blank

MPT မှ “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့”အစီအစဉ်ဖြင့် သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုကို ပြည်တွင်း NGO များ နှင့်ပူးပေါင်းကာ ရန်ကုန်တွင်စတင်

Published 14 Aug 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၁၄ ရက်)- MPT မှ သစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်တစ်ခုကို ပြည်တွင်းမှ ဒေသခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူမှုအဖွဲ့အစည်းများဖြစ်သည့် မြတ်နိဗ္ဗာန်သစ်ပင် စိုက်ပျိုးလှူဒါန်းရေးအဖွဲ့၊ ကလျာဏ သဟာယအဖွဲ့၊ ရှမ်းကုန်းလမ်းသန့်ရှင်းရေးအသင်းတို့ နှင့် ပူးပေါင်းကာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် ဒဂုံမြို့သစ်အရှေ့ပိုင်း ကုန်းဘောင်လမ်းရှိ ဇမ္ဘူဒီပ ဘုန်းတော်ကြီးကျောင်း၊ နိဂြောဓာရုံ ဘုန်းတော်ကြီးကျောင်းနှင့် မေတ္တာရောင်ခြည် ဘုန်းတော်ကြီးကျောင်းတို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ပျိုးပင်ပေါင်း (၄၅၀) စိုက်ပျိုးသည့် လှုပ်ရှားမှုများကို သက်ဆိုင်ရာအဖွဲ ့အစည်းများမှ စေတနာ့ ဝန်ထမ်း (၁၀၀) ခန် ့နှင့်အတူ လွန်ခဲ့သည့် ရုံးပိတ်ရက် စနေနေ့က ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။

အဆိုပါလှုပ်ရှားမှုများသည် MPT ၏ နိုင်ငံတစ်ဝှမ်း သစ်ပင်ထောင်ပေါင်းများစွာစိုက်ပျိုးရန် ရည်မှန်းထားသည့် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” အစီအစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် သစ်ပင်များစိုက်ပျိုးမည့် အစီအစဉ်၏ ပထမခြေလှမ်းဖြစ်သော ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် အဆိုပါအခမ်းအနားကို MPT-KSGM Joint Operations ၏ Chief Operating Officer ဖြစ်သူ Mr. Yoshiaki Benino နှင့်အတူ ဌာနအကြီးအကဲများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်ခဲ့ကြပါသည်။

Mr. Yoshiaki Benino က “ကျွန်တော်တို့ MPT ဟာ မြန်မာနိုင်ငံက တာဝန်သိလူမှုအဖွဲ့အစည်းတစ်ခုဖြစ်တာနဲ့အညီ တိုင်းပြည်ဖွံ့ဖြိုးရေးကို ဦးတည်ပြီး ဆောက်ရွက်နေရာမှာ ရေရှည်တည်တံ့နိုင်မယ့် ကြိုးပမ်းအားထုတ်မှုတွေကနေတစ်ဆင့် စိမ်းလန်းစိုပြေတဲ့ ပတ်ဝန်းကျင်ကောင်း ဖြစ်ထွန်းလာစေရေးဟာ လူထုအတွက် အလွန်အရေးပါတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ သစ်ပင်တွေဟာ ကျေးလက်နဲ့ မြို့ပြနှစ်ခုလုံးက လူမှုအသိုင်းအဝိုင်းတွေအတွက် အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ သစ်ပင်တွေဟာ သဘာဝပတ်ဝန်းကျင်ကို လှပစေရုံသာမက ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ရေးတွေအတွက် အလွန်ပဲ အရေးပါ ပါတယ်။ ဒီအစီအစဉ်ကနေတစ်ဆင့် ကျွန်တော်တို့အနေနဲ့ ပိုပြီးစိမ်းလန်းတဲ့ နိုင်ငံတစ်ခုဖြစ်နိုင်စေဖို့အတွက် ကြိုးပမ်းမှုမှာ အခြားသူတွေအနေနဲ့လည်း အခုလို လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ရင်း အတူတကွ ကြိုးပမ်းကြဖို့အတွက် တိုက်တွန်းလိုပါတယ်” ဟုပြောကြားခဲ့သည်။

အဆိုပါအစီစဉ်၏ ပထမအဆင့်အနေဖြင့် သစ်ပင်ပေါင်း (၃၀,၀၀၀) ခန့််ကို မြန်မာနိုင်ငံတစ် ၀ှမ်းတွင်စိုက်ပျိုးခဲ့ပြီးဖြစ်သည့် မြတ်နိဗ္ဗာန်သစ်ပင်စိုက်ပျိုးလှူဒါန်းရေးအဖွဲ့နှင့်ပူးပေါင်းကာ သစ်ပင်စိုက်ပျိုးမည့်အစီအစဉ်ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ယခုလို အားလပ်ရက်တွင် ကျင်းပခဲ့သည့် လှုပ်ရှားမှုကို အတူလက်တွဲသည့် အဖွဲ ့များဖြစ်သော ကလျာဏသဟာယ အဖွဲ့ဝင် နှင့် ရှမ်းကုန်းလမ်းသန့်ရှင်းရေးအဖွဲ့ဝင်တို့က သစ်ပင်စိုက်ပျိုးမည့်နေရာများရှိ စိုက်ပျိုးရေးနှင့်ပတ်သက်သော ကိစ္စရပ်များ၌ စေတနာ့ဝန်ထမ်းများအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။

မြတ်နိဗ္ဗာန် သစ်ပင်စိုက်ပျိုးလှူဒါန်းရေးအဖွဲ့ကို ထူထောင်သူ ဦးစိန်သင်းက “သစ်ပင်တွေဟာ သဘာဝကို အထူးကောင်းကျိုးပြုပြီး သန့်ရှင်းတဲ့လေ နဲ့ ရေကို ဖြစ်စေဖို့ အထောက်အပံ့ကောင်းတခုဖြစ်တဲ့ အပြင် ကျွန်တော်တို့ နေထိုင်တဲ့ လူမှု့ပတ်ဝန်းကျင်ကိုလည်း တို်က်ရိုက်ကောင်းကျိုးဖြစ်ထွန်းစေပါတယ်။ MPT အနေနဲ့ ကောင်းမွန်တဲ့ ဥပမာကို ဖော်ဆောင်နိုင်ဖို့အတွက် ရန်ကုန်နဲ့ နောက်ပိုင်းမှာ အခြားဒေသ တွေအထိ အခုလို သစ်ပင်စိုက်ပျိုးတဲ့ လုပ်ငန်းတွေမှာ ကျွန်တော်တို့ မြတ်နိဗ္ဗာန် သစ်ပင်စိုက်ပျိုးလှူဒါန်းရေးအဖွဲ့ နဲ့ အတူပါ၀င်ပြီး သဘာဝပတ်ဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေနိုင်မယ့် အခုလိုဆောင်ရွက်မှုတွေမှာ ပါ၀င်လာတာဟာ အလွန်ကောင်းမွန်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။ အခြားစိတ်ဝင်စားသူတွေ အနေနဲ့လဲ သစ်ပင်စိုက်ပျိုးခြင်းကတစ်ဆင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ကြစေဖို့အတွက် တိုက်တွန်းလိုက်ရပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT မှ ယခုနှစ် မိုးရွာသီအတွင်း စိုက်ပျိုးရန်လိုအပ်သည့် အခြားလိုအပ်သော အသုံးစရိတ်များနှင့်အတူ ကျွန်း၊ ပျဉ်းကတိုး၊ တမာပင်၊ အင်ကြင်း၊ ပိတောက်၊ ဗာဒံပင် များအပါအဝင် ပျိုးပင်ပေါင်း (၂,၅၀၀) ကိုစိုက်ပျိုးရန်အတွက် ယခုအစီအစဉ်တွင် လှူဒါန်းခဲ့ပါသည်။ ရန်ကုန်တွင်ကျင်းပသည့် အစီအစဉ်အပြီးတွင် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်၊ ရွှေကျွန်းကုန်းကျေးရွာ၊ ဧရာဝတီနှင့် မြန်မာနိုင်ငံရှိအခြားနေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အနာဂတ်တွင် သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေး လှုပ်ရှားမှုများအပြင် MPT မှဝန်ထမ်းများကိုယ်တိုင် ပါဝင်သည့် အခြားသော စေတနာဝန်ထမ်း လူမှုအကျိုးပြုလုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

best operator in Myanmar