📞“ပိုပြော ပိုရ” ပရိုမိုးရှင်းနဲ့ ဒေတာလက်ဆောင်ပိုရဖို့
မိနစ်များများပိုပြောစို့… 🤩

MPT သုံးစွဲသူများအတွက် ဖုန်းပြောနေရင်း မိနစ်တိုင်းမှာ ၁၀ဆ ဒေတာလက်ဆောင်တွေကို ရရှိခံစားနိုင်မယ့် “ပိုပြောပိုရ” အထူးပရိုမိုးရှင်းကို စတင်မိတ်ဆက်ပေးလိုက်ပါပြီ။

၁၀ဆဒေတာလက်ဆောင်တွေကို ရရှိနိုင်ဖို့ ပရိုမိုးရှင်းကာလအတွင်းမှာ *7711# ကို အခမဲ့ (၁) ကြိမ်သာ ခေါ်ဆိုစာရင်းသွင်းထားရန် လိုအပ်ပြီး၊

စာရင်းသွင်းပြီးချိန်မှစတင်ကာ သုံးသလောက်ပေးနှုန်းထား (PAYG) ဖြင့် ပြည်တွင်းဖုန်းခေါ်ဆိုမှုများအားလုံးအတွက် ဖုန်းခေါ်ဆိုချိန်တိုင်းမှာ (၅) မိနစ်ပြည့်ချိန်မှ စတင်ပြီး၊ ဖုန်းပြောခဲ့သောမိနစ်များ၏၁၀ဆ ဒေတာလက်ဆောင်များကို ခံစားရယူနိုင်မှာပဲ ဖြစ်ပါတယ်။

မိနစ်များများပိုပြောလေ၊ ဒေတာလက်ဆောင်တွေ များများပိုရလေ ဖြစ်လို့ (၁)ကြိမ်သာ အခမဲ့ စာရင်းသွင်းကာ မိနစ်များများပိုပြောပြီး ၁၀ဆ ဒေတာတွေကို ရယူလိုက်ပါ။

စည်းကမ်းသတ်မှတ်ချက်များ

အမေးများသောမေးခွန်းများ

1. MPT ရဲ့ “ပိုပြောပိုရ” ပရိုမိုးရှင်း ဆိုတာဘာလဲ?

“ပိုပြောပိုရ” ပရိုမိုးရှင်းသည် သုံးသလောက်ပေးနှုန်းထား (PayG) ဖြင့် ဖုန်းပြောဆိုမှု ၅ မိနစ်နှင့်အထက် ပြုလုပ်ခြင်းဖြင့် ဒေတာ ၁၀ ဆ လက်ဆောင်ရရှိနိုင်မည့် MPT ရဲ့ အထူးပရိုမိုးရှင်းအစီအစဉ် ဖြစ်ပါသည်။

2. ပရိုမိုးရှင်းတွင် ဘယ်သူတွေပါဝင်နိုင်သလဲ?

MPT GSM/WCDMA prepaid (ဆွေသဟာ) လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။ Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့် လက်ရှိအသုံးမပြုနေသူများ ပါဝင်နိုင်မှာမဟုတ်ပါ။

3. ပရိုမိုးရှင်းတွင် ဘယ်လိုပါဝင်နိုင်သလဲ?

*7711# ကိုအခမဲ့ခေါ်ဆိုစာရင်းသွင်းပြီး သုံးသလောက်ပေးနှုန်းထားဖြင့် ၅မိနစ် နှင့်အထက် ဖုန်းခေါ်ဆိုခြင်းဖြင့် ပါဝင်နိုင်ပါသည်။ စုစုပေါင်း ဖုန်းခေါ်ဆိုမိနစ်ရဲ့ ၁၀ဆ ဒေတာလက်ဆောင် ကိုရရှိနိုင်ပါသည်။

4. ဘယ်နှစ်ကြိမ်စာရင်းပေးသွင်းရန် လိုအပ်ပါသလဲ?

ပရိုမိုးရှင်းကာလအတွင်း အခမဲ့တစ်ကြိမ်သာ စာရင်းပေးသွင်းထားရန်လိုအပ်ပြီး စာရင်းပေးသွင်းပြီးနောက် သတ်မှတ်ထားသော ပရိုမိုးရှင်းအစီအစဥ်အတိုင်း အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်သည်။

5. MPT မဟုတ်သော အခြားဖုန်းများသို့ ခေါ်ဆိုလို့ရပါသလား?

ရပါတယ်။ မည်သည့်ပြည်တွင်းဖုန်းမဆို (MPT-MPT and MPT-Others) ခေါ်ဆိုနိုင်ပါသည်။

6. ပရိုမိုးရှင်းရဲ့ အကျိုးခံစားခွင့်တွေက ဘာလဲ?

စုစုပေါင်းဖုန်းပြောမိနစ်၏ ၁၀ဆ ဒေတာလက်ဆောင် ရရှိမည်ဖြစ်ပါသည်။ (ဥပမာ, စုစုပေါင်းဖုန်းပြောမိနစ် ၆မိနစ် ဖြစ်ပါက ၆၀MB ရရှိမည်ဖြစ်ပြီး ၈မိနစ် ဖြစ်ပါက ၈၀MB ရရှိမည်ဖြစ်ပါသည်။)

7. ဒေတာလက်ဆောင် ရဲ့သက်တမ်းက ဘယ်လောက်လဲ?

ဒေတာလက်ဆောင်၏ သက်တမ်းက (၂) ရက် ဖြစ်ပါသည်။ လက်ကျန်ဒေတာပမာဏများ ပေါင်းစည်းပြီး အရှည်ဆုံးသက်တမ်းအတိုင်း သက်တမ်းတိုးမည် ဖြစ်သည်။

8. ဒေတာလက်ဆောင် ရရှိပါက မည်သို့သိရှိနိုင်သလဲ?

ဒေတာလက်ဆောင် ရရှိပါက စာတိုရရှိမည်ဖြစ်သည်။ လက်ကျန်ပမာဏအား *224# (သို့) MPT4U App တွင်စစ်ဆေးနိုင်ပါသည်။

9. ကြိုက်ရာခေါ် နှင့် အကြိုက်ပြော ပက်ကေ့ချ်မှ လက်ကျန်မိနစ်များရှိပါသည်။ အခု ပရိုမိုးရှင်းမှ ဒေတာလက်ဆောင်ရရှိနိုင်ပါသလား?

ယခုပရိုမိုးရှင်းသည် သုံးသလောက်ပေးနှုန်းထားဖြင့် ပြည်တွင်းဖုန်းခေါ်ဆိုမှု (MPT-MPT & MPT-Others) များအတွက်သာ ဒေတာလက်ဆောင်များရရှိရန် အကျုံးဝင်ပါသည်။ ဖုန်းပြောပက်ကေ့ချ်မှ လက်ကျန်မိနစ်များရှိပါက ပက်ကေ့ချ်မှ အရင်ဖြတ်တောက်မည်ဖြစ်ပြီး ပက်ကေ့ချ်လက်ကျန်ပမာဏ မကုန်ဆုံးခင်အထိ ယခု ပရိုမိုးရှင်းတွင် အကျုံးဝင်မည် မဟုတ်ပါ။

10. ပရိုမိုးရှင်းကာလက ဘယ်အထိလဲ?

ပရိုမိုးရှင်းကာလသည် ၁ရက် နိုဝင်ဘာလ ၂၀၂၆ ခုနှစ် မှ ၃၁ ရက် ဇန်နဝါရီလ ၂၀၂၇ ခုနှစ် အထိဖြစ်သည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်းချက် များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုးအတည်ဖြစ်စေ ရမည်။

best operator in Myanmar