×

Daily Unlimited Voice Package ဆိုတာဘာလဲ?

တစ်ရက်လျှင် ၃၉၉ ကျပ်ပေးသွင်းရုံဖြင့် MPT ဖုန်းအချင်းချင်း စိတ်ကြိုက်ဖုန်းခေါ်ဆိုနိုင်မည့် ပရိုမိုးရှင်းအစီအစဉ်ကို
၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး ပျော်ရွှင်စွာ ရယူအသုံးပြု နိုင်တော့မည်ဖြစ်သည်။
MPT သုံးစွဲသူများသည် နေ့စဉ်သုံး အကန့်အသတ်မဲ့ ဖုန်းခေါ်ဆိုမှုအစီအစဉ်ကို ရယူကာ သုံးစွဲသူ သန်း၂၀ကျော် ရှိနေပြီ ဖြစ်သည့်
မြန်မာပြည်၏ အကြီးမားဆုံး 3G ကွန်ရက်ပေါ်တွင် နေ့စဉ်အကန့်အသတ်မရှိ ဖုန်းပြောဆိုနိုင်တော့မည်ဖြစ်သည်။

အဆိုပါအစီအစဉ်သစ်ကို MPT-GSM/WCDMA ဖုန်းအသုံးပြုသူများအားလုံး ရယူသုံးစွဲနိုင်မည်ဖြစ်သည်။
USSD ကုတ်နံပါတ်ဖြစ်သည့် *399# ကို ဖုန်းခေါ်ဆိုခြင်း
(သို့မဟုတ်)
1332 သို့ VP1 ဟု စာတို ရိုက်နှိပ်ပေးပို့ခြင်းဖြင့်
Daily Unlimited Voice Package များကိုရယူအသုံးပြုနိုင်မည်ဖြစ်သည်။

ဖုန်းနံပါတ် တစ်ခုသည် တစ်ရက်လျှင် Voice Pack တစ်ကြိမ်ဝယ်ယူရုံဖြင်
တစ်နေ့တာလုံး (၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံအချိန်အထိ) MPTဖုန်းအချင်းချင်းအကန့်အသတ်မရှိ ဖုန်းပြောနိုင်မည် ဖြစ်သည်။

 User  Subscription
 USSD  SMS
 All MPT GSM/WCDMA Users  *399#  VP1 to 1332

၂၀၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ လက်ရှိနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်း ကောက်ခံသွားပါမည်။

Promotion period: From November 01, 2016
Who is eligible: All MPT GSM/WCDMA customers

E-Top Up Friday

Short Description

မေးခွန်းများ

၁။ MPTရဲ့ Daily Unlimited Voice Pack ဆိုတာ ဘာပါလဲ။

တစ်ရက်စာအတွက် ၃၉၉ကျပ်သာကျသင့်မည့် Daily Unlimited Voice Package ကိုအသုံးပြုခြင်းဖြင့် တစ်ရက်အတွင်း ( Package၀ယ်ယူသည့်အချိ်န်မှ ယင်းနေ့၏ 23:59:59အထိ) MPT ဖုန်းအချင်းချင်းအကန့်အသတ်မရှိ ဖုန်းပြောနိုင်မည် ဖြစ်သည်။
MPT ဖုန်းအချင်းချင်းကြိုက်သလောက်ပြော- ၃၉၉ကျပ်သာ ကျသင့်မည်ဖြစ်ပါသည်။

၂။ MPTရဲ့ Daily Unlimited Voice Package ကိုဘယ်သူတွေဝယ်ယူအသုံးပြုနိုင်မှာပါလဲ။

MPT GSM/WCDMA ရှယ်ပြော၊ ဆွေသဟာအစီအစဉ်အသုံးပြုနေသူများနှင့် Base Tariff စနစ် အသုံးပြုနေသူများအားလုံးသည် Daily Unlimited Voice Package ကို ၀ယ်ယူအသုံး ပြုနိုင်ပါသည်။

၃။ MPTရဲ့ Daily Unlimited Voice Package ကိုအချိန်ကာလအတွင်းဝယ်ယူအသုံးပြုနိုင်မှာပါလဲ။

MPT GSM/WCDMA ရှယ်ပြော၊ ဆွေသဟာအစီအစဉ်အသုံးပြုနေသူများနှင့် Base Tariff စနစ် အသုံးပြုနေသူများအားလုံးသည် ၂၀၁၆ခုနှစ်၊နို်ဝင်ဘာလ ၁ရက်မှ စတင်၍Daily Unlimited Voice Packageများကို ၀ယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၄။ Daily Unlimited Voice Package ကို ဘယ်လိုဝယ်ယူနိုင်မှာပါလဲ။

*399# ကိုရိုက်နှိပ်ခေါ်ဆိုပါ။ (သို့မဟုတ်)
1332 သို့ VP1 ဟုစာတိုပေးပို့ပါ။
Daily Unlimited Voice Package တစ်ခုချင်းစီသည် ၀ယ်ယူသည့်နေ့၏ ညသန်းခေါင်ယံ အချိန် (23:59:59)အထိ အသုံးပြုနိုင်မည်ဖြစ်သည်။

၅။ Daily Unlimited Voice Package ကိုဝယ်ယူလိုက်ပါတယ်။ ဖုန်းဘီလ်ထဲက ၄၁၉ကျပ် ဖြတ်တောက်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

 ၂၀၁၆ခုနှစ်၊ ဧပြီလ(၁)ရက်မှစတင်ပြီး လက်ရှိနှုန်းထားများတွင် ကုန်သွယ်ခွန် ၅ရာခိုင်နှုန်း ထပ်ဆောင်း ပေးဆောင်ရမည်ဖြစ်သည်။

အမေးအဖြေများ