MPT, Telenor, Ooredoo နှင့် MyTel မည်သည့် ဆင်းကဒ်သုံးစွဲသူမဆို MPT Pay ကိုအသုံးပြုနိုင်ပါတယ်။ မှတ်ပုံတင်ကြေးကတော့အခမဲ့ပါ။
အသေးစိတ်ကို https://www.mptmoney.com.mm/ တွင်၀င်ရောက် ကြည့်ရှုနိုင်ပါသည်။
MPT, Telenor, Ooredoo နှင့် MyTel မည်သည့် ဆင်းကဒ်သုံးစွဲသူမဆို MPT Pay ကိုအသုံးပြုနိုင်ပါတယ်။ မှတ်ပုံတင်ကြေးကတော့အခမဲ့ပါ။
အသေးစိတ်ကို https://www.mptmoney.com.mm/ တွင်၀င်ရောက် ကြည့်ရှုနိုင်ပါသည်။
MPT Pay စာရင်းပေးသွင်းရန်လမ်းညွှန် >>>>>Click here
Postpaid Service နှင့် FTTH ဝန်ဆောင်မှုအားလုံး၏ နောက်ဆုံးထွက်ရှိထားသော လစဉ်ငွေတောင်းခံလွှာများကို E-invoice ဖြင့် SMS မှ တစ်ဆင့် ရယူလိုပါက *260# သို့ ဖုန်းခေါ်ဆိုကာ ငွေစာရင်းအမှတ် ထည့်သွင်း၍ ရယူနိုင်ပါသည်။
ထပ်ဆောင်းဝန်ဆောင်ခ ပေးဆောင်ရန် မလိုပါ။
MPT Pay ဆိုသည်မှာ မြန်မာပြည်အတွင်း အချိန်မရွေး နေရာမရွေး ငွေလွှဲပို့နိုင်သော ဝန်ဆောင်မှုဖြစ်ပါတယ်။ အသုံးပြုသူတွေ အနေနဲ့ အကောင့်အတွင်း ငွေသိမ်းဆည်းခြင်း၊ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းများကို MPT Pay အကောင့်မှတဆင့် ပြုလုပ်နိုင်ပါတယ်။ MPT Pay application အကြောင်းပိုမို သိရှိလိုပါက https://mptmoney.com.mm/ တွင်၀င်ရောက်ကြည့်ရှုနိုင်ပြီ: MPT Pay application ကိုလည်း Download ရယူနိုင်ပါသည်။
(၁) MPT Pay ၏ User အကောင့် အသုံးပြုပြီ: ငွေပေးချေမည်ဆိုလျှင် mobile number (09XXXXXXXXX) နှင့် password ကိုရိုက်နိုပ်ပြီ: user application ထဲသို့၀င်ပါ။ Agent အကောင့် အသုံးပြုပြီ: ငွေပေးချေမည်ဆိုလျှင် user name ၊ password နှင့် short code ကိုရိုက်နိုပ်ပြီ: agent application ထဲသို့၀င်ပါ
(၂) Home menu မှ “MPT ဘေလ်များ” ကို နှိပ်ပါ။
(၃) “Account Code”, “Invoice Number” နှင့် ပေးဆောင်မည့် ငွေပမာဏ “Amount” ရိုက်ထည့်ပါ (သို့) လစဥ်ဘေလ်တွင် ပါ၀င်သော QR code ကို QR scan ဖတ်ပြီး “Account Code” နှင့် “Invoice Number” ကို အလိုအလျောက်ဖြည့်ပြီး ပေးဆောင်မည့် ငွေပမာဏ “Amount” ရိုက်ထည့်ပါ။
(၄) အချက်အလက်များကို စစ်ဆေးပြီး မှန်ကန်ပါက ဆက်လက်လုပ်ဆောင်ရန် “Proceed” ကို နှိပ်ပါ။
(၅) MPT Pay မှ ငွေပေးချေမှု အောင်မြင်ကြောင်း ကို “Success/ Failed” status နှင့်တကွ ဖြည့်သွင်းထားသော အချက်အလက်များကို ပြပေးပါမည်။ ငွေပေးချေမှုအတွက် Postpaid နှင့် FTTH services ကို စာရင်းသွင်းပြီ: အတည်ပြုထားသော မိုဘိုင်းဖုန်းထံသို့ SMS ရရှိပါလိမ့်မည်။
မည်သည့် အကြောင်းအရာဖြင့်မဆို လိုင်းယာယီပိတ်ထားသော်လည်း ယခု ငွေပေးချေမှုနည်းလမ်း အပါအဝင် ယခင်ချယ်နယ် အားလုံးမှ ငွေပေးချေနိုင်ပါသည်။ ငွေပေးချေမှု ပြီးစီးပါက လိုင်းအလိုအလျောက် ပြန်လည်အသုံးပြုနိုင်မည် ဖြစ်ပြီး ချွင်းချက် အနေဖြင့် မိမိဆန္ဒဖြင့် ယာယီပိတ် လျောက်ထားသော လိုင်းများအနေဖြင့် MPT ကော်မာရှယ် ရုံးများတွင် လိုင်းပြန်လည်ဖွင့်လှစ်ရန် လျောက်ထားရမည် ဖြစ်သည်။
ငွေတောင်းခံလွှာပမာဏထက် ပိုမိုပေးဆောင်ပါက ပိုနေသော ငွေပမာဏအား သုံးစွသူ၏ ငွေစာရင်းအဖြစ် သတ်မှတ်ပေးမည် ဖြစ်သည်။
-သုံးစွဲသူမှ ပေးဆောင်ရန်ကျန်ငွေ မရှိပါက သုံးစွဲသူ၏ အကောင့်တွင် ကြိုတင်ငွေအဖြစ် ထည့်သွင်းပေးသွားပါမည်။
-သုံးစွဲသူမှ အခြားငွေတောင်းခံလွှာများအတွက် ပေးဆောင်ရန်ရှိပါက ကျန်ရှိသော ငွေဖြင့် ပေးချေသွားမည် ဖြစ်ပါသည်။
MRC ငွေတောင်းခံလွှာပမာဏအောက် လျော့နည်းပြီး ငွေပေးချေပါက တစ်စိတ်တစ်ပိုင်းငွေပေးချေမှု အဖြစ် လက်ခံပါမည်။ သင့်အနေဖြင့် ပေးဆောင်ရန်ကျန်ငွေများအား အလုံးစုံ ပေးချေရန် လိုအပ်ပြီး ပေးဆောင်ရန်ကျန်ငွေပမာဏ မည်မျ နည်းသည်ဖြစ်စေ ငွေပေးချေရမည့်ရက် ကျော်လွန်ပါက လိုင်းယာယီဖြတ်တောက်မှု ခံရနိုင်ပါသည်။
ကနဦ: ငွေတောင်းခံလွှာ(OTI) ပမာဏအောက် လျော့နည်းပြီး ငွေပေးချေမှုကို MPT Pay မှတဆင့် လက်ခံမည် မဟုတ်ပါ။ သင့်အနေဖြင့် ပေးဆောင်ရန်ကျန်ငွေများအား အပြည့်အ၀ ပေးချေရန် လိုအပ်ပြီး ပေးဆောင်ရန်ကျန်ငွေပမာဏ မည်မျ နည်းသည်ဖြစ်စေ ငွေပေးချေရမည့်ရက် ကျော်လွန်ပါက လိုင်းယာယီဖြတ်တောက်မှု ခံရနိုင်ပါသည်။