LTE_1400_x_430_px

MPT ၏ မြန်နှုန်းမြင့် LTE ကွန်ရက်ဖြင့် ပိုမိုမြန်ဆန်ကောင်းမွန်သော ခံစားချက်အသစ်ကို ရရှိခံစားနိုင်

Published 29 Nov 2023

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်) _  မြန်မာနိုင်ငံ၏ နံပါတ် (၁)ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် ဆန်းသစ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးစွမ်းရုံသာမကဘဲ ပိုမိုမြန်ဆန် ကောင်းမွန်သော ကွန်ရက်အတွေ့အကြုံများကိုပါ ပေးစွမ်းနိုင်ရန်အတွက် ကွန်ရက်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ယခုအခါ MPT သည် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်တွင် ပိုမိုမြန်ဆန် ကောင်းမွန်သော မြန်နှုန်းမြင့် LTE ကွန်ရက်ကို တိုးချဲ့လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါသည်။

ကွန်ရက်တိုးချဲ့မှုနှင့်အတူ သုံးစွဲသူများ အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရန်နှင့် စိတ်ကျေနပ်မှုရရှိစေရန်အတွက် အထူးသီးသန့် ဂိမ်းပက်ကေ့ချ်များ နှင့် အထူးကမ်းလှမ်းချက်များကို MPT က မိတ်ဆက်ပေးသွားမည် ဖြစ်ပါသည်။ ဤအစီအစဉ်မှတစ်ဆင့် MPT သုံးစွဲသူများအနေဖြင့် ဒေတာအသုံးပြုမှုအတွက် စိတ်ပူစရာမလိုဘဲ ပိုမိုလျင်မြန်သော ခံစားချက်အသစ် အတွေ့အကြုံများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ သုံးစွဲသူများသည် အဆိုပါ အထူးကမ်းလှမ်းချက်များကို *555# သို့ခေါ်ဆိုခြင်းဖြင့် သို့မဟုတ် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် ရယူခြင်းစသည့် နည်းလမ်းများဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၂၉) ရက်မှ ၂၀၂၄ ခုနှစ် မတ်လ (၃၁) ရက်အတွင်း  ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

MPT-KSGM JO ၏ နည်းပညာဌာနကြီးမှ ဒုတိယ အရာရှိချုပ်ဖြစ်သူ Mr.Yoshihisa OUCHI မှ “ကျွန်တော်တို့ MPT  ဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကွန်ရက်လွှမ်းခြုံမှု ၉၆% ရှိနေပြီး အကျယ်ပြန့်ဆုံးသော ကွန်ရက်ဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ တိုးတက်လာတဲ့ နည်းပညာခေတ်မှာ ဆက်သွယ်​ရေးကွန်ရက်ရဲ့အရေးပါမှုကို သိရှိထားပြီး ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ သုံးစွဲသူတွေအတွက် ပိုမိုလျင်မြန်တဲ့ ခံစားချက်အသစ်ကို ရရှိခံစားနိုင်မယ့် မြန်နှုန်းမြင့် LTE ကွန်ရက် အဆင့်ပြောင်းလဲ မြှင့်တင်မှုကို ​ဆောင်ရွက်​ပေးနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုကွန်ရက် အဆင့်မြှင်တင်မှုနဲ့အတူ  ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ အွန်လိုင်းဖျော်ဖြေရေးဝန်ဆောင်မှု ၊ မိမိချစ်ခင်ရသူတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေနိုင်မှု၊  အရေးကြီးတဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ဒါမှမဟုတ် လေ့လာသင်ယူမှုဆိုင်ရာ အချက်အလက်တွေကို အလွယ်တကူ ရရှခံစားနိုင်မှုစတဲ့ အားသာချက်တွေကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့   ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် အင်တာနက်ကွန်ရက်နဲ့အတူ အထူးကမ်းလှမ်းချက်တွေကို စိတ်ကျေနပ်မှု ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

MPT အနေဖြင့် မြန်နှုန်းမြင့် LTE ကွန်ရက်အဆင့်မြှင့်တင်မှုကို ကျန်ရှိသော နေရာများတွင်လည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အကြောင်း ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm နှင့် တိုက်ရိုက် တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar