အကြိုက်ပြော+ Voice Pack ဆိုတာဘာလဲ။
အကြိုက်ပြော+ Voice Packကို အသုံးပြုပြီး မည်သည့် MPTဖုန်းနံပါတ်ကိုမဆို သင့်တင့်သောနှုန်းထားဖြင့်ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။
အကြိုက်ပြော+ Regular
-
၇ရက်သုံး အကြိုက်ပြော +
စျေးနှုန်: :၉၈၇ ကျပ်
မိနစ် : ၆၀ မိနစ် (MPT-MPT)
သက်တမ်: : ၇ ရက်
ဝယ်ယူရန် : MPT4U, *600*3#
MPT4U မှဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန် -
၃၀ရက်သုံး အကြိုက်ပြော +
စျေးနှုန်: :၁၉၅၇ ကျပ်
မိနစ် : ၁၃၀ မိနစ် (MPT-MPT)
သက်တမ်: :၃၀ ရက်
ဝယ်ယူရန် : MPT4U, *600*2#
MPT4U မှဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန် -
၉၀ ရက်သုံး အကြိုက်ပြော +
စျေးနှုန်: :၃၉၉၇ ကျပ်
မိနစ် : ၂၇၀ မိနစ် (MPT-MPT)
သက်တမ်: :၉၀ ရက်
ဝယ်ယူရန် : MPT4U, *600*1#
MPT4U မှဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန်
အသုံးပြုနိုင်ပုံ – MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း (ကြိုးဖုန်းအပါအဝင်)
အကြိုက်ပြော+ Auto Renewal
အလိုအလျောက်သက်တမ်းတိုးရန် အဆိုပြု၀ယ်ယူထားရုံဖြင့် MPT အချင်းချင်း အသင့်တင့်ဆုံးနှုန်းထားနှင့် ဖုန်းခေါ်ဆိုအသုံးပြုနိုင်မည့် “အကြိုက်ပြော + Auto Renewal” ပက်ကေ့ချ် ကို MPT မှ မိတ်ဆက်ပေးလိုက်ပါပြီ။
ကွန်ရက်အကျယ်ပြန့်ဆုံး အော်ပရေတာလည်းဖြစ်တော့ “အကြိုက်ပြော + Auto Renewal” ပက်ကေ့ချ်နဲ့ဆို MPT-MPT ဖုန်းခေါ်ဆိုခြင်းအတွက် အဆင်အပြေဆုံးပါပဲနော်။
သုံးစွဲသူများ ကြုံတွေ့လေ့ရှိသော အခက်အခဲများ
- ဖုန်းပြောမိနစ်တွေကုန်ဆုံးသွားချိန်တွင်မိမိ၏လက်ကျန်ဖုန်းဘေလ်များမှဖုန်းခေါ်ဆိုမှုအတွက်ဘေလ်ဖြတ် တောက်ခံရခြင်း။
- ဖုန်းပြောနေစဉ်အတွင်း ပက်ကေ့ချ် သက်တမ်းကုန်သွားသောအခါ ပက်ကေ့ချ် ထပ်မံ၀ယ်ယူရခြင်း။
- အကြိုက်ပြော+ပက်ကေ့ချ်ဖြင့်MPTအချင်းချင်းအသက်သာဆုံးနှုန်းထားနှင့်ဖုန်းခေါ်ဆိုနိုင်သောကြောင့် ပက်ကေ့ချ် သက်တမ်းကုန်သွားမှာ စိတ်ပူနေရခြင်း။
"အကြိုက်ပြော + Auto Renewal” pack ကို ၀ယ်ယူပြီးနောက် ရရှိနိုင်သော အကျိုးကျေးဇူးများ
- ၀ယ်ယူထားသော ပက်ကေ့ချ်သက်တမ်းကုန်သွားချိန် (သို့) လက်ကျန်မိနစ်များလျော့နည်းသွားချိန်တိုင်း အလို အလျောက်သက်တမ်းတိုး၀ယ်ယူသွားမှာဖြစ်လို့လက်ကျန်ဖုန်းဘေလ်များမှဖုန်းခေါ်ဆိုမှုအတွက်ဘေလ်ဖြတ် တောက်ခံရခြင်းမှလည်း ကင်းဝေးစေမှာပါ။
- မိမိချစ်ခင်ရသူများ၊ မိသားစု၀င်များနှင့် MPT သုံးစွဲသူအချင်းချင်း ဖုန်းခေါ်ဆိုမှုများ ပြုလုပ်နေစဉ်အတွင်း ဖုန်းပြော မိနစ်တွေကုန်ဆုံးသွားပါကပက်ကေ့ချ်ထပ်မံ၀ယ်ယူရန်မလိုပဲ Auto Renew Functionကိုအဆိုပြု၀ယ်ယူထားခြင်း ဖြင့်အလိုအလျောက်သက်တမ်းတိုး၀ယ်ယူပေးသွားမှာဖြစ်လို့အပူအပင်မရှိပဲဆက်လက် ဖုန်းပြောဆိုနိုင်မှာပါ။
- Auto Renew Function ကိုတစ်ကြိမ်သာအဆိုပြု၀ယ်ယူထားပြီး အကြိုက်ပြော+ပက်ကေ့ချ်ကို အသက်သာဆုံး နှုန်းထားနှင့်ဆက်လက်အသုံးပြုလိုက်ပါ။
-
၇ရက်သုံး အကြိုက်ပြော + Autorenew
စျေးနှုန်: ၉၆၇ ကျပ်
မိနစ် : ၆၀ မိနစ် (MPT-MPT)
သက်တမ်: : ၇ ရက်
ဝယ်ယူရန် : MPT4U, *600*3*3#
ပယ်ဖျက်ရန် : MPT4U, *600*3*4#
MPT4U မှဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန် -
၃၀ရက်သုံး အကြိုက်ပြော + Autorenew
စျေးနှုန်: ၁၉၁၇ ကျပ်
မိနစ် : ၁၃၀ မိနစ် (MPT-MPT)
သက်တမ်: : ၃၀ ရက်
ဝယ်ယူရန် : MPT4U, *600*2*3#
ပယ်ဖျက်ရန် : MPT4U, *600*2*4#
MPT4U မှဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန် -
၉၀ ရက်သုံး အကြိုက်ပြော + Autorenew
စျေးနှုန်: ၃၉၁၇ ကျပ်
မိနစ် : ၂၇၀ မိနစ် (MPT-MPT)
သက်တမ်: : ၉၀ ရက်
ဝယ်ယူရန် : MPT4U, *600*1*3#
ပယ်ဖျက်ရန်: MPT4U, *600*1*4#
MPT4U မှဝယ်ယူရန် USSD ဖြင့် ဝယ်ယူရန်
အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ ၏ လုပ်ဆောင်ချက်အသစ်များ
- လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား စာရင်းသွင်းခြင်းမှ ပြန်လည်ပယ်ဖျက်ရန် မလိုအပ်ပဲအခြားသော နှုန်းထားပိုမြင့်သည့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များကို ထပ်မံဝယ်ယူနိုင်ခြင်း။
- မိမိ ၀ယ်ယူထားပြီးသော အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များအားလုံးကို တစ်နေရာတည်းတွင် စစ်ဆေးကြည့်ရှုနိုင်ခြင်း နှင့် စာရင်းသွင်း ခြင်းမှ လွယ်ကူစွာပြန်လည်ပယ်ဖျက်နိုင်ခြင်း။
- အထက်ပါလုပ်ဆောင်ချက်များကို အသုံးပြုနိုင်ရန်အတွက် “MPT4U ဗားရှင်းအသစ်” ကို အသုံးပြုရန်လိုအပ်ပါသည်။
- Android – 4.6.1
- iOS – 1.4.24
အဆိုပြု၀ယ်ယူထားသော အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များကို MPT4U မှာ အောက်ပါအတိုင်း ပြန်လည်ပယ်ဖျက်နိုင်ပါသည်။



သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ
စည်းကမ်းသတ်မှတ်ချက်များ
၁။ MPT GSM/WCDMA အသုံးပြုသူများအားလုံး အကြိုက်ပြော+ Voice Pack ကို ဝယ်ယူ သုံးစွဲနိုင်ပါသည်။
၂။ MPT ကြိုးဖုန်းများ အပါအဝင် ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။
၃။ သတ်မှတ်ထားသောနှုန်းထားမှာ ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီးသား ဖြစ်ပါသည်။
၄။ ဝယ်ယူပြီးသည့်နေ့မှ စတင်၍ ၇ ရက် ၊ ၃၀ ရက် နှင့် ၉၀ ရက် များအတွင်း အသုံးပြုနိုင်ပါသည်။
၅။ CDMA သုံးစွဲသူများ ဝယ်ယူရရှိနိုင်မည် မဟုတ်ပါ။
မေးလေ့ရှိသောမေးခွန်းများ
၁။ အကြိုက်ပြော + Voice Pack ဆိုတာ ဘာလဲ?
အကြိုက်ပြော+ Voice Pack ဆိုတာ MPT မှ သုံးစွဲသူတွေအတွက် ပေးထားတဲ့ အစီအစဉ်သစ်တစ်ခုပါ။ *600# ကို ခေါ်ဆိုခြင်းဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။
| အမည် | နှုန်းထား | မိနစ် | အသုံးပြုနိုင်ပုံ | သက်တမ်း | ဝယ်ယူရန် | တိုက်ရိုက် ဝယ်ယူရန် |
|---|---|---|---|---|---|---|
| ၇ရက်သုံး အကြိုက်ပြော Voice Pack | ၉၈၇ ကျပ် | ၆၀ မိနစ် | MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း (ကြိုးဖုန်းအပါအဝင်) | ၇ ရက် | *600# | *600*3# |
| ၃၀ရက်သုံး အကြိုက်ပြော Voice Pack | ၁၉၅၇ ကျပ် | ၁၃၀ မိနစ် | MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း (ကြိုးဖုန်းအပါအဝင်) | ၃၀ ရက် | *600# | *600*2# |
| ၉၀ ရက်သုံး အကြိုက်ပြော Voice Pack | ၃၉၉၇ ကျပ် | ၂၇၀ မိနစ် | MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း (ကြိုးဖုန်းအပါအဝင်) | ၉၀ ရက် | *600# | *600*1# |
၂။ အကြိုက်ပြော+ Voice Pack ကို ဘယ်သူတွေ ဝယ်ယူသုံးစွဲနိုင်မှာလဲ?
MPT GSM/WCDMA အသုံးပြုသူအားလုံး ဝယ်ယူသုံးစွဲနိုင်ပါသည်။
၃။ ဒီ pack နဲ့ အခြားအော်ပရေတာတွေကို ဖုန်းခေါ်လို့ရနိုင်မှာလား?
မရနိုင်ပါဘူး။ MPT ဖုန်းနံပါတ်အချင်းချင်း ခေါ်ဆိုခြင်းသာ ပြုလုပ်နိုင်ပါသည်။
၄။ အကြိုက်ပြော+ Voice Pack ကို ဘယ်လောက်ကြာ အသုံးပြုနိုင်မှာလဲ?
အကြိုက်ပြော+ Voice Pack ကို ၇ ရက်၊ ၃၀ရက် နှင့် ၉၀ ရက် ကြာ အသုံးပြုနိုင်ပါသည်။
၅။ အကြိုက်ပြော + Voice Pack အပြင် ၃၉၇ကျပ် Voice Pack ကိုလည်း ဝယ်ယူထားပါတယ်။ ဘယ် package ထဲက အရင်ဖြတ်မှာပါလဲ?
၃၉၇ ကျပ် Voice Pack ၏ အသုံးပြုနိုင်သောသက်တမ်းမှာ ပိုနည်းသောကြောင့် ၃၉၇ ကျပ် Voice Pack ထဲက အရင်ဖြတ်ပါမယ်။ ထို့နောက်တွင် အကြိုက်ပြော+ Voice Pack ထဲမှ ဖြတ်သွားမှာဖြစ်ပါတယ်။
၆။ အကြိုက်ပြော+ Voice Pack ကို အကြိမ်ရေ မည်မျှ ဝယ်ယူနိုင်မည်နည်း။
အကြိုက်ပြော+ Voice Pack ကို စိတ်ကြိုက် ဝယ်ယူနိုင်ပါတယ်။
၇။ ယခင်အကြိုက်ပြော+ Voice Pack ရဲ့ မိနစ်နဲ့သက်တမ်းကျန်ရှိနေချိန်မှာ နောက်ထပ် အကြိုက်ပြော+ Voice Pack ကို ဝယ်ယူပါက မည်သို့ဖြစ်မည်နည်း။
နိုဝင်ဘာလ ၄ရက်နေ့မတိုင်ခင်က ဝယ်ယူထားပါက ဝယ်ယူထားသော အကြိုက်ပြော+ Voice Pack
တစ်ခုချင်းစီသည် ယင်းတို့၏ သတ်မှတ်သက်တမ်းကုန်ဆုံးချိန်တွင် အသီးသီးကုန်ဆုံးပါမည်။
နိုဝင်ဘာလ ၄ရက်နေ့မှ စတင်၍ အကြိုက်ပြော + ပက်ကေ့ချ်အသစ်ဝယ်ယူပါက အသစ်ဝယ်ယူထားသော ပက်ကေ့ချ်အချင်းချင်း ပေါင်းစည်း၍ အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါသည်။
(၁) အလိုအလျောက် သက်တမ်းတိုး အကြိုက်ပြော+ အစီအစဉ် ဆိုတာ ဘာလဲ။
အလိုအလျောက် သက်တမ်းတိုး အကြိုက်ပြော+ အစီအစဉ်ဆိုသည်မှာ သက်သာသော နှုန်းထားဖြင့် MPT ဖုန်းအချင်းချင်း စိတ်ကြိုက်ခေါ်ဆိုနိုင်တဲ့ Voice ပက်ကေ့ချ်များ ဖြစ်ပါသည်။ အလိုအလျောက် သက်တမ်းတိုးရန် အဆိုပြု ဝယ်ယူထားပါက ပက်ကေ့ချ်၏ လက်ကျန် ဖုန်းပြောမိနစ် ၁၀မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (11:35 PM – 12:00 AM) ဝန်းကျင်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။
(၂) ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?
ဖုန်းပြောနိုင်မယ့်မိနစ်တွေအတွက် စိတ်ပူစရာမလိုဘဲ လက်ကျန် ဖုန်းပြောမိနစ် ၁၀ မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမှာဖြစ်လို့စဉ်ဆက်မပြတ် သုံးစွဲနိုင်မှာဖြစ်ပါတယ်။ မည်သည့် အကြိုက်ပြော+ ပက်ကေ့ချ် ကိုမဆိုဝယ်ယူပါက MPT အချင်းချင်း ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပြီး (special / premium / call center / VAS related numbers မပါဝင်ပါ) ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ 200GB အထိ ကံထူးနိုင်သည့် ထိပေါက်ကံစမ်းခွင့်ကို ရရှိမှာဖြစ်ပါတယ်။
| ဈေးနှုန်း (ကုန်သွယ်ခွန်ပါဝင်ပြီး) | မိနစ်များ | သက်တမ်း | ရယူနိုင်သည့်နည်းလမ်းများ | Auto Renew ပယ်ဖျက်ရန်နည်းလမ်းများ |
|||
|---|---|---|---|---|---|---|---|
| Direct USSD | Common USSD | အခြားနည်းလမ်းများ | Direct USSD | Common USSD |
|||
| ၉၆၇ ကျပ် | ၆၀ မိနစ် | ၇ ရက် | *600*3*3# | *106# (or) *600# | MPT4U App (or) MPT Pay (or)CRM Portal (or) DMS App | *600*3*4# | *2123# |
| ၁၉၁၇ ကျပ် | ၁၃၀ မိနစ် | ၃၀ ရက် | *600*2*3# | *600*2*4# | |||
| ၃၉၁၇ ကျပ် | ၂၇၀ မိနစ် | ၉၀ ရက် | *600*1*3# | *600*1*4# | |||
၃) အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?
MPT GSM/WCDMA prepaid/postpaid (ဆွေသဟာ နှင့် Base Tariff) အစီအစဉ်အသုံးပြုနေသူများအားလုံး ဝယ်ယူ အသုံးပြုနိုင်ပါသည်။
(၄) အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?
အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို *600# သို့ဖုန်းခေါ်ဆို ၍လည်းကောင်း၊ MPT4U App (သို့) MPT Pay မှ လည်းကောင်း၊ MPT CRM Portal (သို့) DMS App မှတဆင့် ဝယ်ယူနိုင်ပါသည်။ MPT4U Application မှ ဝယ်ယူ မယ်ဆိုရင် “ အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အား ရွေးချယ် ဝယ်ယူနိုင်ပါသည်။ အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် ကို MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။
(၅) ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?
ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။
(၆) လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?
*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။
(၇) အကြိုက်ပြော + ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?
ဟုတ်ကဲ့ ရပါတယ်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။
(၈) အလိုအလျောက်သက်တမ်းတိုး အကြိုက်ပြော + ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?
• အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်း သွားမည့်အပြင် အရှည်ဆုံး ပက်ကေ့ချ် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
• ဖုန်းပြောမိနစ် ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချဲ့သက်တမ်းကို အရှည်ဆုံး ပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ဖုန်းပြောမိနစ် ၁၀မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလို အလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
• ပုံမှန် အကြိုက်ပြော + ပက်ကေ့ချ် ဝယ်ယူပြီး အလိုအလျောက်သက်တမ်းတိုး အကြိုက်ပြော + ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ အလိုအလျောက် သက်တမ်းတိုး အကြိုက်ပြော + ပက်ကေ့ချ် ဝယ်ယူပြီး ပုံမှန် အကြိုက်ပြော+ ပက်ကေ့ချ် ထပ်မံ ဝယ်ယူသည် ဖြစ်စေ ပက်ကေ့ချ် များကို အကြိမ်အရေအတွက် အကန့်အသတ် မရှိ ဝယ်ယူနိုင်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ဖုန်းပြောမိနစ် ၁၀မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ် သက်တမ်း ကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
(၉) ၉၆၇ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ ၁၉၅၇ ကျပ်တန် Regular ကြိုက်ရာခေါ်ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူပြီး Regular ကြိုက်ရာခေါ် ပက်ကေ့ချ်များကို အကြိမ် အရေအတွက် အကန့်အသတ်မရှိ ထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသော ဖုန်းပြောမိနစ် များ ပေါင်းစည်း သွားမည့် အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ပက်ကေ့ချ်၏ လက်ကျန်ပမာဏ ၁၀မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်း ကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
(၁၀) ၉၆၇ ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?
ရပါတယ်။ ဖုန်းပြောမိနစ် ပမာဏ တူညီသော Auto renewal packs များကို အကြိမ် အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် ပက်ကေ့ချ် သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြု နိုင်ပါတယ်။ ပက်ကေ့ချ်၏ လက်ကျန် ပမာဏ ၁ဝမိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်း ကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
(၁၁) မတူညီသောအလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို ထပ်မံဝယ်ယူလို့ရပါသလား?
လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား UNSUBSCRIBE ပြုလုပ်ရန် မလိုအပ်ပဲအခြားသော နှုန်းထားပိုမြင့်သည့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များကို ထပ်မံဝယ်ယူနိုင်ပြီး နှုန်းထားပိုနည်းသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား ထပ်မံဝယ်ယူရန် လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို UNSUBSCRIBE လုပ်ပေးရန်လိုအပ်ပါသည်။
Auto Renew A Kyite Pyaw+ Packs 967 Ks 1917 Ks 3917 Ks
967 Ks Y Y Y
1917 Ks N Y Y
3917 Ks N N Y
Y: လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား UNSUBSCRIBE ပြုလုပ်ရန် မလိုအပ်ပဲ ထပ်မံဝယ်ယူနိုင်ပါသည်။
N: ထပ်မံဝယ်ယူရန် လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို UNSUBSCRIBE လုပ်ပေးရန်လိုအပ်ပါသည်။
(၁၂) လက်ကျန် balance ၁ဝမိနစ် ထိမရောက်ရှိ သေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံး သွားပါက ဘယ်လိုဖြစ်သွားမှာလဲ?
လက်ကျန် balance ၁ဝမိနစ် ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။
(၁၃) အလိုအလျောက် ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေ မလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?
အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန် မလုံလောက်ပါက Auto renewal service သည် ခေတ္တ ရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံ ဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ် ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။
(၁၄) ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?
သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်း ကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံ ဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက် အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ Auto Renew service ကို ပြန်လည် အသုံးပြု လိုပါကပက်ကေ့ချ်ကို ထပ်မံ ဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။
(၁၅) လက်ကျန် ၁၀မိနစ် အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ် ကို Unsubscribe လုပ်မိရင် လက်ကျန် ဖုန်းပြောမိနစ်များကို ဆက်လက် သုံးလို့ရမှာလား?
ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto-renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက ကျန်ရှိနေသော ဖုန်းပြောမိနစ်များ ကို ပက်ကေ့ချ် သက်တမ်း ကုန်ဆုံးသည်အထိ အသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။
(၁၆) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု အကြိုက်ပြော+ နှင့် ကြိုက်ရာခေါ်ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?
အလိုအလျောက် သက်တမ်းတိုး အကြိုက်ပြော+ နှင့် ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူထားပြီး တူညီသော နေ့ရက်တွင် အလိုအလျောက် သက်တမ်းတိုး ရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာ ရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုး မှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာ သာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၁၀၀၀ ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၉၇၇ ကျပ် တန်အလိုအလျောက် ကြိုက်ရာခေါ် ပက်ကေ့ချ် (သို့မဟုတ်) ၉၆၇ကျပ် တန် အကြိုက်ပြော + ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။
(၁၇) ယခင် ၇ရက်သုံး ပုံမှန် အကြိုက်ပြော+ ပက်ကေ့ချ် ဝယ်ယူထား ပါတယ် မိနစ် သက်တမ်းကျန်ရှိနေချိန်မှာ နောက်ထပ် အလိုအလျောက် သက်တမ်းတိုး ၃၀ရက်သုံး အကြိုက်ပြော+ Voice Pack ထပ်မံဝယ်ယူ လိုက်ပါတယ် ဘယ်လိုဖြစ်မှာလဲ။
ယခင် ဝယ်ယူထားသော ၇ရက်သုံး ပုံမှန် အကြိုက်ပြော+ Voice ပက်ကေ့ချ် နှင့် နောက်ထပ် အသစ် ဝယ်ယူထားသော အလိုအလျောက် သက်တမ်းတိုး ၃၀ရက်သုံး အကြိုက်ပြော+ Voice ပက်ကေ့ချ် ရဲ့ မိနစ် အချင်းချင်း ပေါင်းစည်း၍ အလိုအလျောက် သက်တမ်းတိုး ၃၀ရက်သုံး အကြိုက်ပြော+ Voice ပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြု နိုင်မှာဖြစ်ပါတယ်။ ပက်ကေ့ချ် ၏ voice မိနစ် ပမာဏ ကုန်ဆုံးသွားသည့်အခါ (သို့မဟုတ်) သက်တမ်းကုန်ဆုံး သွားသည့် အခါ အသုံးပြုသူ ထံတွင် လုံလောက်သော ငွေကြေးပမာဏ ရှိလျှင် အလိုအလျောက် သက်တမ်းတိုး ၃၀ရက်သုံး အကြိုက်ပြော+ Voice ပက်ကေ့ချ်အသစ် ထပ်မံဝယ် ယူသွားလိမ့်မည် ဖြစ်ပါသည်။
(၁၈) အလိုအလျောက်သက်တမ်းတိုး အကြိုက်ပြော + ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?
အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။



