×
  • MPT Official Instagram
  • MPT LinkedIn

MPT ဖုန်းများအကြောင်း

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT မှ သုံးစွဲသူ မိဘပြည်သူများ၏ ကျေးဇူးကို တုန့်ပြန်သောအားဖြင့် စွမ်းဆောင်ရည် မြင့်မား၍ စျေးနှုန်းချိုသာသည့် လက်ကိုင်ဖုန်းများအား မိတ်ဆက်ရောင်းချပေးသွားမည် ဖြစ်ပါသည်။
MPT နှင့် MPT ၏ အထင်ကရ လုပ်ဖော်ကိုင်ဖက်များ ပူးပေါင်း၍ ရောင်းသူ၊ ၀ယ်သူများအားလုံးအကျိုးရှိစေမည့် စီးပွားရေးတစ်ရပ်ကိုလည်း ပြုလုပ်သွားမည် ဖြစ်ပါသည်။

လက်ရှိ ရရှိနိုင်သော ဖုန်းများ
(၁) အခြေခံသုံး စမတ်ဖုန်း 4” M40
(၂) စွယ်စုံသုံး စမတ်ဖုန်း 5” M50
(၃) Huawei GR5 2017 MPT Special Edition

4.0" Quad-core + Slim

Platform: Quardcore 1.2GHz

OS : Android 4.4-5.1

Dimension : 125.5mm*65.5mm*10.9mm

Band : GSM : 850/900/1800/1900MHz

WCDMA : 2100MHz

Detail

5.0" Quad-core + Slim

Platform: SC77371 Quad Core 4*1.2GHz

OS : Android 5.1

Dimension : 142mm*72mm*7.0mm

Band : GSM : 850/900/1800/1900MHz

WCDMA : 900/2100MHz

Detail

အောက်ပါလင့်ခ်မှတစ်ဆင့် MPT ဖုန်းများဝယ်ယူရန်လည်းကောင်း၊ ပြုပြင်ထိန်းသိမ်းနိုင်သော ဆိုင်လိပ်စာများကို ကြည့်ရှုနိုင်ပါသည်။

MPT ဖုန်းဝယ်ယူရရှိနိုင်သောဆိုင်လိပ်စာများ

MPT ဖုန်းပြု ပြင်နိုင်သော Service Center များ

မေးခွန်းများ

၁။ MPT Co-Branded Handsets ဆိုတာ ဘယ်လိုမျိုးပါလဲ။

MPT CO-Branded handsets နှစ်မျိုးရှိပါတယ်၊ M40 နှင့် M50 ပါ။

၂။ ပရိုမိုးရှင်းအပိုလက်ဆောင်ကဘာတွေပါလဲ။

M50 ဖုန်းကို ပရိုမိုးရှင်းကာလမှာ ဝယ်ယူခဲ့ပါက သင် MPT နံပါတ်အလှ SIM Card တစ်ခုကို အခမဲ့ရရှိမှာဖြစ်ပါတယ်။ MPT SIM card အခမဲ့နှင့်အတူ တစ်လလျှင် ၃ဝဝဝကျပ်ငွေဖြည့်ရုံဖြင့် အင်တာနက် ၂.၅ ဂစ်ဂါဗိုက်အသုံးပြုခွင့်ရပါမည် (ပထမလအပါအဝင်)။ အဆိုပါ ၂.၅ ဂစ်ဂါဗိုက် အင်တာနက်အသုံးပြုခွင့်က တစ်လတစ်ခါဖြင့် ၆လတိတိရရှိမှာဖြစ်ပါတယ်။

M40 ဖုန်းကို ပရိုမိုးရှင်းကာလမှာ ဝယ်ယူခဲ့ပါက သင် MPT SIM Card တစ်ခုကို အခမဲ့ရရှိမှာဖြစ်ပါတယ်။ MPT SIM card အခမဲ့နှင့်အတူ တစ်လလျှင် ၁ဝဝဝကျပ်ငွေဖြည့်ရုံဖြင့် အင်တာနက် ၇၇၇ မီဂါဗိုက် ဗိုက်အသုံးပြုခွင့်ရပါမည် (ပထမလအပါအဝင်)။ အဆိုပါ ၇၇၇ မီဂါဗိုက် အင်တာနက်အသုံးပြုခွင့်က တစ်လတစ်ခါဖြင့် ၆လတိတိရရှိမှာဖြစ်ပါတယ်။

၃။ အင်တာနက်အသုံးပြုခွင့် ကို ဘယ်အချိန်အထိရမှာပါလဲ။

ဆွေသဟာအစီအစဉ်ကိုရယူထားသူများသာ အဆိုပါ အင်တာနက်အစီအစဉ်ကိုရယူနိုင်ပါတယ်။

အကယ်၍ MPT အသုံးပြုသူသည် ပုံမှန်ဝန်ဆောင်မှုသို့ ပြောင်းလဲလိုက်ပြီးသောအခါမှ ဆွေသဟာအစီအစဉ်ကို ပြန်လည်ရယူလိုက်ပါ အဆိုပါ ၇၇၇ မီဂါဗိုက်ထဲမှ ကျန်ရှိသောမီဂါဗိုက်ကိုအင်တာနက် အသုံးပြုခွင့်ကို ဆက်လက်ရရှိမှာဖြစ်ပါတယ်။

၄။ ပုံမှန်ဝန်ဆောင်မှုကိုပြောင်းလဲလိုက်ရင်ရော ဘယ်လိုဖြစ်သွားနိုင်ပါလဲ။

ဆွေသဟာအစီအစဉ်ကိုရယူထားသူများသာ အဆိုပါ အင်တာနက်အစီအစဉ်ကိုရယူနိုင်ပါတယ်။

အကယ်၍ MPT အသုံးပြုသူသည် ပုံမှန်ဝန်ဆောင်မှုသို့ ပြောင်းလဲလိုက်ပြီးသောအခါမှ ဆွေသဟာအစီအစဉ်ကို ပြန်လည်ရယူလိုက်ပါ အဆိုပါ ၇၇၇ မီဂါဗိုက်ထဲမှ ကျန်ရှိသောမီဂါဗိုက်ကို အင်တာနက် အသုံးပြုခွင့်ကို ဆက်လက်ရရှိမှာဖြစ်ပါတယ်။

၅။ အဆိုပါအခမဲ့ရရှိသော ဒေတာက ဘယ်တော့ သက်တမ်းကုန်ဆုံးမှာလဲ။

အဆိုပါ ၂.၅ ဂစ်ဂါဗိုက် နှင့် ရရရမီဂါဗိုက်သည် ပေးထားသောရက်မှစတင်၍ ရက်ပေါင်း၃ဝသက်တမ်းရှိပါတယ်။

GR5 Specification (Overall view)

Rear Camera: Dual-Lens Rear camera: 12MP + 2MP

Front Camera : 8MP wide-angle lens

Memory : 3GB RAM+32GB ROM

Battery : 3340mAh

Screen : 5.5” FHD display, 2.5D curved glass

CPU : Huawei Kirin 655, Octa-Core(4 x 2.1 GHz + 4 x 1.7GHz) + i5

Detail

အောက်ပါလင့်ခ်မှ တဆင့် မိမိ၏ GR5ကို ဝယ်ယူရရှိနိုင်ပါပြီ။

MPT အထူးထုတ်ဖုန်းများ ဝယ်ယူရရှိနိုင်သော ဆိုင်လိပ်စာများ

မေးခွန်းများ

၁။ MPT ရဲ့ GR5 ၂၀၁၇ ဟန်းဆက်က ဘာလဲ။

ဝယ်ယူသူများက အထူးပရိုမိုးရှင်းတွေပါဝင်တဲ့ MPT Sim Card တွေကို ရရှိမှာပါ။

၂။ ပရိုမိုးရှင်းအစီအစဉ်ဆိုတာ ဘယ်လိုမျိုးပါလဲ။

Huawei GR5 2017(MPT version) ဖုန်းကို ပရိုမိုးရှင်းကာလမှာ ၀ယ်ယူခဲ့လျှင်MPT SIM Card တစ်ခုကို အခမဲ့ရရှိမှာဖြစ်ပါတယ်။
MPT SIM card အခမဲ့နှင့်အတူ တစ်လလျှင် ၅၀၀၀ကျပ် ငွေဖြည့်ရုံဖြင့် အင်တာနက် ၄ဂစ်ဂါဗိုက် အသုံးပြုခွင့်ကို ရပါမည်။ (ပထမလအပါအဝင်)
အဆိုပါ ၄ဂစ်ဂါဗိုက် အင်တာနက်အသုံးပြုခွင့်ကို တစ်လတစ်ကြိမ်ဖြင့် ၆လတိတိရရှိမှာဖြစ်ပါတယ်။

၃။ Huawei GR5 2017(MPT version) တို့၏ စျေးနှုန်းက ဘယ်လောက်ပါလဲ။

Huawei GR5 2017(MPT version) ၏ စျေးနှုန်းက ၃၀၉,၀၀၀ ကျပ် ဖြစ်ပါတယ်။

၄။ အင်တာနက်အသုံးပြုခွင့် ၄ ဂစ်ဂါဗိုက် ကို ဘယ်အချိန်အထိရမှာပါလဲ။

SIM Card ကို စတင်အသုံးပြုသည့်အချိန်မှစပြီး ၆လတိတိရရှိမှာဖြစ်ပါတယ်။
ဥပမာ – ဖုန်းအသုံးပြုသူဟာ MPT SIM Card ကို ဇန်နဝါရီလမှ စတင် activate ပြုလုပ်ခဲ့ပါလျှင် အဆိုပါ အင်တာနက် ၄ဂစ်ဂါဗိုက် အသုံးပြုခွင့်ကို ဇွန်လအထိရရှိမှာဖြစ်ပါတယ်။ အဆိုပါ Promotion အစီအစဉ်သည် စတင် activate ပြုလုပ်သည့်အချိန်မှ စ၍ ၆ လတိတိ အကျံးဝင်မှာဖြစ်ပါတယ်။ သုံးစွဲသူသည် SIM Card ကို ဖေဖော်ဝါရီလမှစပြီး မေလအထိတိုင် TopUpမလုပ်နိုင်ခဲ့သည့်တိုင်အကျုံးဝင်ပါတယ်။

၅။ ပုံမှန်ဝန်ဆောင်မှုကိုပြောင်းလဲလိုက်ရင်ရော ဘယ်လိုဖြစ်သွားနိုင်ပါလဲ။

ဆွေသဟာအစီအစဉ်ကိုရယူထားသူများသာ အဆိုပါ အင်တာနက်အစီအစဉ်ကိုရယူနိုင်ပါတယ်။
အကယ်၍ MPT အသုံးပြုသူသည် ပုံမှန်ဝန်ဆောင်မှုသို့ ပြောင်းလဲအသုံးပြုပြီးမှ ဆွေသဟာအစီအစဉ်ကို ပြန်လည်ရယူလိုက်ပါက အဆိုပါ ၄ဂစ်ဂါဗိုက် ထဲမှ ကျန်ရှိသောမီဂါဗိုက်က်ို အင်တာနက် အသုံးပြုခွင့်ကို ဆက်လက်ရရှိမှာဖြစ်ပါတယ်။