×

MPT Books ဆိုတာဘာလဲ။

MPT Books သည် ထောင်ပေါင်းများစွာသော eBooks များကိုတစ်နေရာတည်းတွင်ဖတ်ရူနိုင်သောဝန်ဆောင်မူဖြစ်သည်။ MPT Books တွင်နာမည်ကြီးစာအုပ်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများကို website ပေါ်တွင်ဖြစ်စေ၊ application မှဖြစ်စေလွယ်ကူသက်သာစွာဖတ်ရူနိုင်သောဝန်ဆောင်မူဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးမှမည်သည့်နေရာတွင်မဆိုအသုံးပြုနိုင်ပြီး ကြိုက်နှစ်သာရာစာအုပ်များကို ဝယ်ယူ ၍ဖြစ်စေ၊ ဌားရမ်း၍ဖြစ်စေ၊ လပေးအစီအစဉ်ဖြင့်ဖြစ်စေ အသုံးပြုနိုင်သည့်အပြင်အခမဲ့စာအုပ်များကိုလည်းအကန့်အသတ်မဲ့ဖတ်ရူနိုင်ပါသည်။
ဘယ်သူတွေအသုံးပြုနိုင်မလဲ။

MPT Books Website ကို ဒီလင့်ခ်မှာ https://books.mpt.com.mm/ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

*7272# ကိုဖုန်းခေါ်ဆိုပြီးလည်း Website လင့်ခ်ကိုရယူနိုင်ပါတယ်။

ဘယ်သူတွေအသုံးပြုနိုင်မလဲ။

မည်သူမဆို Website နှင့် Application ကိုအသုံးပြုနိုင်ပြီး register လုပ်ခြင်း၊ ဝယ်ယူခြင်း၊ ဌားရမ်းခြင်းများကို MPT Sim အသုံးပြုသူများသာပြုလုပ်နိုင်မည်။

အားသာချက်များ

– ၁၀၀ ကျပ်မှစတင်ကာ ကြိုက်နှစ်သက်ရာစာအုပ် နှင့် မဂ္ဂဇင်း များကို ၄၈ နာရီကြာ သက်သာစွာ ဌားရမ်းဖတ်ရှုနိုင်ခြင်း၊
– သင်နှစ်သက်သောစာအုပ်များ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များကို ၁၀၀ ကျပ်မှစတင်ကာ ဝယ်ယူပြီး သင်ကြိုက်နှစ်သက်ရာ ဖုန်း နှင့် tablet များတွင်သိမ်းဆည်းထားပြီး မည့်သည်အချိန်နေရာတွင်မဆိုဖတ်ရှုနိုင်ခြင်း။
– ၁၉၉၉ ကျပ်ဖြင့်ဂျာနယ်လပေး၊ မဂ္ဂဇင်းလပေး အစီအစဉ်များကို Subscribe လုပ်ပြီး သာကြိုက်နှစ်သက်ရာများကို အကန့်အသတ်မဲ့ဖတ်ရှုနိုင်ခြင်း။
– ကျောင်း၊ ရုံး များတွင်သာမကာ ကားစီးရင်း၊ ရထားစီးရင်း မည်သည့်နေရာတွင်မဆိုဖတ်ရှုနိုင်ပြီး၊ ပိတ်ရက်များကိုလည်း အကျိုးရှိစွာစာဖတ်ရင်းကုန်ဆုံးနိုင်ခြင်း။

MPT Books Application ကိုဘယ်လိုရယူနိုင်မလဲ။

MPT Books Application ကို Android version အတွက် Google Play Store မှာ ဒေါင်းလုတ်ရယူနိုင်ယုံသာမက  လိုတရ အက်ပလီကေးရှင်းမှာလည်း ဒေတာအခမဲ့ ဒေါင်းလုတ်ရယူနိုင်ပါပြီ။

မေးခွန်းများ

၁။ MPT Books ဆိုသည်မှာ ဘာလဲ။

MPT Books ဆိုသည်မှာ android app နှင့်သော်၎င်း၊ IOS app နှင့်သော်၎င်း website ပေါ်တွင် သော်၎င်း E-books များကို ဖတ်ရှုနိုင်ရန် ပြုလုပ်ပေးသော ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
၎င်းတွင် စာအုပ်ထောင်ပေါင်းများစွာကို ဖတ်ရှုနိုင်သည်။

၂။ MPT Books ကို မည်သူတွေက အသုံးပြုနိုင်ပါသလဲ။

MPT Books စာအုပ်ကို မည်သူမဆိုအသုံးပြုနိုင်ပါသည်။ ဖတ်ရှုခြင်း၊ လပေးရယူခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း များကိုပြုလုပ်ရန်အတွက် MPT ဆင်းမ်ကဒ်ကိုအသုံးပြုရန် လိုအပ်ပါသည်။

၃။ “MPT Books” android app နှင့် IOS app ကို မည်သည့်နေရာတွင် ရယူနိုင်ပါသနည်း။

Android app ကို Google Play Store နှင့် MPT လိုတရ (ဒေါင်းလုဒ်ဒေတာ အခမဲ့) တွင် အလွယ်တကူ ရယူနိုင်ပါသည်။
IOS app ကို Apps Store တွင် အလွယ်တကူ ရယူနိုင်ပါသည်။
(မှတ်ချက်။ ။ Android နှင့် IOS app ကိုမကြာမီ အသုံးပြုနိုင်မည်ဖြစ်ပါသည်။)

၄။ မည်သည့်အချိန်တွင် အကောင့်ဖွင့်ရန် လိုအပ်ပါလဲ။

စာအုပ်များကို ဖတ်ရှုခြင်း၊ ဒေါင်းလုဒ်ဆွဲခြင်း၊ လပေးရယူခြင်း၊ ဝယ်ယူခြင်း နှင့် ငှားရမ်းခြင်း များကိုပြုလုပ်ရန်အတွက် အကောင့်ဖွင့်ရန်လိုအပ်ပါသည်။

၅။ အကောင့်ဖွင့်ခြင်း။

ပထမဦးစွာ MPT ဆင်းမ်ကဒ်လိုအပ်ပါသည်။
ထို့နောက် MPT Books app (သို့) MPT Books website ကိုဖွင့်ပါ။
App တွင်, Side Menu>အကောင့်ဖွင့်ခြင်း ကိုသွားပါ။
Website တွင်, မူလစာမျက်နှာ>အကောင့်ဖွင့်ခြင်း ကိုသွားပါ။
MPT ဖုန်းနံပါတ်ကို သုံးပြီး အကောင့်ဖွင့်ပါ။
တစ်ခါသုံး လျှို့ဝှက်နံပါတ် (OTP) ကို အကောင့်ဖွင့်ထားသော ဖုန်းနံပါတ်မှတဆင့် ရရှိပါလိမ့်မည်။
ရရှိလာသော တစ်ခါသုံး လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပြီးပါက အကောင့်ဖွင့်ခြင်းကို အောင်မြင်စွာပြီးဆုံးသွားပါပြီ။
ရရှိလာသော တစ်ခါသုံး လျှို့ဝှက်နံပါတ်ကို ၁၀ မိနစ်အတွင်း အသုံးပြုရန်လိုအပ်ပါသည်။

မေးခွန်းများ