ပုံမှန်ထက် အရမ်းတန်တဲ့ “ပွိုင့်တန်တန် ဒေတာလဲလှယ်ခွင့်” အစီအစဉ်

ပွိုင့်တန်တန်အစီအစဉ် မှတစ်ဆင့် MPT Club ပွိုင့် ဆုလက်ဆောင်တွေ ရပြီးကြပြီလား? MPT Club ပွိုင့်တွေကို အရမ်းတန်တဲ့ “ပွိုင့်တန်တန် ဒေတာ” [သုံးရက်သက်တမ်းရှိသော 2GB ဒေတာ] နှင့်လဲလှယ်အသုံးပြုလိုက်ပါ။

ပွိုင့်လဲလှယ်နှုန်း
ပုံမှန် ဒေတာပက်ကေ့ချ်(၇၉၉) ပွိုင့် > 2GB
ပွိုင့်တန်တန် ဒေတာ(၄၄၄) ပွိုင့် > 2GB

အရေအတွက်အကန့်အသတ်ရှိတာမလို့ MPT Club ပွိုင့်တွေနဲ့မြန်မြန်လဲပြီး ဒေတာရယူလိုက်တော့နော်!

ပရိုမိုးရှင်းကာလ : ၂၀၂၃ ဇန်န၀ါရီလ (၂၃) ရက်ကနေ (၂၆) ရက်အထိ

စည်းကမ်းသတ်မှတ်ချက်များ

အမေးများသောမေးခွန်းများ

မေးခွန်း။ MPT Club ပွိုင့်တန်တန်ပရိုမိုးရှင်းအစီအစဥ် ဆိုတာဘာလဲ။

အဖြေ ။ ဤပရိုမိုးရှင်းအစီအစဥ်သည် MPT Club အဖွဲ့ဝင်များအနေဖြင့် ပရိုမိုးရှင်းအစီအစဥ်ကာလအတွင်း (၄၄၄) ပွိုင့် လဲလှယ်ခုနှိမ်ခြင်းဖြင့် 2GB data package အားရရှိနိုင်မည့် အစီအစဥ်ဖြစ်ပါသည်။

မေးခွန်း။ ပရိုမိုးရှင်းအစီအစဥ်သက်တမ်းကာလက ဘယ်အချိန်အထိလဲ။

အဖြေ ။ ဤပရိုမိုးရှင်းအစီအစဥ်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ (၂၃) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၊ (၂၆) ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

မေးခွန်း။ ဤပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်သူတွေပါဝင်နိုင်သလဲ။

အဖြေ ။ ဤအစီအစဥ်တွင် MPT Club အဖွဲ့ဝင်များအားလုံး ပါဝင်နိုင်ပါသည်။

မေးခွန်း။ ဤပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်လိုပါဝင်ဆောင်ရွက်နိုင်သလဲ။

အဖြေ ။ ပရိုမိုးရှင်းအအစီအစဥ်သက်တမ်းကာလအတွင်း MPT Club (၄၄၄) ပွိုင့် လဲလှယ်ခုနှိမ်ခြင်းဖြင့် ဤအစီအစဥ်တွင် ပါဝင်ဆောင်ရွက်နိုင်ပါသည်။

မေးခွန်း။ အကျိုးခံစားခွင့် 2GB data package အတွက် ဘယ်လိုခုနှိမ်ရမလဲ။

အဖြေ။ အကျိုးခံစားခွင့်အတွက် အောက်ပါနည်းလမ်းများဖြင့် လဲလှယ်ခုနှိမ်ရယူနိုင်ပါသည်။
(က) MPT4U အပလီကေးရှင်းမှတဆင့်၊ သို့မဟုတ်
( ခ) *345# အား နှိပ်၍ရယူခြင်း။

မေးခွန်း။ ပါဝင်ဆောင်ရွက်သူများအနေဖြင့် အကျိုးခံစားခွင့်ကို ဘယ်လိုရရှိနိုင်မှာလဲ။

အဖြေ ။ ပါဝင်ဆောင်ရွက်သူများမှ MPT Club (၄၄၄) ပွိုင့်ဖြင့် လဲလှယ်ခုနှိမ်လိုက်သည်နှင့်တစ်ပြိုင်နက် အကျိုးခံစားခွင့်ကို ချက်ခြင်းလက်ခံရရှိမည်ဖြစ်ပါသည်။

မေးခွန်း။ အကျိုးခံစားခွင့်အား အသုံးပြုနိုင်သည့်သက်တမ်းကာလက ဘယ်လောက်လဲ။

အဖြေ ။ အကျိုးခံစားခွင့်အား အသုံးပြုနိုင်သည့်သက်တမ်းသည် ပွိုင့်လဲလှယ်ခုနှိမ်ပြီးနောက် (၃) ရက်အတွင်း ဖြစ်ပါသည်။

မေးခွန်း။ ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ရန်အတွက် လူဦးရေကန့်သတ်ချက်ရှိပါသလား။

အဖြေ ။ ကန့်သတ်ချက်ရှိပါသည်။ ဤပရိုမိုးရှင်းအစီအစဥ်တွင် ပထမဦးဆုံးပါဝင်လာသူ လူဦးရေ (၅၀၀,၀၀၀) ကသာလျှင် ပရိုမိုးရှင်းအစီအစီတွင် ပါဝင်နိုင်မည်ဖြစ်သည်။

မေးခွန်း။ ဤပရိုမိုးရှင်းအစီအစဥ်မှာ အကျိုးခံစားခွင့်ကို ဘယ်နှစ်ကြိမ်လောက်ရရှိနိုင်ပါသလဲ။

အဖြေ ။ ဤပရိုးမိုးရှင်းအစီအစဥ်တွင် MSISDN/ဖုန်းနံပါတ်တစ်ခုအတွက် တစ်ကြိမ်သာလျှင် အကျိုးခံစားခွင့်ကို ရရှိခံစားနိုင်မည်ဖြစ်သည်။

မေးခွန်း။ MPT Club အဖွဲ့ဝင်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

အဖြေ ။ MPT4U အပလီကေးရှင်းအား ဒေါင်းလုပ်ရယူခြင်းဖြင့်လည်းကောင်း၊ *345# အား ခေါ်ဆို၍ လည်းကောင်း MPT Club အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နိုင်ပါသည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်းချက် များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုးအတည် ဖြစ်စေရမည်။

best operator in Myanmar