအပေါ်ပိတ်ဆို့မှု သို့မဟုတ်နှောင့်ယှက်မှုဖြစ်ပေါ်စေသည့်သို့မဟုတ် ဖြစ်ပေါ်စေနိုင်ဖွယ် ရှိသည့် အသုံးပြုမှုတစ်ခုခု အတွက် MPT၏ စာနှင့်ရေးထားသော ကြိုတင်ခွင့်ပြုချက် မပါဘဲ၊ ဆက်သွယ်ရေး ပစ္စည်းကိရိယာများအားအသုံးပြုရန် သို့မဟုတ် သုံးစွဲမှုကိုခွင့်ပြုခြင်း။
၃.၄ ဤဝန်ဆောင်မှု သို့မဟုတ် MPT ပစ္စည်းကိရိယာများအား ရည်ရွယ်ထားသည့်သို့မဟုတ် တရားဝင်ခွင့်ပြု ထားသည့် အကြောင်းကိစ္စမဟုတ်သည့် ကွဲပြားသောအကြောင်း ကိစ္စအတွက်သုံးခဲ့သည့် ဖြစ်ရပ်တွင် MPT က ထိုသို့သောအခြားအသုံးပြုမှုသို့မဟုတ် အခြားရည်ရွယ်ချက်အတွက် ကွဲပြားသောဝန်ဆောင်ခအား သတ်မှတ် နိုင်သည်။ ဤဝန်ဆောင်မှုသို့မဟုတ်MPTပစ္စည်းကိရိယာများအား အသုံးပြုသည့်ရည်ရွယ်ချက် ပြောင်းလဲမှု အတွက် ဝယ်သူသည် MPT အားကြိုတင်အကြောင်းကြားပြီး၊ ခွင့်ပြုချက်ယူရန် ပျက်ကွက်သည့် ဖြစ်ရပ်၌် MPTတွင် ထိုက်သင့်သည်ဝန်ဆောင်ခကို နောက်ကြောင်းပြန်သတ်မှတ်စေနိုင်ခွင့် အလားတူ ရှိစေရမည်။
၃.၅ MPT က ယင်း၏ ပစ္စည်းကိရိယာသို့မဟုတ် ကွန်ရက်ကိုမည်သည့်အချိန်တွင်မဆို ပြောင်းလဲရန်၊ အစားထိုးရန်သို့မဟုတ် စွမ်းဆောင်ရည်မြှင့်ရန်လုပ်ပိုင်ခွင့်ကို ကိုင်စွဲထားသည်။ ထိုသို့သော ပြောင်းလဲမှု ဖြစ်ရာတွင် ဝယ်သူက မိမိ၏ အသုံးစရိတ်နှင့် ဤဝန်ဆောင်မှုတစ်စုံတစ်ရာကို ရှေ့ဆက် အသုံးပြုနိုင်ရန် အလို့ငှာ လိုအပ်နိုင်သည့် ပြောင်းလဲမှုများ အလားတူပြုရမည် နှင့်/သို့မဟုတ် စွမ်းရည် မြှင့်ထားသည့် ပစ္စည်းကိရိယာ သို့မဟုတ် ဆော့ဖ်ဝဲကို အလားတူ အသုံးပြုရမည်။ ယင်းသို့ပြုလုပ်ရာတွင် MPT က တောင်းဆိုသည်နှင့် အစားထိုးမှု သို့မဟုတ် စွမ်းဆောင်ရည်မြှင့်မှုအတွက် ဖလှယ်ရန်အလို့ငှာ MPT ပစ္စည်းကိရိယာများ  သို့မဟုတ် MPT ဆော့ဖ်ဝဲကို ချက်ချင်းပြန်ပေးရန် ဝယ်သူက သဘောတူရမည်။ ဤအထွေထွေ စည်းကမ်းသတ်မှတ်ချက် များတွင်် ဆန့်ကျင်ဘက်ပြဋ္ဌာန်းချက် တစ်စုံတစ်ရာ မည်သို့ပင် ပါစေကာမူ ဝန်ဆောင်မှုတစ်စုံတစ်ရာအား အလျဉ်မပြတ်တည်တံ့စေရန် မည်သည့် MPTပစ္စည်းကိရိယာများ သို့မဟုတ် MPT ဆော့ဖ်ဝဲကိုမဆို၊ MPT က စွမ်းဆောင်ရည်မြှင့်မှု သို့မဟုတ်အစားထိုးမှုကို၊ ယင်း၏ရွေးပိုင်ခွင့်အရသာ လုပ်ဆောင်ရမည်။
၃.၆ MPT က မည်သည့်ဝန်ဆောင်မှု၊ သို့မဟုတ် ဝန်ဆောင်မှုတစ်စုံတစ်ရာ၏အပိုင်းတစ်ပိုင်း အနေနှင့် ထုတ်လွှင့်ချက်များ သို့မဟုတ် ထုတ်လွှင့်သည့်အချက်အလက်များကိုမဆို၊ ဝန်ဆောင်မှုအဆင့် အာမခံချက် များနှင့်အညီ အရည်အသွေးကောင်းစေရန် အကောင်းဆုံးအားထုတ်ရမည်။ မည်သို့ဆိုစေ MPT က လုံးဝဥဿံုအပြစ်ကင်းသည့်ဝန်ဆောင်မှုများဖြစ်စေရမည်ဟု အာမမခံနိုင်ဘဲ၊ ဝန်ဆောင်မှုတစ်စုံတစ်ရာ၏ အပိုင်းတစ်ပိုင်းအနေနှင့်ထုတ်လွှင့်ချက် သို့မဟုတ် ထုတ်လွှင့်သည့်အချက်အလက်တစ်စုံတစ်ရာ ဆုံးရှုံးမှု၊ြပြတ်တောက်စေမှု သို့မဟုတ် ပျက်စီးစေမှုကြောင့် ဖြစ်လာသည့် ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှု တစ်စုံတစ်ရာ အတွက် ဥပဒေအရတာဝန်မရှိစေရ။
၃.၇ MPTထံမှ ပစ္စည်းကိရိယာ တစ်စုံတစ်ရာကို ၀ယ်လိုက်သည်နှင့် လွှဲပြောင်းမှုသို့မဟုတ် တာဝန်ခွဲဝေမှု ပြုနိုင်သော ပစ္စည်းကိရိယာထုတ်လုပ်သူ၏ စာနှင့်ရေးထားသောအာမခံချက်များအား MPT က ဝယ်ယူသော (ဖောက်သည်)ဝယ်သူထံ သွယ်ဝိုက်ကာ စာနှင့်ရေးထားသော အာမခံချက်တစ်စုံတစ်ရာ၊ အထူးသဖြင့် သီးသန့်ရည်ရွယ်ချက် တစ်ခုအတွက် ဤပစ္စည်းကိရိယာ၏ ရောင်းတမ်းဝင်မှု၊ အရည်အသွေး သို့မဟုတ် အံဝင်ခွင်ကျမှုတို မပါဝင်ဘဲ လွှဲပြောင်းပြီးသို့မဟုတ် တာဝန်ခွဲဝေပြီး ဖြစ်စေရမည်။  အလားတူဝယ်သူများကလည်း MPT ၏တစ်ဦးတည်းသီးသန့်ဥပဒေအရတာဝန်ရှိမှုသည် ထိုသို့သော စာနှင့် ရေးထားသောအာမခံချက်အထိသာ  အကန့်အသတ်နှင့်ရှိနေကြောင်း ဤနည်းအားဖြင့်အသိအမှတ်ပြု၊ သဘောတူကြပါသည်။ ဤအချက်သည် MPT နှင့်ပတ်သက်၍ ဝယ်သူ၏တစ်ဦးတည်းသီးသန့် ကုစားမှု ဖြစ်သည်။
၃.၈ MPT ကဝယ်သူ၏တောင်းဆိုချက်များကို ဖော်ပြထားသည့်အတိုင်းဆောင်ရွက်ရန် သို့မဟုတ် အကောင်အထည် ဖော်ရန် အကျိုးသင့်အကြောင်းသင့် ကြိုးပမ်းအားထုတ်ရမည်။ သို့ဖြစ်သော်ငြားလည်း MPT က သိသာထင်ရှားစွာ သဘောတူမှုဖြစ်စေ၊ အတည်ပြုမှုဖြစ်စေမရှိပါက၊ MPT တွင် ဝယ်သူ၏ တောင်းဆိုချက် တစ်စုံတစ်ရာကိုု ပေးရန်၊ ပြောခဲ့သည့်အတိုင်းဆောင်ရွက်ရန် သို့မဟုတ် အကောင်အထည်ဖော်ရန် တာဝန်မရှိစေရ။ မည်သည့်ကိစ္စတွင်မဆို MPT ကဝယ်သူ၏တောင်းဆိုချက်တစ်ရပ်ကို ခွင့်ပြုလိုက်ပါက၊  MPT သည် ဝယ်သူ၏တောင်းဆိုချက်တစ်စုံတစ်ရာကိုု ပယ်ဖျက်မှု၊ ပြင်ဆင်မှု သို့မဟုတ်ရွှေ့ဆိုင်းမှု တစ်စုံတစ်ရာအတွက် ယင်း၏ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အရ MPT ကဆုံးဖြတ်နိုင်သည့် ထိုသို့သောနှုန်းနှင့် ဖြစ်စေ ထိုသို့သောပမာဏကိုဖြစ်စေ ဝန်ဆောင်ခ သတ်မှတ်ကောက်ယူနိုင်သည်။
၃.၉ လိုအပ်သည့်အခါတိုင်းနှင့် MPT က သတ်မှတ်နိုင်သည့်ထိုသို့သောကာလ၌၊ MPT  ၏တရားဝင်ခွင့်ပြုချက်ရ ကိုယ်စားလှယ်များအား ဝယ်သူသို့မဟုတ် ဝယ်သူအုပ်စုအဖွဲ့ဝင်ကုမ္ပဏီ တစ်ခုခုက အသုံးပြုနေသော သို့မဟုတ်ထိန်းချုပ်ထားသော အဆောက်အအုံနှင့်ဥပစာ တစ်စုံတစ်ရာထဲသို့ ဝင်ရောက်မှုနှင့် ထိုအဆောက် အအုံနှင့်ဥပစာပေါ်တွင်ဝန်ဆောင်မှုတစ်စုံတစ်ရာပေးမှုနှင့် ပတ်သက်သည့် MPTပစ္စည်းကိရိယာများနှင့် အခြားပစ္စည်းကိရိယာများအား တပ်ဆင်ရန်၊ စုဆောင်းထားရန်၊ ဖယ်ရှားရန်၊ ထိန်းသိမ်းရန်၊ အစားထိုးရန်၊ စစ်ဆေးရန်၊ ပြုပြင်ရန်၊ စမ်းသပ်ရန် လိုအပ်နိုင်သည့််ကာလအတွက် ဆက်ရှိနေရန်၊ သို့မဟုတ် ဝန်ဆောင်မှုတစ်စုံတစ်ရာသို့မဟုတ် MPTပစ္စည်းကိရိယာတစ်စုံတစ်ခုအား ဝယ်သူက အသုံးပြုမှုသည် အထွေထွေစည်းကမ်းချက်များ၊ သီးသန့်စည်းကမ်းချက်များနှင့် ဥပဒေတို့ကို လိုက်နာမှုရှိ မရှိ စစ်ဆေး ရန်၊ ဝယ်သူက သဘောတူ၊ ခွင့်ပြုသည်။ MPT  ၏ တရားဝင်ခွင့်ပြုချက်ရ အမှုထမ်းက ဤအပိုဒ်နှင့်အညီ အဆောက်အအုံနှင့်ဥပစာတစ်ခုခုကို သွားရောက်ရန်လိုအပ်ပါက MPT က ဝယ်သူအား၊ သွားရောက်သည့် တစ်ကြိမ်စီနှင့် ဝယ်သူ၏ အဆောက်အအုံနှင့်ဥပစာ၌် လုပ်ဆောင်မှုအတွက်   MPT က ဆုံးဖြတ်နိုင်သည့် တွက်ချက်နည်းအတိုင်း ထိုသို့ဖြစ်သောနှုန်းနှင့် သို့မဟုတ် ထိုသို့သောပမာဏအားဖြင့် ကျသင့်ငွေ တောင်းခံ နိုင်သည်။ ထိုသွားရောက်မှုသည် MPT ကဝယ်သူအား ပေးထားသည့် အာမခံချက်တစ်စုံတစ်ရာအရ  MPT ပစ္စည်းကိရိယာတစ်စုံတစ်ခုအား၊ ပြင်ဆင်ရန်သို့မဟုတ် အစားထိုးရန် အတွက်ဖြစ်သည် မှတစ်ပါး ကျသင့်ငွေ တောင်းခံနိုင်သည်။
၃.၁၀ ဝယ်သူက ထိုဝန်ဆောင်မှုအမှတ်စဉ်အား ကာလမည်မျှကြာအောင် သုံးခဲ့နိုင်သည်ဖြစ်စေ နှင့် ထိုသုံးစွဲမှုအတွက် မည်မျှပေးခဲ့နိုင်သည်ဖြစ်စေ၊ ဝယ်သူသည် MPT ကပေးသည့် ဝန်ဆောင်မှု အမှတ်စဉ် တစ်ခုခုရှိ အခွင့်အရေး သို့မဟုတ်အကျိုးစီးပွားတစ်စုံတစ်ရာကို ရရှိမည်မဟုတ်ဘဲ၊ ဤနည်းအားဖြင့် စွန့်လွှတ် သည်။ MPT က ဝန်ဆောင်မှုအမှတ်စဉ်တစ်ခုခု၏ သုံးနိုင်မှုကို ကြိုတင်သတိပေးခြင်းမပြုပဲ၊ သဘောတူညီချက်ရယူရန်မလိုပဲ အချိန်မရွေး ရပ်စဲနိုင်သည်။ သို့မဟုတ် ဝန်ဆောင်မှုအမှတ်စဉ်တစ်ခုခုအား ပြောင်းလဲ ခြင်း၊ ပြန်လည်သတ်မှတ် ခြင်း သို့မဟုတ် အစားထိုးခြင်းများ ပြုလုပ်နိုင်သည်။

၄။ ဝန်ဆောင်ခများနှင့် ငွေပေးချေမှု

၄.၁ ဝယ်သူကအမှန်တကယ် လျှောက်ထားခဲ့သည် နှင့်/သို့မဟုတ် အသုံးပြုခဲ့သည့် ဝန်ဆောင်မှုများအတွက်သာ (ယင်းအသုံးပြုမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအခွန်များအားလုံးအတွက် ပေးသွင်းမှုအပါအဝင်) ဝယ်သူအား ကျသင့်ငွေ တောင်းခံ ရမည်။
၄.၂ MPT အား ပေးရန် သတ်မှတ်အချိန် ပြည့်ပြီးဖြစ်ကာ၊ ရရန်ရှိသောဝန်ဆောင်ခများနှင့် ငွေများအားလုံးကို ဥပဒေအရလုပ်ရမည့်အတိုင်းအတာအထိ မှတစ်ပါး၊ ဝယ်သူက ခုနှိမ်မှု၊ တန်ပြန်တောင်းဆိုမှု၊ ဖြတ်တောက်မှု သို့မဟုတ် ထုတ်မပေးဘဲထားမှု တစ်စုံတစ်ရာ မလုပ်ဘဲ ပေးရမည်။
၄.၃ MPT ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ငွေတောင်းခံလွှာတစ်စောင်ကို လစဉ်ဖြစ်စေ၊ MPT က သင့်လျော် သည်သို့မဟုတ် အဆင်ပြေသည်ဟုထင်မြင်ကာ၊ ဝယ်သူထံ တရားဝင် အသိ ပေးထားသည့် မြန်မာအစိုးရကထုတ်ပြန်ထားသောညွှန်ကြားချက် တစ်စုံတစ်ရာနှင့်အညီ၊ အခြားကာလခြား၍ဖြစ်စေ ထုတ်နိုင်သည်။ ဤငွေတောင်းခံလွှာများကို MPT က အောက်ပါနည်းလမ်းများထဲမှ တစ်ခုခုကိုသုံး၍ ၀ယ်သူထံ ထုတ်ပေး နိုင်သည်။

  • (က)MPTက ထိန်းသိမ်းထားသည့် မှတ်တမ်းများတွင်ရှိသော သို့မဟုတ် MPT က ဝယ်သူထံမှ နောက်ဆုံးရသည့် ဆက်သွယ်မှုမှရသော၊ နောက်ဆုံးမှတ်သားထားသည့် လိပ်စာသို့ လက်ထိ လက်ရောက်၊ အမြန်ချောပို့ သို့မဟုတ်စာတိုက်မှပို့ခြင်း၊ သို့မဟုတ်
  • (ခ)အီးမေးလ်၊ ဖက်စ် သို့မဟုတ် စာတိုဝန်ဆောင်မှု (SMS) တို့အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာ ကန့်သတ်ထားသည်မဟုတ်သော တစ်ပြိုင်နက်ဖြစ်သည့် အီလက်ထရွန်နစ် ဆက်သွယ်ရေး အားဖြင့် MPTက ထိန်းသိမ်းထားသည့် မှတ်တမ်းတစ်စုံတစ်ရာတွင် ရှိသော သို့မဟုတ် ဝယ်သူူထံမှ MPT သို့ ဆက်သွယ်မှု တစ်စုံတစ်ရာမှရသော အီးမေးလ်လိပ်စာ သို့မဟုတ် တယ်လီဖုန်း / မိုဘိုင်းလ် နံပါတ်သို့ပို့ခြင်း။
၄.၄ ဤစည်းကမ်းများနှင့်အညီ ထုတ်ပြန်၊ ပေးပို့သည့် ထိုသို့သော မည်သည့်ငွေတောင်းခံလွှာကိုမဆို ဝယ်သူက အောက်ပါအခြေအနေတို့တွင် လက်ခံရရှိပြီးဟု မှတ်ယူရမည်။

  • (က)ထိုလိပ်စာ၌ပို့ခဲ့သည့် သို့မဟုတ်ထားခဲ့သည့် နေ့စွဲနှင့် အချိန်၊
  • (ခ)မြန်မာနိုင်ငံတွင်းရှိ လိပ်စာတစ်ခုခုသို့ MPT က စာပို့ပြီးနောက် သတ္တမ (၇ ရက်) မြောက်နေ့၊
  • (ဂ)မြန်မာနိုင်ငံပြင်ပရှိ လိပ်စာတစ်ခုခုသို့ MPT က စာပို့ပြီးနောက် တစ်ဆယ့်လေး (၁၄) ရက် မြောက် နေ့၊ သို့မဟုတ်
  • (ဃ)MPT က အီးမေးလ်၊ ဖက်စ် သို့မဟုတ် အခြား တစ်ပြိုင်နက်ဖြစ်သည့် အီလက်ထရွန်နစ် ဆက်သွယ်ရေဖြင့် ထုတ်လွှင့်ပြီးနောက် နှစ်ဆယ့်လေး (၂၄) နာရီအတွင်း။
၄.၅ ဝယ်သူက ထိုငွေတောင်းခံလွှာကို လက်ခံရပြီး (၇) ရက်အတွင်း လွဲချော်မှု၊ မတိကျမှု သို့မဟုတ် မှားယွင်းမှု တစ်စုံတစ်ရာ ရှိ မရှိ စစ်ရမည်ဖြစ်ပြီး ရှိပါက MPT သို့ အကြောင်းကြားရမည်။ ဝယ်သူက MPT အား ငွေတောင်းခံလွှာပေါ်တွင် MPT အား ပေးဆောင်ရန် ကျသင့်သည့်ပမာဏ သို့မဟုတ် တိတိကျကျ   ရေးထားသည့် ငွေစုစုပေါင်းကို ဝယ်သူက MPT အား သတ်မှတ်ထားသည့် အချိန်အတွင်း မဖြစ်မနေ ပေးရမည်။ သို့မဟုတ်ပါက ထိုသို့နှိုးဆော်ချက်မရလျှင် MPTအား ကျသင့်သည့်ပမာဏ သို့မဟုတ် ပေးရမည်ဟု ဖော်ပြထားသည့် သို့မဟုတ် တိတိကျကျရေးထားသည့် ငွေစုစုပေါင်းကို ထိုနောက်လ၏ နှစ်ဆယ် (၂၀) ရက်မြောက် နေ့ရက်တွင်ဖြစ်စေ၊ ထိုရက်မတိုင်မီဖြစ်စေ၊ သို့မဟုတ် နောက်ရုံးဖွင့်ရက် သို့မဟုတ် အပိုဒ် ၄.၄ နှင့်အညီ ထိုငွေတောင်းခံလွှာကိုလက်ခံပြီးဟု မှတ်ယူရမည့်နေ့စွဲ လွန်ပြီးနောက် MPT  ကဆုံးဖြတ်သည့် အခြားနောက်ကျသည့်နေ့စွဲ (သည့်နောက်တွင် မည်သည့် ကာလကိုမဆို “သက်တမ်းပြည့်သည့်ရက်” ဟု ပေါင်း၍ ညွှန်းမည်။) တွင် ဝယ်သူက MPT အားပေးရမည်။
၄.၆ ဝယ်သူက ဝန်ဆောင်ခများနှင့် အခြား MPT အား ပေးဆောင်ရန် ကျသင့်ငွေ သို့မဟုတ် ပေးရမည့် ငွေပမာဏကို သီးသန့်စည်းကမ်းချက်များနှင့်အညီ ပေးရမည်။ (MPT ကဖြစ်စေ၊ ဝယ်သူကဖြစ်စေ) ဤဝန်ဆောင်မှုကို ရပ်စဲသည့် ကိစ္စရပ်များတွင် ဝယ်သူသည် ဤဝန်ဆောင်မှုကို စွန့်လွှတ်သွားပြီဟု MPT က ဆုံးဖြတ်ကာ၊ ဝယ်သူ၏ ဤဝန်ဆောင်မှုကို အသုံးပြုမှုသည် ဝယ်သူ၏ပျှမ်းမျှအသုံးပြုမှုထက် သိသိသာသာ ပိုများနေပါက၊ သို့မဟုတ် MPT ကလိုအပ်သည်ဟု သဘောရသည့် အခြားဖြစ်စဉ်တစ်ခုခုတွင်၊
ဝန်ဆောင်ခများနှင့် အခြား ပေးဆောင်ရန် သက်တမ်းပြည့်သည့်ရက်တွင် သို့မဟုတ် ပေးရမည့်ငွေပမာဏကို တောင်းဆို သည့် အခါဝယ်သူက MPT အား ချက်ချင်းပေးဆောင်ရမည်။
၄.၇ သက်ဆိုင်ရာ ဥပဒေများ၊ စည်းမျဉ်းများနှင့် မူဝါဒများနှင့်အညီ၊ MPTသည် ဝန်ဆောင်ခများ၊ ငွေပေးချေမှုစည်းကမ်းချက်များနှင့် သတ်မှတ်ထားသည့်နှုန်းထားများအား အခါအားလျော်စွာ ပြောင်းလဲခွင့် သို့မဟုတ် ပြင်ဆင်ခွင့်ကို တစ်ဦးချင်းဖြစ်စေ သို့မဟုတ် ပူးတွဲ၍ ဖြစ်စေကို်််င်စွဲထားသည်။ ထိုသို့သော ပြောင်းလဲမှုသို့မဟုတ် ပြင်ဆင်မှုသည် MPT ကတရားဝင်ဆုံးဖြတ်သည့် နေ့စွဲမှစပြီး အကျိုးသက်ရောက် စေရမည်။
၄.၈ ဝယ်သူကပေးရမည့် ငွေများသည် အချိန်မီမပေးလျှင်ဖြစ်စေ၊ နှောင့်နှေးနေလျှင်ဖြစ်စေ၊ MPT က ယင်း၏ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အရ

  • (က)မပေးဆောင်ရသေးသော မည်သည့်အကြွေးငွေပမာဏ အတွက်ကိုမဆို သတ်မှတ်ထားသော နှုန်းနှင့် ဝယ်သူထံမှ အတိုးယူနိုင်သည်၊
  • (ခ)ဝယ်သူထံမှ ကြိုတင်အကြောင်းကြားစာ သို့မဟုတ် သဘောတူညီချက်မလိုအပ်ဘဲ ထိုသို့သော အတိုးနှင့်ပတ်သက်၍ မည်သည့်ငွေစာရင်းမှမဆို ဖြတ်တောက်နိုင်သည်။
၄.၉ အချို့သော အခြေအနေများတွင် MPTက ဝယ်သူအား တောင်းဆိုနိုင်ပြီး၊ ၀ယ်သူက

  • (က)ဝန်ဆောင်မှုတစ်စုံတစ်ရာ သို့မဟုတ် MPT ပစ္စည်းကိရိယာတစ်စုံတစ်ရာနှင့်ဆက်နွယ်ပြီး MPTက အခါအားလျော်စွာ လိုအပ်လာနိုင်သည့် ဘဏ်တစ်ခုမှ ငွေပမာဏတစ်ခုအတွက် ဘဏ်အာမခံချက် တစ်ခုပေးရမည်၊ နှင့်/သို့မဟုတ်
  • (ခ)ဝန်ဆောင်မှုတစ်စုံတစ်ရာ သို့မဟုတ် MPT ပစ္စည်းကိရိယာတစ်စုံတစ်ရာနှင့်ဆက်နွယ်ပြီး MPTက အခါအားလျော်စွာ လိုအပ်လာနိုင်သည့် ထိုသို့သောငွေပမာဏသို့မဟုတ် ထိုထက်တိုး၍ သို့မဟုတ် နောက်ထပ် ငွေပမာဏကို MPT ထံသို့ ပေးသွင်းရမည်။
၄.၁၀ အထက်ပါအပိုဒ်တွင် ပေးသွင်းထားသည့်ငွေနှင့်ပတ်သက်၍ MPT က –

  • (က)ဝယ်သူက MPT ထံသို့ ပေးသွင်းထားသည့်ငွေများအားလုံးကို (ဆိုင်းငံ့ထားသည့် ဝန်ဆောင်မှု တစ်စုံတစ်ရာ အပါအဝင်) ဝန်ဆောင်မှုတစ်စုံတစ်ရာသို့မဟုတ် MPT ပစ္စည်းကိရိယာတစ်စုံတစ်ရာ ကို ဝယ်သူအား ဆက်ပေးနေသရွေ့ ၊ ဝယ်သူကသုံးနေနိုင်သရွေ့ သို့မဟုတ် ဝယ်သူက ထိန်းသိမ်း ထားသရွေ့ MPT က ထိန်းသိမ်းထားနိုင်သည်၊
  • (ခ)မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နှင့် ဝယ်သူ၏ တရားဝင်ခွင့်ပြုချက်မလိုဘဲ ထိုငွေတစ်စုံတစ်ရာ သို့မဟုတ် အားလုံးကို ၀ယ်သူ၏ငွေစာရင်းအတွက် ဝယ်သူက MPTအား ပေးရန်သက်တမ်း ပြည့်သည့် သို့မဟုတ်အကြွေးတင်နေသည့် ငွေတစ်စုံတစ်ရာကို ပေးချေရန်အတွက် ပေးနိုင်သည်။
၄.၁၁ ပို၍ရှင်းအောင်ပြောရလျှင် MPT ထံသို့ ပေးသွင်းထားသည့်ငွေတစ်စုံတစ်ရာကို ဝန်ဆောင်ခတစ်စုံတစ်ရာအား ပေးချေရာတွင်သုံးရန် ဝယ်သူက မတောင်းဆိုစေရ။ ပေးသွင်းငွေကြောင့်၊ MPT သို့ အချိန်စေ့ရောက်ပြီး၊ ပေးချေရမည့် ငွေပမာဏ ကို ပေးချေရန်တာဝန်မှ ဝယ်သူအား သက်သာမသွားစေရ။ ပေးသွင်းငွေကြောင့် အချိန်စေ့ရောက်ပြီး၊ ပေးချေရမည့် ငွေပမာဏတစ်စုံတစ်ရာအား  မပေးချေသည့်အတွက် ဝန်ဆောင်မှုအား ဆိုင်းငံံ့ရန်၊ ချိတ်ဆက်မှုဖြတ်ရန်၊ သို့မဟုတ် ရပ်စဲရန် MPT ၏ အခွင့်အရေးတို့အား စွန့်လွှတ်ရာ မရောက်။
၄.၁၂ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် အခွန်များအားလုံးကို တာဝန်ယူရန်နှင့် ပေးရန် ဝယ်သူက သဘောတူသည်။ ပို၍ရှင်းအောင်ပြောရလျှင်   ဤဥပဒေသို့မဟုတ် မြန်မာနိုင်ငံပြင်ပရှိစီရင်ပိုင်ခွင့်တစ်ခုခု၏ ဥပဒေအရ ဝယ်သူ သည် MPTအား ပေးရမည့်ငွေပမာဏတစ်ခုနှင့် ပတ်သက်၍ ငွေပမာဏတစ်ခုအား အခွန်အဖြစ် ဖြတ်တောက်ရန် လိုုုုုုအပ်ပါက၊ ဝယ်သူသည် ထိုသို့သောဖြတ်တောက်မှုကို လိုအပ်သည့်အတိုင်း လုပ်ဆောင်ရမည်။ ပြီးလျှင် ထိုသို့သောဖြတ်တောက်မှုမရှိပါက MPTက လက်ခံရရှိမည့်ပမာဏနှင့်ညီသော အသားတင် ပမာဏကို MPTက အသေအချာလက်ခံရရှိစေရန် လိုအပ်သည့်ပမာဏ တစ်စုံတစ်ရာအထိ၊ MPTအား ပေးရမည့် ငွေပမာဏကို တိုးစေရမည်။

၅။ အငြင်းပွားမှုများ

၅.၁ မည်သည့်ဝယ်သူမဆို ငွေတောင်းခံလွှာကို ပေးချေသော်လည်း ငွေပမာဏသို့မဟုတ် ယင်းတွင် ဖော်ပြထား သည့်အကြောင်းအရာတစ်စုံတစ်ရာအပေါ် အငြင်းပွားလျှင်၊ သို့မဟုတ် ကြိုတင် ပေးသွင်းထားသည့် ဝန်ဆောင်ခမှ ဖြတ်တောက်ငွေပမာဏကို အငြင်းပွားလျှင်၊ ထိုငွေတောင်းခံလွှာပါနေ့ရက် သို့မဟုတ် ကြိုတင် ပေးသွင်းထားသည့်ဝန်ဆောင်ခမှ ဖြတ်တောက်သည့်နေ့ရက်မှ ရက်ကိုးဆယ် (၉၀) အတွင်း၊ ထိုအငြင်းပွားမှု ၏ အကြောင်းတရားများနှင့် အထောက်အကူပြုသည့် စာရွက်စာတမ်း အထောက် အထားများထည့်ပေးကာ MPT အား စာနှင့်ရေးထားသည့် နို့တစ်စာ ပေးရမည်။ MPT က ထို အငြင်းပွားမှု အား စေ့စပ်သေချာပြီး ဘက်လိုက်မှုကင်းသည့် ပြန်လည်ဆန်းစစ်မှုတစ်ခု ပြုလုပ်ကာ စာနှင့် ရေးထား သည့်နို့တစ်စာ ရရှိသည်မှ ထိုက်သင့်သည့်ကာလတစ်ခုအတွင်း  ၀ယ်သူအား ပြန်ကြားမည်။
၅.၂ ဝယ်သူက MPT အားပေးရမည့်ငွေပမာဏတစ်ခုအား အငြင်းပွားမှုကို အကြောင်းပြကာ မပေးသေးဘဲ ကိုင်ထားရန် ဆုံးဖြတ်ပါက ထိုဝယ်သူသည် အငြင်းပွားမှုအကြောင်း MPT အား စာနှင့်ရေးထားသည့် နို့တစ်စာကို သက်တမ်းပြည့်သည့်နေ့ မတိုင်မီပေးရမည်။ ထိုနို့တစ်စာတွင် ထိုအငြင်းပွားမှု၏ အကြောင်းတရား များနှင့် အကြောင်းပြချက်များကို တိတိကျကျဖော်ပြထားရမည်။ သည့်နောက် MPT က ထိုအငြင်းပွားမှု အား စေ့စပ်သေချာပြီး ဘက်လိုက်မှုကင်းသည့် ပြန်လည်ဆန်းစစ်မှုတစ်ခု ပြုလုပ်ကာ စာနှင့်ရေးထားသည် ့နို့တစ်စာ ရရှိသည်မှ ထိုက်သင့်သည့်ကာလတစ်ခုအတွင်း  ဝယ်သူအား ပြန်ကြားမည်။
၅.၃ ထိုငွေပမာဏသည် သက်တမ်းပြည့်သည့်ရက်ရောက်ပြီး MPT အားပေးရမည့်ငွေဟု ဆုံးဖြတ်ပြီးပါက၊ MPT က အခါအားလျော်စွာ ဆုံးဖြတ်သည့်နည်းဟန်အတိုင်း တွက်ချက်ကာ၊ အတိုးရင်းပေါင်းကာ အငြင်းပွားမှု မရှိပါက ထိုပမာဏကို ပေးရမည့်နေ့ရက်မှ စပြီး ဝယ်သူက သတ်မှတ်ထားသည့်နှုန်းနှင့် အတိုးပေးရမည်။ သို့ရာတွင် အမှုကိစ္စအားလုံးတွင်၊ အငြင်းပွားနေသော ကြိုတင်ပေးသွင်းထားသည့် ဝန်ဆောင်ခမှ ဖြတ်တောက်မှု အတွက် MPT၏ ဝယ်သူအပေါ် ဥပဒေအရတာဝန်ရှိမှုသည်၊ စုစုပေါင်းအားဖြင့် ကြိုတင် ပေးသွင်းထားသည့် ဝန်ဆောင်ခများပမာဏထက် မကျော်စေရ။
၅.၄ အမှုကိစ္စအားလုံးတွင်၊ MPT၏ ဝန်ဆောင်မှုများပေးရာမှ ပေါ်ပေါက်လာသည့် MPTနှင့်ဝယ်သူတို့ အကြား အငြင်းပွားမှု တစ်စုံတစ်ရာသည် ဆက်သွယ်ရေးဥပဒေ၏ အခန်း (၁၄) တွင်ပြဋ္ဌာန်းထားသည့် အငြင်းပွားမှု ဖြေရှင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြစ်စေရမည်။

၆။ ဝန်ဆောင်မှုဆိုင်းငံ့ခြင်းနှင့် သို့မဟုတ် ရပ်စဲခြင်း

၆.၁ ဥပဒေကခွင့်ပြုသရွေ့ MPTက မည်သည့် ဝန်ဆောင်မှုကိုမဆို ဝယ်သူအား၊ ဤဝန်ဆောင်မှုကို ဆိုင်းငံ့မှု သို့မဟုတ် ရပ်စဲမှုပြုရသည့် အကြောင်းများကို ရှင်းလင်းစွာဖော်ပြလျက် အထက်တွင်ဖော်ပြထားသည့်၊ စာနှင့် ရေးထားသော နို့တစ်စာပေးကာ၊ အချိန်မရွေး ဆိုင်းငံ့နိုင် သို့မဟုတ် ရပ်စဲနိုင်သည်။ သို့ရာတွင် ဤစာတမ်းပါ မည်သည့်အချက်ကမျှ သီးသန့်စည်းကမ်းချက်များအရ အပ်နှင်းထားသည့်၊ MPT ၏ ဝန်ဆောင်မှု တစ်စုံ တစ်ရာအား ဆိုင်းငံ့နိင်ခွင့် သို့မဟုတ် ရပ်စဲနိုင်ခွင့် တစ်စုံတစ်ရာကို နစ်နာစေခြင်း၊ ထိခိုက်စေခြင်း မရှိစေရ။
၆.၂ MPTက ဝယ်သူအား အရည်အသွေးရှိသော ဝန်ဆောင်မှုကို အခါမလပ်ပေးနိုင်စေရန် အားထုတ်ရမည်။ သို့ရာတွင် ယင်းက ဝန်ဆောင်မှုတစ်စုံတစ်ရာကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ အောက်ပါ ဖြစ်ရပ်တစ်ခုခု ဖြစ်ပေါ် ပြီးနောက်၊ ဝယ်သူအား စာနှင့်ရေးထားသည့်နို့တစ်စာ မပေးဘဲ၊ အချိန်မရွေး ဆိုင်းငံ့နိုင် သို့မဟုတ် ရပ်စဲနိုင် သည်။

  • (က)MPTကြောင့်ဖြစ်စေ သို့မဟုတ် MPT၏ကွန်ရက်များတွင် ဖြစ်ပေါ်နေသည် ဖြစ်စေ သို့မဟုတ် အခြားသူ တစ်ဦးတစ်ယောက်ကြောင့်ဖြစ်စေ သို့မဟုတ် အခြားကွန်ရက် တစ်ခုခုတွင် ဖြစ်ပေါ်နေသည်ဖြစ်စေ ဆက်သွယ်ရေးကွန်ရက်၊ စနစ် သို့မဟုတ် ဝန်ဆောင်မှု တစ်စုံတစ်ရာတွင် ပျက်မှု၊ အနှောင့်အယှက်ရှိမှု၊ အလျဉ်ပြတ်စေမှု သို့မဟုတ် ပြည့်ကျပ်မှု။
  • (ခ)အကယ်၍ ဝယ်သူ သို့မဟုတ် ဝယ်သူ၏ အုပ်စုအဖွဲ့ဝင် ကုမ္ပဏီများ အနေဖြင့် MPT ၏ ထင်မြင်ယူဆချက်အရ –
    • ဥပဒေ တစ်ရပ်ရပ် သို့မဟုတ် ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ်အား ချိုးဖောက်ပြိီး၊ ဝန်ဆောင်မှု တစ်ရပ်ရပ် သို့မဟုတ် MPT ပစ္စည်းကိရိယာ တစ်စုံတစ်ရာအား အသုံးပြုရန် အားထုတ်ခဲ့ခြင်း (အောင်မြင်သည်ဖြစ်စေ သို့မဟုတ် မအောင်မြင်သည် ဖြစ်စေ) သို့မဟုတ် မဝေးသော အနာဂတ်တွင် ယင်းကဲ့သို့ လုပ်ဆောင်ရန် အခြေအနေရှိခြင်း၊
    • MPT ၏ အကျိုးစီးပွားအား အနှောင့်အယှက် တစ်စုံတစ်ရာ ဖြစ်စေမည့် သို့မဟုတ် အခြားနည်းအားဖြင့် ထိခိုက်စေမည့်၊ မည်သည့်နည်းလမ်းနှင့်မဆို ဝန်ဆောင်မှု တစ်ရပ်ရပ် သို့မဟုတ် MPT ပစ္စည်းကိရိယာ တစ်စုံတစ်ရာအား အသုံးပြုရန် အားထုတ်ခဲ့ခြင်း (အောင်မြင်သည်ဖြစ်စေ သို့မဟုတ် မအောင်မြင်သည် ဖြစ်စေ) သို့မဟုတ် မဝေးသော အနာဂတ်တွင် ယင်းကဲ့သို့ လုပ်ဆောင်ရန် အခြေအနေရှိခြင်း၊
    • MPT မှပေးသည့် ဆက်သွယ်ရေး ဝန်ဆောင်မှု တစ်ရပ်ရပ် သို့မဟုတ် ယင်းလုပ်ငန်းလည်ပတ်မှုအား အနှောင့်အယှက် ပေးရန်အတွက်၊ ဝန်ဆောင်မှု တစ်ရပ်ရပ် သို့မဟုတ် MPT ပစ္စည်းကိရိယာ တစ်စုံတစ်ရာအား အသုံးပြုရန် အားထုတ်ခဲ့ခြင်း (အောင်မြင်သည်ဖြစ်စေ သို့မဟုတ် မအောင်မြင်သည် ဖြစ်စေ) သို့မဟုတ် မဝေးသော အနာဂတ်တွင် ယင်းကဲ့သို့ လုပ်ဆောင်ရန် အခြေအနေရှိခြင်း၊ သို့မဟုတ်
    • ဤအထွေထွေ စည်းကမ်းချက်များ အပါအဝင်၊ MPT နှင့် ချုပ်ဆိုထားသော သဘောတူစာချုပ် တစ်ရပ်ရပ်တွင် ပါရှိသည့် တာဝန်ဝတ္တရား တစ်ရပ်အား ချိုးဖောက်ခဲ့ခြင်း၊
  • (ဂ)ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန သို့မဟုတ် အခြားသော အစိုးရ အာဏာပိုင် တစ်ရပ်ရပ်က တောင်းဆိုသည့်အခါ / အမိန့်ထုတ်ပြန်သည့်အခါ၊
  • (ဃ)(MPT၏ သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦး၏) ဆက်သွယ်ရေး ကွန်ယက်၊ ဆက်သွယ်ရေးစနစ် သို့မဟုတ် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား သို့မဟုတ် ယင်းတို့အတွင်းတွင် ပြတ်တောက်မှု၊ အနှောင့်အယှက် သို့မဟုတ် ပိတ်ဆို့စေရန် ဆောင်ရွက်မှု တစ်ရပ်ရပ် စသည်တို့အား ဖြစ်ပေါ်စေရန် ဝယ်သူအနေဖြင့် အားထုတ်ခဲ့ခြင်း (အောင်မြင်သည်ဖြစ်စေ သို့မဟုတ် မအောင်မြင်သည် ဖြစ်စေ) သို့မဟုတ် ယင်းကဲ့သို့ ဖြစ်စေရန် လုပ်ဆောင်မည့် အခြေအနေရှိခြင်း၊
  • (င)သက်တမ်းပြည့်နေသည့် ပေးချေရန်တာဝန်များ နှင့်အညီ လိုက်နာရန် ဝယ်သူအနေဖြင့် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ခြင်း၊ သို့မဟုတ်
  • (စ)ဝယ်သူ ဆုံးပါးသွားခြင်း သို့မဟုတ် ယင်း၏ စိတ်အခြေအနေ ပုံမှန်မဟုတ်ခြင်း။
၆.၃ ဝယ်သူ၏ အကြွေးယူခြင်းဆိုင်ရာ အနေအထား သို့မဟုတ် ဘဏ္ဍာရေးတာဝန်များ ထမ်းဆောင်နိုင်ခြင်းဆိုင်ရာ အနေအထားတို့သည် လက်ခံနိုင်ဖွယ် ရှိ၊မရှိဆိုသည်ကို MPT အနေဖြင့် ယင်း၏ တစ်ဦးတည်းဆုံးဖြတ်ခွင့်ဖြင့် ဆုံးဖြတ်နိုင်ပြီး၊ ယင်းအနေဖြင့် ထောက်ပံ့ပေးရန် ငြင်းဆန်ခြင်း နှင့်/သို့မဟုတ် သီးသန့်ဝန်ဆောင်မှု တစ်ရပ် နှင့်/သို့မဟုတ် MPT ပစ္စည်းကိရိယာများ ထောက်ပံ့ခြင်းအား ကန့်သတ်ခြင်း စသည်တို့အား ဆောင်ရွက်ခွင့် ရှိသည်၊ သို့မဟုတ် ဝယ်သူ၏ အကြွေးယူခြင်းဆိုင်ရာ အနေအထား သို့မဟုတ် ဘဏ္ဍာရေးတာဝန်များ ထမ်းဆောင်နိုင်ခြင်းဆိုင်ရာ အနေအထား ပြောင်းလဲသည့်အခါ၊ ဝယ်သူ၏ ငွေစာရင်းအပေါ်တွင် အကြွေး ယူနိုင်ခွင့် ကန့်သတ်ခြင်း ဆောင်ရွက်ခွင့်ရှိသည်။
၆.၄ သီးခြားစည်းကမ်းချက်များတွင် အခြားနည်းအားဖြင့် သဘောတူညီထားခြင်း မရှိပါက၊ ဝယ်သူသည် MPTထံ လေးဆယ့်ငါး (၄၅) ရက် စာဖြင့်ကြိုတင် အကြောင်းကြားစာပေးပို့ပြီး ဝန်ဆောင်မှုအား ရပ်စဲနိုင်သည်။
၆.၅ ဝန်ဆောင်မှု ရပ်စဲသည့်အခါတွင်၊

  • (က)ဝန်ဆောင်မှုနှင့် / သို့မဟုတ် MPT ပစ္စည်းကိရိယာများ အသုံးပြုခြင်း စသည်တို့နှင့် စပ်လျဉ်းသည့်၊ MPT စုပေါင်းရရှိမည့် ငွေပမာဏများ အားလုံးသည် ဝန်ဆောင်မှု ရပ်စဲသည့်အချိန်တွင် ချက်ချင်း အချိန်စေ့မည်ဖြစ်ပြီး၊ ယင်းတို့အား ချက်ချင်းပေးချေစေရမည်၊ နှင့်
  • (ခ)MPT၏ ပစ္စည်းကိရိယာများ အားလုံးအား ကောင်းမွန်စွာ အသုံးပြုနိုင်သည့် အခြေအနေအတိုင်း ဝယ်သူအနေဖြင့် ချက်ချင်းပြန်လည် အပ်နှံရမည်၊ သို့ရာတွင် MPTထံ အဆိုပါ ပစ္စည်းကိရိယာ များအား အကောင်းပကတိအတိုင်း ပြန်လည်အပ်နှံရန် ဝယ်သူအနေဖြင့် ပျက်ကွက်ပါက၊ MPTမှ ကျခံထားသည့် ကုန်ကျစရိတ် တစ်ရပ်ရပ် (လက်ဝယ် ပြန်လည်ရယူခြင်း အတွက်ဖြစ်စေ သို့မဟုတ် အစားထိုးခြင်းအတွက် ဖြစ်စေ) အတွက် MPT ထံသို့ ဝယ်သူအနေဖြင့် ပေးရန်တာဝန်ရှိစေရမည်။
၆.၆ ဝန်ဆောင်မှု ဆိုင်းငံ့ထားစဉ် ကာလအတွက် ယင်းဆိုင်းငံ့ ဝန်ဆောင်ခအား ဝယ်သူအနေဖြင့် ဆက်လက် ပေးဆောင်ရမည်၊ ဝန်ဆောင်မှုပြန်လည်ချိတ်ဆက်သည့် အချိန်တွင် သို့မဟုတ် မူလအတိုင်း ပြန်လည်ရ ရှိသည့်အချိန်တွင်၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းအတွက် အဖိုးအခအား MPTက ရယူမည့်အတိုင်း ပေးဆောင် ရမည်။
၆.၇ သတ်မှတ်ကလ သို့မဟုတ် အနည်းဆုံး သတ်မှတ်ကာလ တစ်ရပ်ရပ်အတွက် ဝယ်သူထံ ဆောင်ရွက်ပေးရန် သဘောတူထားသည့် ဝန်ဆောင်မှုတစ်ရပ်ရပ်အား MPTကသော်လည်းကောင်း၊ ဝယ်သူက သော်လည်းကောင်း ရပ်စဲပါက၊ အဆိုပါ သဘောတူထားသည့် အနည်းဆုံး သတ်မှတ်ကာလ မကုန်ဆုံးမီ၊ ဝယ်သူုသည် အောက်ပါတို့အား ဆောင်ရွက်ရမည် –

  • (က)အဆိုပါ ကာလမကုန်ဆုံးမီ၊ ရပ်စဲခြင်းအတွက် သို့မဟုတ် ဖျက်သိမ်းခြင်းအတွက် အဖိုးအခ တစ်စုံတစ်ရာအား ပေးချေခြင်း၊ နှင့်
  • (ခ)အဆိုပါ အဖိုးအခများ ပေးရန်မရှိလျှင်၊ သီးခြား စည်းကမ်းချက် တစ်ရပ်ရပ်အား ဆန့်ကျင်သည့် သဘောမရှိလျှင်၊ စုပေါင်းပေးဆောင်ရမည့် အခြားသော အဖိုးအခများအားလုံးအပြင်၊ သဘောတူ ထားသည့် ကျန်ရှိနေသေးသော သတ်မှတ်ကာလ သို့မဟုတ် အနည်းဆုံး သတ်မှတ်ကာလအတွက် ကျသင့်သည့် အဖိုးအခများအားလုံး၏ အချိုးကျပမာဏအား ဝယ်သူအနေဖြင့် ပေးဆောင်ရမည်။ ထို့အပြင်၊ ဝန်ဆောင်မှု ရပ်စဲသည့်အချိန်တွင် အဆိုပါ အဖိုးအခများ အားလုံး၏ စုစုပေါင်းပမာဏသည် ချက်ချင်း အချိန်စေ့မည်ဖြစ်ပြီး၊ ယင်းအား ပေးဆောင်ရမည်ဖြစ်သည်။

၇။ လျော်ကြေးပေးခြင်း

၇.၁ MPT၊ ယင်း၏ဒါရိုက်တာများ၊ အရာရှိများ၊ အလုပ်သမားများ၊ ကန်ထရိုက်တာများ၊ ကိုယ်စားလှယ်များ သို့မဟုတ် အေးဂျင့်ကိုယ်စားလှယ်များ၊ ယင်း၏အုပ်စုအဖွဲ့ဝင် ကုမ္ပဏီများ သို့မဟုတ် လက်အောက်ခံ ကုမ္ပဏီများ စသည်တို့အတွက် ဝယ်သူက အပြည့်အဝ တာဝန်ယူရမည်ဖြစ်ပြိီး၊ ယင်းတို့အားလုံးအား အောက်ပါအကြောင်းများကြောင့် ပေါ်ပေါက်သည့် ပေးရန်ပမာဏ၊ တောင်းဆိုမှု၊ ဆုံးရှုံုးမှု၊ ပေးရန်တာဝန်၊ နစ်နာမှု သို့မဟုတ် စုပေါင်းပမာဏ စသည်တို့ တစ်ရပ်ရပ် သို့မဟုတ် အားလုံးမှ ဝယ်သူအနေဖြင့် ဤနည်းအားဖြင့် လွတ်ငြိမ်းကင်းလွတ်စေရမည် –

  • (က)ဝယ်သူကဖြစ်စေ သို့မဟုတ် ဝယ်သူက တရားဝင်လွှဲအပ်ထားသည့် ပုဂ္ဂိုလ် သို့မဟုတ် ခွင့်ပြုထားသည့် ပုဂ္ဂိုလ်ကဖြစ်စေ၊ ထိုသို့လွှဲအပ်ခွင့်ပြုမထားသည့် ပုဂ္ဂိုလ်ကဖြစ်စေ ပုဂ္ဂိုလ် တစ်ဦးဦးက မည်သည့်နည်းလမ်းဖြင့်မဆို ဝန်ဆောင်မှု တစ်ရပ်ရပ်၊ MPT ပစ္စည်းကိရိယာ သို့မဟုတ် MPT ဆော့ဝဲလ် တစ်စုံတစ်ရာအား အသုံးပြုခြင်း၊
  • (ခ)MPT ပစ္စည်းကိရိယာများ အပါအဝင်၊ ပိုင်ဆိုင်ပစ္စည်းများ ထိခိုက်ပျက်စီးစေခြင်း သို့မဟုတ် ပျောက်ဆုံးခြင်း၊
  • (ဂ)ဝန်ဆောင်မှု ပြတ်တောက်ခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာ ရရှိခြင်းအား ဖြစ်ပေါ်စေသည့်၊ MPTမှဆောင်ရွက်ပေးသော ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလည်ပတ်ရာတွင် အနှောင့် အယှက် တစ်ရပ်ရပ်ဖြစ်စေခြင်း၊
  • (ဃ)ဝယ်သူက တရားဝင်လွှဲအပ်ထားသည့် သို့မဟုတ် ခွင့်ပြုထားသည့် ပုဂ္ဂိုလ်ကဖြစ်စေ၊ ထိုသို့လွှဲအပ်ခွင့်ပြု မထားသည့် ပုဂ္ဂိုလ်ကဖြစ်စေ အခြားသော ပုဂ္ဂိုလ်တစ်ဦးဦးက MPT၏ ပစ္စည်းကိရိယာ တစ်စုံတစ်ရာအား တပ်ဆင်ခြင်း နှင့်/သို့မဟုတ် အသုံးပြုခြင်း၊
  • (င)ဝယ်သူက တရားဝင်လွှဲအပ် သို့မဟုတ် ခွင့်ပြုထားသည် ဖြစ်စေ၊ ထိုသို့လွှဲအပ်ခွင့့်ပြု မထားသည်ဖြစ်စေ၊ ဝယ်သူထံ ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု တစ်ရပ်ရပ်နှင့် အဆိုပါ ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ MPT၏ ပစ္စည်းကိရိယာများ သို့မဟုတ် MPT၏ ဆော့ဝဲလ်အား အသုံးပြုနေစဉ်အတွင်း မည်သည့် နည်းလမ်းဖြင့်မဆို၊ ဝယ်သူကဖြစ်စေ သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကဖြစ်စေ ဖြန့်ဝေသည့် ပစ္စည်းတစ်စုံတစ်ရာ၊
  • (စ)မည်သည့် အကြောင်းကြောင့်ဖြစ်စေ၊ MPT၏ ပစ္စည်းကိရိယာ သို့မဟုတ် MPT၏ ဆော့ဝဲလ် တစ်စုံတစ်ရာ ပျောက်ဆုံးခြင်း သို့မဟုတ် ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ယင်းတို့အား မွမ်းမံခြင်း သို့မဟုတ် ပြောင်းလဲခြင်း တစ်ရပ်ရပ်၊ သို့ရာတွင် အဆိုပါ အဖြစ်အပျက်သည် ဝယ်သူထံသို့ဖြစ်စေ သို့မဟုတ် ဝယ်သူညွှန်းထားသည့် ပုဂ္ဂိုလ်တစ်ဦးဦးထံသို့ဖြစ်စေ ပစ္စည်းကိရိယာ သို့မဟုတ် ဆော့ဝဲလ်အား ပေးအပ်ပြီး၊ အဆိုပါ ပစ္စည်းများအား MPT ထံသို့ ပြန်လည်အပ်နှံခြင်း မပြုမီ ဖြစ်ပေါ်ရမည်၊ နှင့်/သို့မဟုတ်
  • (ဆ)ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ်အရ MPT အနေဖြင့် ဝယ်သူအပေါ်တွင်ရှိသည့် ယင်း၏ရပိိုင်ခွင့် တစ်ရပ်ရပ်အား အာဏာသက်ရောက်စေခြင်း။
၇.၂ ဝယ်သူနှင့် သဘောတူညီချက် သို့မဟုတ် ဥပဒေ တစ်ရပ်ရပ်၏ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အား ချိုးဖောက်ပြီး၊ ဆက်သွယ်ရေး ဝန်ဆောင်မှု သို့မဟုတ် ပစ္စည်း တစ်စုံတစ်ရာအား စျေးကွက်ဖော်ဆောင်ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လုပ်ဆောင်ပေးခြင်း သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ရပ်အား ပြန်လည်ရောင်းချခြင်း စသည်တို့နှင့် စပ်လျဉ်းသည်များ ဆောင်ရွက်ရာတွင် ဝန်ဆောင်မှု တစ်ရပ်ရပ်အား အသုံးပြုပါက၊

  • (က)ဝယ်သူ သို့မဟုတ် ဝယ်သူ၏ အုပ်စုအဖွဲ့ဝင် ကုမ္ပဏီများ အနေဖြင့် အဆိုပါ ဆက်သွယ်ရေး ဝန်ဆောင်မှု တစ်စုံတစ်ရာအား ရောင်းချခြင်း၊ ပြန်လည်ရောင်းချခြင်း သို့မဟုတ် လုပ်ဆောင်ပေးခြင်းမှ ရရှိသော လုပ်ငန်း၊ ဝင်ငွေများအားလုံးနှင့် ညီမျှသည့် ဆုံးရှုံးမှုကို အကျိုးဆက်အားဖြင့် MPTက ခံစားခဲ့ရသည်ဟု မှတ်ယူရမည်၊ နှင့်
  • (ခ)သက်ဆိုင်ရာ စာချုပ်များနှင့် သက်ဆိုင်ရာ ဥပဒေ စသည်တို့မှ ပေါ်ပေါက်သည့် လုပ်ပိုင်ခွင့်နှင့် ကုစားခွင့် တစ်စုံတစ်ရာနှင့် အားလုံးအား မထိခိုက်စေဘဲ၊ အဆိုပါ လုပ်ငန်းနှင့် ယင်းမှရရှိသည့်ဝင်ငွေ စုစုပေါင်းပမာဏနှင့် ညီမျှသည့် ပမာဏအား MPT အနေဖြင့် ဝယ်သူထံမှ ပြန်လည်ရပိုင်ခွင့်ရှိသည်။

၈။ ပေးရန်တာဝန် ကန့်သတ်ခြင်း

၈.၁ ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ် တွင်ပါရှိသည့် ပြဋ္ဌာန်းချက် တစ်စုံတစ်ရာက မည်သို့ပင် ဆန့်ကျင် ဖော်ပြထားစေကာမူ၊

  • (က)ဝယ်သူနှင့် သဘောတူညီချက်အရ ဆောင်ရွက်ရမည့် MPT၏ တာဝန်တစ်ရပ်ရပ်အား MPTက ထမ်းဆောင်ရန် ကြန့်ကြာမှု၊ ချိုးဖောက်မှု သို့မဟုတ် ပျက်ကွက်မှု တစ်ရပ်ရပ်မှ ပေါ်ပေါက်သည့် ဆုံးရှုံးမှုတစ်ရပ်ရပ် အပါအဝင်ဖြစ်ပြီး၊ သို့ရာတွင် ယင်းတို့နှင့်သာ ကန့်သတ်မထားသည့် (ဝင်ငွေ သို့မဟုတ် အမြတ်ငွေများ ဆုံးရှုံးခြင်း အပါအဝင်) စီးပွားရေး သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှု စသည်တို့ကဲ့သို့သော ထူးခြားသော၊ တိုက်ရိုက်မဟုတ်သော သို့မဟုတ် အကျိုးဆက်အားဖြင့် ဖြစ်ပေါ်သော ဆုံးရှုံးမှုများ သို့မဟုတ် နစ်နာမှုများ စသည်တို့ အတွက် MPTသည် ဝယ်သူအပေါ်တွင် စာချုပ်အားဖြင့် သော်လည်းကောင်း၊ တရားမနစ်နာမှုအားဖြင့် သော်လည်းကောင်း ပေးရန်တာဝန် မရှိစေရ၊
  • (ခ)အောက်ပါအကြောင်းတရားများကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော အားဖြင့် လည်းကောင်း ဖြစ်ပေါ်သည့်၊ ဝယ်သူအနေဖြင့် ကျခံ သို့မဟုတ် နစ်နာဆုံးရှုံးရသော ဆုံးရှုံးမှု၊ နစ်နာမှု သို့မဟုတ် ပေးရန်တာဝန်ရှိမှု တစ်ရပ်ရပ် အတွက် ဥပဒေအရ တာဝန်ရှိမှုများ အပေါ်တွင် ပေါ့ဆမှု သို့မဟုတ် ယင်းတို့အားချိုးဖောက်မှု စသည်တို့အတွက် MPT အနေဖြင့် ဝယ်သူအပေါ်တွင် စာချုပ်အားဖြင့် သော်လည်းကောင်း၊ အခြားနည်းအားဖြင့် သော်လည်းကောင်း ပေးရန်တာဝန် မရှိစေရ –
    • ဝန်ဆောင်မှု တစ်ရပ်ရပ်မှတစ်ဆင့် အချက်အလက် တစ်စုံတစ်ရာ ထုတ်လွှတ် သို့မဟုတ် လက်ခံရရှိခြင်းတွင် မည်သည့်နည်းဖြင့်မဆို ဖြစ်ပေါ်သည့် ဝန်ဆောင်မှု တစ်ရပ်ရပ် ပြတ်တောက်ခြင်း၊ အလုပ်မလုပ်ခြင်း၊ ကြန့်ကြာခြင်း၊ ကြားဖြတ်ခံရခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်ပေါ်စေခြင်း တစ်စုံတစ်ရာ၊
    • MPT ဆော့ဝဲလ် တစ်စုံတစ်ရာ၏ ချွတ်ယွင်းချက်၊ တွဲဖက်အသုံးမပြုနိုင်ခြင်း၊ အံချော်မှု သို့မဟုတ် အလုပ်မလုပ်ခြင်း တစ်ရပ်ရပ်၊
    • ဝန်ဆောင်မှု တစ်ရပ်ရပ် ရရှိရန်အတွက် တိုက်ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက် သောအားဖြင့် လည်းကောင်း အသုံုးပြုသည့် ပစ္စည်းကိရိယာ သို့မဟုတ် စနစ်တစ်ရပ်ရပ် ချွတ်ယွင်းမှု သို့မဟုတ် ပျက်စီးမှု သို့မဟုတ် အလုပ်မလုပ်ခြင်း စသည်တို့ တစ်ရပ်ရပ်၊
    • ဝန်ဆောင်မှု တစ်ရပ်ရပ်မှတစ်ဆင့် ထုတ်လွှတ်သည့် သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ရပ်၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ထုတ်လွှင့်ချက် သို့မဟုတ် အချက်အလက် တစ်စုံတစ်ရာ ထုတ်လွှတ်ရာတွင် အရည်အသွေးအားဖြင့် ချွတ်ယွင်းမှု၊ အားနည်းမှု၊ အနှောင့်အယှက် ဖြစ်မှု၊ ပုံမှန်မဟုတ်မှု သို့မဟုတ် လျော့ကျမှု တစ်ရပ်ရပ်၊
    • ဝန်ဆောင်မှု တစ်ရပ်ရပ်မှတစ်ဆင့် ထုတ်လွှတ်သည့် သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ရပ်၏ တစ်စိတ်တစ်ဒေသဖြစ်သည့် နှင့် / သို့မဟုတ် စနစ်တစ်ရပ်ရပ် သို့မဟုတ် ပစ္စည်းကိရိယာ တစ်စုံတစ်ရာတွင်သိုမီးထားသည့် အချက်အလက် သို့မဟုတ် သတင်း အချက်အလက် တစ်ရပ်ရပ် ပျောက်ဆုံးမှု၊ ပုံမှန်မဟုတ်မှု၊ ထုတ်လွှတ်စဉ်တွင် ပျောက်ဆုံးမှု သို့မဟုတ် ဖျက်စီးမှု တစ်ရပ်ရပ်၊
    • လျှပ်စစ်စွမ်းအား သို့မဟုတ် လျှပ်စစ်ပေးဝေမှု ပျက်တောက်မှု၊ မလုံလောက်မှု သို့မဟုတ် အနှောင့်အယှက်ဖြစ်မှု၊ အဓိကရုဏ်း သို့မဟုတ် ပြည်တွင်းမငြိမ်သက်မှု၊ အဖျက်အမှောင့်လုပ်ငန်း၊ ဆန္ဒပြခြင်း၊ အလုပ်ရှင်က စက်ရုံပိတ်ထားခြင်း သို့မဟုတ် လုပ်ငန်းဆိုင်ရာ သို့မဟုတ် အလုပ်သမားရေးရာ အငြင်းပွားမှု သို့မဟုတ် အနှောင့် အယှက်များ၊ ပလိပ်ရောဂါ ဖြစ်ပွားခြင်း၊ ကူးစက်ရောဂါဖြစ်ပွားခြင်း သို့မဟုတ် ရောဂါ မပြန့်ပွားစေရန် ဆောင်ရွက်ထားခြင်း၊ မီးလောင်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ မတော်တဆ မှုဖြစ်ခြင်း၊ ရေကြီးခြင်း၊ ပုံမှန်သယ်ယူပို့ဆောင်သူ၏ ပျက်ကွက်မှု၊ ရေခန်းခြောက်ခြင်း သို့မဟုတ် အစိုးရတစ်ရပ်ရပ် သို့မဟုတ် အာဏာပိုင် တစ်ရပ်ရပ်၏ ဆောင်ရွက်ချက်၊ ဥပဒေ တစ်ရပ်ရပ် ပြောင်းလဲမှု၊ စစ်မက်ဖြစ်ပွားခြင်း သို့မဟုတ် အကြမ်းဖက်မှုဖြစ်ပွားခြင်း (အမှန်တကယ်ဖြစ်ခြင်း သော်လည်းကောင်း သို့မဟုတ် တွေးဆ၍ သော်လည်းကောင်း)၊ သို့မဟုတ် သဘာဝဘေးအန္တရာယ် စသည်တို့ အပါအဝင်ဖြစ်ပြီး၊ ယင်းတို့ချည်းသာ ပါဝင် သည်ဟု ကန့်သတ်မထားသော ကြိုတင်မမျှော်မှန်းနိုင်သည့်၊ သို့မဟုတ် ကြိုတင် မျှော်မှန်း နိုင်သော်ငြားလည်း မရှောင်လွှဲနိုင်ပြီး ထိန်းချုပ်နိုင်စွမ်းမရှိသည့် အကြောင်းတရားများ ကြောင့် ဖြစ်ပေါ်သော အဖြစ်အပျက် တစ်စုံတစ်ရာ၊
    • ဝယ်သူ၏ ဝန်ဆောင်မှု တစ်ရပ်ရပ် အသုံးပြုခြင်းမှတစ်ဆင့် ထုတ်လွှတ်သည့်   ဝယ်သူနှင့် စပ်လျဉ်းသော သတင်းအချက်အလက် တစ်စုံတစ်ရာအား တစ်ဦးတစ်ယောက်က မည်သည့်အချိန်တွင်မဆို၊ မည်သည့် နည်းလမ်းဖြင့် နှင့်/သို့မဟုတ် မည်သည့် အကြောင်းအတွက်မဆို အသုံးပြုခြင်း၊ နှင့်
  • (ဂ)အပိုဒ် ၈.၁ (က)နှင့် ၈.၂ (ခ) တို့အား မထိခိုက်စေဘဲ၊ ယင်းတို့အား လိုက်နာ၍၊ ဝန်ဆောင်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့်၊ MPT အနေဖြင့် ဝယ်သူထံသို့ ဆောင်ရွက်ပေးရန်ရှိသော ယင်း၏ တာဝန် သို့မဟုတ် ဝတ္တရားတစ်ရပ်ရပ် ဖောက်ဖျက်ခြင်း၊ မဆောင်ရွက်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်း စသည်တို့မှ ပေါ်ပေါက်သည့် ဆုံးရှုံးမှု၊ နစ်နာမှု သို့မဟုတ် ပေးရန်တာဝန်ရှိမှု တစ်ရပ်ရပ်နှင့် ယင်းတို့အားလုံးအတွက် စာချုပ်အားဖြင့် သော်လည်းကောင်း၊ တရားမနစ်နာမှုအားဖြင့် သော် လည်းကောင်း၊ သို့မဟုတ် အခြားနည်းအားဖြင့် သော်လည်းကောင်း MPT၏ ဝယ်သူထံသို့ပေးရန် တာဝန်ရှိမှုသည် အဆိုပါ MPT ဘက်မှ ချိုးဖောက်မှု၊ မဆောင်ရွက်မှု သို့မဟုတ် ပျက်ကွက်မှု စသည်တို့ မတိုင်မီ သုံးလအတွက် ဝန်ဆောင်မှုနှင့် စပ်လျဉ်းပြီး တိုးပွားရရှိသည့် အဖိုးအခ စုစုပေါင်း ပမဏထက် မကျော်လွန်စေရ။

၉။ တတိယပုဂ္ဂိုလ် ထောက်ပံ့သူများ

၉.၁ ဝန်ဆောင်မှု တစ်ရပ်အား ဝယ်သူအသုံးပြု နေစဉ်အတွင်း သို့မဟုတ် ယင်းနှင့်စပ်လျဉ်း၍၊ ဝယ်သူအား တတိယပုဂ္ဂိုလ် ဝန်ဆောင်မှု သို့မဟုတ် အချက်အလက် ထောက်ပံ့သူများ (“တတိယပုဂ္ဂိုလ် ထောက်ပံ့သူများ”) ထံမှ ဝန်ဆောင်မှုများ ရယူခွင့် ပြုသည့်အခါတွင်၊ အဆိုပါ တတိယပုဂ္ဂိုလ် ထောက်ပံ့သူများ အားလုံးသည် လွှတ်လပ်သော ကန်ထရိုက်တာများ သို့မဟုတ် ထောက်ပံ့သူများ ဖြစ်သည်ဆိုသည်ကိုနှင့် ဖော်ပြပါ ရလာဒ်များအရ ဆောင်ရွက်ခြင်းနှင့် MPTက ထားရှိသည့် သတ်မှတ်ချက်များ အတိုင်း ယင်းတို့အနေဖြင့် လိုက်နာဆောင်ရွက်ခြင်းမှအပ၊ အဆိုပါ တတိယပုဂ္ဂိုလ် ထောက်ပံ့သူများသည် ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များ အားလုံးနှင့် စပ်လျဉ်း၍ MPT၏ ထိန်းချုပ်မှုနှင့် ညွှန်ကြားမှုမှ ကင်းလွတ်သည် ဆိုသည်ကို ဝယ်သူက အသိအမှတ်ပြု လက်ခံပါသည်။ သို့ပါသောကြောင့်၊ တတိယပုဂ္ဂိုလ် ထောက်ပံ့သူများက ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် ကိစ္စရပ် တစ်စုံတစ်ရာအတွက် စာချုပ်အားဖြင့် သော်လည်းကောင်း၊ တရားမ နစ်နာမှုအားဖြင့် သော်လည်းကောင်း၊ သို့မဟုတ် အခြားနည်းအားဖြင့် သော်လည်းကောင်း MPTအနေဖြင့် ဝယ်သူထံ မည်သည့် နည်းနှင့်မျှ ပေးရန်တာဝန်မရှိစေရ။
၉.၂ MPTက ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှု တစ်ရပ်ရပ်အား အသုံးပြုခြင်းမှတစ်ဆင့်ဖြစ်ပါက၊ ဝယ်သူ သို့မဟုတ် ဝယ်သူမှတစ်ဆင့် ဝန်ဆောင်မှု ရရှိသူတစ်ဦးဦး (ယင်းကဲ့သို့ ဆောင်ရွက်ရန် လွှဲအပ်၊ ခွင့်ပြုချက် ရရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) သည် အောက်ပါတို့အား ဆောင်ရွက်ရန် သဘောတူပါသည် သို့မဟုတ် ယင်းတို့အား ဆောင်ရွက်ရန် တာဝန်ရှိပါသည်  (က) စုပေါင်းရရှိသည့် ပမာဏတစ်ရပ်အား ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် လူမှုကူညီရေး အသင်းအဖွဲ့တစ်ရပ်ထံ လှူဒါန်းခြင်း (ခ) တတိယပုဂ္ဂိုလ် ထောက်ပံ့သူ တစ်ဦးဦး အပါအဝင်၊ ပုဂ္ဂိုလ်တစ်ဦးဦးအား ပေးချေခြင်း၊ သို့ရာတွင် အဆိုပါ ပုဂ္ဂိုလ်သည် MPTအနေဖြင့် ကောက်ခံရန်နှင့် ယင်းကိုယ်စားပေးချေရန် MPTအား ခွင့်ပြုထားလျှင်၊ MPTက မည်သည့် ငွေစာရင်းမှမဆို အဆိုပါ ငွေပမာဏအား ထုတ်ယူနိုင်သည်။ ထို့အပြင်၊ ဤဖော်ပြပါအပိုင်း နှင့်အညီ ထုတ်ယူသော ငွေပမာဏ တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အငြင်းပွားမှု တစ်ရပ်ရပ်အား ဝယ်သူနှင့် အဆိုပါပုဂ္ဂိုလ် သို့မဟုတ် တတိယပုဂ္ဂိုလ် တို့အကြားတွင် ဖြေရှင်းရမည်။ ဤဖော်ပြပါအပိုင်းနှင့် စပ်လျဉ်းသည့် ငွေစာရင်း တစ်စုံတစ်ရာမှ ထုတ်ယူခြင်း မှပေါ်ပေါက်သော သို့မဟုတ် ယင်းနှင့်စပ်ဆက်သော တောင်းဆိုမှု၊ ဆောင်ရွက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှု တစ်ရပ်ရပ်နှင့် အားလုံးမှ MPT အနေဖြင့် လွတ်ငြိမ်းကင်းလွတ်ခွင့် ရှိရမည်ကို ဝယ်သူအနေဖြင့် အသိအမှတ်ပြု သဘောတူပါသည်။

၁၀။ အသိဉာဏစ္စည်း

၁၀.၁ MPT ကစာဖြင့်ရေးသား၍ သတ်မှတ် သို့မဟုတ် ခွင့်ပြုထားသည့် နည်းဟန်ဖြင့် ဆောင်ရွက်ခြင်းနှင့် ဝန်ဆောင်မှုအား အသုံးပြုရန် ဝယ်သူအား ခွင့်ပြုခြင်း အလို့ငှာ ဆောင်ရွက်သည့် ကိစ္စရပ် တစ်စုံတစ်ရာ စသည်တို့ အတွက်မှအပ၊ ဝယ်သူအနေဖြင့် MPT အသိဉာဏ်ပစ္စည်း တစ်ရပ်ရပ်အား မသုံးရန် သို့မဟုတ် ပုဂ္ဂိုလ်တစ်ဥိီးဥိီး အနေဖြင့် MPT အသိဉာဏ်ပစ္စည်း တစ်ရပ်ရပ် အသုံးပြုခြင်းအား ခွင့်မပြုရန် သို့မဟုတ် MPT ဆော့ဝဲလ် တစ်စုံတစ်ရာအား အသုံးပြုခြင်း၊ ကူးယူခြင်း၊ ပြန်လည်စုစည်းခြင်း၊ ဆော့ဝဲလ် တည်ဆောက်ပုံအား နမူနာယူ၍ ပြန်လည်ရေးသားခြင်း သို့မဟုတ် ဖြန့်ဝေခြင်း စသည်တို့ ဆောင်ရွက်ခြင်းအား ခွင့်မပြုရန် ဝယ်သူ အနေဖြင့် ကတိပြုပါသည်။
၁၀.၂ ဝန်ဆောင်မှု တစ်ရပ်ရပ်ကို အသုံးပြုခြင်း မှတစ်ဆင့် ရရှိသည့် အရာဝတ္ထုတစ်စုံတစ်ရာ၏ သဘောသဘာဝ သို့မဟုတ် ယင်း၏အချက်အလက်၊ အဆိုပါ ကုန်ကြမ်းများရရှိ သို့မဟုတ် အသုံးပြုသည့် နည်းဟန် နှင့် အဆိုပါ ဆောင်ရွက်ချက်များမှ အကျိုးဆက်နှင့် အကျိုးဆက်အားဖြင့် ဖြစ်သော နစ်နာမှု သို့မဟုတ် ဆုံးရှုံးမှု တစ်ရပ်ရပ် စသည်တို့အတွက် MPT တွင် တာဝန်မရှိစေရ၊ အဆိုပါ အကျိုးဆက်များတွင် မူပိုင်ခွင့် ချိုးဖောက်ခြင်း၊ လုံခြံုရေး ချိုးဖောက်ခြင်း သို့မဟုတ် virus၊ worm၊ trojan horse စသည်တို့ ပြန့်ပွားစေခြင်း သို့မဟုတ် အခြားသော စနစ်အား အန္တရာယ်ပြုနိုင်သည့်ကုဒ် စသည်တို့ကြောင့် ဖြစ်ပေါ်သည်တို့ပါဝင်ပြီး၊ ယင်းတို့ချည်း သာ ပါဝင်သည်ဟု ကန့်သတ်မထားပါ။

၁၁။ ဝယ်သူ နှင့် သက်ဆိုင်သော သတင်း အချက်အလက်

၁၁.၁ MPT ဝန်ဆောင်မှု တစ်ရပ်ရပ် အသုံးပြုုခြင်း မှတစ်ဆင့် ဤအထွေထွေ စည်းကမ်းချက်များ လိုက်နာရာတွင်၊ MPT ကသော်လည်းကောင်း၊ MPT ကိုယ်စားသော်လည်းကောင်း ဝယ်သူထံမှ အချက်အလက် ကောက်ခံခြင်း၊ အသုံးပြုခြင်းနှင့် တွက်ချက်ခြင်း စသည်တို့ကို ဆောင်ရွက်ရန် ဝယ်သူအနေဖြင့် ဤနည်းအားဖြင့် သဘောတူပြီး ခွင့်ပြုပါသည်။ ဝယ်သူအနေဖြင့် ဤအပိုဒ် ၁၁အား အသိအမှတ်ပြု၊ သဘောတူဆောင်ရွက်မည် ဖြစ်ပြီး၊ MPT က အခါအားလျော်စွာ ဆုံးဖြတ်သည့် လုပ်ထုံးလုပ်နည်းတွင် ဝယ်သူက စာဖြင့် ကြိုတင်အကြောင်း မကြားပါက၊ MPT အနေဖြင့် တရားဝင် လုပ်ပိုင်ခွင့်ရရှိပြီး၊  သက်ဆိုင်ရာ ဥပဒေ အရလိုအပ်သည့် အခွင့်အာဏာ အားလုံးအား ဆက်လက် လုပ်ပိုင်ခွင့် ရရှိစေရမည် ဆိုသည်ကို ဝယ်သူအနေဖြင့် အသိအမှတ်ပြု သဘောတူပါသည်။
၁၁.၂ အကယ်၍ ဝယ်သူသည် ဥပဒေအရ ပဋိဉာဉ်ပြုနိုင်သည့် လူ/အဖွဲ့အစည်းဖြစ်ပြီး၊ သာမန်ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသူများနှင့် သက်ဆိုင်သည့် သတင်းအချက်အလက် သို့မဟုတ် အချက်အလက် ပေးခြင်းကို ဆောင်ရွက်သည့် အခါတွင်၊ သက်ဆိုင်ရာ ဝယ်သူနှင့် သဘောတူညီချက် တွင်ဖော်ပြထားသည့် နည်းဟန်ဖြင့်၊ ယင်းတို့ကို ဆောင်ရွက်ရန် အလို့ငှာ၊ အဆိုပါ သာမန်ပုဂ္ဂိုလ် တစ်ဦးချင်းစီ အနေဖြင့် MPT ကသော်လည်းကောင်း၊ ယင်းကိုယ်စား သော်လည်းကောင်း ယင်းတို့၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ကောက်ခံ၊ အသုံးပြု၊ ထုတ်ဖော်ခြင်းအား အပြည့်အဝသိရှိပြီး၊ သဘောတူလက်ခံပြီး ဖြစ်သည်ကို ဝယ်သူက MPTထံသို့ တင်ပြ၊ အာမခံပြိီး ကတိကဝတ်ပြုပါသည်။ ထို့အပြင်၊ အဆိုပါ နည်းဟန်ဖြင့်၊ ယင်းတို့ကို ဆောင်ရွက်ရန် အလို့ငှာ၊ MPT ကသော်လည်းကောင်း၊ ယင်းကိုယ်စား သော်လည်းကောင်း အဆိုပါ သတင်းအချက်အလက်များနှင့် အချက်အလက်များ အားလုံးအား ကောက်ခံခြင်း၊ အသုံးပြုခြင်းနှင့် ထုတ်ဖော်ခြင်း စသည်တို့အား ထောက်ခံမှုကို ဖောြ်ပခြင်းအားဖြင့် အခြေအနေအရ လိုအပ်သည့် ဥပဒေဆိုင်ရာ အခွင့်အာဏာရှိသော ဝယ်သူက အဆိုပါ သာမန်ပုဂ္ဂိုလ်၏ ကိုယ်စား သဘောတူ၊ ခွင့်ပြုပါသည်။
၁၁.၃ အဆိုပါ ဝန်ဆောင်မှုအား အသုံးပြုသူသည် အသက်မပြည့် သေးသောသူတစ်ဦး ဖြစ်ပါက၊ အဆိုပါ ဝန်ဆောင်မှုအား အသုံးပြုရန် လျှောက်ထား သို့မဟုတ် ပုံမှန်အသုံးပြုသည့် သို့မဟုတ် အဆိုပါ လျှောက်ထားခြင်းတွင် မည်သည့်ပုံစံဖြင့်မဆို ပါဝင်ပတ်သက်သည့် သို့မဟုတ် ပါဝင်ပတ်သက်ခဲ့သည့် (အသက်မပြည့် သေးသောသူ မပါဝင်ဘဲ) မည်သည့် ပုဂ္ဂိုလ်မဆို အောက်ပါတိုု့အား ဆောင်ရွက်ရမည် –

  • (က)သက်ဆိုင်ရာ ဝယ်သူနှင့် သဘောတူညီချက်တွင် ဖော်ပြထားသည့်အတိုင်း၊ အသက်မပြည့်သေးသူ၏ မိဘ သို့မဟုတ် ယင်း၏ ဥပဒေအရ အသိအမှတ်ပြုထားသည့် အုပ်ထိန်းသူသည် MPTကသော်လည်းကောင်း၊ ယင်းကိုယ်စား သော်လည်းကောင်း၊ အသက်မပြည့် သေးသူ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ ကောက်ခံခြင်း၊ အသုံးပြုခြင်း၊ တွက်ချက်ခြင်းနှင့် ထုတ်ဖော်ခြင်း စသည်တို့အား သဘောတူလက်ခံပြီး ဖြစ်သည်ကို MPTထံသို့ တင်ပြ၊ အာမခံပြီး ကတိကဝတ်ပြုရမည်။
  • (ခ)MPTကသော်လည်းကောင်း၊ MPTမှတစ်ဆင့် သော်လည်းကောင်း သို့မဟုတ် MPTကိုယ်စား သော်လည်းကောင်း ရရှိရန် ဆောင်ရွက်ပေးသည့် စနစ်တစ်ရပ်ရပ် သို့မဟုတ် လုပ်ငန်းစဉ် တစ်ရပ်ရပ် မှတစ်ဆင့်ရရှိသည့် သက်ဆိုင်ရာ သတင်းအချက်အလက် သို့မဟုတ် အချက်အလက် တစ်စုံတစ်ရာ အား အသုံးပြုရန် အလို့ငှာ၊ ယင်းတို့အား ပြောင်းလဲ၊ အမှန်ပြင်ဆင် သို့မဟုတ် အခြား ညှိနှိုင်းမှုများ ပြုလုပ်ရန်၊ အသက်မပြည့်သေးသူ အပါအဝင် မည်သည့် ပုဂ္ဂိုလ် အနေဖြင့်မဆို အဆိုပါ ဝန်ဆောင်မှု အား ရရှိအသုံးပြုခြင်းကို ခွင့်ပြုရမည်။

၁၂။ အရေးယူပိုင်ခွင့် စွန့်လွှတ်ခြင်း

၁၂.၁ ကုစားခွင့်တစ်ရပ် ဆောင်ရွက်ခြင်း သို့မဟုတ် ကိစ္စရပ်တစ်ခု သို့မဟုတ် ကိစ္စရပ်များတွင် အာဏာသက်ရောက် စေခြင်း သို့မဟုတ် တိုက်တွန်းခြင်း၊ ဤအထွေထွေ စည်းကမ်းချက်များ၏ စာချုပ်စာတမ်းတစ်ရပ်ရပ် ဆောင်ရွက်ခြင်း၊ သီးခြား စည်းကမ်းချက်များ နှင့် / သို့မဟုတ် ဝယ်သူနှင့် (အဖိုးအခများ၊ ပေးချေခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ သတ်မှတ်ထားသည့် နှုန်းထားနှင့် အလားတူများ အပါအဝင်) သဘောတူညီချက် တစ်ရပ်ရပ်အရ ဆောင်ရွက်ရမည့် စည်းကမ်း၊ သတ်မှတ်ချက် တစ်ရပ်ရပ် ဆောင်ရွက်ခြင်း စသည်တို့ လုပ်ဆောင်ရန် MPT ဘက်မှ ပျက်ကွက်ခြင်း သို့မဟုတ် ကြန့်ကြာခြင်းအား အဆိုပါ စာချုပ်အား စွန့်လွှတ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် အရေးယူပိုင်ခွင့် စွန့်လွှတ်ခြင်း အနေဖြင့် မယူဆရ။ ယင်းကဲ့သို့သော မည်သည့် ပျက်ကွက်မှု သို့မဟုတ် ကြန့်ကြာမှုကမျှ MPT၏လုပ်ပိုင်ခွင့် တစ်ရပ်ရပ်အား မည်သည့် နည်းလမ်းဖြင့်မဆို သက်ရောက်မှု မရှိစေရ သို့မဟုတ် မထိိခိုက်စေရ။ MPT၏ လုပ်ပိုင်ခွင့်များအား မည်သည့် အချိန်တွင်ဖြစ်စေ ယင်း၏ရွေးချယ်ပိုင်ခွင့်ဖြင့် အာဏာသက်ရောက်စေရမည်။

၁၃။ လျှို့ဝှက်ထိန်းသိမ်းခြင်း

၁၃.၁ MPT နှင့်သက်ဆိုင်သည့် သတင်းအချက်အလက် တစ်စုံတစ်ရာ၊ (စျေးနှုန်းဆိုင်ရာ သတင်းအချက်အလက် သို့မဟုတ် ဝယ်သူနှင့် သဘောတူညီချက်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ အပါအဝင်ဖြစ်ပြီး၊ ယင်းတို့နှင့်သာ ကန့်သတ်မထားသည့်)  ဝန်ဆောင်မှု တစ်ရပ်ရပ် သို့မဟုတ် MPT မှရရှိထားသည့် သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ရပ် ဆောင်ရွက်ပေးခြင်းအတွက် သို့မဟုတ် ယင်းသို့ ဆောင်ရွက်စဉ် MPT၏ ကန်ထရိုက်တာ တစ်ဦးဦး ရရှိထားသည့် ပစ္စည်းကိရိယာ စသည်တို့အား အသုံးပြုခြင်း သို့မဟုတ် ပုဂ္ဂိုလ် တစ်ဦးဦးထံ ထုတ်ဖော်ပြောဆိုခြင်းကို မည်သည့် ဝယ်သူ၏ အပေါင်းပါကုမ္ပဏီကမျှ (ဝန်ဆောင်မှုအား အသုံးပြုရန် အတွက်မှအပ) မဆောင်ရွက်ရန် ဝယ်သူအနေဖြင့် လုပ်ဆောင်ရမည်။ ဝယ်သူ၏ တာဝန်ဝတ္တရား တစ်ရပ်ရပ်အား ချိုးဖောက်မှု တစ်ရပ်မှတစ်ဆင့် ပေါ်ပေါက်ခြင်းမှအပ၊ ဤလျှို့ဝှက်ထားခြင်းဆိုင်ရာ တာဝန် ဝတ္တရားသည် အများပြည်သူသိရှိသော သို့မဟုတ် သိရှိလာသည့် သတင်းအချက်အလက်နှင့် စပ်လျဉ်း၍ အကျံုးဝင်ခြင်း မရှိစေရ။

၁၄။ တာဝန်ပေးအပ်ခြင်း

၁၄.၁ MPT၏ စာဖြင့် ကြိုတင်သဘောတူညီချက် မရှိဘဲ၊ ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ် သို့မဟုတ် ယင်းတွင် ပေးအပ်ထားသည့် လုပ်ပိုင်ခွင့် သို့မဟုတ် တာဝန်တစ်ရပ်ရပ်အား ဝယ်သူအနေဖြင့် တာဝန်လွှဲအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း စသည်တို့ မဆောင်ရွက်ရ။ တာဝန်လွှဲအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း တို့အတွက် သဘောတူညီချက် ရရှိသည့်အခါတွင်၊ ဤအထွေထွေ စည်းကမ်းချက်များ၏ စည်းကမ်းသတ်မှတ်ချက်များ အားလုံးနှင့် သက်ဆိုင်ရာ ဝယ်သူနှင့်သဘောတူညီချက် စသည်တို့အား တာဝန်လွှဲအပ်ခံရသူ အနေဖြင့် လိုက်နာရမည်ကို သဘောပေါက်နားလည် ထားပါသည်။
၁၄.၂ တတိယပုဂ္ဂိုလ် တစ်ဦးဦးထံ ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ်အရ ဆောင်ရွက်ရမည့် MPT၏ လုပ်ပိုင်ခွင့်များ၊ အကျိုးစီးပွားများနှင့် တာဝန်ဝတ္တရားများ အားလုံးနှင့် တစ်စိတ်တစ်ပိုင်းအား MPT အနေဖြင့် လွှဲပြောင်းနိုင်ပြီး၊ ဝယ်သူအနေဖြင့် ယင်းကဲ့သို့ ဆောင်ရွက်ခြင်းကို ဤနည်းအားဖြင့် သဘောတူပြီး ခွင့်ပြုချက် ပေးအပ်ပါသည်။ ဤအပိုင်းအရ ဆောင်ရွက်သည့် အဆိုပါ တာဝန်လွှဲအပ်ခြင်းနှင့် လွှဲပြောင်းခြင်းအတွက် ဝယ်သူထံ အကြောင်းကြားခြင်းအား ယင်းတို့စတင် အကျိုးသက်ရောက်သည့် အချိန်တွင် ဆောင်ရွက်ရမည်။ ယင်းပြီးနောက်၊ အထွေထွေ စည်းကမ်းချက်များနှင့် သီးခြား စည်းကမ်းချက်များတွင် ပါရှိသော ရည်ညွှန်းချက်များ အားလုံးအား တာဝန်ပေးအပ်ခြင်းခံရသူ သို့မဟုတ် လွှဲပြောင်းရရှိသူအား ရည်ညွှန်းသည့် ရည်ညွှန်းချက်တစ်ရပ် အနေဖြင့် နားလည်ရမည်ဖြစ်သည်။ အဆိုပါ တာဝန်ပေးအပ်ခြင်းခံရသူ သို့မဟုတ် လွှဲပြောင်းရရှိသူသည် အဆိုပါ အထွေထွေ စည်းကမ်းချက်များနှင့် သက်ဆိုင်ရာ ဝယ်သူနှင့် သဘောတူညီချက် အရဆောင်ရွက်ရမည့် လုပ်ပိုင်ခွင့်များ၊ အကျိုးစီးပွားနှင့် တာဝန်များ အားလုံံးအား ရယူရမည်။ တာဝန်ပေးအပ်ခြင်းနှင့် လွှဲပြောင်းခြင်း အကျိုးသက်ရောက်သည့် နေ့ရက်တွင်၊ ရက်စေ့နေပြီး ဝယ်သူထံမှ တိုးပွားရရှိသည့် စုပေါင်းရရှိငွေ ပမာဏ အားလုံးအား တာဝန်ပေးအပ်ခြင်းခံရသူ သို့မဟုတ် လွှဲပြောင်းရရှိသူထံ ပေးရမည်။

၁၅။ ပြင်ဆင်ခြင်း

၁၅.၁ MPT သည် မည်သည့်အချိန်တွင်မဆို၊ ယင်း၏ ရွေးချယ်ပိုင်ခွင့်အရ ဥပဒေနှင့်လျော်ညီစွာ (အထွေအထွေ စည်းကမ်းချက်များ၊ သီးခြား စည်းကမ်းချက်များ၊ အဖိုးအခ တစ်ရပ်ရပ်၊ ပေးချေမှုဆိုင်ရာ စည်းကမ်းချက်များ၊ သတ်မှတ်ထားသည့် နှုန်းထား နှင့်/သို့မဟုတ် ငွေစာရင်းတစ်ရပ်ရပ် သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် အခြားသော စည်းကမ်းချက် သို့မဟုတ် သတ်မှတ်ချက် တစ်ရပ်ရပ် အပါအဝင်) ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ်အားပြင်ဆင်၊ ပြောင်းလဲ သို့မဟုတ် ဖြည့်စွက်နို်င်သည်။ ထိုက်သင့်သော ကာလအတွက် ကြိုတင် အကြောင်းကြားစာအား ဝယ်သူထံ ပေးပို့ရမည်ဖြစ်ပြိီး၊ အဆိုပါ အကြောင်းကြားစာ တွင် ဖော်ပြထားသည့် နေ့ရက်မှစတင် အကျိုးသက်ရောက်မည်ဖြစ်သည်။
၁၅.၂ အောက်ပါတို့ ဆောင်ရွက်ခြင်းအား ဝယ်သူထံ ပေးပို့သည့် ထိုက်သင့်သော အကြောင်းကြားစာ အနေဖြင့် ယူဆရမည်ဖြစ်ပြီး၊ အဆိုပါ ထုတ်ဝေမှု သို့မဟုတ် စာပို့မှု သို့မဟုတ် ကြေငြာမှု ဆောင်ရွက်သည့် နေ့ရက်တွင် အောက်ပါတို့အား ရရှိပြီးဖြစ်ရမည် –

  • (က)အပိုဒ် (၁၇) နှင့်အညီ MPTက ပေးပို့သည့် အဆိုပါ အကြောင်းကြားစာ တစ်ရပ်ရပ်၊
  • (ခ)မြန်မာပြည်တွင်း ဖြန့်ချီသည့် သတင်းစာ တစ်စောင်စောင်တွင် ထုတ်ဝေဖော်ပြသော ကြိုတင်အကြောင်းကြားမှု တစ်ရပ်ရပ်၊
  • (ဂ)MPT ၏ အင်တာနက် စာမျက်နှာ တစ်ခုခုတွင် တင်ပြထားသည့် အကြောင်းကြားမှု၊ သို့မဟုတ်
  • (ဃ)MPT အနေဖြင့် သင့်တော်သည်ဟု ယူဆသည့် အခြားနည်းဟန် တစ်ရပ်ရပ်ဖြင့် ကြေငြာသည့် အကြောင်းကြားမှု။

၁၆။ အငြင်းပွားမှု ဖြေရှင်းခြင်း

၁၆.၁ ဝယ်သူနှင့် သဘောတူညီချက်အား ဆက်သွယ်ရေး ဥပဒေအပါအဝင်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ ဥပဒေများက လွှမ်းမိုးရမည်ဖြစ်ပြီး၊ ယင်းဥပဒေများနှင့်အညီ အဓိပ္ပာယ်ကောက်ယူပြီး အဓိပ္ပာယ်ဖွင့်ဆိုရမည်။
၁၆.၂ အခြားနည်းအားဖြင့် သဘောတူထားခြင်း မှအပ၊ စားသုံးသူ ကာကွယ်ရေး အက်ဥပဒေ၏ ပြဋ္ဌာန်းချက်များက လွှမ်းမိုးပါက၊ ဖြေရှင်းရန် တောင်းဆိုသည့် ကိစ္စတစ်ရပ်အား စာချုပ်ဝင်တစ်ဦးက အခြားတစ်ဥိီးထံ အကြောင်းကြားမှု ဆောင်ရွက်သည့် နေ့ရက်မှ (၁၀)ရက်ကာလ တစ်ခုအတွင်း စာချုပ်ဝင်များက ပြေလည်စွာ မဖြေရှင်းနိုင်သည့်၊ စာချုပ်ချိုးဖောက်မှု၊ တည်ရှိမှု၊ အကျိုးသက်ရောက်မှု၊ တရားဝင်မှု သို့မဟုတ် ရပ်စဲမှု စသည်တို့နှင့် စပ်လျဉ်းသော မေးမြန်းစုံစမ်းမှု တစ်ရပ်ရပ် အပါအဝင်ဖြစ်သည့် တောင်းဆိုမှု၊ ပြင်းထန်စွာ တောင်းဆိုမှု၊ ဆောင်ရွက်ရသည့် အကြောင်းရင်း၊ အငြင်းပွားမှု၊ အခြေအတင်ဖြစ်မှုနှင့် ဝယ်သူနှင့် သဘောတူညီချက် မှပေါ်ပေါက်သည့် သို့မဟုတ် ယင်းနှင့်စပ်လျဉ်းသော မေးခွန်းထုတ်ဖွယ်ဖြစ်သည့် အခြား ကိစ္စရပ်များ စသည်တို့ တစ်ရပ်ရပ်နှင့် အားလုံးအား ၂၀၁၆ခုနှစ် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဥပဒေ (“MAL” ဟုခေါ်ဆိုမည်) ၏ ပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံရှိ အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဆိုင်ရာ ဆောင်ရွက်မှု များအတိုင်း ရည်ညွှန်းရမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် ယင်းတို့နှင့်အညီ ဖြေရှင်းရမည်။ အဆိုပါ ဥပဒေ အပေါ်တွင် ရည်ညွှန်းချက်တွင် ဝယ်သူနှင့် သဘောတူညီချက်အား ချုပ်ဆိုသည့်နေ့ရက် နောက်ပိုင်း အခါအားလျော်စွာ မွမ်းမံ သို့မဟုတ် ပြန်လည်ပြဋ္ဌာန်း သို့မဟုတ် အစားထိုးသည့် ပြဋ္ဌာန်းချက်များ ပါဝင်ရမည်။ MAL နှင့်အညီ မြန်မာနိုင်ငံတွင် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဆောင်ရွက်မှုနှင့် စပ်လျဉ်းပြီး၊ ခုံသမာဓိလူကြီး သုံုး(၃)ဦး ထားရှိရမည်။ အနုညာတ စီရင်ဆုံးဖြတ်ရန် တရားစတင်စွဲဆိုသည့် ရက်ပေါင်း သုံးဆယ် (၃၀) အတွင်း စာချုပ်ဝင်တစ်ဦးချင်းစီသည် ခုံသမာဓိတစ်(၁)ဦးစီ ခန့်အပ်ရမည်ဖြစ်ပြီး၊ ခုံသမာဓိလူကြီး နှစ်(၂)ဦး အနက် နောက်ဆုံးသောသူ ရွေးချယ်ပြီးနောက်၊ ရက်ပေါင်း သုံးဆယ် (၃၀) အတွင်း အဆိုပါ ခန့်အပ်ပြီး ဖြစ်သည့် ခုံသမာဓိလူကြီးများက အဆုံးအဖြတ်ပေးမည့်ခုံသမာဓိလူကြီးတစ်ဦးအား ရွေးချယ်ရမည်။ အကယ်၍ စာချုပ်ဝင်တစ်ဦးသည် ယင်းခန့်အပ်ရမည့် ခုံသမာဓိလူကြီး ခန့်အပ်ရန် ပျက်ကွက်ပါက သို့မဟုတ် စာချုပ်ဝင်က ခန့်အပ်သည့် ခုံသမာဓိလူကြီးများသည် အကျံုးဝင်သည့် အချိန်ကာလအတွင်း အဆုံးအဖြတ် ပေးမည့်ခုံသမာဓိ လူကြီးတစ်ဦး ရွေးချယ်ရန် သဘောတူညီမှု မရရှိပါက၊ အဆိုပါ ခုံသမာဓိလူကြီး သို့မဟုတ် အဆုံးအဖြတ်ပေးမည့် ခုံသမာဓိလူကြီး တစ်ဦးအား အကျံုးဝင်သည့်အတိုင်း ခန့်အပ်ရန် မည်သည့် စာချုပ်ဝင်ကမဆို တရားရုံးထံ လျှောက်ထားနိုင်သည်။ မည်သည့် အနုညာတ စီရင်ဆုံးဖြတ်ခြင်း ဆောင်ရွက်မှု တွင်မဆို၊ ခုံသမာဓိလူကြီး အများစု၏ ဆုံးဖြတ်ချက်က လွှမ်းမိုးရမည်၊ သို့ရာတွင်၊ ခုံသမာဓိလူကြီးများ၏ သဘောထား ထင်မြင်ချက်များသည် တူညီသည့် အရေအတွက် ဖြစ်နေပါက၊ အဆုံးအဖြတ်ပေးမည့် ခုံသမာဓိ လူကြီး၏ ဆုံးဖြတ်ချက်က လွှမ်းမိုးရမည်။ အနုညာတ စီရင်ဆုံးဖြတ်ခြင်းတွင် အသုံးပြုရမည့် ဘာသာစကားသည် မြန်မာဘာသာ ဖြစ်ရမည်ဖြစ်ပြီး၊ နောက်ဆုံးရလာဒ်ဖြစ်သည့် အနုညာတ စီရင်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ရမည်၊ ထို့အပြင် ယင်းသည် စာချုပ်ဝင်များ အပေါ်တွင် စည်းနှောင်မှု ရှိရမည်။ အဆိုပါ ဆုံးဖြတ်ချက် အပေါ်တွင် ဆောင်ရွက်သည့် စီရင်ချက်အား တရားစီရင်ပိုင်ခွင့်ရှိသော တရားရုံး တစ်ရုံးရုံးတွင် တင်ပြစေနိုင်သည်။

၁၇။ အကြောင်းကြားမှုများ

၁၇.၁ MPT မှ ဝယ်သူထံသို့ အကြောင်းကြားမှုများနှင့် ဆက်သွယ်မှုများ အားလုံး(အပိုဒ် ၄.၃အရ အကျံုးဝင်သည့် ငွေတောင်းခံလွှာ မပါဝင်ဘဲ)အား MPTက ထိန်းသိမ်းထားသည့် ဝယ်သူ၏မှတ်တမ်း တစ်ရပ်ရပ်တွင်ရှိသော သို့မဟုတ် ဝယ်သူက MPT ထံ ဆက်သွယ်မှု တစ်ရပ်ရပ်အတွက် ပေးပို့ သို့မဟုတ် ထုတ်ပေးသည့် သို့မဟုတ် MPT ကအခြားနည်းအားဖြင့် နောက်ဆုံးသိရှိရသော ဝယ်သူ၏ အီးမေးလိပ်စာ သို့မဟုတ် အခြားလိပ်စာ သို့မဟုတ် ဖက်စ်နံပါတ်ထံသို့ လူကိုယ်တိုင်၊ စာတိုက်မှတစ်ဆင့်၊ အီးမေးဖြင့် သို့မဟုတ် ဖက်စ်ဖြင့်၊ MPTက သင့်တော်သည်ဟု ယူဆသော အခြားနည်းလမ်း တစ်ရပ်ရပ်ဖြင့် ပေးပို့ခြင်း ဆောင်ရွက်နိုင်သည်။ ဝယ်သူထံသို့ လိပ်စာတပ်ပြီး ပေးပို့ထားသည့် အဆိုပါ အကြောင်းကြားမှု၊ တောင်းဆိုမှု သို့မဟုတ် ဆက်သွယ်မှု တစ်ရပ်ရပ်အား အောက်ဖော်ပြပါ အခြေအနေတွင် ဝယ်သူက လက်ခံရရှိပြီး ဖြစ်သည်ဟု မှတ်ယူရမည် –

  • (က)အီးမေးဖြင့် သို့မဟုတ် ဖက်စ်ဖြင့် သို့မဟုတ် အခြားသော အီလက်ထရောနစ် ဆက်သွယ်ရေးဖြင့် ပေးပို့ခြင်း ဖြစ်ပါက၊ MPTက ပေးပိုုု့ပြီးနောက် ချက်ချင်းတွင်၊
  • (ခ)ဝယ်သူ၏ လိပ်စာထံ သွားရောက်ပေးပို့ခြင်း ဖြစ်ပါက၊ အဆိုပါ လိပ်စာ၌ ပေးပို့ သို့မဟုတ် ချန်ထားခဲ့သည့် နေ့ရက်နှင့် အချိန်တွင်၊
  • (ဂ)ကြိုတင်ပေးချေထားသည့် မှတ်ပုံတင်စာဖြင့် ပေးပို့ခြင်းဖြစ်ပါက၊ MPTက စာတို်က်မှ ပေးပို့ပြီးနောက် (၇) ရက်မြောက်နေ့တွင် ဝယ်သူက လက်ခံရရှိပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
၁၇.၂ MPTက ဝယ်သူထံသို့ အခြားနည်းအားဖြင့် သတ်မှတ်ဖော်ပြ မထားပါက၊ ဝယ်သူထံမှ MPT ထံသို့ အကြောင်းကြားမှုများနှင့် တောင်းဆိုမှုများ အားလုံးအား စာဖြင့်ရေးသား ဆောင်ရွက်ရမည်။ ဝယ်သူ၏ အကြောင်းကြားမှုနှင့် တောင်းဆိုမှု တစ်ရပ်ရပ်အား MPTကယင်းသို့ ပေးပို့ခြင်းအတွက် လက်ခံရရှိကြောင်း အတည်ပြုချက်ကို ဝယ်သူထံ ပေးပို့ခြင်း မရှိသေးပါက၊ အကျိုးမသက်ရောက်သည့် သို့မဟုတ် တရားမဝင်သည့် အကြောင်းကြားမှုနှင့် တောင်းဆိုမှု အနေဖြင့် MPTက သတ်မှတ်ခွင့်ရှိသည်။

၁၈။ အဓိပ္ပာယ်ဖွင့်ဆိုခြင်း

၁၈.၁ စကားစပ်အရ ရှေ့နောက်မညီ ဖြစ်နေသည့်အခါတွင်မှအပ၊ ဤအထွေထွေ စည်းကမ်းသတ်မှတ်ချက်များ (“အထွေထွေ စည်းကမ်းချက်များ” ဟုခေါ်ဆိုမည်) အား အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အောက်ပါအတိုင်းဖြစ်ရမည်

  • (က)ဗဟုဝုစ်အား ရည်ညွှန်းချက် တစ်ရပ်ရပ်တွင် ဧကဝုစ်ပါဝင်ရမည်ဖြစ်ပြိီး၊ ဧကဝုစ်အား ရည်ညွှန်းချက် တစ်ရပ်ရပ်တွင်လည်း ဗဟုဝုစ်ပါဝင်ရမည်၊
  • (ခ)လိင်တစ်မျိုးအား ရည်ညွှန်းချက်တွင် လိင်အားလုံးအတွက် ရည်ညွှန်းချက် ပါဝင်ရမည်၊
  • (ဂ)ပုဂ္ဂိုလ်တစ်ဦးအား ရည်ညွှန်းချက်တွင် သာမန်ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့များ၊ အစုစပ်ဝင်များ၊ လုပ်ငန်းများ၊ ဖွဲ့စည်းထူထောင်ထားခြင်း မရှိသည့် အဖွဲ့အစည်းများ၊ အစိုးရများ၊ အစိုးရနှင့် အခြားသော အစိုးရအာဏာပိုင်များနှင့် ဥပဒေအရ ပဋိညာဉ်ပြုနိုင်သည့် ပုဂ္ဂိုလ်များအားလုံး ပါဝင်ရမည်၊ ကိစ္စရပ်တစ်ခုချင်းစီတွင် သီးခြား ဥပဒေအရ ပဋိညာဉ်ပြုနိုင်သည့် ပုဂ္ဂိုလ်ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ပါဝင်ရမည်၊
  • (ဃ)မာတိကာများတွင် ပါဝင်သည့် ခေါင်းစဉ်များ အပါအဝင်၊ ခေါင်းစဉ်များအား အဆင်ပြေစေရန် အတွက်သာ ဖော်ပြထားခြင်းဖြစ်ပြီး၊ အဓိပ္ပာယ်ဖွင့်ဆိုခြင်းများအား အကျိုးမသက်ရောက်စေရ၊
  • (င)အပိုဒ်၊ အပိုဒ်ငယ် သို့မဟုတ် ဇယားတစ်ခုအား ရည်ညွှန်းချက် တစ်ရပ်ရပ်သည် ဤအထွေထွေ စည်းကမ်းချက်များတွင် ပါရှိသော သို့မဟုတ် ယင်းအားဖော်ပြသော အပိုဒ်၊ အပိုဒ်ငယ် သို့မဟုတ် ဇယားတစ်ခုအား ရည်ညွှန်းချက်ဖြစ်ရမည်၊
  • (စ)သီးခြား ပြဋ္ဌာန်းဥပဒေ၊ စည်းမျဉ်း၊ နိုင်ငံတကာစာချုပ် သို့မဟုတ် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်အား ရည်ညွှန်းချက် တစ်ရပ်ရပ်တွင် အမိန့်များ၊ စည်းမျဉ်းများ၊ ယင်းတို့အရ အခါအားလျော်စွာ ပြဋ္ဌာန်းသော ထပ်ဆင့်ပွား ဥပဒေပြုခြင်း သို့မဟုတ် ယင်းတို့နှင့် စပ်လျဉ်းပြီး အခါအားလျော်စွာ (ဤအထွေထွေ စည်းကမ်းချက်များ ပြဋ္ဌာန်းသည့်ရက် မတ်ိုင်မီတွင်ဖြစ်စေ သို့မဟုတ် ယင်းရက် နောက်ပိုင်းတွင်ဖြစ်စေ) ပြင်ဆင် သို့မဟုတ် ပြန်လည် ပြဋ္ဌာန်းသည့် အချက်များနှင့် ပြဋ္ဌာန်းဥပဒေ၊ စည်းမျဉ်း၊ နိုင်ငံတကာစာချုပ် သို့မဟုတ် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်၏ သီးခြား အပိုင်းတစ်ရပ်အား ရည်ညွှန်းချက် တစ်ရပ်ရပ်တွင် အဆိုပါ အပိုင်းအား ပြင်ဆင်၊ အစားထိုး သို့မဟုတ် ပြန်လည်ပြဋ္ဌာန်းသည့် ပြဋ္ဌာန်း ဥပဒေ၊ စည်းမျဉ်း၊ နိုင်ငံတကာစာချုပ် သို့မဟုတ် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် တစ်ရပ်၏ အပိုင်း တစ်ရပ်ရပ် ပါဝင်ရမည်၊
  • (ဆ)စာချုပ်ဝင်တစ်ဦးအား ရည်ညွှန်းချက် တစ်ရပ်ရပ်တွင် ယင်းတို့၏ ခွင့်ပြုချက် ရရှိထားသည့် အသီးသီးသော ဆက်ခံသူများနှင့် တာဝန်လွှဲအပ်ခံရသူများ ပါဝင်ရမည်၊
  • (ဇ)စာချုပ်ဝင် တစ်ဦးအနေဖြင့် ဤအထွေထွေ စည်းကမ်းချက်များ သို့မဟုတ် အဆိုပါ ပြဋ္ဌာန်းချက်များ ပြုစုခြင်းအတွက် တာဝန်ရှိသည်ဟူသည့် သီးခြားအကြောင်းပြချက် တစ်ရပ်ဖြင့် ဤအထွေထွေ စည်းကမ်းချက်များ၏ မည်သည့် ပြဋ္ဌာန်းချက်ကိုမျှ ယင်းစာချုပ်ဝင်တစ်ဦး အပေါ် ဆန့်ကျင်သည့် အကျိုးသက်ရောက်မှုရှိသည်ဟု မမှတ်ယူရ။
  • (ဈ)ဖော်ပြခဲ့ပြီးဖြစ်သော စာရွက်စာတမ်း တစ်ရပ်ရပ် သို့မဟုတ် ပြဋ္ဌာန်းချက် တစ်ရပ်ရပ်အား ရည်ညွှန်းချက် တစ်ရပ်ရပ်တွင် ယင်း၏စည်းကမ်းချက်များ နှင့်အညီ အခါအားလျော်စွာ ပြောင်းလဲ သို့မဟုတ် ဖြည့်စွက်သည့် စာရွက်စာတမ်းနှင့် ပြဋ္ဌာန်းချက်များ ပါဝင်ရမည်။

၁၉။ ဆက်လက်အာဏာ သက်ရောက်နိုင်မှု

၁၉.၁ ဝယ်သူနှင့် သဘောတူညီချက် တစ်ရပ်ရပ်နှင့် ဤအထွေထွေ စည်းကမ်းချက်များတွင် ပါရှိသော ပြဋ္ဌာန်းချက် တစ်ရပ်ရပ် သို့မဟုတ် တစ်ရပ်ထက်ပိုသည့် ပြဋ္ဌာန်းချက်များသည် မည်သည့် အခြေအနေတွင်မဆို တရားမဝင်ခြင်း၊ ဥပဒေနှင့်မညီခြင်း သို့မဟုတ် အာဏာမသက်ရောက်နိုင်ခြင်း ဖြစ်ပေါ်လာပါက၊ ယင်းတို့တွင် ပါဝင်သော ကျန်ရှိနေသည့် ပြဋ္ဌာန်းချက်များ၏ တရားဝင်မှု၊ ဥပဒေနှင့် ညီညွတ်မှုနှင့် အာဏာသက်ရောက် နိုင်မှု တို့အား မည်သည့်နည်းနှင့်မျှ အကျိုးမသက်ရောက်စေရ သို့မဟုတ် မထိခိုက်စေရ၊ ထို့အပြင်၊ တရားမဝင်၊ အာဏာမသက်ရောက်နိုင် သို့မဟုတ် ဥပဒေနှင့်မညီဟု ယူဆရသည့် အပိုင်းအား ယင်းပြဋ္ဌာန်းချက်များ၏ စည်းကမ်းချက်များနှင့်အညီ အနီးစပ်ဆုံး အာဏာသက်ဝင်စေရန် ဆောင်ရွက်ရမည်။