×

၁။ MPT ဆင်းကဒ်အား စတင်ဝယ်ယူ အသုံးပြုမည့်သူများအတွက်

1. CardMPT ဆင်းကဒ်များကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ ဖုန်းဟန်းဆက် အရောင်းဆိုင်များ၊ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်များ၊ ကုန်စုံဆိုင်နှင့် စတိုးများ အစရှိသည့် နေရာများတွင် လွယ်ကူစွာ ၀ယ်ယူရရှိနိုင်မည် ဖြစ်သည်။

ဆင်းကဒ် ၀ယ်ယူအသုံးပြုမည်ဆိုပါက သုံးစွဲမည့်သူ၏ ကိုယ်ရေး အချက်အလက်ပုံစံကို အသေးစိတ်ဖြည့်ပေးရန်နှင့် မှတ်ပုံတင် မိတ္တူတစ်စုံပေးရန်သာ လိုအပ်မည် ဖြစ်သည်။ ဖော်ပြပါ နည်းလမ်းများဖြင့်လည်း ရယူနိုင်ပါသည်။

  • နိုင်ငံသား မှတ်ပုံတင်  (နှစ်ဘက်လုံး မိတ္တူ)
  • ပတ်စပို့  (ကိုယ်ရေးအချက်အလက် စာမျက်နှာ)
  • ယာဉ်မောင်းလိုင်စင်
  • ကျောင်းသားကဒ် (မြန်မာကောလိပ် (သို့) တက္ကသိုလ်)
  • သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ (အမည်၊ အဘအမည်နှင့် လိပ်စာပါ၀င်ရမည်)
  • ပတ်စပို့ (ကိုယ်ရေးအချက်အလက် စာမျက်နှာနှင့် ဗီဇာ)

၂။ ငွေဖြည့်သွင်းလိုလျှင်

ငွေဖြည့်ခြင်းများအတွက် ခဲခြစ်ငွေဖြည့်ကဒ်များကို ၀ယ်ယူ၍သော်လည်းကောင်း၊ e-top up စနစ် အသုံးပြု၍သော်လည်းကောင်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ဖြည့်သွင်းပေးနိုင်တဲ့ ငွေပမာဏ များမှာ ၅၀၀ ကျပ် (e-top up အသုံးပြုသူများအတွက်သာ)၊ ၁၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်၊ ၁၀၀၀၀ ကျပ်၊ ၂၀၀၀၀ ကျပ် နှင့် ၃၀၀၀၀ ကျပ် ဟူ၍ သတ်မှတ်ထားပြီး လက်ရှိတွင် GSM နှင့် WCDMA များအတွက် အကျုံးဝင်ပါသည်။

၃။ ဆင်းကဒ် စတင် အလုပ်လုပ်ခြင်း

ဆင်းကဒ် စတင်အလုပ်လုပ်ရန်အတွက် ပထမဦးစွာ သင်၏ဖုန်းထဲသို့ ထည့်သွင်းရမည် ဖြစ်သည်။ ထည့်သွင်းပြီးပါက ဖုန်းအား ပါ၀ါဖွင့်ပြီး ခေါ်ဆိုမှုတစ်ခုပြုလုပ်၍ ဖြစ်စေ၊ ငွေဖြည့်သွင်းမှု တစ်ခုကို ပြုလုပ်၍ဖြစ်စေ ဆောင်ရွက်ရမည်ဖြစ်သည်။ ပြုလုပ်ပြီးပါက သင်၏ ဆင်းကဒ် စတင် အလုပ်လုပ်ပြီဖြစ်သည့် အကြောင်းနှင့် သင်၏ ဖုန်းနံပါတ်ကို SMS ပို့၍ အကြောင်းကြားစာ ရရှိမည် ဖြစ်သည်။

စတင်အသုံးပြုသူများ အနေဖြင့် MPT မှ အဖွင့်လက်ဆောင်ကို အောက်ပါအတိုင်း ရရှိမည် ဖြစ်ပါသည်။

SIM CARD အဖွင့်လက်ဆောင် - ကျပ် ၅ဝဝ

ငွေဖြည့်ပမာဏ (ကျပ်) ၇ရက်အတွင်း အပိုငွေဖြည့် လက်ဆောင် (ကျပ်)
၁,ဝဝဝ
၃,ဝဝဝ ၁,ဝဝဝ
၅,ဝဝဝ ၂,ဝဝဝ
၁ဝ,ဝဝဝ နှင့်အထက် ၄,ဝဝဝ

စည်းကမ်းချက်များ
MPT ၏ GSM/WCDMA Prepaid စနစ် အသုံးပြုသူအားလုံး အကျုံးဝင်သည်။
အပိုငွေဖြည့်လက်ဆောင် အစီအစဉ်ကို အချင်းချင်း ဖုန်းခေါ်ဆိုခြင်းနှင့် မတ်ဆေ့ချ် ပေးပို့ခြင်း၊ သုံးသလောက်သာကျသင့်မည့် အင်တာနက်စနစ်(PAYG)တို့အတွက် အသုံးပြုနိုင်ပါသည်။
ငွေဖြည့်ကတ်၊ E-topup နှစ်မျိုးဖြင့် ဖုန်းငွေဖြည့်နိုင်ပါသည်။
SIM Card စတင်အသုံးပြုသည့် အချိန်မှစ၍ (၇)ရက်အတွင်း ငွေဖြည့်ရန်လိုအပ်ပါသည်။
အပိုငွေဖြည့်လက်ဆောင်ကို လက်ခံရရှိသည့် နေ့မှစ၍ ရက် (၃၀) အတွင်း အသုံးပြုနိုင်ပါသည်။
SIM Cardကို Slot 1တွင် ထည့်သွင်းအသုံးပြုးခြင်းဖြင့် ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုကို ရရှိနိုင်ပါသည်။

*၂၀၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ လက်ရှိနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်း ကောက်ခံသွားပါမည်။