MasterChef All Stars Myanmar

MPT မှ Main Sponsor အဖြစ် ကူညီပံ့ပိုးထားတဲ့ MasterChef All Stars Myanmar !!

Watch and Guess

အပတ်စဉ် တနင်္ဂနွေနေ့ည (၀၆ : ၄၅) အချိန် MRTV-4 မှာ ရင်ခုန်စွာစောင့်ကြည့်လိုက်ပါ။

09@2x

ကောင်းကင်ထက်

Season 2

10@2x

ထက်မြတ်ဦး

Season 1

13@2x

အေးသဇင်

Season 2

11@2x

ထိန်လင်းမောင်

Season 1

07@2x

လွင်လွင်ကြူ

Season 3

06@2x

မင်းခန့်မော်

Season 3

08@2x

ကိုစိုင်း

Season 3

03@2x

အင်ရန်ရွယ်ဆန့်

Season 3

12@2x

ဟိန်းထက်အောင်

Season 3

04@2x

နေအောင်

Season 2

02@2x

ဖိုးဝအောင်

Season 2

01@2x

ရွှန်းရွှန်းအောင်

Season 2

nan htike oo

နန်းထိုက်ဦး

Season 3

စည်းကမ်းချက်များ

အမေးများသောမေးခွန်းများ

၁။ Watch & Guess အစီအစဥ်ဆိုတာဘာလဲ။

ဤအစီအစဥ်သည် MPT Club နှင့် MasterChef All Stars Myanmar တို့အကြား ပူးပေါင်းဆောင်ရွက်သည့်အစီအစဥ်ဖြစ်ပြီး MPT Club အဖွဲ့ဝင်များအနေဖြင့် MasterChef All Stars Myanmar အစီအစဥ်နှင့်စပ်လျဥ်းသည့်မေးခွန်းအား မှန်ကန်စွာမှန်းဆဖြေဆိုခြင်းအားဖြင့် MPT Club ပွိုင့် (၁,၀၀၀) စီအား ကံထူးနိုင်ရရှိနိုင်မည့် အစီအစဥ်ဖြစ်ပါသည်။

၂။ အစီအစဥ်သက်တမ်းကာလက ဘယ်အချိန်အထိလဲ။

အစီအစဥ်အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ၊ (၁၆) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ၊ (၁၉) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်သည်။

၃။ အစီအစဥ်မှာ ဘယ်သူတွေပါဝင်လို့ရသလဲ။

(MPT ဆင်းမ်ကတ်အသုံးပြုနေသော) MPT ဆင်းမ်းကတ်မှတ်ပုံတင်ထားပြီး အသုံးပြုနေသည့် MPT Club အဖွဲ့ဝင်များအနေဖြင့် ဤအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

၄။ ဤအစီအစဥ်မှာ ဘယ်လိုပါဝင်လို့ရနိုင်မလဲ။

ဤအစီအစဥ်တွင် ပါဝင်နိုင်ရန်အတွက် အစီအစဥ်ရက်သတ္တပတ်ကာလအတွင်း MPT ၏ တရားဝင် Facebook Page၊ Viber နှင့် Telegram တို့မှ ဤလင့်ခ် https://mpt.com.mm/en/masterchef/ အား နှိပ်၍ ဝင်ရောက်ကာ ပြိုင်ပွဲအစီအစဥ်နှင့်စပ်လျဥ်းသည့်မေးခွန်းအား မှန်ကန်စွာဖြေကြားရမည်ဖြစ်သည်။
(ဥပမာအားဖြင့် “အခုလာမယ့်ပြိုင်ပွဲအစီအစဥ်မှာ အနိုင်ရရှိသူက ဘယ်သူဖြစ်မလဲ” သို့မဟုတ် “အခုလာမယ့် ပြိုင်ပွဲအစီအစဥ်မှာ နှုတ်ဆက်ထွက်ခွာရမယ့်သူက ဘယ်သူဖြစ်မလဲ” သို့မဟုတ် “အခုလာမယ့်ပြိုင်ပွဲ အစီအစဥ်ရဲ့ အကောင်းဆုံးဟင်းပွဲပိုင်ရှင်က ဘယ်သူဖြစ်မလဲ” စသည်မေးခွန်းတို့အား မှန်းဆဖြေကြားရမည် ဖြစ်သည်။)
အဖြေအားပေးပို့ပြီးနောက် မည်သို့သောပြောင်းလဲပြင်ဆင်မှုကိုမျှ ပြုလုပ်ဆောင်ရွက်နိုင်တော့မည် မဟုတ်ပါ။

၅။ အစီအစဥ်တွင် ကံထူးရှင်ဖြစ် မဖြစ် မည်သို့သိရှိနိုင်ပါသလဲ။

ကံထူးရှင်များအား တနင်္ဂနွေနေ့တွင်ပြုလုပ်ကျင်းပသည့် သက်ဆိုင်ရာအစီအစဥ်ပြီးဆုံးပြီးနောက် အင်္ဂါနေ့တိုင်းတွင် စာတိုပေးပို့မှုမှတဆင့် အသိပေးအကြောင်းကြားသွားမည်ဖြစ်ပါသည်။

၆။ ဆုကို ဘယ်အချိန်မှာ လက်ခံရရှိမလဲ။

မေးခွန်း (၅) တွင် ဖော်ပြထားသည့်စာတိုပေးပို့မှုလက်ခံရရှိသည့်အချိန်တွင် ဆုကို လက်ခံရရှိမည် ဖြစ်ပါသည်။

၇။ ရရှိသည့်ဆုအတွက် သက်တမ်းကုန်ဆုံးရက်ရှိပါသလား။

ရှိပါသည်။ ဆုလက်ခံရရှိပြီးနောက် တစ်နှစ်ပြည့်သည့်အခါ၌ ဆုအသုံးပြုနိုင်မှုသည် အလိုအလျောက် သက်တမ်းကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။ အစီအစဥ်တွင် ကံထူးနိုင်သည့် ပါဝင်သူဦးရေအများဆုံးကန့်သတ်ချက်ရှိပါသလား။

မရှိပါ။

၉။ ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်နှစ်ကြိမ်ကံထူးရရှိနိုင်ပါသလဲ။

ပါဝင်ကံစမ်းသူတိုင်းသည် MSISDN တစ်ခုအားအသုံးပြု၍ ရက်သတ္တပတ်တိုင်း၌ (၁) ကြိမ် ကံထူးခွင့်ရရှိနိုင်မည်ဖြစ်သည်။

၁၀။ အစီအစဥ်ရက်သတ္တပတ်တစ်ခုစီတွင် ပါဝင်သူဦးရေ ဘယ်နှစ်ယောက်လောက်က MPT Club ပွိုင့် (၁,၀၀၀) စီအား ကံထူးရရှိနိုင်ပါသလဲ။

အစီအစဥ်ရက်သတ္တပတ် တစ်ပတ်စီတွင် အဖြေမှန်သောသူများထဲမှ စုစုပေါင်း ကံထူးရှင် (၁၀) ဦးကို ရွေးချယ်၍ MPT Club ပွိုင့် (၁,၀၀၀) စီအား ပေးအပ်သွားမည်ဖြစ်ပါသည်။

၁၁။ ပါဝင်သူများအနေဖြင့် MPT Club အဖွဲ့ဝင်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

MPT4U အပလီကေးရှင်းအား ဒေါင်းလုပ်ရယူခြင်းဖြင့်လည်းကောင်း၊ *345# အား ခေါ်ဆို၍ လည်းကောင်း MPT Club အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ပါသည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်း ချက်များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများ ကသာ လွှမ်းမိုးအတည်ဖြစ်စေရမည်။

best operator in Myanmar