×
  • MPT Official Instagram
  • MPT LinkedIn

SMS မှတစ်ဆင့် လှူဒါန်းငွေများကို နေပြည်တော်နှင့် ရခိုင်ပြည်နယ်တို့တွင် လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပခဲ့

30 Nov 2016

မြေငလျင်သင့်ဒေသများတွင် ပြန်လည်ပြုပြင်မွွမ်းမံမှုများ ပြုလုပ်ရန်အတွက် ကျပ်ငွေ ၁၅၂,၁၃၆,၅၀၀ ကို MPT သုံးစွဲသူ မိဘပြည်သူများ၏ SMS မှ တစ်ဆင့် သဒ္ဓါတရားထက်သန်စွာ လှူဒါန်းမှုကို လက်ခံရရှိခဲ့ပါသည်။

(ရန်ကုန်၊ နိုဝင်ဘာလ ၃၀ ရက်၊ ၂၀၁၆ ခုနှစ်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မြေငလျင်သင့်ဒေသများတွင် ပြန်လည်ပြုပြင်မွွမ်းမံမှုများ ပြုလုပ်ရန်အတွက် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာလ ၃၁ ရက် အထိ MPT ၏ မိုဘိုင်းဖုန်းသုံးစွဲသူများက SMS မှတစ်ဆင့် လှူဒါန်းမှုပေါင်း အကြိမ် ၃၀၀,၀၀၀ ကျော်မှ စုစုပေါင်း ၁၅၂,၁၃၆,၅၀၀ ကျပ်တိတိကို လက်ခံရရှိခဲ့ပြီး အဆိုပါ လှူဒါန်းငွေများကို နေပြည်တော်နှင့် ရခိုင်ပြည်နယ် မြောက်ဦးတို့တွင် ယနေ့ လှူဒါန်းငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားများ ပြုလုပ်ပြီး လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အဆိုပါ SMS မှတစ်ဆင့် ရရှိသောလှူဒါန်းငွေများအားလုံးကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ပုဂံဒေသနှင့် မြောက်ဦးဒေသရှိ စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံမှုများတွင် အသုံးပြုနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ် စေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများထံသို့ MPT မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကို သုံးစွဲသူများ၏ SMS မှတစ်ဆင့် လှူဒါန်းငွေများကို MPT မှ ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ ဦးခင်မောင်ထွန်းက နိုဝင်ဘာလ (၃၀) ရက်နေ့က လွှဲပြောင်း ပေးအပ်ခဲ့ ပါသည်။

“MPT အသုံးပြုသူတွေရဲ့ သဒ္ဓါတရားထက်သန်မှုကြောင့် အလွန်အရေးပါတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းဖို့ အမှန်တကယ်လိုအပ်တဲ့ အလှူဒါနပြုမှုမှာ အခုလို အထောက်အပံ့ ပေးနိုင်ခဲ့တာပါ” ဟု ဦးခင်မောင်ထွန်း က ပြောကြားသည်။
“MPT ရဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကို အသုံးပြုသူတွေရဲ့ SMS ကတစ်ဆင့်ပြုလုပ်တဲ့ လှူဒါန်းမှုအစုစုကို အားလုံးကိုယ်စား ပေးအပ်ခွင့်ရတဲ့အတွက် အလွန်ကိုပဲ ဂုဏ်ယူမိပါတယ်။ ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးသွားတဲ့ ပုဂံဒေသနဲ့ ရခိုင်ပြည်နယ်က စေတီပုထိုးတွေကို ပြုပြင်ဖို့အတွက် လှူဒါန်းငွေစုစုပေါင်း ကျပ် သိန်း ၁,၅၀၀ ကျော်ကို ရရှိခဲ့ပါတယ်။ ဒီလှူဒါန်းမှုကို နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်တွေ ထိန်းသိမ်းရာမှာ အသုံးပြုနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင်လည်း MPT မှ မိုဘိုင်းဆက်သွယ်ရေးကို အသုံးပြုသူများ၏ SMS မှ လှူဒါန်းငွေများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ ပြန်လည် ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ရတနာ့မာရ်အောင် ဆရာတော်နှင့် ကျောင်းတိုက်နေ သံဃာတော်များအပါအဝင် MPT မှ ဒေသခံ စီမံခန့်ခွဲမှုအဖွဲ့တို့က တက်ရောက်ခဲ့ ကြပါသည်။

ပြည်တွင်း ပြည်ပ သာသနာပြု မြောက်ဦးဆရာတော်၏ ဦးစီးမှုဖြင့် ပြန်လည် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်နေသော မြောက်ဦးမြို့ရှိ ရတနာ့မာရ်အောင် ကျောင်းထိုင် ဆရာတော်ဖြစ်သည့် ဘဒ္ဒန္တဇာဂရ ကလည်း “ဒီလို လှူဒါန်းမှုတွွေပြုလုပ်ပေးကြတဲ့ MPT ရဲ့ သုံးစွဲသူတွေကို ကျေးဇူးတင်ပါတယ်။ ဒီအလှူငွေတွေက စေတီပုထိုးတွေ ပြုပြင်ဆောင်ရွက်တဲ့ လုပ်ငန်းတွေမှာ အထောက်အကူ ပြုပါတယ်။ ပြည်သူတွေဆီကနေ လှူဒါန်းငွေတွေကို လက်ခံရရှိတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ SMS ကတစ်ဆင့် လှူဒါန်းနိုင်ရန် စီစဉ်ပေးခဲ့တဲ့ MPT နှင့် ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” ဟု မိန့်ကြားခဲ့ပါသည်။

လှူဒါန်းမှုနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များနှင့် မှတ်တမ်းဓါတ်ပုံများ၊ လှူဒါန်းငွေပေးအပ်ပွဲများ အကြောင်းကို MPT ၏ ဝက်ဘ်ဆိုက်နှင့် Facebook Page တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအကြောင်း

မြန်မာပြည်၏ အကြီးမားဆုံး 3G ကွန်ရက်ကိုပိုင်ဆိုင်ထားပြီးဖုန်းအသုံးပြုသူပေါင်း သန်း၂၀ကျော်ရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မြန်မာပြည်သူပြည်သားသုံးစွဲသူများနှင့် စီးပွားရေး လုပ်ငန်းကြီးများအတွက် လိုင်းဖုန်းများနှင့် မိုဘိုင်းဆက်သွယ်ရေးများကိုဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် ထိပ်တန်းမှ ဦးဆောင်လျက်ရှိသော ဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၁၃၀ကျော်ကြာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖွ့ံဖြိုးတိုးတက်ရန် ကြိုးပမ်းလုပ်ဆောင်နေသော ဆက်သွယ်ရေးအော်ပရေတာ တစ်ခုလည်း ဖြစ်ပါသည်။ ယနေ့တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်လွှမ်းခြုံနို်င်မှုမှာ ၉၆% ရှိနေပြီး အကျယ်ပြန့်ဆုံးသောကွန်ရက်ကိုပိုင်ဆိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ကျယ်ပြန့်သော အရောင်းစျေးကွက်များကို အသုံးပြု၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တစ်နိုင်ငံလုံးအနှံ့ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပိုမိုတိုးတက် များပြားလာစေရန် ရည်ရွယ် အကောင်အထည် ဖော်လျက်ရှိပါသည်။ KDDI-Sumitomo တို့နှင့်ပူးပေါင်း၍ ဝန်ထမ်းပေါင်း ၈ထောင်ကျော်နှင့်အတူ ဆက်သွယ်ရေးနည်းပညာကဏ္ဍကို တိုးတက်စေခြင်းဖြင့် မြန်မာနိုင်ငံအားရှေ့သို့လှမ်းချီနိုင်စေရန် ကြိုးပမ်း ဆောင်ရွက်နေပါသည်။
MPT သည်ကမ္ဘာအကြီးဆုံးကြော်ငြာလုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် WPP နှင့် စျေးကွက်ဆိုင်ရာ သုတေသန အဖွဲ့ဖြစ်သောMillward Brown တို့ဆောင်ရွက်သည့် BrandZ မှ “Sportlight on Myanmar” ခေါင်းစဉ်ဖြင့် ကောက်ယူထားသောစစ်တမ်းအရ၂၀၁၆ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် ထုတ်ပြန်ရာတွင် အဓိက ကျသည့် ကုန်အမှတ်တံဆိပ် ၄၂ ခု၌နိုင်ငံအတွင်း၌ လူကြိုက် အများဆုံးကုန်အမှတ်တံဆိပ် စာရင်း ၏ထိပ်ဆုံးတွင် ရပ်တည် နိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် KDDI ကော်ပိုရေးရှင်း (KDDI) ၊ Sumitomo ကော်ပိုရေးရှင်း (Sumitomo)တို့နှင့် လုပ်ငန်းစပ်တူပူးပေါင်းရန် ၂၀၁၄ခုနှစ် ဇူလိုင်လတွင် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကာ မြန်မာနိုင်ငံရှိမိုဘိုင်းဆက်သွယ်ရေး နည်းပညာပိုမို အဆင်ပြေလွယ်ကူစေရန်အတွက် ကွန်ရက်များကိုတိုးချဲ့ခြင်းနှင့် နည်းပညာသစ်များကိုအသုံးပြု၍ အရည်အသွေးမြင့် ဆက်သွယ်မှုကွန်ရက်အား ပြည်သူအများသုံးစွဲစေနိုင်ရန်အတွက် ကြိုးပမ်းအကောင်အထည် ဖော်လျက်ရှိပါသည်။

KDDI ကော်ပိုရေးရှင်းသည် ဂျပန်နိုင်ငံ၏ထိပ်တန်းဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းကြီးတစ်ခုဖြစ်သည်။ KDDI သည် ခေတ်မီဆက်သွယ်ရေးစျေးကွက်များထဲတွင် အတွေ့အကြံုများစွာရရှိထားပြီးအကောင်းဆုံး ဖောက်သည်ဝန်ဆောင်မှုနှင့် အရည်အသွေးမြင့်နည်းစနစ်များကိုအသုံးပြုလျက် ဂျပန်နိုင်ငံစျေးကွက်တွင် ခိုင်မာအားကောင်းစွာရပ်တည်နေသည့် လုပ်ငန်းကြီးတစ်ခု ဖြစ်သည်။

Sumitomo ကော်ပိုရေးရှင်းသည် ကမ္ဘာတဝှမ်းရှိနယ်ပယ်ပေါင်းများစွာတွင် စီးပွားရေးလုပ်ဆောင်မှုများကို တာဝန်ယူ လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ နိုင်ငံပေါင်း ၆၆ နိုင်ငံကျော်တွင် ရုံးခွဲများ ဖွင့်လှစ်ထားနိုင်ပြီး ကျယ်ပြန့်သောသုံးစွဲသူကွန်ရက်နှင့် ခိုင်မာသောရင်းနှီးမြှုပ်နှံမှုများရှိသည်။ မြန်မာနိုင်ငံ အကြောင်းကို ကောင်းစွာ သိနားလည်ထားပြီး လွန်ခဲ့သည့် နှစ်ပေါင်း၅၀ကျော် ကြာကာလကတည်းက မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေသာ Sumitomo သည် MPT နှင့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် အဓိကကျသောမိတ်ဖက် လုပ်ငန်းကြီးတစ်ခုဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့်အတူ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် KDDI နှင့် Sumitomo အတူပူးပေါင်း၍ အမေရိကန်ဒေါ်လာ၂ဘီလီယံကျော် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံအတွင်းအကြီးမားဆုံးသောဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုတစ်ခုလည်း ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်ကိုသိရှိလိုပါက http://www.mpt.com.mm သို့မဟုတ် http://www.facebook.com/mptofficialpage တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။

မီဒီယာသတင်းအချက်အလက်များအတွက် မေးမြန်းလိုပါကဆက်သွယ်ရန် :
MPT/KSGM Joint Operation
မဟေမာန်စိုး
(+၉၅) ၀၉ ၄၂ ၃၀ ၀၀၁၇၁
[email protected]


Echo Myanmar
ခန့်ထက်အောင်
(+၉၅) ၀၉ ၄၂၀၀ ၈၄၆၅၆
[email protected]