MLBB Bang Bang Cashback

Mobile Legends Bang Bang ဂိမ်း ဝါသနာရှင်တို့အတွက် Mobile Legends Data Pack (၁) ကြိမ်ဝယ်ယူတိုင်း Data ပမာဏ 450 MB + Mobile Legends စိန်(၁၄)လုံး အပြင် cash back (၄၅၀)ကျပ် ကိုပါ ရရှိနိင်မှာဖြစ်ပါတယ်။ MLBB ဂိမ်း တစ်၀ကြီး ကစားနိုင်ဖို့ MLBB data pack ကို အခုပဲ ၀ယ်ယူလိုက်ကြရအောင်။

မေးလေ့ရှိသော မေးခွန်းမျာ:

၁။ Mobile Legends ဆိုတာ ဘာပါလဲ။

Mobile Legends ဆိုသည်မှာ Online ပေါ်တွင် သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာကစားနိုင်တဲ့ ကမ္ဘာတစ်ဝန်းတွင် လူသန်းပေါင်းများစွာ ကစားလျက်ရှိသော စိတ်လှုပ်ရှားဖွယ်ရာ Mobile Game တစ်မျိုးဖြစ်ပါတယ်။

၂။ Mobile Legends App ကို ဘယ်လို Download ရယူနိုင်မလဲ။

Mobile Legends app ကို Apple Play Store (သို့မဟုတ်) Google Play Store မှာ Download ရယူနိုင်ပါတယ်။

၃။ Mobile Legends Data Pack ကို Facebook သုံးခြင်း၊ Youtube ကြည့်ခြင်း တို့အတွက် အသုံးပြုနိုင်ပါသလား။

အသုံးမပြုနိုင်ပါ။ ဝယ်ယူရရှိထားသော Data ပမာဏ သည် Mobile Legends အတွက်သာ ဖြစ်ပါတယ်။ Mobile Legends မှ လွဲပြီး အခြားသောဒေတာ အသုံးပြုမှုများအတွက် ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၄။ Data Pack တန်ဖိုးသည် အခွန်အပါအဝင် ၉၄၉ ကျပ် ဖြစ်ပါသလား။

မှန်ပါတယ်။ Data pack တန်ဖိုးတွင် အခွန်ပါဝင်ပြီး ဖြစ်ပါတယ်။

၅။ Mobile Legends Data Quota 450 MB ကုန်ဆုံးသွားပြီးနောက် ဆက်လက်ကစားနိုင်ပါသလား။

ကစားနိုင်ပါတယ်။ အကယ်၍ ဝယ်ယူရရှိထားသော ဒေတာပမာဏကုန်ဆုံးခြင်း (သို့မဟုတ်) သက်တမ်းကာလ ရက် (၃၀) ကုန်ဆုံးသွားပါက ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၆။ Mobile Legends Data Pack မှ ဒေတာပမာဏများကိုအသုံးပြုရန် MPT ကွန်ယက် ဖွင့်ထားဖို့ လိုအပ်ပါသလား။

ဟုတ်ကဲ့ပါ။ Mobile Legends Data Pack မှ ဒေတာပမာဏများကို အသုံးပြုရန် MPT ကွန်ယက် ဖွင့်ထားဖို့လိုအပ်ပါတယ်။

၇။ Mobile Legends Data Pack ကို ဝယ်ယူရန် အကြိမ် အကန့်အသတ် ရှိပါသလား။

မရှိပါ။ Mobile Legends Data Pack ကို ဝယ်ယူရန် အကြိမ် အကန့်အသတ်မရှိပါ။ စိတ်ကြိုက် ဝယ်ယူကစားနိုင်ပါတယ်။

၈။ လက်ရှိ Mobile Legends Data Pack ထဲရှိ ကျန်ရှိသော ဒေတာလက်ကျန်များသည် နောက်ထပ်ဝယ်ယူလိုက်သော Data Pack တွင် ပေါင်းစည်းသွားမှာပါလား။

ဒေတာလက်ကျန်များပေါင်းစည်းသွားမှာ ဖြစ်ပြီး နောက်ဆုံး Pack ၏ သက်တမ်းကုန်ဆုံးရက်အတိုင်း သတ်မှတ်သွားမှာဖြစ်ပါတယ်။

၉။ ရရှိထားသော code ဖြင့် စိန်လဲလှယ်၍မရပါ။ ဘယ်လိုလုပ်ရမလဲ။

https://m.mobilelegends.com/en/codexchange သို့ ဝင်ရောက်ပါ
(သို့မဟုတ်) SMS ပေးပို့ထားသော Link သို့ ဝင်ရောက်၍ အောက်ပါအတိုင်းပြုလုပ်ပါ။
အဆင့် ၁
– SMS မှပေးပို့ထားသော code နှင့်
– သင်၏ Mobile Legends Game ID တို့ကိုဖြည့်သွင်းပါ။
အဆင့် ၂
In-game mailbox တွင် အတည်ပြုကုဒ် လက်ခံရယူနိုင်ရန် “Send” ကို နှိပ်ပါ။
အဆင့် ၃
ရရှိထားသော အတည်ပြုကုဒ်ကို ဖြည့်သွင်းပြီး လဲလှယ်ရယူပါ။
သင်၏ Mobile Legends Account ထဲတွင် Diamond ၁၄ ခု ရရှိမည် ဖြစ်ပါသည်။
အကယ်၍ တစ်စုံတစ်ရာ ရှင်းလင်းမှုမရှိပါက MPT (သို့မဟုတ်) Mobile Legends Support သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
• Code မရရှိခြင်း (သို့မဟုတ်) ဒေတာပမာဏနှင့်ပတ်သက်၍ အခက်အခဲရှိပါက 106 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါသည်။
• Mobile Legends App (သို့မဟုတ်) code လဲလှယ်ခြင်းနှင့်ပတ်သက်၍ အခက်အခဲရှိပါက [email protected] တွင် မေးမြန်းနိုင်ပါသည်။

၁၀။ MLBB Data Pack နှင့် MLBB ဂိမ်းကစားသောအခါ Package ထဲကမဖြတ်ပဲ main balance ထဲက ဖြတ်တောက်နေပါသည်။ ဘာကြောင့်လဲ?

ဂိမ်းစတင်ဝင်ရောက်သည့်အချိန်မှစပြီး VPN အားဖြုတ်ထားဖို့လိုအပ်ပါသည်။ VPN မဖြုတ်ထားပါက
MLBB Data Pack ထဲကသာမက Main Balance ထဲပါကဖြတ်တောက်ခံရနိုင်ပါသည်။

Bang Bang Cashback Promotion

၁။ ‘Bang Bang Cashback’ Promotion ဆိုတာ ဘာလဲ?

‘Bang Bang Cashback’ promotion သည် MLBB Data Package ဝယ်ယူသည့် MPT Gamer များအတွက် ရည်ရွယ်ပြီး အထူးစီစဥ်ထားသော အစီအစဥ်တစ်ခုဖြစ်ပါသည်။ MLBB Data-package ဝယ်သူသည့် MPT အသုံးပြုသူများအားလုံး ယခု အစီအစဥ်တွင် ပါဝင်ကံထူးနိုင်မည်ဖြစ်ပါသည်။

၂။ ‘Bang Bang Cashback’ Promotion ကနေ ရရှိနိုင်မယ့် အခွင့်အရေးတွေက ဘာတွေလဲ?

MLBB Data pack ဝယ်ယူသူများ အနေဖြင့် အပိုထပ်ဆောင်းကာ internet data (၄၅၀ကျပ်ဖြင့်ညီမျှသော internet MB) အား Pay-as-you go နှုန်းထားအတိုင်း ကံထူးရရှိနိုင်မှာ ဖြစ်ပါသည်။

၃။ အသုံးပြုသူက ဘယ်အချိန်မှာ အခု Bang Bang Cashbackကို ရရှိမှာလဲ?

MLBB data-package ဝယ်ယူလိုက်ပြီး မကြာခင် အချိန်ပိုင်းအတွင်းမှာပဲ Bang Bang Cashback ကို လက်ခံရရှိနိုင်မှာဖြစ်ပါသည်။ အသုံးပြု၏ ဖုန်းထဲသို့ SMS ဖြင့်လည်း အကြောင်းကြားစာ ပေးပို့သွားမှာဖြစ်ပါသည်။

၄။ ‘Bang Bang Cashback’ Promotion ကနေ ရလာတဲ့ ဒေတာတွေကို ဘယ်မှာအသုံးပြုနိုင်မှာလဲ? Mobile Legends game ကစားဖို့ပဲ အသုံးပြုနိုင်မှာလား?

မှန်ပါသည်။ ရရှိလာသော ဒေတာများအား Mobile Legends game ကစားရာတွင်သာ အသုံးပြုနိုင်မှာပါ။

၅။ ‘Bang Bang Cashback’ Promotion မှ ရရှိသော ဒေတာအား အခြား Game ကစားရာတွင် အသုံးပြုလို့ရနိုင်ပါသလား?

မရပါ။ ရရှိလာသော ‘Bang Bang Cashback’ အား အခြား Game ကစားရာတွင် သော်လည်းကောင်း/ ဖေ့စ်ဘုတ် အသုံးပြုရာတွင်သော်လည်းကောင်း အသုံးပြုနိုင်မည်မဟုတ်ပါ။ Cashback ဒေတာများအား Mobile Legends game ကစားရာတွင်သာ အသုံးပြုနိုင်မှာပါ။

၆။ ‘Bang Bang Cashback’ data ၏ သက်တမ်းမှာ ဘယ်လောက်ပါလဲ?

(၅)ရက်ဖြစ်ပါသည်။

၇။ ‘Bang Bang Cashback’ ကံထူးပြီးပါက မည်သည့်နေရာတွင် စီစစ်နိုင်ပါသလဲ?

MPT4U အက်ပလီကေးရှင်း (သို့မဟုတ်) *224# တွင် စီစစ်နိုင်ပါသည်။

best operator in Myanmar