pr-mm-desktop

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်း နံပါတ်များအား ပြောင်းလဲပါမည်

Published 17 Jan 2023

(ရန်ကုန်၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ မန္တလေးတိုင်းဒေသကြီးရှိ အိတ်ချိန်းကို ခေတ်မီအိတ်ချိန်းစက်နှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) မှ အချို့နံပါတ်များအား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Fixed Wireless) တယ်လီဖုန်းဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြု နေသော ဖုန်းနံပါတ်အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
မန္တလေးတိုင်းဒေသကြီးအုန်းချော အိတ်ချိန်း၀၈၅-၂၀၄၀xxx၀၈၅-၄၇၄၀xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

best operator in Myanmar