ကြိုက်ရာခေါ် Pack

မိမိကြိုက်နှစ်သက်ရာ ပြည်တွင်းဖုန်းအားလုံးကို ဈေးနှုန်းသင့်တင့်စွာ ခေါ်ဆိုနိုင်သည့်အပြင် လက်ကျန်မိနစ်များကိုလည်း သက်တမ်းကုန်ဆုံးပြီး (၇)ရက်အတွင်း ပေါင်းစည်းသယ်ဆောင်နိုင်မည့် ပထမဦးဆုံး Carry-Over function ပါဝင်သည့် “ ကြိုက်ရာခေါ်” Pack ကို လေးစားရပါသော သုံးစွဲသူအားလုံးအတွက် MPTက မိတ်ဆက်ပေးလိုက်ပါပြီ။

ကြိုက်ရာခေါ် Pack Regular

Carry over function [သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင် ခွင့်ရှိသည်]
ပရိုမိုးရှင်းကာလသည် ၂၀၂၁ခုနှစ် ဧပြီလ(၂၉) ရက်နေ့မှ ထပ်မံမကြေညာခင်အချိန်အထိ အကျုံးဝင်သည်။

KYK_1800x550

ကြိုက်ရာခေါ်ပက်ကေ့ချ်ရော ကြင်ကြင်နာနာပက်ကေ့ချ်ကိုပါ တစ်ချိန်တည်းမှာဝယ်ယူထားပြီးသားဆိုရင်တော့ ဒီပက်ကေ့ချ်နှစ်ခုလုံးက ဖုန်းပြောမိနစ်ပမာဏတွေကို MPT4U မှာရှိတဲ့ ကြင်ကြင်နာနာ ပက်ကေ့ချ်  Voice Transfer Section မှတစ်ဆင့် မိမိချစ်ခင်ရသူတွေဆီ ဖုန်းပြောမိနစ်တွေမျှဝေပေးနိုင်ပါပြီ။

kknn kyite yar khaw mm

ကြိုက်ရာခေါ် Pack Auto Renew

ဖုန်းပြောမိနစ်တွေကုန်သွားမှာ စိတ်ပူစရာမလိုပဲ ပြည်တွင်းဖုန်းအားလုံးကို လွယ်ကူစွာစိတ်ကြိုက်ခေါ်ဆိုနိုင်မည့် ပထမဦးဆုံး Auto Renewal Function ပါ၀င်သည့် “Auto Renewal ကြိုက်ရာခေါ်“ pack ကို မြန်မာနိုင်ငံရဲ့ပထမဆုံးနှင့်ကွန်ရက်အကျယ်ပြန့်ဆုံး Operator ဖြစ်သော MPTမှ မိတ်ဆက်ပေးလိုက်ပါပြီ။

သုံးစွဲသူများ ကြုံတွေ့လေ့ရှိသော အခက်အခဲများ

ဖုန်းပြောမိနစ်တွေကုန်ဆုံးသွားချိန်တွင် မိမိ၏ လက်ကျန်ဖုန်းဘေလ်များမှ ဖုန်းခေါ်ဆိုမှုအတွက် ဘေလ်ဖြတ်တောက်ခံရခြင်း။

အရေးကြီးသော ဖုန်းပြောဆိုနေစဉ်အတွင်း ပက်ကေ့ချ် သက်တမ်းကုန်သွားသောအခါ ပက်ကေ့ချ် ထပ်မံ၀ယ်ယူရခြင်း။

ပြည်တွင်းဖုန်းအားလုံးကို ဖုန်းခေါ်ဆိုရာတွင် ပက်ကေ့ချ်နှင့်မဟုတ်ပဲ သုံးသလောက်ပေးနှုန်းထားနှင့်ခေါ်ဆိုမိပါက ၀န်ဆောင်ခပိုမိုကျသင့်နိုင်ခြင်း။

Auto Renewal ကြိုက်ရာခေါ်“ pack ကို အဆိုပြု၀ယ်ယူပြီးနောက် ရရှိနိုင်သော အကျိုးကျေးဇူးများ

၀ယ်ယူထားသော ပက်ကေ့ချ် သက်တမ်းကုန်သွားချိန် (သို့) လက်ကျန်မိနစ်များလျော့နည်းသွားချိန်တိုင်း အလိုအလျောက်သက်တမ်းတိုး ၀ယ်ယူသွားမှာ ဖြစ်လို့ လက်ကျန်ဖုန်းဘေလ်များမှ ဖုန်းခေါ်ဆိုမှုအတွက် ဘေလ်ဖြတ်တောက်ခံရခြင်းမှလည်း ကင်းဝေးစေမှာပါ။

Auto Renew Function ကို အဆိုပြု၀ယ်ယူထားပါက အရေးကြီးသော ဖုန်းခေါ်ဆိုမှုများ  ပြုလုပ်နေစဉ်အတွင်း ဖုန်းပြောမိနစ်တွေ ကုန်ဆုံးသွားပါက ပက်ကေ့ချ်ထပ်မံ၀ယ်ယူရန်မလိုပဲ အလိုအလျောက်သက်တမ်းတိုး၀ယ်ယူပေးသွားမှာဖြစ်လို့ အပူအပင်မရှိ အချိန်ကုန်သက်သာလွယ်ကူစွာဆက်လက်ဖုန်းပြောဆိုနိုင်မှာပါ။

ပြည်တွင်းဖုန်းအားလုံးကို သင့်တင့်သောနှုန်းထားဖြင့် အလိုအလျောက်သက်တမ်းတိုး၀ယ်ယူပြီး လွယ်ကူစွာစိတ်ကြိုက်ခေါ်ဆိုနိုင်မှာဖြစ်လို့ သုံးသလောက်ပေးနှုန်းထားနှင့် ခေါ်ဆိုခြင်းကြောင့် ၀န်ဆောင်ခပိုမိုကျသင့်ခြင်းအား စိတ်ပူစရာမလိုတော့ပါ။

  • ၇ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်

    စျေးနှုန်း : ၄၈၇ ကျပ်

    မိနစ်များ : ၁၅ မိနစ် (Anycall)

    သက်တမ်း : ၇ ရက်

    ဝယ်ယူရန်: MPT4U, *997*3*3#

    ပယ်ဖျက်ရန် : MPT4U, *997*3*4#

    MPT4U မှဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန်
  • ၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်

    စျေးနှုန်း :၉၇၇ ကျပ်

    မိနစ်များ : ၄၀မိနစ် (Anycall)

    သက်တမ်း : ၁၅ ရက်

    ဝယ်ယူရန် : MPT4U, *997*1*3#

    ပယ်ဖျက်ရန်: MPT4U, *997*1*4#

    MPT4U မှဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန်
  • ၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်

    စျေးနှုန်း : ၁၉၆၇ ကျပ်

    မိနစ်များ : ၈၅ မိနစ် (Anycall)

    သက်တမ်း : ၃၀ရက်

    ဝယ်ယူရန် : MPT4U, *997*2*3#

    ပယ်ဖျက်ရန်: MPT4U, *997*2*4#

    MPT4U မှဝယ်ယူရန် USSD ဖြင့်ဝယ်ယူရန်

Carry over function[သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင် ခွင့်ရှိသည်]

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ ၏ လုပ်ဆောင်ချက်အသစ်များ

  • လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား စာရင်းသွင်းခြင်းမှ ပြန်လည်ပယ်ဖျက်ရန် မလိုအပ်ပဲအခြားသော နှုန်းထားပိုမြင့်သည့် အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များကို ထပ်မံဝယ်ယူနိုင်ခြင်း။
  • မိမိ ၀ယ်ယူထားပြီးသော အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များအားလုံးကို တစ်နေရာတည်းတွင် စစ်ဆေးကြည့်ရှုနိုင်ခြင်း နှင့် စာရင်းသွင်း ခြင်းမှ လွယ်ကူစွာပြန်လည်ပယ်ဖျက်နိုင်ခြင်း။
      အထက်ပါလုပ်ဆောင်ချက်များကို အသုံးပြုနိုင်ရန်အတွက် “MPT4U ဗားရှင်းအသစ်” ကို အသုံးပြုရန်လိုအပ်ပါသည်။

    • Android – 4.6.1
    • iOS – 1.4.24

အဆိုပြု၀ယ်ယူထားသော အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များကို MPT4U မှာ အောက်ပါအတိုင်း ပြန်လည်ပယ်ဖျက်နိုင်ပါသည်။

Unsubscribe-AR_MM(Step-1)
Unsubscribe-AR_MM(Step-2)
Unsubscribe-AR_MM(Step-3)

သင်စိတ်ဝင်စားနိုင်သော ပရိုမိုးရှင်းများ

A Kyite Poh Auto Renewal

စျေးနှုန်း : ၈၈၇ကျပ်
SMS : ၅,၀၀၀ SMS (MPT-MPT)
သက်တမ်း: ၇ ရက်
ဝယ်ယူရန်: MPT4U, *2427*2*3#
ပယ်ဖျက်ရန် : MPT4U, *2427*2*4#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

A Kyite Pyaw Pack

စျေးနှုန်:  ၉၈၇ ကျပ်
မိနစ် : ၆၀ မိနစ် (MPT-MPT)
သက်တမ်: : ၇ ရက်
ဝယ်ယူရန် : MPT4U, *600*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Data Carry Plus Auto Renew

ဈေးနှုန်း : ၉၉၇ ကျပ်
Data ပမာဏ : ၂၆၃ MB
သက်တမ်း : ၃၀ ရက်
၀ယ်ယူရန် : MPT4U, *777*3*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Data Carry Plus

ဈေးနှုန်း : ၇၉၉ ကျပ်
ဒေတာပမာဏ : ၁၇၅ MB
သက်တမ်း : ၃၀ ရက်
ဝယ်ယူရန် : MPT4U, *777*2#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

A Kyite Poh

ဈေးနှုန်း : ၁၉၈ ကျပ်
SMS : ၁,၀၀၀ SMS (MPT-MPT)
သက်တမ်း : ၂၄ နာရီ
ဝယ်ယူရန် : MPT4U, *2427*1#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

Kyite Yar Khaw Pack

စျေးနှုန်း : ၄၉၇ ကျပ်
မိနစ်များ : ၁၅ မိနစ် (Anycall)
သက်တမ်း : ၇ ရက်
ဝယ်ယူရန် : MPT4U, *997*3#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

ထောဘီ ၅ ဆ

စျေးနှုန်: : ၁၀၀၀ ကျပ်
ထောဘီဖုန်းဘေလ် : ၅၀၀၀ ကျပ်(ထောဘီ ၅ဆ)
သက်တမ်း : ၁၅ ရက်
၀ယ်ယူရန် : MPT4U, *5001#

ပိုမို ကြည့်ရှု့ရန် ဝယ်ယူရန်

စည်းကမ်းသတ်မှတ်ချက်များ

၁။ မည်သည့် ကြိုက်ရာခေါ် ပက်ကေ့ချ် ကိုမဆို ဝယ်ယူပါက ပြည်တွင်း မှ ကြိုက်နှစ်သက်ရာ မည်သည့် ဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုနိုင်မှာဖြစ်ပါတယ်။ (special / premium / call center / VAS related numbers မပါဝင်ပါ။) ပက်ကေ့ချ် ၏ မိနစ် နှင့် သက်တမ်းကိုပေါင်းစည်း သယ်ဆောင်နိုင်ပါသည်။

၂။ ဆွေသဟာ အစီအစဉ် ရယူထားသော GSM/WCDMA Prepaid/Postpaid နှင့် Base Tariff အသုံးပြုသူများ ဝယ်ယူနိုင်ပါသည်။ CDMA နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

၃။ ပက်ကေ့ချ်များ ၏ Voice Minutes သယ်ဆောင်နိုင်သောကာလမှာ ယင်း ပက်ကေ့ချ်၏ သက်တမ်း ကုန်ဆုံးပြီး (ရက် အတွင်းဖြစ်ပါသည်။

၄။ ကြိုက်ရာခေါ် ပက်ကေ့ချ်များကို အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ပက်ကေ့ချ်၏ အရှည်ဆုံး သက်တမ်းအတိုင်း ပေါင်းစည်း အသုံးပြု နိုင်ပါသည်။

၅။ Voice Minutes သယ်ဆောင်နိုင်သော ကာလ (Package ၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်) အတွင်း ကြိုက်ရာခေါ် ပက်ကေ့ချ်အသစ်ဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော ပက်ကေ့ချ် Voice Minutes ကို ပက်ကေ့ချ် အသစ် ၏ သက်တမ်းအတိုင်း ပေါင်းစည်းအသုံးပြုနိုင်ပါသည်။

၆။ Voice Minutes ဒေတာသယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်း ပက်ကေ့ချ်အသစ်ထပ်မံ မဝယ်ယူပါက ကျန်ရှိနေသော ပက်ကေ့ချ် Voice Minutes များကို အသုံးပြုနိုင်မည် မဟုတ်ပါ။

၇။ Voice Minutes အချင်းချင်း၏ သက်တမ်းနှင့် ဒေတာလက်ကျန်ကို ပေါင်းစည်းအသုံးပြုနိုင်ပါသည်။

၈။ ကြိုက်ရာခေါ် ပက်ကေချ့် များကို  မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်ပါသည်။

မေးလေ့ရှိသော မေးခွန်းများ

၁။ ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ?

ကြိုက်ရာခေါ် ဆို သည်မှာ MPT မှ ကိုယ်ချစ်ခင်ရတဲ့ မိသားစု၊မိတ်ဆွေ၊သူငယ်ချင်းများနဲ့ ပိုမိုဆက်သွယ်နိုင်ရန် သက်သာသော နှုန်းထားဖြင့် ပြည်တွင်း ဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်အောင် စီစဥ်ပေးထားတဲ့ အစီအစဥ်လေး ဖြစ်ပါသည်။ special / premium / call center / VAS related numbers မပါဝင်ပါ။

၂။ ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

မည်သည့် ကြိုက်ရာခေါ် ပက်ကေ့ချ် ကိုမဆို ဝယ်ယူပါက ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ ဘယ် ဖုန်းလိုင်းကိုမဆို ခေါ်ဆိုနိုင်မှာဖြစ်ပါသည်။ ပက်ကေ့ချ် ထပ်မံဝယ်ယူတိုင်းမှာလဲ ပက်ကေ့ချ် ၏ voice minutes နှင့် သက်တမ်း များကို ပေါင်းစည်းသယ်ဆောင်နိုင်ပါသည်။

အမည်စျေးနှုန်း
(ကုန်သွယ်ခွန် ပါဝင်ပြီး)
မိနစ်များသက်တမ်း အကျိုးကျေးဇူး ဝယ်ယူရန်
၇ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၄၉၇ ကျပ်၁၅ မိနစ်၇ ရက်Carry over function
[သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း လက်ကျန် Voice မိနစ်များ သယ်ဆောင် ခွင့်ရှိသည်]
*997# (or) MPT4U App (or) MPT Pay
၁၅ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၉၉၇ ကျပ်၄၀ မိနစ်၁၅ ရက်
၃၀ရက်သုံး ကြိုက်ရာခေါ် ပက်ကေ့ချ်၁၉၉၇ ကျပ်၈၅ မိနစ်၃၀ ရက်

၃။ အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ(သို့မဟုတ်)ရှယ်ပြော(သို့မဟုတ်)ရွှေစကား နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။ Special / premium / call center / VAS related numbers မပါဝင်ပါ။

၄။ အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?

*997# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Money မှ လည်းကောင်း၊ နီးစပ်ရာ MPT အရောင်းဆိုင်များမှတဆင့် ဝယ်ယူနိုင်ပါသည်။

၅။ ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

၆။ လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

၇။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး မိနစ်သယ်ဆောင်ခွင့် ကာလအတွင်း ပက်ကေ့ချ်အသစ် ထပ်မံဝယ်ယူပါက ပက်ကေ့ချ်၏ မူလမိနစ်များ ကို ပေါင်းစည်းအသုံးပြုနိုင်သည့်အပြင် အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်းအသုံးပြုနိုင်ပါသည်။

၈။ ကြိုက်ရာခေါ် ပက်ကေ့ချ်များ၏ Voice Minutes သယ်ယူနိုင်သောကာလမှာ ဘယ်လောက်ပါလဲ?

ပက်ကေ့ချ်များ ၏ Voice minutes သယ်ယူနိုင်သောကာလမှာ ပက်ကေ့ချ် ၏ သက်တမ်းကုန်ဆုံးပြီး (၇)ရက် အတွင်း ဖြစ်ပါတယ်။

၉။ မိနစ်သယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ မိနစ်တွေက ဘယ်လို ဖြစ်သွားမှာလဲ?

Voice minutes သယ်ဆောင်နေသော ကာလ (Package ၏ သက်တမ်း ကုန်ဆုံးပြီး (၇) ရက်) အတွင်းမှာ ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ထိုကာလအတွင်း Package အသစ်တစ်ခု ထပ်မံ ဝယ်ပါက ယခင်အသုံးပြုရန်ကျန်ရှိနေသော ပက်ကေ့ချ်မိနစ်များ ကို ပေါင်းစည်း အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။

၁၀။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ မည်သည့် channel မှ မဆို ဝယ်ယူနိုင်ပြီး ထိပေါက် chance ၁ခု ရရှိကာ MPT4U တွင် ကံစမ်းနိုင်ပါသည်။

၁၁။ ကြိုက်ရာခေါ် ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

ရပါတယ်။ ကြိုက်ရာခေါ် ပက်ကေ့ချ် များကို တခြားသူများသို့ လက်ဆောင်ပေးလိုပါက MPT4U App မှတစ်ဆင့် (သို့) *997# မှတစ်ဆင့် အမှတ်စဉ် “2. Gift (သို့) 2. လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး လက်ဆောင်ပေးမည့် ဖုန်းနံပါတ်ကိုရိုက်နှိပ်ပြီး လက်ဆောင်ပေးနိုင်ပါတယ်။

1) အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် အစီအစဉ် ဆိုတာ ဘာလဲ။

အလိုအလျောက် သက်တမ်းတိုး ကြိုက်ရာခေါ် အစီအစဉ် ဆိုသည်မှာ သက်သာသောနှုန်းထားဖြင့် ပြည်တွင်းဖုန်းအားလုံးကို စိတ်ကြိုက်ခေါ်ဆိုနိုင်သော voice ပက်ကေ့ချ်များဖြစ်ပါသည်။ အလိုအလျောက် သက်တမ်းတိုးရန် အဆိုပြုဝယ်ယူထားပါက ပက်ကေ့ချ်၏ လက်ကျန် ဖုန်းပြောမိနစ် ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန် (11:35 PM ~ 12:00 AM) ဝန်းကျင်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။

2) ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ?

ဖုန်းပြောနိုင်မယ့်မိနစ်တွေအတွက်စိတ်ပူစရာမလိုဘဲအလိုအလျောက်သက်တမ်းတိုးကြိုက်ရာခေါ်ပက်ကေ့ချ် သည် လက်ကျန် ဖုန်းပြောမိနစ် ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အလို အလျောက်သက်တမ်းတိုး ဝယ်ယူမှာဖြစ်လို့ စဥ်ဆက်မပြတ်သုံးစွဲနိုင်မှာဖြစ်ပါတယ်။မည်သည့် ကြိုက်ရာခေါ် ပက်ကေ့ချ် ကိုမဆို ဝယ်ယူပါက ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ မည်သည့်ဖုန်းလိုင်း ကိုမဆို (special / premium / call center / VAS related numbers မပါဝင်ပါ။) ခေါ်ဆိုနိုင်မှာဖြစ်ပြီး ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ 200GB အထိ ကံထူးနိုင်သည့် ထိပေါက်ကံစမ်းခွင့်ကိုရရှိမှာဖြစ်ပါတယ်။ သက်တမ်းကုန်ဆုံးပြီး ၇ရက်အတွင်း ပက်ကေ့ချ် အသစ်ထပ်မံဝယ်ယူပါက မသုံးစွဲဘဲကျန်ရှိနေသော လက်ကျန် Voice minutes များကို အသစ်ဝယ်ယူထားသော ပက်ကေ့ချ်၏ မိနစ်ပမာဏများ နှင့်ပေါင်းပြီးသက်တမ်းတိုးအသုံးပြုနိုင်ပါသည်။

စျေးနှုန်း(ကုန်သွယ်ခွန် ပါဝင်ပြီး)မိနစ်များသက်တမ်းရယူနိုင်သည့်နည်းလမ်းများAuto Renew ပယ်ဖျက်ရန်
နည်းလမ်းများ
လက်ကျန် စစ်ဆေးရန်
Direct USSDCommon USSDအခြားနည်းလမ်းများDirect USSDCommon USSD
၄၈၇ ကျပ်၁၅ မိနစ်၇ ရက်*997*3*3#*997#MPT4U App (or)
MPT Pay
(or)
CRM Portall
*997*3*4#*2122#*224#
၉၇၇ ကျပ်၄၀ မိနစ်၁၅ ရက်*997*1*3#*997*1*4#
၁၉၆၇ ကျပ်၈၅ မိနစ်၃၀ ရက်*997*2*3#*997*2*4#

3) အစီအစဉ်ကို မည်သူတွေ ဝယ်ယူအသုံးပြုနိုင်ပါသလဲ?

MPT GSM/WCDMA prepaid/postpaid (ဆွေသဟာ နှင့် Base Tariff) အစီအစဉ် အသုံးပြုနေသူများအားလုံး ၀ယ်ယူ အသုံးပြုနိုင်ပါသည်။ CDMA နှင့် လက်ရှိအသုံးပြုခြင်းမရှိသူများ ဝယ်ယူနိုင်မည်မဟုတ်ပါ။

4) အစီအစဉ်ကို ရယူရန် မည်သို့လုပ်ဆောင်ရမည်နည်း?

အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ် ကို *997# သို့ဖုန်းခေါ် ဆို၍လည်းကောင်း၊ MPT4U App (သို့) MPT Pay မှ လည်းကောင်း၊ MPT CRM Portal မှတဆင့် ဝယ်ယူနိုင်ပါသည်။ MPT4U Application မှ ဝယ်ယူမယ်ဆိုရင် “အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်” page မှတဆင့်ဝယ်ယူနိုင်သလို “ပက်ကေ့ချ်ဝယ်ယူခြင်း” page မှတဆင့် ဝင်ရောက်ကာ မိမိကြိုက်နှစ်သက်ရာ ပက်ကေ့ချ်အားရွေးချယ်ဝယ်ယူနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို MPT4U တွင် ဝယ်ယူအသုံးပြုရန် iOS Version 1.4.10 နှင့် Android Version 4.4.1 ရှိရန်လိုအပ်ပါသည်။

5) ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန်ပါဝင်ပြီးဖြစ်ပါသလား?

ပက်ကေ့ချ်ဈေးနှုန်းများမှာ အခွန် ၅% ပါဝင်ပြီးဖြစ်ပါတယ်။

6) လက်ကျန်ပမာဏကို ဘယ်လိုစစ်ဆေးနိုင်မှာလဲ?

*224# သို့ဖုန်းခေါ်ဆို၍လည်းကောင်း(သို့) MPT4U App မှတဆင့် လည်းကောင်း စစ်ဆေးကြည့်နိုင်ပါသည်။

7) ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူပြီး ထိပေါက်အစီအစဉ်တွင် ပါဝင်ကံစမ်း နိုင်ပါသလား?

ဟုတ်ကဲ့ ရပါတယ်။ ပက်ကေ့ချ်များကို ဝယ်ယူတိုင်းမှာ ထိပေါက်ကစားခွင့်ရရှိမှာဖြစ်ပြီး 200GB အထိ ကံစမ်းရယူနိုင်မှာ ဖြစ်ပါတယ်။

8) မိနစ်သယ်ဆောင်နေသော ကာလအတွင်းမှာ အသုံးမပြုရသေးတဲ့ မိနစ်တွေက ဘယ်လို ဖြစ်သွားမှာလဲ?

Carry Over Function ပါရှိပါတယ်။ Voice Minutes သယ်ဆောင်နိုင်သောကာလ (ပက်ကေ့ချ် ၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်) အတွင်း ကြိုက်ရာခေါ် ပက်ကေ့ချ်အသစ် ဝယ်ယူပါက အသုံးပြုရန် ကျန်ရှိနေသော ပက်ကေ့ချ် Voice Minutes ကို ပက်ကေ့ချ် အသစ်၏ သက်တမ်းအတိုင်း ပေါင်းစည်း အသုံးပြုနိုင် ပါသည်။

9) အလိုအလျောက်သက်တမ်းတိုး ကြိုက်ရာခေါ် ကို အကြိမ်အရေအတွက် ဘယ်လောက်ထိ ဝယ်ယူနိုင်မှာလဲ?

• အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံး ပက်ကေချ့် သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။
• ဖုန်းပြောမိနစ် ပမာဏတူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်းကို အရှည်ဆုံး ပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ပက်ကေ့ချ်၏ ဖုန်းပြောမိနစ် ၅မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလို အလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။
• ပုံမှန် ကြိုက်ရာခေါ် ပက်ကေ့ချ် ဝယ်ယူပြီး အလိုအလျောက်သက်တမ်းတိုး ကြိုက်ရာခေါ် ပက်ကေ့ချ်ထပ်မံ ဝယ်ယူသည်ဖြစ်စေ၊ အလိုအလျောက်သက်တမ်းတိုး ကြိုက်ရာခေါ် ပက်ကေ့ချ် ဝယ်ယူပြီး ပုံမှန် ကြိုက်ရာခေါ် ပက်ကေ့ချ် ထပ်မံဝယ်ယူသည်ဖြစ်စေ ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့် အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည်။ ပက်ကေ့ချ်၏ ဖုန်းပြောမိနစ် ၅မိနစ် အောက် ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

10) 487 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 997 ကျပ်တန် Regular ကြိုက်ရာခေါ် ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ဝယ်ယူပြီး Regular ကြိုက်ရာခေါ် ပက်ကေ့ချ်များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိထပ်မံဝယ်ယူနိုင်ပါတယ်။ ဝယ်ယူထားသော ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် အရှည်ဆုံးပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ပက်ကေ့ချ်၏ လက်ကျန်ပမာဏ ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

11) 487 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ဝယ်ယူထားပါတယ်။ 487 ကျပ်တန် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ် ကို ထပ်မံဝယ်ယူလို့ရပါသလား?

ရပါတယ်။ ဖုန်းပြောမိနစ် ပမာဏ တူညီသော Auto renewal packs များကို အကြိမ်အရေအတွက်အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ဖုန်းပြောမိနစ်များ ပေါင်းစည်းသွားမည့်အပြင် ပက်ကေချ့်သက်တမ်း ကို အရှည်ဆုံး ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင်ပါတယ်။ ပက်ကေ့ချ်၏ လက်ကျန်ပမာဏ ၅မိနစ် အောက်ရောက်ရှိသွားချိန် (သို့မဟုတ်) ပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်တွင် အဆိုပြုထားသည့် အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူပါမည်။

12) မတူညီသော အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ကို ထပ်မံဝယ်ယူလို့ရပါသလား?

လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား UNSUBSCRIBE ပြုလုပ်ရန် မလိုအပ်ပဲအခြားသော နှုန်းထားပိုမြင့်သည့် အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်များကို ထပ်မံဝယ်ယူနိုင်ပြီး နှုန်းထားပိုနည်းသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား ထပ်မံဝယ်ယူရန် လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို UNSUBSCRIBE လုပ်ပေးရန်လိုအပ်ပါသည်။
Auto Renew Kyite Yar Khaw Packs 487 Ks 977 Ks 1967 Ks
487 Ks Y Y Y
977 Ks N Y Y
1967 Ks N N Y
Y: လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်များအား UNSUBSCRIBE ပြုလုပ်ရန် မလိုအပ်ပဲ ထပ်မံဝယ်ယူနိုင်ပါသည်။
N: ထပ်မံဝယ်ယူရန် လက်ရှိ၀ယ်ယူထားသော အလိုအလျောက်သက်တမ်းတိုးပက်ကေ့ချ်ကို UNSUBSCRIBE လုပ်ပေးရန်လိုအပ်ပါသည်။

13) လက်ကျန် balance ၅မိနစ် ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားပါက ဘယ်လိုဖြစ်သွားမှာလဲ?

လက်ကျန် balance ၅မိနစ် ထိမရောက်ရှိသေးသော်လည်း ပက်ကေ့ချ် သက်တမ်းကုန်ဆုံးသွားပါက အဆိုပြုထားသည့်အတိုင်း အလိုအလျောက် သက်တမ်းတိုး ဝယ်ယူမည်ဖြစ်ပါသည်။

14) အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးရာ၌ လက်ကျန်ငွေမလုံလောက်ပါက ဘယ်လိုဖြစ်သွားမှာလဲ?

အလိုအလျောက်ပက်ကေ့ချ်သက်တမ်းတိုးဖို့ ငွေလက်ကျန်မလုံလောက်ပါက Auto renewal service သည် ခေတ္တရပ်တန့်သွားမှာဖြစ်ပြီး သုံးစွဲသူမှ ဖုန်းငွေဖြည့်ခြင်း/ ချေးငွေအသုံးပြုခြင်း/ ငွေလွှဲခြင်း နည်းလမ်းများဖြင့် ငွေထပ်မံဖြည့်သွင်းနိုင်သည်။ အဆိုပါ သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးပြီး (၇ရက်)အတွင်း နောက်ဆုံးထား၍ ဖုန်းငွေထပ်မံဖြည့်သွင်းမှသာ ပက်ကေ့ချ်ကို ဆက်လက်အသုံးပြုနိုင်မည်။

15) ဘယ်အချိန်မှာ Auto Renew Function လုံးဝရပ်တန့်သွားမှာလဲ?

သုံးစွဲသူမှ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးပြီးနောက် (၇) ရက်အတွင်း တိုင်အောင် ငွေထပ်မံဖြည့်သွင်းခြင်း မရှိပါက Auto Renew Function ကို ဆက်လက်အသုံးမပြုနိုင်ပါ။ အသုံးပြုသူမှ Auto Renew service ကို ပြန်လည်အသုံးပြုလိုပါကပက်ကေ့ချ်ကို ထပ်မံဝယ်ယူပြီးမှ အသုံးပြုနိုင်ပါသည်။

16) လက်ကျန် ၅မိနစ် အောက် မရောက်ရှိခင် Autorenewal ပက်ကေ့ချ်ကို Unsubscribe လုပ်မိရင် လက်ကျန်မိနစ်များကို ဆက်လက်သုံးလို့ရမှာလား?

ရပါတယ်။ ပက်ကေ့ချ်သက်တမ်းမကုန်ခင် Auto –renewal ပက်ကေ့ချ်ကို UNSUBSCRIBE (ရပ်တန့်) လိုက်ပါက ကျန်ရှိနေသော ဖုန်းပြောမိနစ်များ ကို ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသည်အထိအသုံးပြုနိုင်ပါသည်။ သို့သော် Unsubscribe ပြုလုပ်သည်နှင့် Auto renewal function ကို အသုံးမပြုနိုင်တော့ပါ။

17) အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် နှစ်ခု- Data Carry နှင့် ကြိုက်ရာခေါ် ကို ဝယ်ယူထားပါတယ်။ ဘယ်ပက်ကေ့ချ်က အရင်သက်တမ်းတိုးမှာလဲ?

အလိုအလျောက် သက်တမ်းတိုး Data Carry နှင့် ကြိုက်ရာခေါ် ပက်ကေ့ချ် များကို ဝယ်ယူထားပြီး တူညီသောနေ့ရက်တွင် အလိုအလျောက်သက်တမ်းတိုးရမည်ဖြစ်ပါက လက်ကျန်ဖုန်းဘေလ် လုံလောက်စွာရှိနေမယ်ဆိုရင် ပက်ကေ့ချ် နှစ်ခုလုံးသည် တပြိုင်နက်တည်း သက်တမ်းတိုးမှာဖြစ်ပါသည်။ လက်ကျန် ဖုန်းဘေလ်သည် ပက်ကေ့ချ်တစ်ခုစာသာကျန်ရှိပါက ကျပန်းစနစ်ဖြင့်သာ သက်တမ်းတိုးမှာဖြစ်ပါသည်။ ဥပမာ။ ။ သုံးစွဲသူက ငွေ ၁၀၀၀ ကျပ် ဖြည့်မယ်ဆိုလျှင် ပက်ကေ့ချ်တစ်ခုကိုသာ သက်တမ်းတိုးနိုင်မှာဖြစ်သောကြောင့် ကျပန်းစနစ်အရ ၉၇၇ ကျပ် တန်အလိုအလျောက် ကြိုက်ရာခေါ် ပက်ကေ့ချ် (သို့မဟုတ်) ၉၉၇ကျပ် တန် Data Carry ပက်ကေ့ချ်တစ်ခုသာ အရင်သက်တမ်းတိုးမည်ဖြစ်သည်။

18) ကြိုက်ရာခေါ် ပက်ကေ့ချ် ကို တခြားသူများသို့ လက်ဆောင်ပေးလို့ ရပါသလား?

Autorenewal ပက်ကေ့ချ်များကို တခြားသူများသို့ လက်ဆောင်ပေး၍မရပါ။

best operator in Myanmar