×
  • MPT Official Instagram
  • MPT LinkedIn

လိုတရ ဆိုတာ ဘာလဲ?

လိုတရ ဆိုသည်မှာ သင်၏ နေ့စဉ် လိုအပ်သမျှ သတင်းအချက်အလက်များကို တစ်နေရာတည်းတွင် စုံလင်စွာ သိရှိနိုင်မည့် ဝဘ်ဆိုဒ်တစ်ခု ဖြစ်ပါသည်။
လိုတရတွင် ပါဝင်သည့် သတင်းစုံ၊ ကဏ္ဍစုံ၊ အကြောင်းအရာ အစုံအလင်များက သင်သိရှိလိုသည့် အရာများကို ပြည့်စုံစွာ သိရှိစေနိုင်မည် ဖြစ်ပါသည်။

လိုတရကို ဘယ်လို ဝင်ကြည့်မလဲ

လိုတရ ဝဘ်ဆိုဒ်သို့ ဝင်ရောက်ရန်မှာ လွန်စွာ လွယ်ကူရိုးရှင်းပြီး ဝင်ရောက်ရန်လည်း နည်းလမ်းများစွာ ရှိပါသည်။

*7000# သို့ ခေါ်ဆိုပါက လိုတရသို့ ဝင်ရောက်ရန် URL ကို ရရှိမည် ဖြစ်သည်။ အဆိုပါ URL Link ကို နှိပ်လိုက်ပါက လိုတရသို့ ရောက်ရှိပြီး ဖြစ်သည်။

*7000” သို့ “LTY”ဟု SMS ပို့၍ ဝင်ရောက်ရန် URL ကို ရယူနိုင်ပါသည်။ အဆိုပါ URL Link ကို နှိပ်လိုက်ပါက လိုတရသို့ ရောက်ရှိပြီဖြစ်သည်။

သင်၏ Web browser တွင်လည်း http://lotayamm.com ဟု ရိုက်ထည့်၍လည်း လိုတရသို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။

လိုတရတွင်ပါဝင်သော ကဏ္ဍများ

၁။ လိုတရ Search bar
သင်သိလိုသည့် သတင်းအချက်အလက်များကို လိုတရ၏ Search bar တွင် ရိုက်ထည့် လိုက်ရုံဖြင့် သိရှိနိုင်မည် ဖြစ်သည်။ ထို့အပြင် MPT ၏ “ခေါ်ယူနားဆင် တေးသံစဉ်” ဝန်ဆောင်မှုကို အသုံးပြု၍လည်း သီချင်းများ၊ သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးနှင့် SMS ဝန်ဆောင်မှုများ အားလုံးကိုလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။

၃။ သတင်းများ
နောက်ဆုံးရ သတင်းပေါင်းစုံကို စုံလင်စွာ ဖတ်ရှုနိုင်မည်။

၂။ မိုးလေဝသ
မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ကြီးများ၏ ရာသီဥတု ခန့်မှန်းချက်များကို သိရှိနိုင်သလို သင်ရောက်နေသည့် နေရာ၏ မိုးလေဝသ ခန့်မှန်းချက်ကိုပါ သိရှိနိုင်ပါသည်။

၄။ ငွေလဲလှယ်နှုန်းများ
နိုင်ငံတကာ ငွေကြေးပေါက်စျေး (၃၈)မျိုးကို အချိန်နဲ့ တပြေးညီ ကြည့်ရှုနိုင်မည် ဖြစ်သည်။
မိမိ သိရှိလိုသော နိုင်ငံခြားငွေပေါက်စျေးနှင့် ညီမျှသော မြန်မာငွေ ပမာဏကိုလည်း သိရှိနိုင်မည်ဖြစ်ပြီး နိုင်ငံခြားငွေ အချင်းချင်း၏ပေါက်စျေး၊ ပမဏများကိုလည်း သိရှိနိုင်ပါသည်။

လိုတရ App ရှိလျှင် URL တစ်လုံးချင်းရိုက်၍ ဝင်ရောက်စရာမလိုအပ်တော့ပဲ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လိုတရသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ လောလောဆယ် ကာလတွင်တော့ လိုတရ App ကို Android ဖုန်းများကသာ အသုံးပြုနိုင်မည် ဖြစ်သည်။

MPT 4U app ရှိလျှင် MPT ၏ ဝန်ဆောင်မှုအားလုံးကို တစ်နေရာတည်းတွင် ရရှိနိုင်မည် ဖြစ်ပါသည်။