×
  • MPT Official Instagram
  • MPT LinkedIn

Tourist SIM

မင်္ဂလာပါ။ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်တဲ့အတွက် MPT မှ ကြိုဆိုပါတယ်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်မှာ ကမ္ဘာတစ်ဝှမ်းနဲ့ ဆက်သွယ်ချိတ်ဆက်နိုင်ဖို့ အတွက် MPT မှ အကြီးမားဆုံး ဆက်သွယ်ရေးကွန်ယက်မှ ၀န်ဆောင်မှုများ ပေးပါရစေ။ MPT မှ ကမ္ဘာလှည့် ခရီးသွားများအတွက် အထူးစီစဉ်ပေးထားတဲ့ Tourist Sim ကဒ်ကို အသုံးပြုကြဖို့ တိုက်တွန်း ပါရစေ။ အသေးစိတ် အချက်အလက်တွေကတော့

၀န်ဆောင်မှုအမျိုးအစား  အသုံးပြုနိုင်မည့်ပမာဏ သက်တမ်း
 အခြားဝန်ဆောင်မှုများအသုံးပြုရန်      ၅,၀၀၀ကျပ်   ၁၀ရက်
အင်တာနက်အသုံးပြုမှု  ၁.၅ GB ၁၀ရက်

အောက်ဖော်ပြပါ ၀န်ဆောင်မှုများတွင် ၅၀၀၀ ကျပ် အစီအစဉ်ဖြင့် အသုံးပြုနိုင်မှာပါ။ Tourist Sim တွင် ပါ၀င်ပြီးသားဖြစ်သည့် အင်တာနက် 1.5 GB ကို ကုန်အောင်သုံးစွဲပြီးမှသာ အင်တာနက် အသုံးပြုခအဖြစ် 1 mb ကို ၆ ကျပ်နှုန်းဖြင့် (အခြားဝန်ဆောင်မှုများ အသုံးပြုရန် ၅၀၀၀ ကျပ်) ထဲမှ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

၂၀၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ လက်ရှိနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်း ကောက်ခံသွားပါမည်။

Tourist SIM ဝန်ဆောင်ခများ (ဆွေသဟာနှုန်းထားများအတိုင်း)

ခေါ်ဆိုခ  ပြည်တွင်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၃ကျပ်
နိုင်ငံတကာ ဖုန်းခေါ်ဆိုခ   တစ်မိနစ် ၂၀၀ ကျပ်
စာတိုပေးပို့ခ ပြည်တွင်းစာတိုပို့ခ စာတိုတစ်စောင်လျှင် ၁၀ကျပ်
နိုင်ငံတကာ စာတိုပေးပို့ခ  စာတိုတစ်စောင်လျှင် ၁၅၀ကျပ်
 အင်တာနက်အသုံးပြုခ 1MB လျှင် ၆ကျပ်

Tourist Sim တွင် ပါ၀င်ပြီးသားဖြစ်သည့် အင်တာနက် 1.5 GB ကို ကုန်အောင်သုံးစွဲပြီးမှသာ အင်တာနက် အသုံးပြုခအဖြစ် 1 mb ကို ၆ ကျပ်နှုန်းဖြင့် (အခြားဝန်ဆောင်မှုများ အသုံးပြုရန် ၅၀၀၀ ကျပ်) ထဲမှ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

၂၀၁၆ ဧပြီလ ၁ ရက်နေ့မှစ၍ လက်ရှိနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်း ကောက်ခံသွားပါမည်။

 

နိုင်ငံတကာ ခေါ်ဆိုမှုနှုန်းထားမှာကို အသေးစိတ်သိလိုပါက
www.mpt.com.mm/en/product-services/mobile/calling-overseas/

မေးမြန်းရန်မေးခွန်းများရှိပါက ကျွန်ုပ်တို့ထံသို့ ဖုန်းခေါ်ဆိုပါ။
•    MPT မိုဘိုင်းဖုန်းကို အသုံးပြုလျှင် : ၁၀၆
•    MPT ဖုန်း နံပါတ်မဟုတ်ခဲ့ပါလျှင် : (+၉၅) ၁ ၂၃၉၉ ၁၀၆

Frequently Asked Questions

၁။ အသုံးပြုနိုင်ရန် ဘယ်လို activate လုပ်ရပါမလဲ။

ပထမဆုံး ဖုန်းခေါ်ဆိုကြည့်ပါ (သို့) *124# ရိုက် ပြီး ခေါ်လိုက်ပါ။

၂။ ဖုန်းကဒ်ထဲ ၌ ငွေဖြည့်ထားမထား ဘယ်လို သိရှိနိုင်ပါမလဲ။

Activate ပြုလိုက်ပြီးသောအခါ အသင့်ဖြည့်ပြီးသော ငွေကျပ် ၅ဝဝဝနှင့် အင်တာနက်အသုံးပြုရန် 1.5 GB မှာ အဆင်သင့် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

၃။ ငွေလက်ကျန်ရှိမရှိ မည်သို့ စစ်ဆေးရမည်နည်း။

*124#ရိုက် ပြီး ခေါ်ဆိုခြင်းဖြင့်သော် လည်းကောင်း၊ 1331 သို့ BAL ရိုက်ပြီးပေးပို့ခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

၄။ အခု အသစ်ထွက်ရှိမည့် MPT's Tourist SIM card အား မည်သည့်နေရာများတွင် ဝယ်ယူရရှိနိုင်မည်နည်း။

ရန်ကုန် လေဆိပ်၊ ရန်ကုန်, မန္တလေး, နေပြည်တော်,ပုဂံ နှင့် အင်းလေးဒေသများမှ အထင်ကရ ဟိုတယ်များနှင့် နိုင်ငံခြားသားဧည့်သည်များ သွားရောက် တတ်သည့် နေရာများတွင် ဝယ်ယူရရှိနိုင်ပါသည်။

၅။ ရရှိထားသော အသင့်ဖြည့်ပြီးသော ငွေကျပ် ၅၀၀၀ နှင့် အင်တာနက် အသုံးပြုရန် ရရှိသော 1.5GB အတွက် ဘယ်အချိန်ထိ ခံစားခွင့်ရှိပါသနည်း။

ဖုန်းကဒ် စတင်အသုံးပြုချိန်မှစ၍ ၁ဝရက်မြောက်နေ့ ည ၁၁နာရီ ၅၉မိနစ် ၅၉စက္ကန့်အထိ အသုံးပြုခွင့်ရရှိပါမည်။ ၁၁ရက်မြောက်နေ့မှစ၍ ထိုဖုန်းကဒ်မှာ ဆွေသဟာ အစီအစဉ် အနေဖြင့် ဆက်လက်အသုံးပြုနိုင်မှာ ဖြစ်ပါသည်။