×
  • MPT Official Instagram
  • MPT LinkedIn

PROMOTION > DEVICES

MPT Co Branded Devices

MPT မိုဘိုင်းဖုန်းများကို အနည်းဆုံး ၃၂၀၀၀ ကျပ်ဖြင့်စတင်သုံးစွဲနိုင်ပါပြီ။

MPT မှ စျေးနှုန်းချိုသာသော 4G စမတ်ဖုန်း စတင်မိတ်ဆက်

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် 4G စနစ်ပါ စမတ်ဖုန်းမော်ဒယ်အသစ်တစ်ခုကို ချိုသာသောစျေးနှုန်းဖြင့် စျေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

အရည်အသွေးမြင့်မားစွာ အထူးထုတ်လုပ်ထားသော M50A သည် MPT မှ နာမည်ကျော်လူကြိုက်များသည့် စမတ်ဖုန်းစီးရီးများထဲသို့ နောက်ဆုံးဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော ကြာရှည်ခံဘက်ထရီ၊ မြန်နှုန်းမြင့် 4G စနစ် ထောက်ပံ့ထားမှု၊ စွဲမယ်ဖွယ် ဒေတာပရိုမိုးရှင်း ပါ၀င်မှုတို့နှင့်အတူ M50A ကို မိတ်ဆက်လိုက်ပါပြီ။ MPT ၏ စျေးနှုန်းသက်သာသော M40 နှင့် အရည်အသွေးမြင့် M50 တို့နည်းတူ ယခု အသစ်ထပ်မံထုတ်လုပ်လိုက်သော M50A ကို MPT အမှတ်တံဆိပ်အရောင်းဆိုင်များ၊ စူပါမိုဘိုင်းဖုန်း ဆိုင်ခွဲများနှင့် အခြားသော မိုဘိုင်းဖုန်းဆိုင်များတွင်ပါ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

အဆိုပါ M50A စမတ်ဖုန်းကို ပရိုမိုးရှင်းကာလအတွင်း ၈၉,၀၀၀ ကျပ်နှင့် ရောင်းချသွားမည်ဖြစ်ပြီး သုံးစွဲသူများသည် ၀ယ်ယူပြီးသည့်နေ့မှ ၆ လတိုင်တိိုင် လစဉ်သုံး ဒေတာအပိုဆု 2.5GB ရရှိနိုင်မည့် MPT ဆင်းမ်ကတ်တစ်ကတ်ကို လက််ဆောင်ရရှိမည်ဖြစ်ပါသည်။ ဖုန်းဘေလ်အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းရုံဖြင့် အဆိုပါ ဒေတာအပိုဆုကို ရရှိနိုင်မည့်အစီအစဉ်ဖြစ်ပြီး MPT ၏ ဆွေသဟာအစီအစဉ်ကိုလည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။

Read More…

သတ်မှတ်ထားသောနေရာအချို့တွင် စတင်သုံးစွဲနိုင်နေပြီဖြစ်သော MPT ၏ 4G ကွန်ရက်နှင့် ချိတ်ဆက်ပေးထားခြင်းကြောင့် မြန်ဆန်သောအင်တာနက်အတွေ့အကြုံကို လက်ဖျားနှင့်တို့ထံရုံဖြင့်် M50A နှင့်အတူ ခံစားနိုင်ပါပြီ။ မြန်မာနိုင်ငံတော်အစိုးရမှ လှိုင်းစဉ်နှုန်းအသစ် ချပေးပြီးသည်နှင့်တစ်ပြိုင်နက် 4G ကွန်ရက်၏ ၀န်ဆောင်မှုအပြည့်အစုံကို ယခုနှစ်နှောင်းပိုင်းကာလများတွင် ရရှိနိုင်မည်လည်း ဖြစ်ပါသည်။ MPT ၏ ယခင်မော်ဒယ် M50 ကဲ့သို့ပင် အန်းဒရွိုက်အမျိုးအစားဖြစ်သည့် M50A တွင်လည်း လက် ၅ ချောင်း ထိတွေ့နိုင်သည့် စွဲမက်ဖွယ် TP 5-inch HD on-cell 2.5D curved glass touchscreen display အမျိုးအစား တပ်ဆင်အသုံးပြုထားပြီး စွမ်းဆောင်ရည်မြင့် 1.2GHz ပရောဆက်ဆာနှင့် အားဖြည့်ထားသည်။ မြန်နှုန်းမြင့် 4G ကွန်ရက်ကို ချိုသာသောစျေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းစွမ်းဆောင်ရှင်များ၊ လူမှုကွန်ရက်မီဒီယာ အသုံးများသူများအတွက် ပြီးပြည့်စုံသော ရွေးချယ်မှုဟု ဆိုနိုင်ပါသည်။ ထို့အပြင် ဘက်ထရီပမာဏ 2800mAh ကိုသုံးစွဲထားသဖြင့် အချိန်ကြာမြင့်စွာ ဖုန်း screen ဖွင့်ထားခြင်း၊ စကားပြောဆိုခြင်းတို့အတွက် အထူးအဆင်ပြေစေမည် ဖြစ်ပါသည်။

M50A တွင် MPT4U ၊ LoTaYa ၊ Myanmar calculator ၊ ဇော်ဂျီဖောင့်ကဲ့သို့ ဖုန်းတစ်လုံးအတွက် မရှိမဖြစ်အရေးပါသော အက်ပလီကေးရှင်းများနှင့် အခြားသောနာမည်ကျော် လူကြိုက်များသည့် လူမှုကွန်ရက်မီဒီယာ အက်ပလီကေးရှင်းများ ပါ၀င်မှာဖြစ်ပြီး အရောင်အနေနဲ့ ပထမအသုတ်အဖြစ် အဖြူရောင် ကိုရရှိနိုင်မည်ဖြစ်ကာ နောက်ပိုင်းတွင် အနက်ရောင်နှင့် ရွှေရောင်ဟူ၍ စုစုပေါင်းအရောင်သုံးရောင်ကို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အထူးစီမံထားသော လက်ဆောင်ဘူးတစ်ဘူးနှင့်အတူ အာမခံ ၁ နှစ် ကိုလည်း ရရှိမည်ဖြစ်ပါသည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase မှ “MPT အမှတ်တံဆိပ် စမတ်ဖုန်းစီးရီးထဲကို နောက်ထပ်မော်ဒယ်တစ်မျိုး ထပ်မံထည့်သွင်းလိုက်နိုင်ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်လှုပ်ရှားမိပါတယ်။ M50A က စျေးနှုန်းအားဖြင့် အတော်လေးသက်သာရုံမက အရည်အသွေးမြင့်မားတဲ့ စမတ်ဖုန်းပဲဖြစ်ပါတယ်။ ခုရော နောင်မှာပါ MPT ရဲ့ ကျယ်ပြန့်ပြီး မြန်ဆန်တဲ့ 4G ကွန်ရက်နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ဦးမှာပါ။ ဒေတာအပိုဆုအနေနဲ့လည်း တစ်လကို 2.5GB ရရှိမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ ထူးခြားစုံလင်လှတဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ရယူသုံးစွဲပြီး ဆက်သွယ်မှုပိုမိုကောင်းမွန်သော နိုင်ငံတစ်ခုအဖြစ် ဆက်လက်ပြီးချီတက်နိုင်မှဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

အထူးဒေတာပရိုမိုးရှင်းများပါ၀င်သည့် MPT ၏ စမတ်ဖုန်းမော်ဒယ် M40 နှင့် M50 တို့ကို သုံးစွဲသူများဝယ်ယူနိုင်ပါပြီ။

(ရန်ကုန်၊ စက်တင်ဘာလ ၉ ရက်၊ ၂၀၁၆ ခုနှစ်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT သည် စမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုးဖြစ်သည့် M40 (စမတ်ဖုန်းစတင်အသုံးပြုလိုသူများ အတွက်) နှင့့် M50 (အရည်အသွေး အထူးကောင်းမွန်၍ လှပသော ဒီဇိုင်း) တို့ကို ချိုသာသောစျေးနှုန်းဖြင့် သုံးစွဲသူပြည်သူများထံသို့ မိတ်ဆက်ပေးလိုက်ပါကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ ၎င်းစမတ်ဖုန်း များကို MPT အမှတ်တံဆိပ်ဆိုင်များ၊ Bestone ဖုန်းဆိုင်များ နှင့် နီးစပ်ရာအရောင်းဆိုင်များတွင် ၀ယ်ယူနိုင်သည်။
M40 စမတ်ဖုန်းကို အသက်သာ ဆုံးစျေးနှုန်း ၃၂,၀၀၀ ကျပ်ဖြင့် လူတိုင်းဝယ်ယူအသုံးပြုနိုင်မည် ဖြစ်ပြီး M40 Handset ၀ယ်ယူသူများအတွက် MPT ဆင်းမ်ကတ်တစ်ကတ်နှင့် ဖုန်းဘီလ် အနည်းဆုံး ၁၀၀၀ ကျပ် ဖြည့်သွင်းရုံဖြင့် လစဉ်သုံးဒေတာအပိုဆု 777 MB ကို ၆ လစာ ရရှိနိုင်မည့် အစီအစဉ်များဖြင့် လက်ဆောင်ပေးသွားမည်ဖြစ်သည်။ ပေါ့ပေါ့ပါးပါးဖြင့် မည်သူမဆိုအသုံးပြုနိုင်မည့် M40 မော်ဒယ် စမတ်ဖုန်းမှာ စျေးနှုန်းအထူးသက်သာပြီး မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကိုလည်း လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ M40 သည် 4.0 WVGA touchscreen မျက်နှာပြင်နှင့် Quad Core 512 MB RAM ပါရှိသည့် စမတ်ဖုန်းအမျိုးအစားဖြစ်သည်။

Read More…

M50 စမတ်ဖုန်းကို ၉၉,၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး MPT ဆင်းမ်ကတ်တစ်ကတ် (နံပါတ်အလှ) နှင့် ဖုန်းဘီလ်အနည်းဆုံး ၃၀၀၀ ကျပ် ဖြည့်သွင်းရုံဖြင့် လစဉ်သုံးဒေတာအပိုဆု 2.5GB ကို ၆ လစာ ရရှိမည်ဖြစ်သဖြင့် အင်တာနက်အသုံးပြုသူများအတွက် အဆင်ပြေစေမည့်အစီအစဉ်ကောင်းတစ်ခုလည်း ဖြစ်သည်။ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းအမျိုးအစားများကို ရှာဖွေနေသူများအတွက် အကောင်းဆုံးရွေးချယ်မှုမှာ M50 မော်ဒယ်ပင် ဖြစ်ပါလိမ့်မည်။ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းများနှင့် အွန်လိုင်းအသုံးပြုမှုများကို လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်သည့်အတွက် စီးပွားရေးလုပ်ငန်းစွမ်းဆောင်ရှင်များ၊ လူမှုကွန်ရက်မီဒီယာ အသုံးများသူများ အတွက် ပြီးပြည့်စုံသော ရွေးချယ်မှုဟုလည်းဆိုနိုင်ပါသည်။ M50 သည် ခန့်ငြားသေသပ်သော ကိုယ်ထည်ဒီဇိုင်းကို ပိုင်ဆိုင်ထားသည့် ဖုန်းအမျိုးအစားဖြစ်သည်။ ဖုန်းမျက်နှာပြင်မှာ ၅ လက်မအကျယ်ရှိပြီး 2.5D Curved glass HD touchscreen display အမျိုးအစားဖြစ်သည်။

စမတ်ဖုန်းနှစ်မျိုးလုံးအတွက် အာမခံ ၁ နှစ်ပါ၀င်ပြီး ချို့ယွင်းပျက်ဆီးသွားသောဖုန်းများအတွက် ပြုပြင်ပေးနိုင်သော Service Center (၁၈) ခု နှင့် Service Centers များသို့ တာဝန်ယူပို့ဆောင်ပေးနိုင်သော Collection Points (၁၀၄) ခုတို့ကို နိုင်ငံအနှံ့ဖွင့်လှစ်ပေးထားပါသည်။ ထို့ပြင် စမတ်ဖုန်းနှစ်မျိုးလုံးတွင် ဆီလီကွန်ကာဘာ၊ Screen protector ၊ Earphone တို့ကို အပိုထပ်ဆောင်းထည့်ပေးထားပါသည်။ ဒေတာအပိုဆုအတွက် MPT ၏ ဆွေသဟာအစီအစဉ်ကို ရယူထားရန်လည်း လိုအပ်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော 3G အင်တာနက်ကိုအသုံးပြုနိုင်ရန်အတွက် MPT ဆင်းကဒ်ကို SIM Slot1 နေရာ တွင်ထည့်သွင်းအသုံးပြုရပါမည်။

အဆိုပါ စမတ်ဖုန်းနှစ်မျိုးမိတ်ဆက်ခြင်းနှင့်ပတ်သက်ပြီး MPT-KSGM Joint Operation ၏ Chief Commercial Officer Mr. Koichi Kawase က “MPT မှ စျေးနှုန်းသက်သာပြီးအရည်အသွေးကောင်းမွန်သည့် မိုဘိုင်းဆက်သွယ်ရေးပစ္စည်းများကို စျေးကွက်မှာ မိတ်ဆက်လိုက်ခြင်းပဲဖြစ်ပါတယ်။ M40 က ဖုန်းစစချင်း ကိုင်မည့်သူများအတွက် ပိုမိုသင့်တောြ်ပီး M50 မော်ဒယ်ကတော့ စွမ်းဆောင်ရည်မြင့်မားမှုရှိတဲ့အတွက် သုံးစွဲသူများဟာ မိမိနှင့်သင့်တော်ရာစမတ်ဖုန်းများကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူတိုင်းလိုလိုတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေး ကိရိယာများ ရှိသင့်နေပါပြီ။ ခုလိုမျိုး MPT ကနေ စမတ်ဖုန်းနှစ်မျိုးကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် အထူးပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် ဖုန်းဝယ်ယူသည့်အခါ အထူးဒေတာပရိုမိုးရှင်း အစီအစဉ်များလည်းပါ၀င်တဲ့အတွက် မိမိချစ်ခင်ရတဲ့မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ MPT ရဲ့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဆက်သွယ်ရေး ကွန်ရက်ကနေတစ်ဆင့် ပိုပိုပြီး အဆက်သွယ် ပြုလာနိုင်မှာပါ” ဟု ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။