mpt partner

“တူတူChat” ဆိုတာ ဘာလဲ ။

တူတူChat” သည် MPT မှ နိုင်ငံတစ်ဝန်းရှိ 2G, 3G နှင့် 4G/ LTE ကို သုံးစွဲသူများ၏ နေ့စဉ် ဆက်သွယ်ရေး လိုအပ်ချက်များကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်သော တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Live Chatbot ဝန်ဆောင်မှု တစ်မျိုး ဖြစ်ပါသည် ။

တူတူChat” ဟု အမည်ပေးထားသည့် MPT ၏ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးသည့် Live Chatbot ဝန်ဆောင်မှုတွင် သုံးစွဲသူများအနေဖြင့် အမျိုးမျိုးသော ဝန်ဆောင်မှုများဖြစ်သည့် ဒေတာနှင့် အသံပက်ကေ့ချ်များ၊ အထူးကမ်းလှမ်းချက်များ ဝယ်ယူခြင်း၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ပယ်ဖျက်ခြင်း၊ လက်ကျန်ဖုန်းဘေလ် စစ်ဆေးခြင်းများအပြင်  ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း ၊ MPT Club ဝန်ဆောင်မှုများ နှင့် MPT ၏ ပရိုမိုးရှင်းများကို အချိန်မရွေး စုံစမ်းမေးမြန်းအသုံးပြုနိုင်ပါသည်။ Chatbot ဝန်ဆောင်မှုများသည် သုံးစွဲသူများအား မိုဘိုင်းလ် ဝန်ဆောင်မှုများသာမက အိမ်သုံးဖိုင်ဘာ အင်တာနက် (FTTH) နှင့် စီးပွားရေး လုပ်ငန်း(B2B)သုံး ဝန်ဆောင်မှုများအတွက် လိုအပ်သော အချက်အလက်များကိုပါ ပံ့ပိုးပေးနိုင်ရန် ကူညီပေးပါသည်။

“တူတူChat” ဝန်ဆောင်မှုကို MPT4U အက်ပလီကေးရှင်းမှာ ဘယ်လိုသုံးရမလဲ ။

“တူတူChat”  ဝန်ဆောင်မှုကို အသုံးပြုနိုင်ရန်အတွက် MPT4U အက်ပလီကေးရှင်းကို အောက်ပါလင့်များမှတစ်ဆင့် Download ပြုလုပ်နိုင်ပါသည် ။

Download MPT4U

“တူတူChat” ကို ဘယ်လို အသုံးပြုရမလဲ ။

“တူတူChat” အား MPT4U အက်ပလီကေးရှင်း နှင့် တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာတို့တွင် အချိန်မရွေး စုံစမ်းမေးမြန်း အသုံးပြုနိုင်ပါသည်။

On Application

On MPT Official Website

best operator in Myanmar