“အချီကြီးထော” နှစ်သစ်ကူး ကံစမ်းမဲအစီအစဥ်

MPT သုံးစွဲသူမိဘပြည်သူများအတွက် “အချီကြီးထော” ဆိုတဲ့ နှစ်သစ်ကူးအထူးပရိုမိုးရှင်းကြီး ရောက်ရှိလို့လာပါပြီ။

MPT ဆင်းမ်ကတ်အသုံးပြုနေသူများအနေဖြင့် ဖုန်းဘေလ် အနည်းဆုံး  ၁,၀၀၀ ဖြည့်သွင်းခြင်း (သို့) ၆၉၉ ကျပ်နှင့်အထက် ဒေတာနှင့် Bundle  ပက်ကေ့ချ်ဝယ်ယူခြင်း (သို့) MPT Club ပွိုင့်များကို MPT မိုဘိုင်းဝန်ဆောင်မှုများနှင့် လဲလှယ်ခြင်းအားဖြင့် ကံထူးနိုင်သည့်လက်မှတ်များရရှိပြီး ကံထူးရှင်ဖြစ်စေနိုင်သော အစီအစဉ်တစ်ခုဖြစ်ပါသည်။ ဖုန်းဘေလ်ပိုများများဖြည့်၊ ပက်ကေ့ချ်များများဝယ်၊ ပွိုင့်များများလဲပြီး အခုပဲ ပါဝင်ကံစမ်းလိုက်ကြပါစို့ !!

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့အထိ

MPT ရဲ့ ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၂ ကနေ ဇန်နဝါရီ ၀၄ ရက်၊ ၂၀၂၃ အထိ ပြုလုပ်ခဲ့တဲ့ အချီကြီးထောအစီအစဉ်ရဲ့ သိန်း ၁၀၀ ဆု (၂)ဆုနှင့် ၁၀ သိန်းဆု (၁၀၀)ဆု ကံထူးခဲ့တဲ့ ကံထူးရှင်များကို ဂုဏ်ယူဝမ်းမြောက်စွာ ကြေညာပေးလိုက်ပါတယ်။

အချီကြီးထော အစီအစဉ် ပထမ အပတ် ကံထူးရှင်များ

အချီကြီးထော အစီအစဉ် နောက်ဆုံးကျန်ရှိနေသော ကံထူးရှင်များ

ပါဝင်ကံစမ်းနိုင်မည့် နည်းလမ်း

(အောက်ပါနည်းလမ်းများမှ ကြိုက်နှစ်သက်ရာနည်းလမ်းဖြင့် ပါဝင်နိုင်ပါသည်။)

123

ဆုမဲများ

ရက်သတ္တပတ်များ
ဆုများစာရင်း
အရေအတွက်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက် မှ ၂၈ ရက်နေ့အထိ
MPT Pay 1 million
၅၀
MPT Pay 10 million
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ မှ

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့အထိ
MPT Pay 1 million
၅၀
MPT Pay 10 million
စုစုပေါင်းအရေအတွက်
၁၀၂

စည်းကမ်းသတ်မှတ်ချက်များ

အမေးများသောမေးခွန်းများ

၀၁။ အချီကြီးထောကံစမ်းမဲအစီအစဥ်ဆိုတာဘာလဲ။

ဤအစီအစဥ်သည် MPT မှ တစ်နှစ်ပတ်လုံး MPT နှင့် အတူရှိနေကြသည့် တန်ဖိုးထားရသည့်သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အစီအစဉ်ဖြစ်ပါသည်။ MPT ဆင်းမ်းကတ်အား မှတ်ပုံတင်၍အသုံးပြုနေသူများအနေဖြင့် အစီအစဥ်သက်တမ်းကာလအတွင်း MPT4U အပလီကေးရှင်း၊ USSD ကုတ်နံပါတ်များနှင့် စာတိုပေးပို့ဝယ်ယူမှု တို့မှတဆင့် ဖုန်းဘေလ်အနည်းဆုံး (၁,၀၀၀) ကျပ်ဖြည့်သွင်း၍ဖြစ်စေ၊ အနည်းဆုံး (၆၉၉) ကျပ်တန်နှင့်အထက် (Bundle ပတ်ကေ့ချ်များအပါအဝင်) အင်တာနက် Data ပတ်ကေ့ချ်များဝယ်ယူ၍ဖြစ်စေ၊ MPT ၏ ဝန်ဆောင်မှု များအား MPT Club ပွိုင့်များဖြင့် လဲလှယ်ခုနှိမ်ဝယ်ယူ၍ဖြစ်စေ ပြုလုပ်ခြင်းအားဖြင့် ကံထူးနိုင်သည့်လက်မှတ်များ ရရှိပြီး ကံထူးရှင်ဖြစ်စေနိုင်သောအစီအစဥ်တစ်ခုဖြစ်ပါသည်။

၀၂။ အစီအစဥ်သက်တမ်းကာလက ဘယ်အချိန်အထိလဲ။

အစီအစဥ်အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့ မနက် (၀၀:၀၁) နာရီမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့ ည (၂၃:၅၉) နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၀၃။ ဤအစီအစဥ်မှာ ဘယ်သူတွေပါဝင်နိုင်သလဲ။

ဤအစီအစဥ်တွင် အစီအစဥ်သက်တမ်းကာလအတွင်း ဖုန်းဘေလ်ဖြည့်သွင်းခြင်း၊ MPT Club ပွိုင့်များဖြင့် လဲလှယ်ခုနှိမ်ဝယ်ယူခြင်းနှင့် အင်တာနက်ပတ်ကေ့ချ်များဝယ်ယူခြင်းတို့ကို ပြုလုပ်ဆောင်ရွက်သည့် MPT ဆင်းမ်ကတ်များအား လက်ရှိမှတ်ပုံတင်ပြီးအသုံးပြုနေသူများ (MPT ၏ GSM/WCDMA နံပါတ်များအသုံးပြု လျက်ရှိသည့် Swe Tha Har အစီအစဥ်တစ်ခုခုရယူအသုံးပြုနေသူများ) အားလုံးပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။  ၎င်းအပြင် ထောဘီပတ်ကေ့ချ်နှင့် ကြင်ကြင်နာနာပတ်ကေ့ချ် များအား ကြိုတင်ငွေပေးချေသည့်စနစ်ဖြင့် ရယူအသုံးပြုသူများနှင့် Data Carry Plus, Mobile Legends, PUBG, တေးသံသာ နှင့် ရှယ်ကြည့်ပတ်ကေ့ချ်များအား အသုံးပြုပြီးမှငွေပေးချေသည့်စနစ်ဖြင့် ရယူအသုံးပြုသူများလည်း ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

၀၄။ ဤအစီအစဥ်မှာ ဘယ်လိုပါဝင်လို့ရနိုင်မလဲ။

ဤအစီအစဥ်တွင် ပါဝင်နိုင်ရန်အတွက်  အစီအစဥ်သက်တမ်းကာလအတွင်း MPT4U အပလီကေးရှင်း၊ USSD ကုတ်နံပါတ်များနှင့် စာတိုပေးပို့ဝယ်ယူမှုတို့မှတဆင့် ဖုန်းဘေလ်အနည်းဆုံး (၁,၀၀၀) ကျပ်ဖြည့်သွင်း၍ ဖြစ်စေ၊ အနည်းဆုံး (၆၉၉) ကျပ်တန်နှင့်အထက် အင်တာနက် Data ပတ်ကေ့ချ်များဝယ်ယူ၍ဖြစ်စေ၊ MPT ၏ ဝန်ဆောင်မှုများအား MPT Club ပွိုင့်များဖြင့် လဲလှယ်ခုနှိမ်ဝယ်ယူ၍ဖြစ်စေ ပြုလုပ်ဆောင်ရွက်ရမည်။

၀၅။ အစီအစဉ်တွင်ပါဝင်နိုင်ရန် မည်သည့်နည်းလမ်းတွေကတဆင့် ဖုန်းငွေဖြည့်ခြင်း (သို့) အင်တာနက် Data ပက်ကေ့ချ်ဝယ်ယူခြင်း (သို့) MPT Club ပွိုင့်များဖြင့် လဲလှယ်ခုနှိမ်ဝယ်ယူခြင်းတို့ကို ပြုလုပ်လို့ရနိုင်မလဲ။

ဤအစီအစဥ်တွင် ပါဝင်နိုင်ရန်အတွက် MPT4U အပလီကေးရှင်း၊ USSD ကုတ်နံပါတ်များနှင့် စာတိုပေးပို့ဝယ်ယူမှုစသည့် ကြိုက်နှစ်သက်ရာနည်းလမ်းတစ်ခုခုကိုအသုံးပြုနိုင်ပါသည်။

best operator in Myanmar