"MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း အရေးကြီး အသိပေးချက်"

လူကြီးမင်း၏ SIM Card များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး  အချက်အလက် ကွဲလွဲစွာ မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်များအား အသိပေးစာတို ပေးပို့ထားပါသည်။

MPTSimAlert ခေါင်းစဉ်ဖြင့် စာတို (SMS) အသိပေးစာ လက်ခံရရှိပါက စာတို ရရှိသည့် ပထမရက်မှ စ၍ရက်ပေါင်း (၃၀)အတွင်း အောက်ပါအချက်များကို လုပ်ဆောင်ရန် လိုအပ်ပါသည်။

(၁) *601#သို့ ခေါ်ဆို၍ မိမိမှတ်ပုံတင်ထားသော အချက်အလက် ပြန်လည်စစ်ဆေးပါ။
(၂) နိုင်ငံသားစိစစ်ရေးကတ်ပြားပါ အချက်အလက်များအတိုင်း MPT4U app https://bit.ly/UpdateSIMData တွင်လည်းကောင်း၊  နီးစပ်ရာ အရောင်းဆိုင်များတွင် လည်းကောင်း မှန်ကန်စွာ မှတ်ပုံတင်ရန် လုပ်ဆောင်ပါ။ နိုင်ငံသားစိစစ်ရေးကတ် (၁)ကတ် ဖြင့် ဆင်းမ်ကတ် (၂) ကတ်အထိ အသုံးပြုနိုင်ပြီး အရောင်းဆိုင်များတွင် မှတ်ပုံတင်မည်ဆိုပါက ကျေးဇူးပြု၍ မှနိုင်ငံသားစိစစ်ရေးကတ် အား တစ်ပါတည်း ယူဆောင်သွားရန် တိုက်တွန်းအပ်ပါသည်။
(၃)အချက်အလက်မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ရန် လုပ်ဆောင်ရာတွင် အခက်အခဲရှိပါက MPT Call center (106) သို့ဆက်သွယ်၍ သော်လည်းကောင်း နီးစပ်ရာ MPT ဝန်ထမ်းများမှ လည်းကောင်း အကူအညီ ရယူပါ။

ပြင်ဆင်မှုမရှိပါက အထွက်ခေါ်ဆိုမှုနှင့် ဒေတာဝန်ဆောင်မှုများ ကန့်သတ်သွားမည် ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း(သို့မဟုတ်) မှတ်ပုံတင်အချက်လက်များ စစ်ဆေးရန်

 လင့်ခ်သို့နှိပ်ပါ https://bit.ly/UpdateSIMData

အမေးများသော မေးခွန်းများ

၁။ ကျွန်တော့်ရဲ့ SIM registration က ၂ ကဒ် ပြည့်ပီလား မပြည့်သေးဘူးလား စစ်ဆေးပေးလို့ရပါသလား ခင်ဗျာ။

ကျေးဇူးပြု၍ MPT4U သို့ USSD code *601# ဖြင့် စစ်ဆေးနိုင်ပါသည်။ အကယ်၍ စစ်ဆေး၍ မရခြင်း (သို့) အချက်အလက်များ ပြင်ဆင်၍ မရပါက Ownshop သို့ သွားရောက်နိုင်ပါသည်။

၂။ MPT4U မှာ ဆင်းကဒ် Register ပြုလုပ်လို့ မရဘူး။ အကြံပေးပါအုန်းရှင့်။

ပထမဆုံးအနေဖြင့် MPT4U နောက်ဆုံး version အား update ပြုလုပ်ထားရန် လိုအပ်ပါသည်။ ထို့နောက် နောက်တစ်ကြိမ် Register ပြုလုပ်ပါ။ အကယ်၍ မရပါက Ownshop သို့ သွားရောက်ပါ။

၃။ MPT4U မှာ Sim ကဒ်ကို Register လုပ်လိုက်တဲ့အခါ " ၂ ကဒ် အသုံးပြုပြီး ဖြစ်ပါသည်“ လို့ ပြနေပါတယ်။ မည်သို့ ဆက်လက်လုပ်ဆောင်ရမလဲ။

ထိုသို့ ပြဿနာများကို အနီးစပ်ဆုံး Ownshop များတွင် သွားရောက် စစ်ဆေးနိုင်ပါသည်။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။

၄။ကျွန်တော်တို့ ဆင်းကဒ်တွေ က ဘယ်ချိန်မှာ ရပ်သွားမှာလဲ။

ပိတ်သိမ်းမည့် အချိန်အား အတိအကျ မသိရသေးပါ။ သို့သော်လည်း မိမိ လက်ရှိအသုံးပြုနေသည့် Sim Card များအား PTD မှ ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်း များအတိုင်း မှန်ကန်စွာ Register ပြုလုပ်ပေးရပါမည်။

၅။မှန်ကန်တဲ့ SIM Registration က ဘာလဲ ။ သုံးစွဲသူ က နေထိုင်သည့် လိပ်စာ ထည့်ရန် လိုအပ်ပါသလား။

၁) ကြည်လင်ပြတ်သားသည့် မှတ်ပုံတင် ဓါတ်ပုံ၊ မှတ်ပုံတင်တွင် ပါရှိသည့် အချက်အလက်များအား သေချာစွာ ရိုက်သွင်းရပါမည်။

၂) လိပ်စာ သည် မဖြစ်မနေ ဖြည့်သွင်းရမည့် အချက်အလက် မဟုတ်ပေမဲ့ ဖြည့်စွက်ထားပါက ပိုမို ပြည့်စုံပါသည်။

၆။ Sim Re-registration နှင့် ပတ်သတ်သည့် SMS များ (ဖုန်းခေါ်ဆိုမှုများ) လက်ခံရရှိနေပါသည်။ ဘာဖြစ် လို့ပါလဲ။

ကျွန်တော်တို့ အနေဖြင့် သုံးစွဲသူ အချက်အလက် များဖြင့် PTD ၏ ညွှန်ကြားချက်များအတိုင်း မှန်ကန်စွာ မှတ်ပုံတင်ရန် အသိပေးခြင်းဖြစ်ပါသည်။ သို့မဟုတ်ပါက လူကြီးမင်းတို့ ဆင်းကဒ် ဝန်ဆောင်မှုများ ပိတ်သိမ်းခံရမည် ဖြစ်ပါသည်။ ပိတ်သိမ်းမည့် ရက်အား ထပ်မံအကြောင်းကြားပါမည်။ ထို့ကြောင့် ကျေးဇူးပြု၍ သင်၏ အချက်အလက်များဖြင့် မှတ်ပုံတင်သွင်း ထားကြပါရန် အသိပေး အကြောင်းအပ်ပါသည်။

၇။ ၄င်းအချက်အလက်များအား လက်ခံလိုခြင်း မရှိပါ။

အဆင်မပြေမှုများအတွက် တောင်းပန်ပါတယ်ခင်ဗျာ။ ယခုကာလများတွင် အလွန်အရေးကြီးနေပါသဖြင့် အဆင်မပြေမှုအတွက် အနူးအညွတ် တောင်းပန်ပါတယ် ခင်ဗျာ။

၈။ Sim Registration က ဘာလို့ လုပ်ရတာလဲ။

ဒါကတော့ လက်ရှိ အစိုးရ နှင့် (PTD: Post & Telecommunications Department)  က သတ်မှတ်ပေးလိုက်သည့် အချက်အလက် ဖြစ်ပြီး MPT အနေဖြင့် အစိုးရ က သတ်မှတ်ပေးသည့် စည်းမျဥ်း စည်းကမ်းများကို လိုက်နာခြင်း ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ဆင်းကဒ်အား ဝယ်ယူပြီးပါက မိမိ အချက်အလက်များဖြင့် မှန်ကန်စွာ မှတ်ပုံတင်ရန် လိုအပ်ပါသည်။

၉။မှန်ကန်သည့် မှတ်ပုံတင်ခြင်း အတွက် မည်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းများ လိုအပ် ပါသနည်း။

သုံးစွဲသူသည် ၄င်း၏ အမည် နှင့်  မြန်မာနိုင်ငံ နိုင်ငံသားဥပဒေ နှင့် အညီ ထုတ်ပေးထားသည့် မှတ်ပုံတင် မူရင်း နှင့် မိတူ လိုအပ်ပါသည်။ (နိုင်ငံခြားသားများ အနေဖြင့် Passport လိုအပ်ပါသည်။)

၁၀။ ဆင်းကဒ်အား မိမိ နာမည်ဖြင့် Register ပြုလုပ်ထားခြင်း ရှိ၊ မရှိအား မည်သို့ စစ်ဆေးနိုင်ပါသနည်း။

သုံးစွဲသူများသည် * 601 # အား ခေါ်ဆို၍ မိမိ၏ အချက်အလက်များ မှန်ကန်မှုခြင်း ရှိ၊ မရှိအား စစ်ဆေးနိုင်ပါသည်။ အကယ်၍ မမှန်ကန်ပါက MPT 4U Application နှင့် care.mpt.com.mm သို့မဟုတ် မိမိတို့ မြို့နယ်များရှိ MPT Own Shop  များတွင် ပြင်ဆင်နိုင်ပြီး နိုင်ပါသည်။

၁၁။ MPT4U Application အား download ပြုလုပ်ခြင်းအတွက် Data ဖိုးများ ကျသင့်ပါမည်လား။

MPT 4U Application အား *4040# သို့ ခေါ်ဆို၍ Download ပြုလုပ်ပါက အခမဲ့ ဖြစ်ပြီး ၄င်းအား Apple store / Google Play store များမှ Download ပြုလုပ်ပါ Data နှုန်းထားများ ကျသင့်မည် ဖြစ်ပါသည်။

၁၂။ ဘာကြောင့် ဆင်းမ်ကဒ် မှတ်ပုံတင်ဖို့ အသိပေးချက် စာတို (SMS) တွေ ရနေတာလဲ။

မြန်မာနိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားသူ သုံးစွဲသူတွေအနေနဲ့ အောက်ပါအချက်တွေကြောင့် စာတို တွေရရှိနေတာဖြစ်ပါတယ်။

  • မမှန်ကန်သော မှတ်ပုံတင်များအား အသုံးပြု၍ စာရင်းသွင်းထားခြင်း။
  • အမည်နှင့် မှတ်ပုံတင်အမှတ် အပြည့်အစုံ ထည့်သွင်းထားသော်လည်း မှတ်ပုံတင်ဓါတ်ပုံ အရှေ့/အနောက် ပုံအား မှန်ကန်စွာ တင်သွင်းထားမှု မရှိခြင်း။
  • မြန်မာဘာသာဖြင့် မှတ်ပုံတင်ထားသော်လည်း မိမိနာမည် (သို့) မှတ်ပုံတင်အမှတ်တွင် တိုင်းနှင့်ပြည်နယ် ကုဒ် ၊ မြို့နယ်ကုဒ်၊ မှတ်ပုံတင် အမျိုးအစားနှင့် မှတ်ပုံတင်နံပါတ်အား မှားယွင်းစွာ စာရင်းသွင်းထားခြင်း။
  • အချက်အလက်တွေမှန်နေသော်လည်း အင်္ဂလိပ်ဘာသာဖြင့် မှတ်ပုံတင်ထားခြင်း၊

၁၃။ ဆင်းမ်ကတ်မှတ်ပုံတင်ဖို့ အသိပေးချက် စာတို (SMS) ရပြီးရင် ဘာဆက်လုပ် ရပါမလဲ။

SMS တွင် ပါဝင်သည့် သတ်မှတ်ရက် မကျော်မှီ နိုင်ငံသားစိစစ်ရေးကတ်ပြားအတိုင်း MPT4U app https://bit.ly/UpdateSIMData တွင်လည်းကောင်း၊ အရောင်းဆိုင်များတွင် လည်းကောင်း (မြန်မာဘာသာဖြင့်) အမြန်ဆုံး မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ရန် လိုအပ်ပါသည်။

၁၄။ သတ်မှတ်ရက်ကျော်ပြီးချိန်ထိ မှန်ကန်စွာ မှတ်ပုံတင်ခြင်း မပြုလုပ်ရင် ဘာဖြစ်နိုင်ပါသလဲ။

အထွက်ခေါ်ဆိုမှုနှင့် ဒေတာဝန်ဆောင်မှုများ ရပ်ဆိုင်းခံရနိုင်ရုံသာမက ဆင်းမ်ကတ်ပိတ်သိမ်းခြင်း ခံရသည်ထိ ဖြစ်နိုင်ပါသည်။

OTP ကုဒ် ဝန်ဆောင်မှု ရပ်တန့်နိုင်သောကြောင့် လူကြီးမင်း ၏ ဘဏ်ဝန်ဆောင်မှုများကို အသုံးပြုခွင့် မရနိုင်သည်ထိ ဖြစ်နိုင်ပါသည်။

၁၅။ နိုင်ငံခြားသားများ အနေနှင့် မြန်မာဘာသာဖြင့် မှတ်ပုံတင်ရန် လိုအပ်ပါသလား။

မြန်မာဘာသာဖြင့် ထည့်သွင်းရန် မလိုအပ်ပါ။ Passport တွင်ပါဝင်သော အချက်အလက်များအတိုင်း အင်္ဂလိပ်ဘာသာဖြင့် မှန်ကန်စွာ ထည့်သွင်းနိုင်ပါသည်။

၁၆။ အင်္ဂလိပ်ဘာသာ ဖြင့် မှန်ကန်စွာ မှတ်ပုံတင်ထားပြီးသော်လည်း ဘာကြောင့် မြန်မာဘာသာဖြင့် ပြန်လည်မှတ်ပုံတင်ရန် လိုအပ်ပါသလဲ။

ဆင်းမ်ကတ်မှတ်ပုံတင်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှိ အချက်အလက်များ နှင့် တိုက်ဆိုင်စစ်ဆေးရန် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ အင်္ဂလိပ်ဘာသာဖြင့် မှတ်ပုံတင်ထားပါက မြန်မာဘာသာဖြင့် ပြန်လည်ပြင်ဆင် မှတ်ပုံတင်ရန် လိုအပ်ခြင်း ဖြစ်ပါသည်။

best operator in Myanmar