နို၀င်ဘာလ အတွက် Top Up ထိပေါက် ပရိုမိုးရှင်း ပြန်လာပါပြီ!

ဖုန်းဘေလ်ဖြည့်ပြီး ထိပေါက်ဂိမ်းဆော့ကာ ပွိုင့်လက်ဆောင် 9999 ပွိုင့်အထိ ကံထူးရယူလိုက်ကြရအောင်။

လေးစားရပါသော MPT အသုံးပြုသူများအတွက် နို၀င်ဘာလမှာလည်း တန်ဆောင်တိုင်အထူးအစီအစဥ်အနေနဲ့ 9999  ပွိုင့် အထိ Club ပွိုင့်“ထိပေါက်”ဆုလက်ဆောင်ကြီးများ ကံထူးခွင့်ရမယ့် “Top Up ထိပေါက်” ပရိုမိုးရှင်းကို MPT ချစ်သူများ ပျော်ရွှင်စွာအတူတကွဆင်နွှဲနိုင်စေရန် MPT မှ ထပ်မံ စီစဉ်ပေးလိုက်ပါတယ်။

Club ပွိုင့်ဘောနပ်စ်တွေ ကံထူးရယူဖို့ အတူတကွ ပါ၀င်ဆင်နွှဲဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

ပရိုမိုးရှင်းကာလ – ၂၀၂၃ ခုနှစ် နို၀င်ဘာလ (၁၇) ရက်နေ့မှ (၂၇) ရက်နေ့အထိ

မှတ်ချက်။ MPT မိုဘိုင်းလ်၀န်ဆောင်မှုများနှင့် လဲလှယ်အသုံးပြုနိုင်သော ထိပေါက် Club ပွိုင့်လက်ဆောင်များကို MPT Club အဖွဲ့၀င်ဖြစ်မှသာလျှင် ခံစားခွင့် ရရှိနိုင်ပါမည်။

MPT4U အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီး စတင်သုံးစွဲခြင်းဖြင့် MPT Club အဖွဲ့ဝင်အလိုအလျောက် ဖြစ်နိုင်ပါသည်။ MPT4U အခမဲ့ ဒေါင်းလုတ်ရယူရန်- https://lotaya.mpt.com.mm/event/191

USSD ကို အသုံးပြုခြင်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုပြီးလည်း အဖွဲ့ဝင်ဖြစ်နိုင်ပါသည်။

MPT Club အဖွဲ့ဝင် ဖြစ်ပြီ ဆိုရင်တော့ “Top Up ထိပေါက်” ရဲ့ ထိပေါက် Club ပွိုင့်လက်ဆောင်များ ကို ခံစားခွင့်ရရှိပါပြီ။

အမေးများသောမေးခွန်းများ

၁။ Top Up ထိပေါက် ပရိုမိုးရှင်း ဆိုတာဘာလဲ ?

သီတင်းကျွတ်အထူးအစီအစဥ်အနေနဲ့ ကြိုက်နှစ်သက်ရာနည်းလမ်းကနေ ၁၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ပြီး (ဖုန်းဘေလ် လွှဲပြောင်းပေး၍ ငွေဖြည့်ခြင်းနည်းလမ်းမပါ၀င်ပါ) MPT4U မှာထိပေါက်ကစားရုံနဲ့ MPT Club ၉၉၉၉ ပွိုင့် အထိ “ထိပေါက်” လက်ဆောင် ကံထူးခွင့်ကို ရရှိနိုင်မှာပါ။

၂။ ဘယ်သူတွေဝယ်ယူကံစမ်းနိုင်မှာလဲ?

MPT မှ ဆွေသဟာအစီအစဉ် ရယူထားသော GSM/WCDMA prepaid စနစ် အသုံးပြုသူများ နှင့် လက်ရှိ အသုံးပြုနေသူများ ဝယ်ယူကံစမ်းနိုင်ပါတယ်။

၃။ ဘယ်နည်းလမ်းတွေနဲ့ “Top Up ထိပေါက်” ပရိုမိုးရှင်း မှာပါဝင်နိုင်မှာပါလဲ?

ပရိုမိုးရှင်းကာလအတွင်း ကြိုက်နှစ်သက်ရာနည်းလမ်းကနေ ၁၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ပြီး MPT4U မှာထိပေါက်ကစားရုံနဲ့ MPT Club ၉၉၉၉ ပွိုင့် အထိ “ထိပေါက်” လက်ဆောင် ကံထူးခွင့်ကို ရရှိနိုင်မှာပါ။

၄။ ပွိုင့် ထိပေါက် လက်ဆောင်ကို ဘာတွေသုံးနိုင်မှာလဲ။

ပွိုင့် ထိပေါက် လက်ဆောင်ကို လက်ရှိ Club ပွိုင့် အသုံးပြုသည့် ၀န်ဆောင်မှုအတိုင်း အသုံးပြုနိုင်ပါတယ်။

၅။ ပွိုင့် ထိပေါက် လက်ဆောင်ကို ဘယ်နှရက်အသုံးပြုနိုင်မှာလဲ။

ပွိုင့် ထိပေါက် လက်ဆောင်ကို လက်ရှိပွိုင့်သက်တမ်းအတိုင်း (၃၆၅) ရက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၆။ ပရိုမိုးရှင်းနေ့မှာ ဖုန်းငွေ ၁၀၀၀ကျပ်ဖြည့်ထားပါတယ်။ MPT4U မှာထိပေါက်ကစားပြီးတော့ ပွိုင့် လက်ဆောင် ၉၉၉၉ မရရှိပါဘူး။ ဘာလို့လဲ?

ထိပေါက်ကစားခြင်းမှတစ်ဆင့် ရရှိလာသော ပွိုင့်ထိပေါက်လက်ဆောင်များကို အလျဉ်းသင့်သလို ရွေးချယ် ပေးအပ်ခြင်းသာဖြစ်ပြီး ပွိုင့် လက်ဆောင် ၉၉၉၉ အထိ ကံထူးရရှိနိုင်မှာပါ။ ပရိုမိုးရှင်းကာလအတွင်း ကြိုက်နှစ်သက် ရာနည်းလမ်းကနေ ၁၀၀၀ ကျပ်နှင့်အထက် ဖုန်းငွေဖြည့်ပြီး MPT4U မှာထိပေါက်ကစားရုံနဲ့ ပိုမိုများသော ပွိုင့် ထိပေါက် လက်ဆောင်ပမာဏများကို အကန့်အသတ်မရှိ ကံစမ်းရယူလိုက်ပါ။

၇။ MPT Club အဖွဲ့ဝင် မဟုတ်ပါက MPT4U မှာထိပေါက်ကစားပြီး " Top Up ထိပေါက် လက်ဆောင်” ခံစားခွင့်ကို ရနိုင်ပါသလား။?

MPT Club အဖွဲ့ဝင် မဟုတ်ပါက “ Top Up ထိပေါက် လက်ဆောင်” ခံစားခွင့်ကို ပရိုမိုးရှင်းကာလတွင် ရရှိမည် မဟုတ်ပါ။

၈။ MPT Club အဖွဲ့ဝင်ဖြစ်ဖို့ ဘယ်လိုလုပ်ဆောင်လို့ ရပါသလဲ?

MPT4U အက်ပလီကေးရှင်းကိုဒေါင်းလုတ်ရယူပြီး စတင်သုံးစွဲခြင်း(သို့) USSD Code *345# ကို ရိုက်နှိပ်ခေါ်ဆိုပြီးလည်း လျင်မြန်လွယ်ကူစွာနဲ့အဖွဲ့ဝင်ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ “ Top Up ထိပေါက် လက်ဆောင်” ခံစားခွင့်ကိုရရှိနိုင်ပါပြီ။

၉။ ပရိုမိုးရှင်းကာလအတွင်း ပွိုင့် လက်ဆောင်ကို အကြိမ်များစွာ ရယူနိုင်ပါသလား။

ဟုတ်ကဲ့။ ပရိုမိုးရှင်းကာလအတွင်း ၁၀၀၀ ကျပ်နှင့်အထက် ကြိုက်နှစ်သက်ရာနည်းလမ်းကနေ ဖုန်းငွေဖြည့်တိုင်း MPT4U မှာထိပေါက်ကစားကာ ပိုမိုများသော ပွိုင့် ထိပေါက် လက်ဆောင်ပမာဏများ အကန့်အသတ်မရှိ ရယူ ကံစမ်းလိုက်ပါ။

၁၀။ Top Up ထိပေါက် ကစားခွင့်လက်ဆောင်ကို ဘယ်နှရက်အတွင်း အသုံးပြုနိုင်မှာလဲ။

Top Up ထိပေါက်ကစားခွင့်လက်ဆောင်ကို ရရှိပြီးသည့်နေ့အတွင်း 23:59:59 အထိ သက်တမ်းအတိုင်း အသုံးပြုနိုင် မှာဖြစ်ပါတယ်။

၁၁။ ပရိုမိုးရှင်းကာလက ဘယ်အထိလဲ။

၂၀၂၃ခုနှစ် နို၀င်ဘာလ (၁၇) ရက်နေ့မှ နို၀င်ဘာလ (၂၇) ရက်နေ့ အထိ။

best operator in Myanmar