အမျိုးအစားလိုက် ရွေးရန်

အမေးများဆုံး မေးခွန်းများ

1. MPT Ring Tune ဝန်ဆောင်မှုအတွက် မည်သို့ကျသင့်မည်နည်း။

• သံစဉ်ဘူဖေး (အကန့်အသတ်မရှိတေးသီချင်း) ကို တရက်လျှင် ၁၀၀ကျပ် (အခွန်ပါပြီးသား) ကျသင့်ပါမည်။
• လစဉ်ပေး ဝန်ဆောင်မှု အတွက် တစ်လ (ရက် ၃၀)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၁၀၅၀ ကျပ် ကျသင့်ပါမည်။
• အပတ်စဉ်ပေး ဝန်ဆောင်မှု အတွက် တစ်ပတ် (၇ ရက်)စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၀၀ ကျပ် ကျသင့်ပါမည်။
• နေ့စဉ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်စာအတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၄၇ ကျပ် ကျသင့်ပါမည်။
• သီချင်း တစ်ပုဒ်လျှင် ရက်(၃၀)စာ အတွက် (အခွန်ပါဝင်ပြီးစျေးနှုန်း) ၃၁၅ ကျပ် ကျသင့်ပါမည်။
• နေ့စဉ်ပေး ဝန်ဆောင်မှု အတွက် တစ်ရက်လျှင် ၄၇ ကျပ် ကျသင့်ပြီး သီချင်း တစ်ပုဒ်လျှင် ၁၃ ကျပ် ကျသင့်ပါမည်။

2. Ring Tune ဝန်ဆောင်မှုအား ဘယ်လိုရယူနိုင်မလဲ?

အောက်တွင် ဖော်ပြထားသော အချက်များအတိုင်း လုပ်ဆောင်ပြီး Ring Tune service ကို ရယူနိုင်ပါသည်။
• MPT သို့ 7979 ဟု ဖုန်းခေါ်ဆိုပြီး လမ်းညွှန်ချက်များအတိုင်းလုပ်ဆောင်၍ Ring Tune service ကို ရယူနိုင်ပါသည်။
• SMS ပေးပို့၍ရယူရန် – လစဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG M ၊ အပတ်စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG W ၊ နေ့စဥ်ပေး ဝန်ဆောင်မှု ရယူရန်အတွက် 7979 သို့ REG D ဟု SMS ပေးပို့၍ ရယူနိုင်ပါသည် (သို့မဟုတ်) နေ့စဉ်ပေး ဝန်ဆောင်မှု နဲ့ သီချင်း ဝန်ဆောင်မှုအတွက် 7979 သို့ REG S ဟု ပေးပို့နိုင်ပါတယ်။
• လူကြီးမင်း ဝယ်ယူလိုသော သီချင်းကုဒ် နံပါတ်အား buy ဟု SMS ပေးပို့၍ ရယူနိုင်ပါသည်။ Example: buy 0001110010
• *7979# သို့ ဖုန်းခေါ်ဆို၍ ကြိုက်နှစ်သက်သော တေးသီချင်း များအားလည်း ရွေးချယ်နိုင်ပါသည်။

3. Ring Tune ဝန်ဆောင်မှုအား မည်သို့ပယ်ဖျက်ရမည်နည်း။

• 7979 သို့ အခမဲ့ ခေါ်ဆို၍ အကူအညီပေးရန်သို့ သွားရောက်ပြီး ဝန်ဆောင်မှုအား ပယ်ဖျက်ရန်ကို နှိပ်ပါ။ (သို့မဟုတ်)
• 7979 သို့ UNR ဟု SMS ပေးပို့ပါ။ (သို့မဟုတ်)
• MPT4U APP ပေါ်မှ CRBT ပယ်ဖျက်ရန် ကို ရွေးချယ်ပါ။ (သို့မဟုတ်)
• *7979# သို့ဖုန်းခေါ်ဆို၍ ဝန်ဆောင်မှုဖျက်သိမ်းမည်အား ရွေးချယ်ပြီး ပယ်ဖျက်နိုင်ပါသည်။ (သို့မဟုတ်)
• 106 customer care IVR သို့ ဖုန်းခေါ်ဆိုပြီး ဝန်ဆောင်မှုအား ပယ်ဖျက်နိုင်ပါသည်။

4. Name Tune ဝန်ဆောင်မှုကို ဘယ်ကရယူနိုင်မလဲ။

Name Tune ဝန်ဆောင်မှုကို https://mpt.com.mm/mm/name-tune-service-mm မှာ ရယူနိုင်ပါသည်.

5. ဖုန်းငွေဖြည့်ကတ် ခဲခြစ်လိုက်တာ ဂဏန်းတွေပျက်သွားပြီးဖြည့်မရတော့လို့ဘယ်လိုလုပ်ရမလဲ။

ငွေဖြည့်ကတ်တွင် QR Code ပါရှိပါက အဆိုပါ QR Code ကို MPT 4U App တွင် Scan ဖတ်ပြီး ဖြည့်သွင်းကြည့်ပေးပါ ခင်ဗျာ။
အဆင်မပြေပါက သက်ဆိုင်ရာဌာနသို့ တင်ပြပေးနိုင်ရန်အတွက် ဆင်းကတ်ကိုမှတ်ပုံတင်ထားသောအမည်
၊ မှတ်ပုံတင်နံပါတ် ၊ ငွေဖြည့်သွင်းမည့် ဖုန်းနံပါတ်အား စာရွက်ပေါ်သို့ချရေးပြီး
ငွေဖြည့်ကတ်နှင့် တကွ ပူးတွဲ၍ ကြည်လင်ပြတ်သားစွာ ဓာတ်ပုံရိုက်ပြီး Tu Tu Chat ၏” Agent နှင့် ဆက်သွယ်ရန်” မှတဆင့်ပေးပို့ပေးပါ ခင်ဗျာ။

6. ကိုယ့်နာမည်နဲ့ Sim Card မှတ်ပုံတင်ထားမထား စစ်လို့ရလား။

ဟုတ်ကဲ့ *601# သို့ခေါ်ဆို၍ စစ်ဆေးနိုင်ပါသည်။ အကယ်၍ အချက်အလက်များမှာ ကိုက်ညီမှုမရှိပါက MPT4U App (သို့မဟုတ်) MPT’s customer selfcare website (care.mpt.com.mm) တို့တွင် အချက်အလက်များကို၀င်ရောက် စစ်ဆေးနိုင်ပါသည်။ ထို့အပြင် သက်ဆိုင်ရာမြို့နယ်အတွင်းရှိ MPT Own Shop များကို သွားရောက်၍ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းအတွက် အကူအညီများ ရယူနိုင်ပါသည် ။

7. ဆင်းမ်ကဒ်ပျောက်သွားပါက ဘယ်လိုလုပ်သင့်ပါသလဲ။

MPT အရောင်းဆိုင်များသို့ မှတ်ပုံတင်မူရင်း၊ စာချုပ် (ရှိပါက)ယူသွားရန်လိုအပ်ပြီး၊
လတ်တလောခေါ်ဆိုခဲ့သော ဖုန်းနံပါတ် ၃ ခုအား ပြောပြရန်လည်း လိုအပ်ပါသည်။

8. မိမိဝယ်ယူထားသော ပက်ကေ့ချ်များ ဘေလ်လက်ကျန်များကို စစ်ဆေးလိုပါက MPT4U ဗားရှင်းအသစ်တွင် ဘယ်လို စစ်ဆေးနိုင်မလဲ။

Side bar menu ထဲက Manage Account -> မှတ်တမ်း ->အကောင့်အသေးစိတ် မှာသွားရောက်စစ်ဆေးနိုင်ပါတယ်။

9. အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ။

အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် အစီအစဉ် ဆိုသည်မှာ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊မိတ်ဆွေ၊ သူငယ်ချင်းများ နဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသောနှုန်းထားဖြင့် ပြည်တွင်းဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်ပြီး အလိုအလျောက် သက်တမ်းတိုး ရန် အဆိုပြုဝယ်ယူထားပါက ပက်ကေ့ချ်၏ လက်ကျန် ဖုန်းပြောမိနစ် ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (11:35 pm ~ 12:00 am) ဝန်းကျင်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။

10. အလိုအလျောက် သက်တမ်းတိုး Data Carry Plus ပက်ကေ့ချ် အား ဘယ်လိုဝယ်ယူလို့ရမလဲ။

အလိုအလျောက် သက်တမ်းတိုး Data Carry Plus ပက်ကေ့ချ် ကို MPT4U Application တွင်ဝယ်ယူနိုင်ပါသည်။ MPT4U Application အတွင်းရှိ “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။

11. ဒေတာအသုံးပြုမှုများကို Main Balance, Loan Balance တို့မှ သုံးသလောက်ပေးနှုန်းထားနဲ့ မဖြတ်စေချင်ပဲ ဝယ်ယူထားသော data package များမှကျသင့်စေချင်ပါသည်။ ဘာလုပ်ရမည်နည်း။

ဒေတာပက်ကေ့ချ်များအသုံးပြုပြီးချိန်တွင်ပက်ကေ့ချ်ထပ်ဝယ်နေရန်မလိုဘဲအလိုအလျောက်ဝယ်ယူအသုံးပြုနိုင်ပြီး ပရိုမိုးရှင်းနှုန်းထားနဲ့ဆက်လက်အသုံးပြုနိုင်သော Data Carry Plus Auto Renewal ကို MPT မှမိတ်ဆက်ပေးထားပါသည်။ သတ်မှတ်ထားသော Data Carry Plus packages များကို အလိုအလျောက် သက်တမ်းတိုးရန် အဆိုပြုဝယ်ယူထားပါက ဒေတာလက်ကျန်ပမာဏ 50 MB အောက်လျော့နည်းသောအချိန်တွင် အလိုအလျောက်သက်တမ်းတိုးပေးသွားမည် ဖြစ်ပါသည်။ ပုံမှန် Data Carry Plus ပက်ကေ့ချ်များကဲ့သို့ ထိပေါက်ကံစမ်းခွင့်နှင့် 1000 GB အထိ lucky data များ ကံထူးနိုင်မည့်အပြင် ဒေတာလက်ကျန်များကိုလည်း သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်းသယ်ဆောင်သွားနိုင်မည်ဖြစ်ပါသည်။ ဤအစီအစဉ်ကို ၉၇၉ ကျပ်နှင့် ၁၂၇၉ ကျပ် Data Carry Plus Packages များသာရယူနိုင်ပါသည်။
ဈေးနှုန်း : ၉၇၉ ကျပ် = ၄၇၀MB > အစီအစဉ်ကို ရယူရန် : *777*3*3#
ဈေးနှုန်း : ၁၂၇၉ ကျပ် = ၆၁၅MB > အစီအစဉ်ကို ရယူရန် : *777*4*3#

12. သက်ဆိုင်ရာထောဘီ ဖုန်းဘေလ်များ လဲလိုက်ပါတယ်။ဖုန်းဘေလ်တွေပဲတိုးလာမယ်လို့ထင်ခဲ့ပေမယ့် တကယ်လဲလိုက်ချိန်မှာတော့ ပုံမှန်ဖုန်းဘေလ် (Main Balance) ထဲက ပိုက်ဆံတွေဖြတ်သွားပါတယ်။ ဘာဖြစ်လို့ပါလဲ။

မည့်သည့်ပြည်တွင်းမိုလ်ဘိုင်းဖုန်းမဆိုခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း၊ ဒေတာ သုံးစွဲခြင်းတို့အတွက်လဲလှယ်ထားသော ထောဘီ ဖုန်းဘေလ်မှ ဦးစွာကောက်ခံပါမည်။ ပက်ကေ့ချ်များဝယ်ယူခြင်း၊ VAS ဝန်ဆောင်မှုရယူခြင်းများ ပြုလုပ်ပါက ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ ]အတိုင်း ကျသင့်စေမည်ဖြစ်သည်။ ထိုအပြင် လဲလှယ်ထားသော ထောဘီဖုန်းဘေလ်ကုန်သွားချိန်မှာလည်း ပုံမှန်ဖုန်းဘေလ်လက်ကျန်ငွေမှ ဖြတ်တောက်မည်ဖြစ်ပြီး သုံးစွဲသူရယူထားသောအစီအစဉ်၏နှုန်းထားများ [ဆွေသဟာ]အတိုင်း (သို့) ဝယ်ယူထားသော ပက်ကေ့ချ်ရှိပါက ပက်ကေ့ချ်မှ ကောက်ခံကျသင့်စေမည်ဖြစ်ပါသည်။

13. ဘေလ်တွေအရမ်းကုန်နေပါတယ်၊ အသေးစိတ်ကိုဘယ်လိုစစ်ဆေးရမလဲ။ ဒေတာအသုံးပြုမှုကန့်သတ်ထားလို့ကောရလား။

‘*224# ကိုဖုန်းခေါ်ဆို၍ လည်းကောင်း၊ MPT4U အက်ပလီကေးရှင်း မှတဆင့်လည်းအသုံးပြုမှု ပမာဏ အသေးစိတ်ကို စစ်ဆေးနိုင်ပါသည်။မိမိသတိမထားမိလိုက်ပဲ ဒေတာပိုမို အသုံးပြုမှုကို ကာကွယ်ရန်အတွက် Setting ထဲမှာ Data Limit ကို မိမိ အသုံးပြုလိုသည့် ပမာဏအတိုင်း ကန့်သတ်ထားနိုင်ပါတယ်။

14. ပိုက်ဆံဖြည့်ထားတာမကြာသေးပဲနဲ့ Balance မှာ " 0 " ပြနေပါတယ်။ ဘာဖြစ်လို့ပါလဲ။

လူကြီးမင်း သည် “ယူထား+” ဝန်ဆောင်မှုမှ ချေးငွေရယူ၍ အသုံးပြုထားသည့် အတွက် ဖုန်းဘေလ် ပြန်ဖြည့်သွင်းတိုင်း လူကြီးမင်း ရယူထားသော ငွေပမာဏထဲမှ ဖြတ်သောကြောင့် Balance မှာ 0 ပြနေတာပါ။
မှတ်ချက်။ လူကြီးမင်း ၏ဖုန်းလက်ကျန်ငွေပေါ် မူတည်၍ ချေးငွေပမာဏနှင့်ဝန်ဆောင်ခကို နောက်တစ်ကြိမ်ငွေဖြည့်သွင်းရာတွင် အပြည့်အဝ(သို့)တစ်စိတ်တစ်ပိုင်းကောက်ခံပါမည်။
ယူထား+ ဝန်ဆောင်မှုမှ ကြွေးကျန် ငွေကို *800*7# သို့ခေါ်ဆိုစစ်ဆေးနိူင်ပါသည်။ ( သို့ ) 8000 သို့ Debt ဟုပေးပို့၍ လည်းစစ်ဆေးနိူင်ပါသည်။ မိမိချေးငွေစာရင်းကို စစ်ဆေးလိုပါက *800*5# သို့ခေါ်ဆိုစစ်ဆေးနိူင်ပါသည်။

15. ချေးငွေ (၈၀၀) ကျပ် ချေးယူ၍မရပါ၊ စစ်ဆေးပေးနိုင်မလား?

MPT SIM Card စတင်အသုံးပြုသည့်ရက်သည် ရက်(၃၀)နှင့်အထက် ရှိရမည်။
ရက်(၉၀)အတွင်း ဖုန်းဘေလ် အနည်းဆုံး(၃၀၀၀)ကျပ်ဖြည့်သွင်းထားရပါမည်။

best operator in Myanmar