အမျိုးအစားလိုက် ရွေးရန်

အမေးများဆုံး မေးခွန်းများ

၁။ ဘာကြောင့် ဆင်းမ်ကဒ် မှတ်ပုံတင်ဖို့ အသိပေးချက် စာတို (SMS) တွေ ထပ်မံ ရနေတာပါလဲ။

ဖော်ပြပါအချက်တွေကြောင့် စာတို တွေရရှိနေတာဖြစ်ပါတယ်။
၁။ မမှန်ကန်သော မှတ်ပုံတင်များအား အသုံးပြု၍ စာရင်းသွင်းထားခြင်း။
၂။ အမည်နှင့် မှတ်ပုံတင်အမှတ် အပြည့်အစုံ ထည့်သွင်းထားသော်လည်း မှတ်ပုံတင်ဓါတ်ပုံ အရှေ့/အနောက် ပုံအား ရှင်းလင်းပြတ်သားစွာ နှင့် မှန်ကန်စွာ တင်သွင်းထားမှု မရှိခြင်း။
၃။ မြန်မာဘာသာဖြင့် မှတ်ပုံတင်ထားသော်လည်း မိမိနာမည် (သို့) မှတ်ပုံတင်အမှတ်တွင် တိုင်းနှင့်ပြည်နယ် ကုဒ် ၊ မြို့နယ်ကုဒ်၊ မှတ်ပုံတင် အမျိုးအစားနှင့် မှတ်ပုံတင်နံပါတ်အား မှားယွင်းစွာ စာရင်းသွင်းထားခြင်း။
၄။ အချက်အလက်တွေမှန်နေသော်လည်း အင်္ဂလိပ်ဘာသာဖြင့် မှတ်ပုံတင်ထားခြင်း။

၂။ လက်ရှိအသုံးပြုနေသော ဆင်းမ်ကဒ် များ မိမိနာမည်ဖြင့် အချက်အလက် မှန်ကန်စွာ စားရင်းသွင်းထားခြင်း ရှိ မရှိကို မည်သို့ စစ်ဆေးနိုင်သနည်း။ မည်သို့ ပြန်လည်ပြင်ဆင်လို့ရပါသလဲ။

*601# သို့ခေါ်ဆို၍ စစ်ဆေးနိုင်ပါသည်။ ပထမဦးစွာ မှတ်ပုံတင်ထားသည့်အချက်အလက်တောင်းဆိုမှုအောင်မြင်ကြောင်း အတည်ပြု စာတို(SMS) ကိုလက်ခံရရှိပါမည်။ နောက်မကြာမီအချိန်တွင် သင်စစ်ဆေးသည့် ဖုန်းနံပါတ်သည် မည်သည့် နာမည်နှင့် နိုင်ငံသားစစ်ဆေးရေးကဒ်အမှတ်ဖြင့် မှတ်ပုံတင်ထားသည်ဆိုသော အချက်အလက်များပါသည့် နောက်ထပ်စာတို(SMS) ကိုလက်ခံရရှိ မည်ဖြစ်သည်။ အကယ်၍အချက်အလက်များ ကိုက်ညီမှုမရှိပါက SMS တွင်ပါရှိသော လင့်ခ် မှတစ်ဆင့်၀င်ရောက်၍ MPT4U App ကို ဒေါင်းလုတ်ခ် လုပ်ပြီးလည်းကောင်း၊ MPT’s customer selfcare website (care.mpt.com.mm) မှတစ်ဆင့် လည်းကောင်း၊ အချက်အလက်များကို ပြင်ဆင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အပြင် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ MPT Own Shop များကို သွားရောက်၍ ဆင်းမ်ကဒ် မှတ်ပုံတင်ခြင်းအတွက် အကူအညီများ ရယူနိုင်ပါသည် ။ (သင်၏ မှတ်ပုံတင် မူရင်း ယူလာရန် လိုအပ်သည်)

၃။ “Yu Htar DATA” ၀န်ဆောင်မှုဆိုတာဘာလဲ?

‘MPT သုံးစွဲသူများအနေဖြင့် လက်ကျန်ဒေတာလျော့နည်းနေသည့်အချိန်တွင် MPT ၏ “Yu Htar DATA” ဝန်ဆောင်မှုမှ ဒေတာပက်ကေ့ချ်ကိုချေးယူ၍ ဆက်လက် အသုံးပြုနိုင်ပါသည်။ “Yu Htar DATA” ဝန်ဆောင်မှုကို အရေးပေါ် အခြေအနေများနှင့် ဒေတာ၀ယ်ယူရန် လွယ်ကူခြင်းမရှိသည့် အခြေအနေများတွင် ဒေတာပမာဏ 350 မှစ၍ 470, 615, 860, 1290, 2160) အသီးသီး ကို *900# ကိုခေါ်ဆို၍ လည်းကောင်း၊ MPT4U Application မှတစ်ဆင့် လည်းကောင်း ဝယ်ယူခြင်းအပြင် ဒေတာပက်ကေ့ချ်ချေးငွေရယူနိုင်သောပမာဏ၊ ကျန်ရှိနေတဲ့ ကြွေးကျန်စသည်တို့ကို စစ်ဆေးနိုင်ပါသည်။

၄။ လက်ကျန်ငွေကို ဘယ်လိုစစ်ဆေးရမလဲ။

*224# ကိုခေါ်ဆို ပြီး လက်ကျန်ငွေများနှင့် လက်ကျန်ပက်ကေ့ချ်များအကြောင်းကို အသေးစိတ်စစ်ဆေးလို့ရနိူင်ပါသည်။ ထို့အပြင် MPT4U APP ( MPT4U APP တွင် Side bar menu ထဲက -> Manage Account အောက်ရှိ History တွင် လက်ကျန်ငွေနှင့် လက်ကျန်ပက်ကေ့ချ် များစစ်ဆေးနိူင်ပါသည်။) သို့မဟုတ် Tu Tu Chat (MPT4U APP တွင် “ တူတူချက်” icon သို့မဟုတ် MPT Official Website တွင် Tu Tu Chat ၏” Agent နှင့် ဆက်သွယ်ရန်” ) မှတဆင့် စစ်ဆေးနိုင်ပါသည်။

၅။ Ring Tune နှင့် Name Tune ဝန်ဆောင်မှုအားဘယ်လိုရယူနိုင်မလဲ။

*7979# ဖုန်းခေါ်ဆိုပြီး လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်၍ Ring Tune service ကို ရယူနိုင်ပါသည်။ SMS ပေးပို့ပြီးလဲ ဝန်ဆောင်မှု ရယူနိုင်ပါတယ်။ 7979 သို့ လစဥ်ပေးအတွက် REG M ၊ အပတ်စဉ်ပေးအတွက် REG W ၊ နေ့စဥ်ပေးအတွက် REG D ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။
MPT Ringtune App ကိုဒေါင်းလုတ် လုပ်ပြီး ခေါ်သူနားဆင်ဝန်ဆောင်မှု နှင့် မိမိနာမည် ထည့်သွင်းထားနိုင်သည့် Name Tune ဝန်ဆောင်မှု တို့အား ရယူနိုင်ပါသည်။ ဤ Application သည် Android ဖုန်းများအားလုံး နီးပါးတွင် ဒေါင်းလုတ်ရယူနိုင်ပါသည်။
106 ကို ဖုန်းခေါ်ဆို၍ လည်း Name Tune ဝန်ဆောင်မှုအား ရယူနိုင်ပါသည်။

၆။ B2B ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုရယူနိုင်ပါသလဲ။

B2B ဝန်ဆောင်မှုတွင် စီးပွားရေးလုပ်ငန်းသုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုနှင့် မိုဘိုင်းဝန်ဆောင်မှု ဟူ၍ ၂ မျိုး ရှိ သည်။ စီးပွားရေးလုပ်ငန်းသုံး ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုအား လျှောက်ထားရန်အတွက် Company မှတ်ပုံတင် (သို့မဟုတ်) လုပ်ငန်းလိုင်စင် (သို့မဟုတ်) ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ ရှိရန်လိုအပ်ပါသည်။ သုံးစွဲသူ ၂ ယောက်နဲ့အထက် (သို့) ဆင်းကဒ် ၂ ကဒ်နဲ့ အထက် အသုံးပြုရန် လိုအပ်ပါသည်။
MPT B2B Mobile plan များကို ဝန်ထမ်းကတ်၊ဝန်ထမ်းဖြစ်ကြောင်းထောက်ခံစာနဲ့ နိုင်ငံသားစိစစ်ရေးကတ် ရှိရုံဖြင့်အလွယ်တကူလျှောက်ထားနိုင်ပြီဖြစ်သည်။ပိုမို သိရှိလိုပါက https://mpt.com.mm/mm/business-home-mm/#fixed-line-services မှာ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး (သို့မဟုတ်) B2B hotline 0800 800 9990 (Free of Charge for MPT Subscribers) နှင့် 09426000323 (for Any Other Operators) သို့တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

၇။ Special Offer ဆိုတာဘာလဲ။

MPTသုံးစွဲသူတွေမှာ မတူညီတဲ့ သုံးစွဲမှုပုံစံတွေရှိနေတာကြောင့် မတူညီတဲ့ အထူးအစီအစဉ်တွေကို နေ့စဉ်နှင့်အမျှ သုံးစွဲသူတွေအတွက် စီစဉ်ပေးထားခြင်းဖြစ်သည်။
အထူးအစီအစဉ်များကို နေ့စဉ်သိရှိနိုင်ရန်လည်းကောင်း၊ အထူး ဒေတာပက်ကေ့ချ်များ၊ ထောဘီ၊ Voice ပက်ကေ့ချ်နှင့် SMS ပက်ကေ့ချ်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်အတွက် လည်းကောင်း *555# နှင့် *2006# တို့သို့ နေ့စဉ်ခေါ်ဆို ဝယ်ယူနိုင်ပါသည်။
*555# နှင့် MPT4U app တို့တွင် ဖုန်းခေါ်ဆိုမှုအစီအစဉ်များ၊ ထောဘီ Package နှင့် ဒေတာ Package များကို လည်းကောင်း *2006# တွင် ဖုန်းခေါ်ဆိုမှုအစီအစဉ်များ၊ ဒေတာ Package များ (သို့မဟုတ်) စာတိုပေးပို့မှု Package များကို အပိုလက်ဆောင်ဒေတာများထည့်သွင်းပေးခြင်း (သို့မဟုတ်) သက်တမ်းတိုး ခံစားခွင့် များရရှိစေခြင်း (သို့မဟုတ်) မတူညီသည့်အထူးအစီအစဉ်များ ပေါ်အခြေခံသည့် အထူးအရောင်းမြှင့်တင်ရေးကာလတစ်ခုအတွင်း အသုံးပြုသူမှရရှိခံစားနိုင်မည့် အခြားသော စိတ်ဝင်စားဖွယ်အထူးအစီအစဉ်များ ကမ်းလှမ်းခြင်းနှင့်အတူ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

၈။ Special Flash Sales ဆိုတာဘာလဲ။

လစဥ် (၁) ရက်နေ့မှစ၍ *5555# ကို ခေါ်ဆို၍ ၅၊၁၅၊၂၅ ရက်တွေမှာ အထူးလက်ဆောင်များကို ပြန်လည်ရယူနိုင်သည့် အစီအစဥ်ဖြစ်ပါသည်။ MPT GSM/WCDMA prepaid လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါသည်။

၉။ MPT ကနေ ဘယ်လိုပုံစံနဲ့ MPT Club Point တွေ ရရှိနိုင်မှာပါလဲ။

နည်းလမ်း လေးမျိုးဖြင့် ရရှိနိုင်ပါသည်။
(၁) ယနေ့အသုံးပြုလိုက်သော ဖုန်းအသုံးပြုမှု ပမာဏပေါ်မူတည်၍ မိမိ ရောက်ရှိနေသော member level အလိုက်နောက်တနေ့ တွင်Point များကို ရရှိ သွားမည် ဖြစ်သည်။ (မိမိ အသုံးပြု လိုက်သော ဖုန်းငွေပမာဏ သို့ Usage ဆိုသည် မှာ မိမိ ဖုန်းဘေလက်ကျန် ငွေမှ အသုံး ပြု လိုက် သော လုပ်ဆောင် မှူ အားလုံး ဆိုလိုပါသည်။ Pay as you go, Package, ချေးငွေ ရယူမှု နှင့် service subscription fees (SDP, IDD and VAS service) ဝယ်ယူပြီး အသုံးပြုမှု အားလုံးအပေါ်တွင် ဆိုလိုပါသည်။)
(၂) နေ့စဉ် ထိပေါက်ကစားခြင်း
(၃) MPT မှပြုလုပ်သော ပရိုမိုးရှင်းကမ်ပိန်းများမှ MPT Club ပွိုင့်အား ဆုလက်ဆောင်အဖြစ် ရရှိနိုင်ပါသည်။
(၄) MPT Club ပွိုင့်မိတ်ဖက်ဆိုင်များမှ ကုန်ပစ္စည်းများ(သို့) ဝန်ဆောင်မှုများကိုဝယ်ယူတိုင်း MPT Club Point  များကို ထပ်ဆောင်း လက်ဆောင် အဖြစ် ရရှိမှာဖြစ်ပါသည်။

၁၀။ ယူထား+ ဝန်ဆောင်မှု၏ ကြွေးကျန်ငွေကို မည်သည့်နည်းလမ်းဖြင့် စစ်ဆေးနိုင်ပါလဲ?

၁။ *800*7# ကိုခေါ်ဆိုနိုင်ပါ။
(သို့)
၂။ *800#ကိုခေါ်ဆိုပါ -> “တခြား”ကိုရွေးပြီးချေးယူထားသောပမာဏကိုစစ်ဆေးပါ။
(သို့)
၃။ 8000 သို့ Debt ဟု ပြန်လည်ပေးပို့၍ စစ်ဆေးပါ။
(သို့)
၄။ MPT4U Application မှတဆင့်လည်း စစ်ဆေးနိုင်ပါသည်။

၁၁။ ဆင်းမ်ကဒ် ပျောက်သွားပါက ဘယ်လိုလုပ်သင့်ပါသလဲ။

MPT အရောင်းဆိုင်များသို့ မှတ်ပုံတင်မူရင်း၊ စာချုပ် (ရှိပါက)ယူသွားရန်လိုအပ်ပြီး၊ လတ်တလောခေါ်ဆိုခဲ့သော ဖုန်းနံပါတ် ၃ ခုအား ပြောပြရန်လည်း လိုအပ်ပါသည်။

၁၂။ Data Carry Plus Package ဆိုတာ ဘာလဲ? Auto Renewal Data Carry Plus Package ဆိုတာ ဘာလဲ? မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

‘Data Carry Plus Package သည်ရက်(၃၀)သက်တမ်းဖြင့်အသုံးပြုနိုင်ပြီး 1000GB အထိအပိုလက်ဆောင်ဒေတာများရယူနိုင်မယ့်ပက်ကေချ့်ဖြစ်သလို ဝယ်ယူတိုင်းမှာပက်ကေ့ချ်ဒေတာနှင့် သက်တမ်းကိုပေါင်းစည်းသယ်ဆောင်ခွင့်လည်းရှိပါတယ်။ ပက်ကေချ့် စျေးနှုန်းများမှာ ၆၉၉ကျပ်ဖြင့်၂၅၀ ဒေတာ မှစတင်ပြီး ၂၆၉၉၉ကျပ်ဖြင့် ၁၃၀၃၀ ဒေတာ အထိကြိုက်နှစ်သက်ရာပက်ကေချ့်များအား ရွေးချယ်၀ယ်ယူနိူင်ပါတယ်။
Auto Renewal Data Carry Plus Package ဆိုတာ ပက်ကေ့ချ်၏ ဒေတာများ 50MB အောက်လျော့နည်းချိန်တွင်နောက်တစ်ကြိမ်ဝယ်ယူရန်မလိုအပ်ဘဲအလိုအလျောက်သက်တမ်းတိုး၀ယ်ယူနိုင်သောပက်ကေချ့် လေးပါ။ ပုံမှန် Data Carry Plus ပက်ကေ့ချ်များကဲ့သို့ ထိပေါက်ကံစမ်းခွင့်နှင့် 1000 GB အထိ lucky data များ ကံထူးနိုင်မည့်အပြင်ဒေတာလက်ကျန်များကိုလည်းသက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်းသယ်ဆောင်သွားနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုးပက်ကေချ့် စျေးနှုန်းများမှာ ၉၇၉ကျပ်ဖြင့် ၄၇၀ ဒေတာ မှစတင်ပြီး ၈၉၅၉ကျပ်ဖြင့် ၄၃၃၀ ဒေတာများအထိကြိုက်နှစ်သက်ရာပက်ကေ့ချ်အား ရွေးချယ်၀ယ်ယူနိူင်ပါတယ်။
*777# (သို့မဟုတ်)MPT4UApp မှတဆင့်၀ယ်ယူနိူင်ပါသည်။ပက်ကေ့ချ်ဈေးနှုန်းများမှာအခွန်၁၅% ပါဝင်ပြီးသားပါ။
‘- MPT မှ ဆွေသဟာ အစီအစဉ် ရယူထားသော GSM/WCDMA prepaid and postpaid အသုံးပြုသူများနှင့်လက်ရှိ အသုံးပြုနေသူများ ဝယ်ယူနိုင်ပါသည်။ CDMA, Base Tariff နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၁၃။ ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ? အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ။ မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

‘- ကြိုက်ရာခေါ် ဆို သည်မှာ သက်သာသော နှုန်းထားဖြင့် ပြည်တွင်း ဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်အောင် စီစဥ်ပေးထားတဲ့ အစီအစဥ်လေး ဖြစ်ပါသည်။ အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် အစီအစဉ် ဆိုသည်မှာ အလိုအလျောက် သက်တမ်းတိုး ရန် အဆိုပြုဝယ်ယူထားပါက ပက်ကေ့ချ်၏ လက်ကျန် ဖုန်းပြောမိနစ် ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (11:35 pm ~ 12:00 am) ဝန်းကျင်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူပါမည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။
– MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။ (Special / Premium / Call center / VAS related numbers မပါဝင်ပါ။ )
၇ ရက်သုံး၊ ၁၅ ရက်သုံး၊ ရက်၃၀ သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်များ နှင့် အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် ပက်ကေ့ချ်များ ကို *997# သို့ခေါ်ဆို၍လည်းကောင်း၊ MPT4U, MPT Pay မှတဆင့် လည်းကောင်း ဝယ်ယူနိုင်ပါတယ်။

၁၄။ အင်တာနက်ဒီအတိုင်းဖွင့်ထားပါတယ်၊ဘာမှအသုံးမပြုပဲလက်ကျန်ငွေတွေကဖြတ်သွားတယ်၊ ဘာကြောင့်လဲ။

လူကြီးမင်း၏မိုလ်ဘိုင်းဖုန်းတွင် “ Background Data” ကိုပိတ်ထားသင့်ပါတယ်။ တခါတလေမှာလူကြီးမင်းရဲ့ဖုန်းက application တွေ “ Auto Update” ဖြစ်နေတတ်ပါတယ်။ထိုကြောင့် ဖုန်းထဲက “ Auto System Update” ကိုပိတ်ထားသင့်ပါတယ်။ Wifi Hotspotဖွင့်သုံးတဲ့အခါမှာလည်း Password ထည့်ထားသင့်ပါတယ်။Password မရှိတဲ့အခါ အခြားသူတွေက အလွယ်တကူ ချိတ်ဆက်အသုံးပြု နိုင်တဲ့အတွက်ဒေတာတွေပိုမို ကုန်ကျနိုင်ပါတယ်။ *224# ကိုဖုန်းခေါ်ဆို၍ လည်းကောင်း၊ MPT4U အက်ပလီကေးရှင်း မှတဆင့်လည်းအသုံးပြုမှု ပမာဏ အသေးစိတ်ကို စစ်ဆေးနိုင်ပါသည်။မိမိသတိမထားမိလိုက်ပဲ ဒေတာပိုမို အသုံးပြုမှုကို ကာကွယ်ရန်အတွက် Setting ထဲမှာ Data Limit ကို မိမိ အသုံးပြုလိုသည့် ပမာဏအတိုင်း ကန့်သတ်ထားနိုင်ပါတယ်။

၁၅။ MPT Point ကို MPT ဝန်ဆောင်မှုတွေနဲ့ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။

*345*3*1# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT ဝန်ဆောင်မှုများကို စစ်ဆေးကြည့်နိုင်ပါ သည်။ MPT4U ရှိ MPT Club page မှတဆင့်လဲ မိမိတွင်ရှိသော ပွိုင့်အလိုက် MPT ဝန်ဆောင်မှုများကို ရွေးချယ်လဲလှယ်နိုင်ပါသည်။
မှတ်ချက်-မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။

best operator in Myanmar