blank

MPT မှ တစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ ဆိုလာမီးအိမ်များ လှူဒါန်းပွဲ ပြီးမြောက်အောင်မြင်ခြင်း အခမ်းအနား

Published 27 Jul 2016

ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆၃၂ ကျောင်းသို့ ဆိုလာမီးအိမ်ပေါင်း ၂၀၀၀ ကျော် လှူဒါန်းနိုင်ခဲ့ခြင်းအတွက်အောင်မြင်ခြင်းအခမ်းအနား

(ရန်ကုန်၊ ၂၇ ဇူလိုင်၊ ၂၀၁၆) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သောမြန်မာ့ဆက် သွယ်ရေးလုပ်ငန်း MPT မှ ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအပါအဝင် တစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသို့ “ရှေ့သို့လှမ်းချီလင်းလက်စေမည်” အစီအစဉ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဝန်ဆောင်မှုကိုအသုံးပြုသူ ဖောက်သည်များ၏ ရက်ရောသည့် လှူဒါန်းမှုများမှ တစ်ဆင့် ဖြစ်တည်ခဲ့သော ဆိုလာမီးအိမ်များ လှူဒါန်းပြီးမြောက်အောင်မြင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ Parkroyal ဟိုတယ်၌ ယနေ့ကျင်းပ ပြုလုပ်ခဲ့ပါ သည်။ MPT ၏လူမှုအကျိုးပြုအစီအစဉ်အရ တစ်နိုင်ငံလုံးရှိ လျှပ်စစ်မီးအလင်းရောင် မရရှိသေး သောဘုန်းတော်ကြီး သင်ပညာရေးကျောင်း ၆၀၀ ကျော်ကို ဆိုလာမီးအိမ်ပေါင်း ၂၀၀၀ ကျော် လှူဒါန်း နိုင်ခဲ့ပါသည်။

အခမ်းအနားသို့ နိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ကိုယ်စားပြုကာ မန္တလေးတိုင်း ဖောင်တော်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တနာယက၊ MPT-KSGM Joint Operation ၏ Chief Operation Officer ဖြစ်သူ Mr. Yoshiaki Benino၊ နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်းနှင့်ပတ်သက်ပြီး နိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားသော ဆရာတော် ဘဒ္ဒန္တနာယက ကလည်း MPT နှင့် ၎င်းတို့၏ သုံးစွဲသူများအပေါ်ကျေးဇူးတင်ရှိပါကြောင်း မိန့်ကြားခဲ့ပြီး “MPT နဲ့ ၎င်းတို့ရဲ့ သုံးစွဲသူပြည်သူတွေက အခုလို စိတ်အားထက်သန်စွာ လှူဒါန်းခဲ့မှုကြောင့် ကျောင်းသား၊ ကျောင်းသူတွေဟာ အထူးပဲ ဝမ်းသာကျေးဇူးတင်ခဲ့ပြီး အခုဆိုရင် သူတို့ရဲ့ စာပေသင်ကြားလေ့လာမှုတွေမှာ ပိုပြီးတော့ အာရုံစိုက် လုပ်ဆောင် နိုင်နေပြီဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ အရင်ကဆိုရင် ဖယောင်းတိုင်မီးကို အားကိုးနေရတာဖြစ်ပြီး တစ်ခါတစ်ရံမှာဆိုရင် စာသင်ခန်းထဲမှာ အလင်းရောင်နည်းတဲ့ အနေအထားတွေနဲ့ စာသင်ကြာလေ့လာခဲ့ရာကတစ်ဆင့် အခုလို ဆိုလာမီးအိမ်တွေ လှူဒါန်းပေးမှုကြောင့် အလင်းရောင် ကောင်းကောင်းရရှိပြီး သူတို့ရဲ့သင်ခန်းစာ တွေကို သေသေချာချာ အာရုံစိုက်နိုင်ပါပြီ။ ကျောင်းသား၊ကျောင်းသူတွေရဲ့ ပညာရေးအတွက် အခုလို လှူဒါန်းပေးတဲ့ အတွက် MPT ကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။

MPT အနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်မီးအိမ်ပေါင်း(၂၀၀၀) ကျော်ကို ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ကျောင်းသူ၊ ကျောင်းသားပေါင်း (၅၈,၀၀၀) ခန့်၏ ပညာရေးအတွက် လိုအပ်နေသော အလင်းရောင် အထောက်အပံ့ပေးနိုင်ရန်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၆၃၂ ကျောင်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်။ ယနေ့အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းမှာ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သော MPT၏ မိုဘိုင်း နံပါတ်အလှများ လေလံတင် ရောင်းချပွဲမှရရှိသော ကျပ်ငွေသန်းပေါင်း (၂၉၂.၇)သန်းကြောင့်သာ ဖြစ်မြောက်လာရခြင်းဖြစ်ပါသည်။

အဆိုပါ ဂုဏ်ပြုပွဲတွင် မြန်မာပြည်သူလူထုအတွက် MPT မှ ကူညီထောက်ပံ့ပေးသော အဓိပ္ပါယ်ရှိသည့် အမှန်တကယ် ပြောင်းလဲမှုကိုဖြစ်စေသော လူမှုအကျိုးပြု အစီအစဉ်နှင့်ပတ်သက်၍ Mr. Yoshiaki Benino က “ မြန်မာနိုင်ငံမှာရှိတဲ့ တာဝန်ရှိ လုပ်ငန်းတစ်ခု ဖြစ်တဲ့ ကျွန်တော်တို့MPT အနေနဲ့့့ မြန်မာပြည်သူ လူထု အတွက် ပြန်လည်အကျိုးပြုရမယ် ဆိုတဲ့အချက်က အရေးကြီးကြောင်း ကျွန်တော် တို့နားလည်ထားပါတယ်။ ကျွန်တော်တို့ MPT က မြန်မာပြည်သူတွေရဲ့ဘဝတွေကို တိုးတက်စေဖို့အတွက် လျှပ်စစ်မီး မရရှိသေးတဲ့ ဒေသတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ထားပါတယ်။ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေအတွက် “ရှေ့သို့လှမ်းချီလင်းလက်စေမည်” လူမှုအကျိုးပြုအစီအစဉ် အောင်မြင်ရခြင်းဟာလည်း MPT သုံးစွဲသူများရဲ့ စေတနာသဒ္ဒါတရား ထက်သန်မှု ကြောင့် ဖြစ်ပါတယ်။ ယခုလို ဆိုလာမီးအိမ်တွေ လှူဒါန်းခြင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်အနေနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ပြောကြားလိုပါတယ်” ဟုပြောကြားခဲ့ ပါသည်။

ဆိုလာမီးအိမ်များမှာ Panasonic အမျိုးအစားဖြစ်သည့် “Eneloop Solar Storage” များဖြစ်သည်။ ဆိုလာမီးအိမ်ကို ဆိုလာပြားများ၊ ဘထ္ထရီများ၊ LED မီးလုံးများဖြင့် ဖွဲ့စည်းပြုလုပ်ထားပြီး နေ့ပိုင်းတွင် နေရောင်ခြည်ဖြင့် အားသွင်းထားပါက ညဘက်တွင်ဖြစ်စေ၊ မိုးအုံ့ခြင်း၊ မိုးရွာနေခြင်းတို့ကြောင့် အလင်းအားနည်းသည့်အချိန်တွင်ဖြစ်စေ ၆ နာရီမှ ၈ နာရီအကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ ၅ နာရီကြာ တစ်ကြိမ် အားသွင်းရုံဖြင့် ၂၄ နာရီ ခန့်အထိ အသုံးပြုနိုင်မည် ဖြစ်သည်။ မီးအိမ်သက်တမ်းအားဖြင့် ၅ နှစ်ကြာ အသုံးပြုနိုင်မည် ဖြစ်သည်။ ဘထ္ထရီများကို လဲလှယ်အသုံးပြုနိုင်ပြီး ထိန်းသိမ်းစရိတ်လုံးဝမရှိသည့်အတွက် ငွေကုန်ကြေးကျ သက်သာမည် ဖြစ်သည်။ ထို့အပြင် USB ကြိုးမှတစ်ဆင့် မိုဘိုင်းဖုန်းများကိုလည်း အားဖြည့်သွင်းနိုင်မည်ဖြစ်သဖြင့် ဒေသခံအချင်းချင်း ဆက်သွယ်ရေးကို ပိုမိုအားကောင်းလာစေမည့် အစီအစဉ်လည်း ဖြစ်ပါသည်။


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ရှေ့သို့လှမ်းချီလင်းလင်စေမည် အစီအစဉ်မှ အချက်အလက်များကို ရယူရန်
ဒီကို  နှိပ်ပါ to view.

မြန်မာဆက်သွယ်ရေးလုပ်ငန်း ၏ လူမှုရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက် များကို လေ့လာလိုပါက https://www.mpt.com.mm/en/whats-new/csr-activities/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

best operator in Myanmar