English Premier League

ဘောလုံးချစ်သူ ပရိတ်သတ်များအတွက် English Premier League ၂၀၂၂-၂၀၂၃ တိုက်ရိုက်(LIVE) ပွဲစဉ်များအပြင် Goal of the Week , Goal Rush , Highlight
ဗီဒီယို များကို MPT မိုဘိုင်းလ်ကွန်ရက် အသုံးပြုပြီး စာရင်းသွင်းခ အခမဲ့ ဖြင့် “MPT IPTV” ပေါ်တွင်
အချိန်မရွေး နေရာမရွေး ကြည့်ရှုနိုင်ပါပြီ။
အသက်သာဆုံးနှုန်းထားအတွက် *2022# ကိုခေါ်ဆို၍ IPTV Pack ကိုဝယ်ယူလိုက်ပါ။

IPTV Pack

  • IPTV pack ၉၉၉ 

    စျေးနှုန်း : ၉၉၉ ကျပ်

    ဒေတာ : ၁၀၀၀ MB

    သက်တမ်း : ၃ ရက်

    Direct USSD : *2022*1# 

    စာတို SMS : စာတိုSMS IPTV1 အား 1331 သို့ပို့ပါ 

    App : MPT4U (or) MPT Pay

    Buy Now
  • IPTV pack ၁၉၉၉

    စျေးနှုန်း : ၁၉၉၉ ကျပ်

    ဒေတာ : ၃၀၀၀ MB

    သက်တမ်း : ၇ ရက်

    Direct USSD : *2022*2# 

    စာတို(SMS) :စာတိုSMS IPTV2 အား 1331 သို့ပို့ပါ 

    App  : MPT4U (or) MPT Pay

    Buy Now

MPT IPTV တွင် English Premier League ကြည့်ရှုနိုင်မည့် Channels များ

Sports 6_00001-live
Sports 1_00001
Sports 2_00001
Sports 3_00001
Sports 4_00001
Sports 5_00001
4 Feb
5 Feb

၀န်ဆောင်မှုအကြောင်း

၁။ EPL (English Premier League) ဆိုသည်မှာ အဘယ်နည်း။

အင်္ဂလိပ်ပရီးမီးယားလိဂ်သည် အင်္ဂလန်နိုင်ငံ၏ ထိပ်တန်းဘောလုံးအဖွဲ့ချုပ်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး ဘောလုံးအဖွဲ့ချုပ်တစ်ခုဖြစ်ပါသည်။ ကလပ် ၂၀ တွင် အပတ်စဉ် ပွဲစဉ် ၃၈ ပတ် ကြာသည်။ ၎င်းပွဲစဉ်များသည် ၂၀၂၂ ခုနှစ် မေလ အထိဖြစ်ပါသည်။

၂။ MPT IPTV ၀န်ဆောင်မှု တွင် EPL ဆိုသည်မှာ အဘယ်နည်း။

MPT IPTV ၀န်ဆောင်မှု တွင် EPL ဆိုသည်မှာ အင်္ဂလိပ်ပရီးမီးယားလိဂ်ဘောလုံးပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မှု၊

ဟိုက်လိုက်ဗွီဒီယိုနှင့် “Goal of the week” “Goal Rush” များကို MPT ကွန်ရက်မှတဆင့် သီးသန့် စာရင်းသွင်းခ

ပေးစရာမလိုဘဲ MPT IPTV တွင် ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် MPT IPTV ၀န်ဆောင်မှု တွင် ပြည်တွင်းပြည်ပ ရုပ်သံလိုင်းများ၊ ရုပ်ရှင်ဇာတ်လမ်းများ ပါဝင်သော ဗွီဒီယိုများကိုလည်း ကြည့်ရှု ခံစားနိုင်ပါသည်။

၃။ MPT IPTV ကို ဘယ်လိုအသုံးပြုရပါသလဲ။

MPT IPTV တွင် Android အပလီကေးရှင်းနှင့် iOS အက်ပလီကေးရှင်းသာမက မိုဘိုင်းဝဘ်ဗားရှင်းလည်း ပါရှိသည်။ အသုံးပြုသူသည် ၎င်းကို Google Play Store နှင့် App Store တွင်“MPT IPTV” ဟု ရိုက်ထည့်၍ ဒေါင်းလုတ်ရယူနိုင်ပါသည်။ MPT အသုံးပြုသူများ Android အတွက် Lo Ta Ya ( https://lotaya.mpt.com.mm/event/268 ) မှ ဒေါင်းလုဒ်ဆွဲနိုင်ပြီး MPT မိုဘိုင်းကွန်ရက်ဖြင့် အခမဲ့ရယူ နိုင်ပါသည်။ (သို့မဟုတ်) *7373# ကိုခေါ်ဆိုခြင်းဖြင့် SMS မှတစ်ဆင့် လင့်ခ်များကို  လွယ်ကူစွာရယူနိုင်ပါသည်။

၄။ MPT မှ ဤဝန်ဆောင်မှုကိုဘာကြောင့် ဝန်ဆောင်မှုပေးပါသလဲ။

MPT သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်ပြီး MPT သုံးစွဲသူများကို မိုဘိုင်းနှင့်ပတ်သက်သော အတွေ့အကြုံကောင်းများ ရရှိစေရန်ဖြစ်ပါသည်။ အင်္ဂလိပ်ပရီးမီးယားလိဂ် သည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့တစ်ဝှမ်းတွင် လူကြိုက်အများဆုံး ဘောလုံးပြိုင်ပွဲ ဖြစ်သည့်အတွက် ဤထူးခြား သော ဝန်ဆောင်မှုကိုပေးခြင်းဖြင့် MPT သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို အထောက်အကူ ပြုနိုင်ရန်ဖြစ်ပါ သည်။

၅။ MPT သုံးစွဲသူများအတွက် ဤဝန်ဆောင်မှု ၏ အကျိုးကျေးဇူးကား အဘယ်နည်း။

MPT သုံးစွဲသူများသည် တိုက်ရိုက်ထုတ်လွှင့်သော အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲများ၊ SPORTS-1, SPORTS-2, SPORTS-3, SPORTS-4, SPORTS-5 & SPORTS-6 (SPORTS-6 အား MPT IPTVတွင်  ၂၄ နာရီ ၇ ရက်ပတ်လုံး ထုတ်လွှင့်သွားမည်) ချန်နယ်များ တွင်ပြသနေသော အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲများ ကြည့်ရှုနိုင်ခြင်း ၊ ဟိုက်လိုက်ဗွီဒီယိုနှင့် “Goal of the week” “Goal Rush” များကိုလည်း ပြန်လည်ကြည့်ရှုနိုင်ပါသည်။ MPT သုံးစွဲသူများ သည် အချိန်မရွေး ၊ နေရာမရွေး မိမိ မိုဘိုင်းဖုန်းဖြင့် MPT ကွန်ရက်မှတဆင့် ကြည့်ရှုနိုင်ပါသည်။

၆။ တိုက်ရိုက်ထုတ်လွှင့်မှုများ နှင့် ဗွီဒီယိုများကို ဘယ်လိုကြည့်ရှုနိုင်ပါသလဲ။

MPT အသုံးပြုသူများသည် အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များ   ကို “MPT IPTV” App ဖြင့် Android (5.0 သို့မဟုတ် ထို့ထက်ပို၍) ကြည့်ရှုနိုင်ပြီး၊  သို့မဟုတ် IOS (9.0 သို့မဟုတ် ထို့ထက်ပိုသော) အတွက် App Store သို့မဟုတ် မိုဘိုင်းဝဘ်ဗားရှင်း (https://iptv.mpt.com.mm/) မှ ကြည့်ရှုနိုင်သည်။ သုံးစွဲသူများသည် ဝန်ဆောင်မှု icons များ ပြသထားသည့် “MPT IPTV” icons များကို နှိပ်ခြင်းဖြင့် “MPT4U” App သို့မဟုတ် ဝဘ်ဗားရှင်းမှတစ်ဆင့် ၎င်းကို ကြည့်ရှုခံစားနိုင်သည်။မိုဘိုင်းဝဘ်ဗားရှင်းအတွက် မကြာမှီ  စတင်အသုံးပြုနိုင်မည်ဖြစ်သည်။

၇။ အသုံးပြုသူများသည် တိုက်ရိုက်ထုတ်လွှင့်မှုများ (သို့မဟုတ် )ဗွီဒီယိုကို Wi-Fi ကွန်ယက် သို့မဟုတ် အခြားမိုဘိုင်း ကွန်ယက်များ မှတဆင့် အသုံးပြုနိူင်ပါသလား။

အသုံးမပြုနိူင်ပါ။ ၎င်းကို MPT မိုဘိုင်းကွန်ယက်မှသာ အသုံးပြုနိူင်ပါသည်။

ငွေပေးချေမှုပုံစံများ

၈။ MPT IPTV မှ အခြားရုပ်သံလိုင်းများနှင့် VOD contents များကို ဝန်ဆောင်ခ တစ်ရက် ၉၉ ကျပ်ပေးဆောင်ပြီး အခြားအင်တာနက်လိုင်း/Wifi ဖြင့်ကြည့်လို့ရသော်လည်း ဘာလို့ အင်္ဂလိပ်ပရီးမီးယားလိဂ် content တွေကို ကြည့်လို့မရပါ။ ဘာလို့လဲ။

အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲစဉ်များ ဖြင့် သက်ဆိုင်သော content များကို MPT မိုဘိုင်းအင်တာနက်ဖြင့်သာ အသုံးပြုနိုင်မည်ဖြစ်သောကြောင့် အခြားအင်တာနက်လိုင်း/Wifi ဖြင့် ကြည့်ရှုလို့ရမည်မဟုတ်ပါ။

၉။ တိုက်ရိုက်ထုတ်လွှင့်မှုများ နှင့် ဗွီဒီယိုများ ကြည့်ရှုရန် ဝန်ဆောင်ခပေးသွင်းရန် လိုအပ်ပါသလား။

FIFA WORLD CUP ဘောလုံးပွဲ ပါ၀င်သောဝန်ဆောင်မှုများကို သီးသန့် ဝန်ဆောင်ခပေးသွင်းရန် မလိုအပ်ဘဲ MPT မိုဘိုင်းကွန်ယက်မှတဆင့် အက်ပလီကေးရှင်းကို အသုံးပြု၍ ကြည့်ရှုနိုင်ပါသည်။ (MPT ဒေတာ အသုံးပြုခ သာ ကျသင့်မည်ဖြစ်ပါသည်။)

၁၀။ သုံးစွဲသူများသည် ဒေတာအတွက် ဝန်ဆောင်ခ သက်သာရန် မည်သို့ပြုလုပ်နိုင်ပါသနည်း။

သုံးစွဲရလွယ်ကူအဆင်ပြေစေရန်နှင့် ကုန်ကျစရိတ်ပိုမိုသက်သာမှုရှိစေရန် အတွက် “IPTV Pack” အထူးပက်ကေ့ချ်အား အမျိုးအစား (၂) မျိုးထုတ်လုပ်ထားပြီး MPT IPTV သုံးစွဲသူများ အနေနှင့် မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော အမျိုးအစားအား ရွေးချယ်ဝယ်ယူနိုင်ပါသည်။

ရွေးချယ်ဝယ်ယူနိုင်သော အမျိုးအစားများမှာ_

အမျိုးအစား 
(ကုန်သွယ်ခွန် 
ပါဝင်ပြီး) 
စျေးနှုန်း ဒေတာ သက်တမ်း စာတို  (SMS) တိုက်ရိုက် USSD အက်ပလီကေးရှင်း 
IPTV Pack  ၉၉၉ ၉၉၉ ကျပ်1000MB၃ ရက်စာတိုSMS IPTV1 အား 1331 သို့ပို့ပါ *2022*1# MPT4U (သို့)
MPT Pay (သို့)
အခြား Pay အက်ပလီကေးရှင်းများ
IPTV Pack ၁၉၉၉၁,၉၉၉ကျပ် 3000MB၇ ရက် စာတိုSMS IPTV2 အား 1331 သို့ပို့ပါ *2022*2# MPT4U (သို့)
MPT Pay (သို့)
အခြား Pay အက်ပလီကေးရှင်းများ

နည်းပညာအကူအညီ

၁၁။ တိုက်ရိုက်ထုတ်လွှင့်မှုများ နှင့် ဗွီဒီယို များ၏ အရည်အသွေး ကောင်းမွန်ပါသလား။

ဖုန်းနှင့် အသုံ:ပြုသူများအတွက် 1K HD (1280*720P) & SD (720*576P)ရုပ်ထွက်များဖြင့်ကြည့်ရှုနိုင်ပါသည်။

၁၂။ တိုက်ရိုက်ကြည့်ရှုခြင်းတွင် ဗီဒီယို ရုပ်ထွက်ကိုမည်သို့ရွေးချယ်နိုင်ပါသလဲ။

App တွင် ဗီဒီယို ရုပ်ထွက်များကို အင်တာနက်ဆွဲအားပေါ်မူတည်ပြီး အလိုလျောက်ချိန်ညှိပေးပါသည်။

၁၃။ ကြည့်ရှုနေစဥ် ရပ်တန့်သွားပါက မည်သို့ပြုလုပ်ရမည်နည်း။

ဦးစွာ အင်တာနက်လိုင်းဆွဲအားကို စစ်ဆေးပါ။ App ကို အဖွင့်ပိတ်လုပ်ပါ။ မရပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၁၄။ ရုပ်သံများ ရုပ်ထွက်မကောင်းပါက မည်သို့ပြုလုပ်နိုင်မည်လဲ။

ရုပ်သံများ ရုပ်ထွက်မကောင်းခြင်းသည် အောက်ပါအချက်အလက်များကြောင့်ဖြစ်နိုင်ပါသည်။

  • အင်တာနက်လိုင်းစွဲအား အားနည်းခြင်း
  • App/web တွင် ရုပ်သံလိုင်းများ ကြည့်ရှုနေပါက ရုပ်ထွက်ကို HD သို့ပြောင်းလဲပြီး ကြည့်ရှုနိုင်ပါသည်။

၁၅။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် နည်းပညာဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာပါက မည်သို့ပြုလုပ်ရမည်နည်း။

အသုံးပြုနေသော application သည် နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်စစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက Error Code ကိုမှတ်ထားပြီး အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၁၆။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် အသံမကြားရပါက မည်သို့ပြုလုပ်ရမည်နည်း။

အသံဖွင့်ထားခြင်းရှိမရှိစစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၁၇။ MPT IPTV ၀န်ဆောင်မှုတွင် မျက်နှာပြင်အပြည့်နှင့် ကြည့်ရှုခြင်းကို မည်သို့ ပိတ်ရမည်နည်း။

IPTV App  အတွက် Return ခလုပ်ကိုနှိပ်ပါ။

၁၈။ Web ကို အခုလက်ရှိအသုံးပြုနေတဲ့ browser ဖြင့် ဗီဒီယိုကိုမကြည့်နိုင်ရင် ဘယ်လိုလုပ်ရမလဲ။

သင်၏လက်ရှိအသုံးပြုနေတဲ့ browser ဖြင့်ဗီဒီယိုကိုမကြည့်နိုင်လျှင် ကျေးဇူးပြု၍ Chrome browser ကိုပြောင်းသုံးပါ။

အခြား

၁၉။ MPT အပိုဆုဒေတာလက်ဆောင်များဖြင့် MPT IPTV ဝန်ဆောင်များကို ကြည့်ရှုနိုင်ပါသလား။

MPT အပိုဆုဒေတာလက်ဆောင်များဖြင့် MPT IPTV ဝန်ဆောင်မှုများကို ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း လေးစားစွာ အသိပေးပါရစေ။ MPT IPTV အက်ပလီကေးရှင်း ဒေတာအသုံးပြုခကို လူကြီးမင်း ဝယ်ယူထားသော data package/ လက်ကျန်ငွေ မှကောက်ခံမည် ဖြစ်ပါသည်။ MPT မိုဘိုင်းကွန်ယက်ဖြင့် MPT IPTV အက်ပလီကေးရှင်းကို အသုံးပြုရာတွင် လူကြီးမင်း ဝယ်ယူထားသော data package/ လက်ကျန်ငွေ  လုံလောက်မှုမရှိပါက အသုံးပြု၍ ရနိုင်မည်မဟုတ်ပါ။

best operator in Myanmar