"ဒေတာ ရှယ်လဲ" ပရိုမိုးရှင်းမှာ MPT Club ပွိုင့် (၁၁၁) ပွိုင့်နဲ့ 1 GB ဒေတာ လဲလှယ်ရယူနိုင်ပြီ!

11.11 မှ စပြီး “ ဒေတာ ရှယ်လဲ” ပရိုမိုးရှင်းမှာ MPT Club ပွိုင့် (၁၁၁)ပွိုင့်ရှိထားရုံဖြင့်  ဒေတာ 1 GB နဲ့ လဲလှယ်နိုင်ပါပြီ။ လဲလှယ်ရယူထားသော 1 GB ဒေတာကိုလည်း (၃)ရက် အတွင်းအသုံးပြုနိုင်မှာဖြစ်ပြီး ပရိုမိုးရှင်းကာလ(၇)ရက်အတွင်း စိတ်ကြိုက်လဲလှယ်ရယူနိုင်ပါတယ်။

ကဲအခုပဲ MPT Club ပွိုင့်တွေရှိသလောက်ကို 1 GB ဒေတာနဲ့ ကြိုက်သလောက် လဲလှယ်ရယူလိုက်တော့နော်။

MPT Club ပွိုင့် (၁၁၁)ပွိုင့်ရှိထားရုံ ဖြင့်  ဒေတာ 1 GB လဲလှယ်ရယူနိုင်ပါသည်။

ပရိုမိုးရှင်းကာလ – ၂၀၂၄ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ နိုဝင်ဘာလ  ၁၇ ရက်နေ့အထိ

MPT4U App ကို အခမဲ့ ဒေါင်းလုတ်ရယူရန်

MPT Club အဖွဲ့၀င် မဖြစ်သေးပါက အောက်ပါနည်းလမ်းများအတိုင်း လုပ်ဆောင်ပြီး အဖွဲ့၀င်အဖြစ်ပရိုမိုးရှင်းများ နှင့် Discount မျိုးစုံခံစားခွင့်တွေကို ရယူနိုင်ပါသည်။

စည်းကမ်းချက်များ

အမေးများသောမေးခွန်းများ

၁။ MPT Club ဒေတာ ရှယ်လဲ ပရိုမိုးရှင်းအစီအစဥ်ဆိုတာဘာလဲ။

MPT Club အဖွဲ့ဝင်များအနေဖြင့် 1 GB Data (“ အကျိုးခံစားခွင့်” ) အတွက် MPT Club (၁၁၁) ပွိုင့်ဖြင့် နုတ်ယူခုနှိမ်လဲလှယ်ရယူနိုင်သည့် MPT Club ပရိုမိုးရှင်းအစီအစဥ်တစ်ခုဖြစ်ပါသည်။

၂။ ပရိုမိုးရှင်းအစီအစဥ်သက်တမ်းကာလက ဘယ်အချိန်အထိလဲ။

ဤပရိုမိုးရှင်းအစီအစဥ်အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ၊ (၁၇) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၃။ ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်သူတွေပါဝင်နိုင်ပါသလဲ။

MPT Club (၁၁၁) ပွိုင့် အနည်းဆုံးရှိသည့် MPT Club အဖွဲ့ဝင်များအနေဖြင့် ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

၄။ ဤပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်လိုပါဝင်လို့ရနိုင်မလဲ။

အောက်ဖော်ပြပါနည်းလမ်းတစ်ခုခုကို အသုံးပြု၍ အကျိုးခံစားခွင့်အားရရှိနိုင်ရန်အတွက် ပရိုမိုးရှင်းရက် တစ်ရက်ရက်၌ MPT Club (၁၁၁) ပွိုင့်ဖြင့် နုတ်ယူခုနှိမ်လဲလှယ်ကာ ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

၁။ MPT4U အပလီကေးရှင်းအား အသုံးပြု၍ဆောင်ရွက်ခြင်း (သို့မဟုတ်)
၂။ USSD နံပါတ် *345*3# အားခေါ်ဆို၍ဆောင်ရွက်ခြင်း၊ ။

၅။ MPT Club ပွိုင့်များဖြင့် နုတ်ယူခုနှိမ်လဲလှယ်ပြီးနောက် အကျိုးခံစားခွင့်အား မည်သည့်အချိန်တွင် လက်ခံရရှိမလဲ။

MPT Club ပွိုင့်ဖြင့် နုတ်ယူခုနှိမ်လဲလှယ်ပြီးသည်နှင့်တစ်ပြိုင်နက် အကျိုးခံစားခွင့်အား ချက်ခြင်း လက်ခံရရှိမည်ဖြစ်သည်။

၆။ ရရှိတဲ့အကျိုးခံစားခွင့်က ဘယ်အချိန်မှာ သက်တမ်းကုန်ဆုံးမှာလဲ။

အကျိုးခံစားခွင့်အား နုတ်ယူခုနှိမ်လဲလှယ်မှုပြုလုပ်ပြီးနောက် (၃)ရက် အတွင်း အသုံးပြုရမည်ဖြစ်ပြီး အသုံးမပြုပါက အလိုအလျောက် သက်တမ်းကုန်ဆုံးသွားမည်ဖြစ်သည်။

၇။ ပရိုမိုးရှင်းအစီအစဥ်မှာ အကျိုးခံစားခွင့် ရရှိနိုင်ဖို့အတွက် ပါဝင်သူလူဦးရေကန့်သတ်ချက်ရှိပါသလား။

ကန့်သတ်ချက်ရှိပါသည်။ ပရိုမိုးရှင်းအစီအစဥ်တွင် ပထမဦးဆုံးပါဝင်လာသော လူဦးရေ (၁,၀၀၀,၀၀၀) သာလျှင် အကျိုးခံစားခွင့်ကို လက်ခံရရှိနိုင်မည်ဖြစ်သည်။

၈။ ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်နှစ်ကြိမ်ပါဝင်ဆောင်ရွက်နိုင်ပါသလဲ။

ပါဝင်ဆောင်ရွက်သူအနေဖြင့် အကြိမ်ကြိမ် ထပ်မံလဲလှယ်၍ အကျိုးခံစားခွင့်ရယူနိုင်မည်ဖြစ်ပါသည်။

၉။ MPT Club အဖွဲ့ဝင်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

MPT4U အပလီကေးရှင်းအား ဒေါင်းလုပ်ရယူ၍ဖြစ်စေ၊ *345# အား ခေါ်ဆို၍ဖြစ်စေ MPT Club အဖွဲ့ဝင် အဖြစ် လွယ်ကူစွာပါဝင်ဆောင်ရွက်နိုင်ပါသည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်းချက် များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုးအတည်ဖြစ်စေ ရမည်။