blank

MPT က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကလေးငယ်များအကြား တစ်ကိုယ်ရည်သန့်ရှင်းမှု တိုးတက်လာစေရန် လက်သန့်ရှင်းရေးအစီအစဉ်ကို စတင်ဆောင်ရွက်

Published 12 Jul 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၂ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ လက်သန့်ရှင်းရေး ပညာပေးအစီအစဉ်အတွက် ပထမဆုံးသောဖွင့်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊မိတ္ထီလာမြို့နယ်ရှိ အ.မ.က (၈) ရဲပေါက်ချောင်း အခြေခံပညာမူလတန်းကျောင်း၌ ယနေ့ကျင်းပခဲ့ပါသည်။ ယခုအစီအစဉ်မှာ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ရှိ မူလတန်းကျောင်း (၁၅) ကျောင်းမှ ကျောင်းသူ၊ ကျောင်းသား များအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး တိုးတက်လာစေရန်နှင့် ကျန်မာရေးအလေ့အထကောင်းများ ရရှိ စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

MPT က “နှလုံးသားထဲက မြန်မာ” လှုပ်ရှားမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ယခုအစီအစဉ်တွင် လိုအပ်သည့် ပစ္စည်းများဖြစ်သော ရေလှောင်ကန်များနှင့် လက်ဆေးကန်များကို အဆိုပါ ကျောင်းများတွင် ဆောက်လုပ် လှူဒါန်းပေးခြင်းလည်းဖြစ်ပါသည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေနှင့်လည်း သက်ဆိုင်ရာ ဌာနမှတစ်ဆင့် ကျန်းမာရေးအတွက် အရေးကြီးသော အခြေခံ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့်ပတ်သက်၍ အသိပညာများ တိုးမြင့်လာစေရန် လက်ဆေးခြင်းနည်းလမ်းများကို ကျောင်းသူ၊ ကျောင်းသားများအား သင်ကြားပေးခြင်းဖြင့် ယခုအစီအစဉ်တွင် ကူညီပံ့ပိုးသွားမည် ဖြစ်ပါသည်။ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အဆိုပါ တိုင်းနှင့်ပြည်နယ် ၃ ခုမှ မူလတန်းကျောင်း ၅ ကျောင်းစီကို ရွေးချယ်ပေးခဲ့ပြီး MPT အနေဖြင့် ယခုနှစ်အတွင်း လက်သန့်ရှင်းရေးအတွက် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းရန်အတွက် ကျပ်သိန်း ၈၀၀ ကျော်ကို အသုံးပြုခဲ့ပါ သည်။

MPT အနေဖြင့် ကျန်းမာရေးအသိရှိခြင်း၏ အရေးပါပုံကို နားလည်သဘောပေါက်ထားသည့် အလျောက် “တူညီလှမ်းချီ မျိုးဆက်သစ်တို့ အနာဂတ်ဆီ”ဟူသည့် ဆောင်ပုဒ်နှင့်အညီ မျိုးဆက်သစ်လူငယ်များအတွက် ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် ကျန်းမာရေးအခန်းကဏ္ဍကိုလည်း မဟာဗျုဟာကျကျ ဆောင်ရွက်လျက် ရှိပါသည်။ MPT သည် ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ် များကို အထောက်အပံ့ပြုနိုင်ရန်ဆောင်ရွက်ခြင်းနှင့် ဆက်စပ်နေသည့် လူမှုအကျိုးပြုလုပ်ငန်းများကို ရှေးရှု လုပ်ဆောင်လျက်ရှိကာ ပြည်သူလူထုအပါအဝင် ပုဂ္ဂလိကနှင့် တခြားသောအဖွဲ့အစည်းများအတွက်ပါ ကောင်းမွန်သည့် အကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်ရွယ်ထားပါသည်။

MPT-KSGM Joint Operations လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ် ဦးနိုင်ကိုကိုက “MPT အနေနဲ့ နိုင်ငံတစ်ဝှမ်းက ပြည်သူလူထု၊ စီးပွားရေးလုပ်ငန်းနဲ့ အဖွဲ့အစည်းတွေအတွက် အဓိပ္ဗာယ်ရှိတဲ့ ပြောင်းလဲမှုတွေ ယူဆောင်လာနိုင်ပေးလို့ အရမ်းပဲ ဂုဏ်ယူမိပါတယ်။ လွယ်ကူရိုးရှင်းတဲ့ လက်ဆေးခြင်း အလေ့အထက ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ပေးစွမ်းနိုင်မှာပါ။ ဒါပေမယ့် ကျောင်းတွေမှာ သန့်ရှင်းတဲ့ရေ ရရှိ ဖို့၊ ရေဆိုးထုတ်စနစ်နဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်း ရရှိဖို့ စိန်ခေါ်မှုတွေ ရှိနေပါ တယ်။ ကျွန်တော်တို့ရဲ့ လူမှုအကျိုးပြုအစီအစဉ်ကြောင့် ကျောင်းသားတွေ၊ သူတို့မိဘတွေနဲ့ လူမှုပတ်ဝန်း ကျင်က အများပြည်သူတွေကို အသက်ဆုံးရှုံးမှု အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေကနေ ကာကွယ်ပေးနိုင်စေ မယ်လို့ မျှော်လင့်ထားပါတယ်။ ကိုယ့်ရဲ့ကျန်းမာရေးက ကိုယ့်လက်ထဲမှာပဲရှိတယ်ဆိုတဲ့ အချက်ကိုလည်း သတိပြုမိနိုင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟုပြောကြားသည်။

အ.မ.က (၈) ရဲပေါက်ချောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်ရင်အေးကလည်း “လက်ဆေးခြင်းအလေ့ အထကောင်းတွေကို ကျွန်မတို့ရဲ့ ကျောင်းသားလူငယ်တွေအကြားမှာ ဆောင်ရွက်နိုင်ဖို့အတွက် အခုလို အုပ်စုလိုက် လက်ဆေးကန်ကို MPT နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့ရဲ့ အထောက်အပံ့နဲ့ အတူ ဆောင်ရွက်ပေးတဲ့အတွက် ကျွန်မတို့အနေနဲ့အထူးပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ အထူးသဖြင့် ကျောင်းသားလူငယ်လေးတွေရဲ့ ကျန်းမာရေးဟာ အလွန်ပဲအရေးကြီးပါတယ် ဒီအရွယ်မှာကတည်းက တစ်ကိုယ်ရည်သန့်ရှင်းခြင်းနဲ့ဆိုင်တဲ့ အခုလို လက်ဆေးခြင်း အလေ့အကျင့်ကောင်းတွေကို ရရှိသွားမယ်ဆို ရင် နောင်တစ်ချိန်မှာ ကျန်းမာကြံ့ခိုင်တဲ့ အနာဂတ်မျိုးဆက်သစ်တွေဖြစ်လာနိုင်ကြမှာပဲဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် ကျန်းမာရေးကဏ္ဍအပါအဝင် လူမှုအကျိုးပြု လှုပ်ရှားမှုများစွာကို နိုင်ငံတစ်ဝှမ်းတွင် ဆောင်ရွက်လျက်ရှိနေသည်။ ကျန်းမာရေးအတွက် ကြိုတင် ကာကွယ်ခြင်းကို အလေးထားဆောင်ရွက်နေသည်နှင့်အညီ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ပူးပေါင်း၍ ရှေးဦးသူနာပြုအစီအစဉ်ကိုလည်း ဆောင်ရွက်ခဲ့သည်။ ထို့အပြင် MPT က ရေရှားပါးသည့်ဒေသများတွင် ရေရှည်တည်တံ့ပြီး သန့်ရှင်းသောရေအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်ရန် ရေတွင်း၊ ရေကန်များ တူးဖော် ဆောင်ရွက်ပေးနေသည့် “ သန့်ရှင်းပြည့်ဖြိုးရေအကျိုးအစီအစဉ်” ကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိ ပါသည်။

ကျန်းမာရေး၊ ပညာရေး၊ အသေးစားလုပ်ငန်းဖွံ့ဖြိုးရေး၊ သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ရေး လုပ်ငန်း များ အပါအဝင် မတူညီသော နယ်ပယ်များတွင် ဆောင်ရွက်နေသည့် MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

best operator in Myanmar