world cup banner 2022
world cup mobile 2022

2022 FIFA WORLD CUP

MPT အသုံးပြုသူများအနေနဲ့ 2022 FIFA WORLD CUP ဘောလုံးပြိုင်ပွဲကြီးကို တစ်ကမ္ဘာလုံးကလူတွေနဲ့အတူ ရင်ခုန် ကြည့်ရှုနိုင်ပါပြီ။

နိုဝင်ဘာ ၂၀ ရက်နေ့မှ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပြီး ထိပ်တန်းအသင်း ၃၂ သင်း၏ တစ်လတာယှဉ်ပြိုင်မည့် ဘောလုံးပွဲစဉ်အားလုံးကို MPT IPTV Application (သို့) MPT IPTV Website တွင် စာရင်းသွင်း ဝန်ဆောင်ခ ပေးစရာမလိုဘဲ အသက်သာဆုံးဒေတာနှုန်းထားဖြင့် တိုက်ရိုက် (LIVE) ကြည့်ရှုနိုင်ပါသည်။

ကမ္ဘာ့ဖလား ballone Data Pack

 “ကမ္ဘာ့ဖလားဘောလုံး” အထူးပက်ကေ့ချ်အား အမျိုးအစား (၃) မျိုးထုတ်လုပ်ထားပြီး MPT IPTV သုံးစွဲသူများ အနေနှင့် မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသော အမျိုးအစားအား ရွေးချယ်ဝယ်ယူနိုင်ပါသည်။ ရွေးချယ်ဝယ်ယူနိုင်သော အမျိုးအစားများမှာ_

  • ၃ ရက်စာ ပက်ကေ့ချ်

    စျေးနှုန်း: ၉၉၉ ကျပ်

    ဒေတာ : 1,000 MB (IPTV Only)

    သက်တမ်း : ၃ ရက်

    စာတို: Send SMS WC1 to 1331

    တိုက်ရိုက် : USSD *2022*1#

    အက်ပလီကေးရှင်း : MPT4U (or) MPT Pay

  • ၇ ရက် စာ ပက်ကေ့ချ်

    စျေးနှုန်း: ၁၉၉၉ ကျပ်

    ဒေတာ : 3,000 MB

    သက်တမ်း : ၇ ရက်

    စာတို: Send SMS WC2 to 1331

    တိုက်ရိုက် : USSD *2022*2#

    အက်ပလီကေးရှင်း : MPT4U (or) MPT Pay

  • ၁၅ ရက်စာ ပက်ကေ့ချ်

    စျေးနှုန်း: ၄,၉၉၉ ကျပ်

    ဒေတာ : အကန့်အသတ်မရှိ

    သက်တမ်း : ၁၅ ရက်

    စာတို: Send SMS WC3 to 1331

    တိုက်ရိုက် : USSD *2022*3#

    အက်ပလီကေးရှင်း : MPT4U (or) MPT Pay

Guess the Goal Scores and Get Your Club Point

FIFA World Cup 2022 ပွဲစဥ်တွေရဲ့ Goal ရလဒ်များကို ခန့်မှန်းရင်း MPT Club Point များ ရယူလိုက်ကြပါစို့ !!

MPT IPTV တွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုနိုင်မည့် Channels များ

sky net sport
world cup with sky net

FIFA World Cup 2022 Groups

world cup gruop

စည်းကမ်းသတ်မှတ်ချက်များ

  1. ဝယ်ယူထားသော Data Pack ကို MPT IPTV Application တွင်သာ အသုံးပြုနိုင်ပါသည်။
  2. Data Pack အသုံးပြုနိုင်သော သက်တမ်းကာလသည် မိမိဝယ်ယူထားသော ပက်ကေ့ချ်ပေါ်လိုက်၍ ပြောင်းလဲသွားမည်ဖြစ်သည်။
  3. ဝယ်ယူထားသော Data Pack အသုံးပြုပြီးနောက် (သို့) သုံးစွဲနိုင်သော
    ဒေတာသက်တမ်း ကျော်လွန်ပြီးနောက်တွင် ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားပါမည်။
  4. ကမ္ဘာ့ဖလား ballone Data Pack ကို အကြိမ် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါသည်။

FIFA World Cup 2022 Guess the Goals ပရိုမိုးရှင်းအစီအစဥ်အတွက် စည်းကမ်းချက်များ

Guess the Goals ပရိုမိုးရှင်းအစီအစဥ်စည်းကမ်းချက်များနှင့်စပ်လျဥ်း၍ အမေးများသောမေးခွန်းများ

အမေးများသောမေးခွန်းများ

1. MPT IPTV ဆိုတာဘာလဲ?

MPT IPTV ဆိုတာ အွန်လိုင်းပေါ်ကနေ ရုပ်ရှင်၊ ဗွီဒီယိုတွေကို ကြည့်ရှုနိုင်တဲ့ Application/website တစ်ခုဖြစ်ပါတယ်။ MPT IPTV ကနေ ကမ္ဘာ့ဖလားဘောလုံးပွဲစဥ်တွေ၊ မြန်မာစာတန်းထိုး နိုင်ငံတကားဇာတ်ကားတွေနဲ့ ရုပ်သံလိုင်းပေါင်းများစွာကိုတိုက်ရိုက်ကြည့်ရှု နိုင်ပါတယ်။

2.MPT IPTV ကိုဘယ်လို download ရယူနိုင်မလဲ?

MPT IPTV ko အောက်က link တွေကနေ download ရယူနိုင်ပါတယ်။
i. Android 👉 https://bit.ly/3zL92cX
ii. IOS 👉https://apple.co/3zvuPFk

3. ကမ္ဘာ့ဖလား ballone Data Pack ဆိုတာကရော ဘာလဲ

ကမ္ဘာ့ဖလား ballone Data Pack ဆိုတာ MPT အသုံးပြုသူတွေအတွက် MPT IPTV မှာရုပ်ရှင်၊ ဗီဒွီယိုတွေကို စိတ်ကြိုက်ကြည့်ရှုနိုင်တဲ့ Data Pack အမျိုးအစား တစ်ခုဖြစ်ပါတယ်။

4. ကမ္ဘာ့ဖလား ballone Data Pack အား မည်သို့ဝယ်ယူရရှိနိုင်ပါသလဲ

ကမ္ဘာ့ဖလား ballone Data Pack ကို USSD Code *2022# ၊ MPT4U App, MPT website က Chatbot နဲ့ 1331 ကို SMS ပေးပို့၍ ဝယ်ယူနိုင်ပါတယ်။

ပက်ကေ့ချ် အမျိုးအစားစျေးနှုန်းဒေတာပမာဏသက်တမ်းUSSDSMS Short Code
၃ ရက်စာ ပက်ကေ့ချ်၉,၉၉ ကျပ်1,000 MB (IPTV Only)(၃) ရက်*2022*1#“WC1” ကို 1331 သို့ပေးပို့ရန်
၇ ရက် စာ ပက်ကေ့ချ်၁,၉၉၉ ကျပ်3,000 MB (IPTV Only)(၇) ရက်*2022*2#“WC2” ကို 1331 သို့ပေးပို့ရန်
၁၅ ရက်စာ ပက်ကေ့ချ်၄,၉၉၉ ကျပ်Unlimited (IPTV Only)(၁၅) ရက်*2022*3#“WC3” ကို 1331 သို့ပေးပို့ရန်

5. ကမ္ဘာ့ဖလား ballone Data Pack ကို Facebook သုံးခြင်း Youtube ကြည့်ခြင်း တို့အတွက် အသုံးပြုနိုင်ပါသလား?

အသုံး၍မရပါ။ ဝယ်ယူထားသော Data များကို MPT IPTV တွင်သာ အသုံးပြုနိုင်ပါတယ်။ MPT IPTV မှ လွဲပြီး အခြားသောဒေတာ အသုံးပြုမှုများအတွက် ဝယ်ယူထားသော သက်ဆိုင်ရာ Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

6. ကမ္ဘာ့ဖလား ballone Data Pack နှင့်ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက မည်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသလဲ?

ကမ္ဘာ့ဖလား ballone Data Pack နှင့် ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက MPT Call Center 106 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

၀န်ဆောင်မှုအကြောင်း

၁။ FIFA WORLD CUP 2022 ဆိုသည်မှာ အဘယ်နည်း။

FIFA WORLD CUP ပြိုင်ပွဲသည် ကမ္ဘာ့အကြီးဆုံး ဘောလုံးပြိုင်ပွဲဖြစ်ပြီး လေးနှစ်တစ်ကြိမ်ကျင်းပပါသည်။ ထိပ်တန်းအသင်း ၃၂ သင်းက တစ်လတာယှဉ်ပြိုင်မည်ဖြစ်ပါသည်။ အိမ်ရှင်နိုင်ငံကို FIFA ကောင်စီက ရွေးချယ်ခြင်းဖြစ်ပြီး ယခုနှစ်တွင်တော့ ကာတာနိူင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ပါသည်။

၂။ MPT IPTV ၀န်ဆောင်မှု တွင် FIFA WORLD CUP 2022 ဆိုသည်မှာ အဘယ်နည်း။

MPT IPTV ၀န်ဆောင်မှု တွင် 2022 FIFA WORLD CUP ဆိုသည်မှာ FIFA WORLD CUP ဘောလုံးပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မှု၊ ပြီးခဲ့သောပွဲစဥ် များကို MPT ကွန်ရက်မှတဆင့် သီးသန့် ဝန်ဆောင်
ပေးစရာမလိုဘဲ MPT IPTV တွင် ကြည့်ရှုနိုင်ပါသည်။ ထို့ပြင် MPT IPTV ၀န်ဆောင်မှု တွင် ပြည်တွင်းပြည်ပ ရုပ်သံလိုင်းများ၊ ရုပ်ရှင်ဇာတ်လမ်းများ ပါဝင်သော ဗွီဒီယိုများကိုလည်း ကြည့်ရှု ခံစားနိုင်ပါသည်။

၃။ MPT IPTV ကို ဘယ်လိုအသုံးပြုရပါသလဲ။

MPT IPTV တွင် Android အပလီကေးရှင်းနှင့် iOS အက်ပလီကေးရှင်းသာမက မိုဘိုင်းဝဘ်ဗားရှင်း (Android မှ browser များဖြင့်သာ) လည်း ပါရှိသည်။ အသုံးပြုသူသည် ၎င်းကို Google Play Store နှင့် App Store တွင်“MPT IPTV” ဟု ရိုက်ထည့်၍ ဒေါင်းလုတ်ရယူနိုင်ပါသည်။ MPT အသုံးပြုသူများ Android အတွက် Lo Ta Ya ( https://lotaya.mpt.com.mm/event/268 ) မှ ဒေါင်းလုဒ်ဆွဲနိုင်ပြီး MPT မိုဘိုင်းကွန်ရက်ဖြင့် အခမဲ့ရယူ နိုင်ပါသည်။ (သို့မဟုတ်) *1717# ကိုခေါ်ဆိုခြင်းဖြင့် SMS မှတစ်ဆင့် လင့်ခ်များကို လွယ်ကူစွာရယူနိုင်ပါသည်။

၄။ MPT မှ ဤဝန်ဆောင်မှုကိုဘာကြောင့် ဝန်ဆောင်မှုပေးပါသလဲ။

MPT သည် မြန်မာနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်ပြီး MPT သုံးစွဲသူများကို မိုဘိုင်းနှင့်ပတ်သက်သော အတွေ့အကြုံကောင်းများ ရရှိစေရန်ဖြစ်ပါသည်။ FIFA World Cup သည် မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့တစ်ဝှမ်းတွင် လူကြိုက်အများဆုံး ဘောလုံးပြိုင်ပွဲ ဖြစ်သည်။ ဤထူးခြား သော ဝန်ဆောင်မှုကိုပေးခြင်းဖြင့် MPT သုံးစွဲသူများ၏ စိတ်ကျေနပ်မှုကို အထောက်အကူ ပြုနိုင်ရန်ဖြစ်ပါ သည်။

၅။ MPT သုံးစွဲသူများအတွက် ဤဝန်ဆောင်မှု ၏ အကျိုးကျေးဇူးကား အဘယ်နည်း။

MPT သုံးစွဲသူများသည် တိုက်ရိုက်ထုတ်လွှင့်သော FIFA WORLD CUP ဘောလုံးပွဲများ၊ SKYNET SPORTS-6 နှင့် SPORTS -1 ချန်နယ်များ တွင်ပြသနေသော FIFA WORLD CUP ဘောလုံးပွဲများ ကြည့်ရှုနိုင်ခြင်း ၊ ပြီးခဲ့သောပွဲစဥ်များကိုလည်း ပြန်လည်ကြည့်ရှုနိုင်ပါသည်။ MPT သုံးစွဲသူများ သည် အချိန်မရွေး ၊ နေရာမရွေး မိမိ မိုဘိုင်းဖုန်းဖြင့် MPT ကွန်ရက်မှတဆင့် ကြည့်ရှုနိုင်ပါသည်။

၆။ တိုက်ရိုက်ထုတ်လွှင့်မှုများ နှင့် ဗွီဒီယိုများကို ဘယ်လိုကြည့်ရှုနိုင်ပါသလဲ။

MPT အသုံးပြုသူများသည် FIFA WORLD CUP ဘောလုံးပွဲစဉ်များ ကို “MPT IPTV” App ဖြင့် Android (5.0 သို့မဟုတ် ထို့ထက်ပို၍) ကြည့်ရှုနိုင်ပြီး၊ သို့မဟုတ် IOS (9.0 သို့မဟုတ် ထို့ထက်ပိုသော) အတွက် App Store သို့မဟုတ် မိုဘိုင်းဝဘ်ဗားရှင်း (https://iptv.mpt.com.mm/) မှ ကြည့်ရှုနိုင်သည်။ သုံးစွဲသူများသည် ဝန်ဆောင်မှု icons များ ပြသထားသည့် “MPT IPTV” icons များကို နှိပ်ခြင်းဖြင့် “MPT4U” App သို့မဟုတ် ဝဘ်ဗားရှင်းမှတစ်ဆင့် ၎င်းကို ကြည့်ရှုခံစားနိုင်သည်။

၇။ အသုံးပြုသူများသည် တိုက်ရိုက်ထုတ်လွှင့်မှုများ (သို့မဟုတ် )ဗွီဒီယိုကို Wi-Fi ကွန်ယက် သို့မဟုတ် အခြားမိုဘိုင်း ကွန်ယက်များ မှတဆင့် အသုံးပြုနိူင်ပါသလား။

အသုံးမပြုနိူင်ပါ။ ၎င်းကို MPT မိုဘိုင်းကွန်ယက်မှသာ အသုံးပြုနိူင်ပါသည်။

ငွေပေးချေမှုပုံစံများ

၈။ တိုက်ရိုက်ထုတ်လွှင့်မှုများ နှင့် ဗွီဒီယိုများ ကြည့်ရှုရန် ဝန်ဆောင်ခပေးသွင်းရန် လိုအပ်ပါသလား။

FIFA WORLD CUP ဘောလုံးပွဲ ပါ၀င်သောဝန်ဆောင်မှုများကို သီးသန့် ဝန်ဆောင်ခပေးသွင်းရန် မလိုအပ်ဘဲ MPT မိုဘိုင်းကွန်ယက်မှတဆင့် အက်ပလီကေးရှင်းကို အသုံးပြု၍ ကြည့်ရှုနိုင်ပါသည်။ (MPT ဒေတာ အသုံးပြုခ သာ ကျသင့်မည်ဖြစ်ပါသည်။)

၉။ သုံးစွဲသူများသည် ဒေတာအတွက် ဝန်ဆောင်ခ သက်သာရန် မည်သို့ပြုလုပ်နိုင်ပါသနည်း။

MPT သည် ဆွဲဆောင်မှုရှိသော data package များစွာကို ရောင်းချပေးလျှက်ရှိပါသည်။ ဝယ်ယူသုံးစွဲသူ များအနေဖြင့် MPT4U App တွင် (သို့မဟုတ်) *106# ကို ခေါ်ဆို၍ ဒေတာများကို ၀ယ်ယူ အသုံးပြုနိုင်ပါ သည်။ (FIFA WORLD CUP အတွက် သီးသန့် package မရှိပါ။)

နည်းပညာအကူအညီ

၁၀။ တိုက်ရိုက်ထုတ်လွှင့်မှုများ နှင့် ဗွီဒီယို များ၏ အရည်အသွေး ကောင်းမွန်ပါသလား။

ဖုန်းနှင့် အသုံ:ပြုသူများအတွက် 1K HD (1280*720P) & SD (720*576P)ရုပ်ထွက်များဖြင့်ကြည့်ရှုနိုင်ပါသည်။

၁၁။ တိုက်ရိုက်ကြည့်ရှုခြင်းတွင် ဗီဒီယို ရုပ်ထွက်ကိုမည်သို့ရွေးချယ်နိုင်ပါသလဲ။

App တွင် ဗီဒီယို ရုပ်ထွက်များကို အင်တာနက်ဆွဲအားပေါ်မူတည်ပြီး အလိုလျောက်ချိန်ညှိပေးပါသည်။

၁၂။ ကြည့်ရှုနေစဥ် ရပ်တန့်သွားပါက မည်သို့ပြုလုပ်ရမည်နည်း။

ဦးစွာ အင်တာနက်လိုင်းဆွဲအားကို စစ်ဆေးပါ။ App ကို အဖွင့်ပိတ်လုပ်ပါ။ မရပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၁၃။ ရုပ်သံများ ရုပ်ထွက်မကောင်းပါက မည်သို့ပြုလုပ်နိုင်မည်လဲ။

ရုပ်သံများ ရုပ်ထွက်မကောင်းခြင်းသည် အောက်ပါအချက်အလက်များကြောင့်ဖြစ်နိုင်ပါသည်။
• အင်တာနက်လိုင်းစွဲအား အားနည်းခြင်း
• App/web တွင် ရုပ်သံလိုင်းများ ကြည့်ရှုနေပါက ရုပ်ထွက်ကို HD သို့ပြောင်းလဲပြီး ကြည့်ရှုနိုင်ပါသည်။

၁၄။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် နည်းပညာဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာပါက မည်သို့ပြုလုပ်ရမည်နည်း။

အသုံးပြုနေသော application သည် နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်စစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက Error Code ကိုမှတ်ထားပြီး အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၁၅။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် အသံမကြားရပါက မည်သို့ပြုလုပ်ရမည်နည်း။

အသံဖွင့်ထားခြင်းရှိမရှိစစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၁၆။ MPT IPTV ၀န်ဆောင်မှုတွင် မျက်နှာပြင်အပြည့်နှင့် ကြည့်ရှုခြင်းကို မည်သို့ ပိတ်ရမည်နည်း။

IPTV App အတွက် Return ခလုပ်ကိုနှိပ်ပါ။

၁၇။ Web ကို အခုလက်ရှိအသုံးပြုနေတဲ့ browser ဖြင့် ဗီဒီယိုကိုမကြည့်နိုင်ရင် ဘယ်လိုလုပ်ရမလဲ။

သင်၏လက်ရှိအသုံးပြုနေတဲ့ browser ဖြင့်ဗီဒီယိုကိုမကြည့်နိုင်လျှင် ကျေးဇူးပြု၍ Chrome browser ကိုပြောင်းသုံးပါ။

အခြား

၁၈။ MPT အပိုဆုဒေတာလက်ဆောင်များဖြင့် MPT IPTV ဝန်ဆောင်များကို ကြည့်ရှုနိုင်ပါသလား။

MPT အပိုဆုဒေတာလက်ဆောင်များဖြင့် MPT IPTV ဝန်ဆောင်မှုများကို ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း လေးစားစွာ အသိပေးပါရစေ။ MPT IPTV အက်ပလီကေးရှင်း ဒေတာအသုံးပြုခကို လူကြီးမင်း ဝယ်ယူထားသော data package/ လက်ကျန်ငွေ မှကောက်ခံမည် ဖြစ်ပါသည်။ MPT မိုဘိုင်းကွန်ယက်ဖြင့် MPT IPTV အက်ပလီကေးရှင်းကို အသုံးပြုရာတွင် လူကြီးမင်း ဝယ်ယူထားသော data package/ လက်ကျန်ငွေ လုံလောက်မှုမရှိပါက အသုံးပြု၍ ရနိုင်မည်မဟုတ်ပါ။

best operator in Myanmar