(MLBB+PUBG+Free Fire)Combo Data Pack

Gamer တို့အတွက် Mobile Legends, PUBG Mobile နှင့် Free Fire ဂိမ်းတွေဆော့ကစားနိုင်မည့် အလန်းစား Combo ဒေတာပက်ကေ့ချ်တွေကို MPT အသုံးပြုသူများကိုမိတ်ဆက်ပေးလိုက်ပါပြီ။ ဂိမ်းကစားနိုင်ဖို့အတွက် ပက်ကေ့ချ်၀ယ်ယူရာမှာလဲ ၁ ရက်စာ 250 MB ပက်ကေ့ချ်များ၊ ၇ ရက်စာ 1045 MB ပက်ကေ့ချ်များအပြင် ၁၉၉၉ ကျပ် ပြန်အမ်းငွေရရှိမယ့် ၃၀ ရက်စာ 2210 MB ပက်ကေ့ချ်တွေလဲရှိလို့ အရမ်းတန်တဲ့ စျေးနှုန်းများဖြင့် သင်နှစ်သက်သလို ရွေးချယ်၀ယ်ယူနိုင်ပါတယ်။


  • 1 Day Data Pack

    Auto-Renew: ၂၃၉ ကျပ်

    Regular: ၂၄၉ ကျပ်

    ဒေတာ : 250 MB

    သက်တမ်း: (၁)

    ရယူရန်: *8093# (Auto-Renew)

    ရယူရန်: *8093*1# (Regular)

    ဝယ်ယူရန်


  • 7 Days Data Pack

    Auto-Renew: ၉၈၉ ကျပ်

    Regular: ၉၉၉ ကျပ်

    ဒေတာ : 1045 MB

    သက်တမ်း: (၇) ရက်

    ရယူရန်: *8092# (Auto-Renew)

    ရယူရန်: *8092*7# (Regular)

    ဝယ်ယူရန်


  • 30 Days Data Pack

    ၁၉၉၉ ကျပ် (ပြန်အမ်းငွေ ၁၉၉၉ ကျပ်)

    ဒေတာ : 2210 MB

    သက်တမ်း: (၃၀) ရက်

    ရယူရန်: *8091#

    ဝယ်ယူရန်

စည်းကမ်းချက်များ

  • (MLBB+PUBG+Free Fire) Combo ဒေတာပက်ကေ့ချ်သည် ဂိမ်းအတွင်း မိမိတို့ရွေးချယ်ထားသော Hero ကိုကိုင်တွယ်ကာ စတင်ဆော့ကစားသည့်အခါမှ (Battle ဆိုင်သည့်အခါတွင်မှ) အကျုံးဝင်မည်ဖြစ်ပါသည်။ ဂိမ်းတွင်းသို့ ဝင်ရောက်သည့် loading Time , Main Menu ရှိ Setting များ Event များသို့ ဝင်ရောက်ကြည့်ရူခြင်းများ၊ In-Game Update များနှင့် တိုက်ပွဲမစတင်မှီ Hero နှင့် ဂိမ်းအတွင်း Voice Chat အသုံးပြုကာ ဆက်သွယ်ခြင်းများအတွက် (MLBB+PUBG+Free Fire) Combo ဒေတာပက်ကေ့ချ်မှဖြတ်တောက်မည်ဖြစ်သော်လည်း အခြားသော Packages နှင့် Main Balance များမှလည်းအနည်းငယ် ဖြတ်တောက်နိုင်ပါသည်။ ထို့အပြင် ကျေးဇူးပြုပြီး ဦးစွာ Airplane Mode ကို အပိတ်/အဖွင့်ပြုလုပ်ပြီး VPN ကိုလည်း ပိတ်ထားပြီးမှ ကစားရမည် ဖြစ်ပါသည်။
  • Play Store or App Store မှ Game Update/Download လုပ်ခြင်း၊ ဂိမ်းအတွင်း Streaming လုပ်ခြင်း၊ Facebook, YouTube, TikTok (သို့မဟုတ် အခြား Link များအတွက် မပါဝင်ပါ) ယင်းအသုံးပြုမှုများ အတွက် အခြား ဒေတာပက်ကေ့ချ် (သို့မဟုတ်) သုံးသလောက်ပေး ဒေတာမှ ကောက်ခံသွားပါမည်။

မေးလေ့ရှိသော မေးခွန်းများ

၁။ (MLBB+PUBG+FREE FIRE)Combo Data Pack ဆိုတာဘာလဲ?

MPT ဆင်းမ်ကဒ်အသုံးပြုသူများအတွက် Mobile Legends၊ PUBG Mobile နှင့် Free Fire ဂိမ်းများကစားရာတွင်သာ အသုံးပြုနိုင်သော အထူးသီးသန့်ဒေတာပက်ကေ့ချ်များဖြစ်ပါတယ်။

၂။ (MLBB+PUBG+FREE FIRE)Combo Data Pack ကို Facebook သုံးခြင်း၊ YouTube ကြည့်ခြင်း တို့အတွက် အသုံးပြုနိုင်ပါသလား?

အသုံးပြု၍မရနိုင်ပါ။ ဝယ်ယူရရှိထားသော ဒေတာပက်ကေ့ချ် သည် Mobile Legends၊ PUBG Mobile နှင့် Free Fire Game ဂိမ်းများကစားရန် အတွက်သာ ဖြစ်ပါတယ်။ Mobile Legends၊ PUBG Mobile နှင့် Free Fire Game ဂိမ်းများကစားရန်မှလွဲပြီး အခြားသောဒေတာ အသုံးပြုမှုများအတွက် ဝယ်ယူထားသော သက်ဆိုင်ရာ ဒေတာပက်ကေ့ချ် (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၃။ (MLBB+PUBG+FREE FIRE)Combo 1Day, 7Days, 30Days ဒေတာပက်ကေ့ချ်များ တန်ဖိုးသည် အခွန်ပါ၀င်ပြီးသား စျေးနှုန်းဟုတ်ပါသလား?

ဟုတ်ပါတယ်။ (MLBB+PUBG+FREE FIRE)Combo 1Day, 7Days, 30Days ဒေတာပက်ကေ့ချ်များသည် အခွန်ပါ၀င်ပြီးသား စျေးနှုန်း ဖြစ်ပါသည်။

၄။ (MLBB+PUBG+FREE FIRE)Combo Data Pack မှ ဒေတာပမာဏများကိုအသုံးပြုရန် MPT ကွန်ယက် ဖွင့်ထားဖို့ လိုအပ်ပါသလား?

ဟုတ်ပါတယ်။ (MLBB+PUBG+FREE FIRE)Combo Data Pack မှ ဒေတာပမာဏများကို အသုံးပြုရန် MPT ကွန်ယက် ဖွင့်ထားဖို့လိုအပ်ပါတယ်။

၅။ (MLBB+PUBG+FREE FIRE)Combo Data Pack နှင့် ဂိမ်းကစားသောအခါ ဒေတာ အသုံးပြုမှု တစ်ချို့က Combo ပက်ကေ့ချ်ထဲကမဖြတ်ပဲ အခြားဒေတာ ပက်ကေ့ချ် (သို့) လက်ကျန်ငွေထဲက ဖြတ်တောက်ခံရတာ ဘာကြောင့်ပါလဲ?

(MLBB+PUBG+Free Fire) Combo ဒေတာပက်ကေ့ချ်သည် ဂိမ်းအတွင်း မိမိတို့ရွေးချယ်ထားသော Hero ကိုကိုင်တွယ်ကာ စတင်ဆော့ကစားသည့်အခါမှ (Battle ဆိုင်သည့်အခါတွင်မှ) အကျုံးဝင်မည်ဖြစ်ပါသည်။ ဂိမ်းတွင်းသို့ ဝင်ရောက်သည့် loading Time , Main Menu ရှိ Setting များ Event များသို့ ဝင်ရောက်ကြည့်ရူခြင်းများ၊ In-Game Update များနှင့် တိုက်ပွဲမစတင်မှီ Hero နှင့် ဂိမ်းအတွင်း Voice Chat အသုံးပြုကာ ဆက်သွယ်ခြင်းများအတွက် (MLBB+PUBG) Combo ဒေတာပက်ကေ့ချ်မှဖြတ်တောက်မည်ဖြစ်သော်လည်း အခြားသော Packages နှင့် Main Balance များမှလည်းအနည်းငယ် ဖြတ်တောက်နိုင်ပါသည်။ ထို့အပြင် ကျေးဇူးပြုပြီး ဦးစွာ Airplane Mode ကို အပိတ်/အဖွင့်ပြုလုပ်ပြီး VPN ကိုလည်း ပိတ်ထားပြီးမှ ကစားရမည် ဖြစ်ပါသည်။
– Play Store or App Store မှ Game Update/Download လုပ်ခြင်း၊ ဂိမ်းအတွင်း Streaming လုပ်ခြင်း၊ Facebook, YouTube, TikTok (သို့မဟုတ် အခြား Link များအတွက် မပါဝင်ပါ) ယင်းအသုံးပြုမှုများ အတွက် အခြား ဒေတာပက်ကေ့ချ် (သို့မဟုတ်) သုံးသလောက်ပေး ဒေတာမှ ကောက်ခံသွားပါမည်။

၆။ MLBB+PUBG Combo (297MB /1229MB) အသုံးပြုနိုင်သော (1Day, 7Days) ပက်ကေ့ချ်များ ဝယ်ယူထားပါက အခြားသော အကန့်အသတ်မရှိ ပက်ကေ့ချ်များကို ဝယ်လို့ရပါသလား?

MLBB+PUBG Combo Unlimited Data Pack (1Day, 7Days) အကန့်အသတ်မရှိအသုံးပြုနိုင်သော (1Day, 7Days) ပက်ကေ့ချ်များဝယ်ယူထားပါက အခြား အကန့်အသတ်မရှိ ပက်ကေ့ချ်များဖြစ်သည့် MLBB Data Pack (1Day, 7Days) နှင့် PUBG Mobile Data Pack (1Day, 7Days) များဝယ်ယူလို့မရပါ။

1 Day 250MB Regular Data Pack

၁။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၁) ရက်စာ 250MB ဒေတာ regular ပက်ကေ့ချ်ကိုဘယ်လို၀ယ်ယူနိုင်မလဲ?

ဒေတာ ပက်ကေ့ချ်ကို USSD *8093*1# ကိုခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U app မှတစ်ဆင့်၀ယ်ယူနိုင်ပါသည်။

၂။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၁) ရက်စာ 250 MB ဒေတာ regular ပက်ကေ့ချ် သည်သက်တမ်းဘယ်အချိန်ကုန်ဆုံးမှာလဲ?

ဒေတာ ပက်ကေ့ချ် သက်တမ်းကုန်ဆုံးမည့်အချိန်သည် (၂၄ နာရီ) ခန့်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။

၃။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၁) ရက်စာ 250MB ဒေတာ regular ပက်ကေ့ချ်သည် သက်တမ်းမကုန်ဆုံးမှီ ထပ်မံ၀ယ်ယူနိုင်ပါသလား။ အကြိမ် အကန့်အသတ် ရှိပါသလား?

ဒေတာ ပက်ကေ့ချ်ကို သက်တမ်းမကုန်ဆုံးမှီ ထပ်မံ၀ယ်ယူ၍ရနိုင်ပါသည်။ နောက်ဆုံး ၀ယ်ယူထားသော ပက်ကေ့ချ်၏ သက်တမ်းကုန်ဆုံးရက်အတိုင်း သတ်မှတ်သွားမှာဖြစ်ပါတယ်။

1 Day 250MB Auto-Renew Data Pack

၁။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၁) ရက်စာ 250MB ဒေတာ auto-renew ပက်ကေ့ချ် ကိုဘယ်လို၀ယ်ယူနိုင်မလဲ?

ဒေတာ ပက်ကေ့ချ်ကို USSD *8093# ကိုခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U app မှတစ်ဆင့်၀ယ်ယူနိုင်ပါသည်။

၂။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၁) ရက်စာ 250MB ဒေတာ auto-renew ပက်ကေ့ချ်သည် သက်တမ်းဘယ်အချိန်ကုန်ဆုံးမှာလဲ?

ဒေတာ ပက်ကေ့ချ်သည် သက်တမ်းကုန်ဆုံးသည့်အချိန် (၂၄ နာရီ) ခန့်တွင် အလိုအလျောက်သက်တမ်းတိုးခြင်းကို လုပ်ဆောင်ပါမည်။ သက်တမ်းတိုးနေစဉ်ကာလတိုအတွင်း Mobile Legends၊ PUBG Mobile နှင့် Free Fire Game ဂိမ်းများကစားခြင်းအတွက် ဖုန်းဘေလ်လက်ကျန် သို့မဟုတ် ၀ယ်ယူထားသော ဒေတာပက်ကေ့ချ်များမှ ဖြတ်တောက်သွားပါမည်။

၃။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၁) ရက်စာ 250MB ဒေတာ auto-renew ပက်ကေ့ချ်ကို သက်တမ်းမကုန်ဆုံးမှီ ထပ်မံ၀ယ်ယူနိုင်ပါသလား။ အကြိမ် အကန့်အသတ် ရှိပါသလား?

ဒေတာ ပက်ကေ့ချ်ကို သက်တမ်းမကုန်ဆုံးမှီ ထပ်မံ၀ယ်ယူ၍ရနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ဖြစ်သည့်အတွက် နောက်ဆုံး၀ယ်ယူထားသောပက်ကေ့ချ် သက်တမ်းကုန်ဆုံးချိန်တွင် ဆက်လက်အသုံးပြုနိုင်ရန်အတွက် အလိုအလျောက် သက်တမ်းတိုးသွားပါမည်။

၄။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၁) ရက်စာ 250MB ဒေတာ auto-renew ပက်ကေ့ချ်သည် သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျှောက်သက်တမ်းတိုးပါမည်လား?

မှန်ပါတယ်။ ဒေတာ ပက်ကေ့ချ်သည် သက်တမ်းကုန်ဆုံးချိန်တွင် ဆက်လက်အသုံးပြုနိုင်ရန်အတွက် အလိုအလျောက် သက်တမ်းတိုးသွားပါမည်။

၅။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၁) ရက်စာ 250MB ဒေတာ auto-renew ပက်ကေ့ချ်ကိုပယ်ဖျက်နိုင်ပါသလား?

ဒေတာ ပက်ကေ့ချ်ကို MPT4U app မှတစ်ဆင့် (သို့မဟုတ်) *8090# ကိုခေါ်ဆိုပြီး ပယ်ဖျက်နိုင်ပါသည်။

၆။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၁) ရက်စာ 250MB ဒေတာ auto-renew ပက်ကေ့ချ်ကိုဝယ်ယူထားပါက အခြားသော 275MB ပက်ကေ့ချ်များကို ဝယ်လို့ရပါသလား?

(MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၁) ရက်စာ 250MB ဒေတာ auto-renew ပက်ကေ့ချ်ကိုဝယ်ယူထားပါက (၇) ရက်စာ 250MB ဒေတာ auto-renew ပက်ကေ့ချ်ကိုဝယ်ယူလို့မရပါ။

7 Days 1045MB Regular Data Pack

၁။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၇) ရက်စာ 1045MB ဒေတာ regular ပက်ကေ့ချ် ကိုဘယ်လို၀ယ်ယူနိုင်မလဲ?

ဒေတာ ပက်ကေ့ချ်ကို USSD *8092*7# ကိုခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U app မှတစ်ဆင့်၀ယ်ယူနိုင်ပါသည်။

၂။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၇) ရက်စာ 1045MB ဒေတာ regular ပက်ကေ့ချ်သည် သက်တမ်းမကုန်ဆုံးမှီ ထပ်မံ၀ယ်ယူနိုင်ပါသလား။ အကြိမ် အကန့်အသတ် ရှိပါသလား?

ဒေတာ ပက်ကေ့ချ်ကို သက်တမ်းမကုန်ဆုံးမှီ ထပ်မံ၀ယ်ယူ၍ရနိုင်ပါသည်။ နောက်ဆုံး ၀ယ်ယူထားသော ပက်ကေ့ချ်၏ သက်တမ်းကုန်ဆုံးရက်အတိုင်း သတ်မှတ်သွားမှာဖြစ်ပါတယ်။

7 Days 1045MB Auto-Renew Data Pack

၁။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၇) ရက်စာ 1045MB ဒေတာ auto-renew ပက်ကေ့ချ်ကိုဘယ်လို၀ယ်ယူနိုင်မလဲ?

ဒေတာ ပက်ကေ့ချ်ကို USSD *8092# ကိုခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U app မှတစ်ဆင့်၀ယ်ယူနိုင်ပါသည်။

၂။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၇) ရက်စာ 1045MB ဒေတာ auto-renew ပက်ကေ့ချ်ကိုသက်တမ်းမကုန်ဆုံးမှီ ထပ်မံ၀ယ်ယူနိုင်ပါသလား။ အကြိမ် အကန့်အသတ် ရှိပါသလား?

ဒေတာ ပက်ကေ့ချ်ကို ထပ်မံ၀ယ်ယူ၍ရနိုင်ပါသည်။ အလိုအလျောက်သက်တမ်းတိုး ပက်ကေ့ချ်ဖြစ်သည့်အတွက် နောက်ဆုံး၀ယ်ယူထားသောပက်ကေ့ချ် သက်တမ်းကုန်ဆုံးချိန်တွင် ဆက်လက်အသုံးပြုနိုင်ရန်အတွက် အလိုအလျောက် သက်တမ်းတိုးသွားပါမည်။ သက်တမ်းတိုးနေစဉ်ကာလတိုအတွင်း Mobile Legends၊ PUBG Mobile နှင့် Free Fire Game ဂိမ်းများကစားခြင်းအတွက် ဖုန်းဘေလ်လက်ကျန် သို့မဟုတ် ၀ယ်ယူထားသော ဒေတာပက်ကေ့ချ်များမှ ဖြတ်တောက်သွားပါမည်။

၃။(MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၇) ရက်စာ 1045MB ဒေတာ auto-renew ပက်ကေ့ချ်သည် သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျှောက်သက်တမ်းတိုးပါမည်လား?

မှန်ပါတယ်။ ဒေတာ ပက်ကေ့ချ်သည် သက်တမ်းကုန်ဆုံးချိန်တွင် ဆက်လက်အသုံးပြုနိုင်ရန်အတွက် အလိုအလျောက် သက်တမ်းတိုးသွားပါမည်။

၄။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၇) ရက်စာ 1045MB ဒေတာ auto-renew ပက်ကေ့ချ်ကိုပယ်ဖျက်နိုင်ပါသလား?

ဒေတာ ပက်ကေ့ချ်ကို MPT4U app မှတစ်ဆင့် (သို့မဟုတ်) *8090# ကိုခေါ်ဆိုပြီး ပယ်ဖျက်နိုင်ပါသည်။

၅။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၇) ရက်စာ 1045MB ဒေတာ auto-renew ပက်ကေ့ချ်ကိုဝယ်ယူထားပါက အခြားသော 1229MB ပက်ကေ့ချ်များကို ဝယ်လို့ရပါသလား?

(MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၇) ရက်စာ 1045MB ဒေတာ auto-renew ပက်ကေ့ချ်ကိုဝယ်ယူထားပါက (၁) ရက်စာ 1045MB ဒေတာ auto-renew ပက်ကေ့ချ်ကိုဝယ်ယူလို့မရပါ။

30 Days Data Pack

၁။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၃၀) ရက်စာ ဒေတာ ပက်ကေ့ချ်ကို ဘယ်လို၀ယ်ယူနိုင်မလဲ?

ဒေတာ ပက်ကေ့ချ်ကို USSD *8091# ကိုခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U app မှတစ်ဆင့်၀ယ်ယူနိုင်ပါသည်။

၂။(MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၃၀) ရက်စာ ဒေတာ ပက်ကေ့ချ်ကို ၀ယ်ယူပါက ပြန်အမ်းငွေ ပရိုမိုးရှင်းရမှာလား?

ဟုတ်ပါတယ်။ (၃၀) ရက်စာ ဒေတာ ပက်ကေ့ချ်ကို ၀ယ်ယူပါက ပြန်အမ်းငွေ (၁၉၉၉ ကျပ်) ကိုရရှိမှာဖြစ်ပါတယ်။

၃။(MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၃၀) ရက်စာ ဒေတာ ပက်ကေ့ချ်မှ ရရှိသော Data Quota 2483 MB ကိုဘယ်မှာအသုံးပြုနိုင်မလဲ?

ရရှိသော Data Quota 2483MB ကို Mobile Legends၊ PUBG Mobile နှင့် Free Fire Game ဂိမ်းများကစားရာတွင်သာ အသုံးပြုနိုင်ပါသည်။

၄။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၃၀) ရက်စာ ဒေတာ ပက်ကေ့ချ်မှ ရရှိသော Data Quota 2483MB ကုန်ဆုံးသွားပြီးနောက် ဆက်လက်ကစားနိုင်ပါသလား?

ကစားနိုင်ပါတယ်။ အကယ်၍ ဝယ်ယူရရှိထားသော ဒေတာပမာဏကုန်ဆုံးခြင်း (သို့မဟုတ်) သက်တမ်းကာလ ရက် (၃၀) ကုန်ဆုံးသွားပါက ဝယ်ယူထားသော သက်ဆိုင်ရာ ဒေတာပက်ကေ့ချ် (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်မှ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

၅။ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၃၀) ရက်စာ ဒေတာ ပက်ကေ့ချ်သည် သက်တမ်းမကုန်ဆုံးမှီ ထပ်မံ၀ယ်ယူနိုင်ပါသလား။ အကြိမ် အကန့်အသတ် ရှိပါသလား?

မရှိပါ။ ဒေတာ ပက်ကေ့ချ်ကို သက်တမ်းမကုန်ဆုံးမှီ ထပ်မံ၀ယ်ယူ၍ရနိုင်ပါသည်။ နောက်ဆုံး ၀ယ်ယူထားသော ပက်ကေ့ချ်၏ သက်တမ်းကုန်ဆုံးရက်အတိုင်း သတ်မှတ်သွားမှာဖြစ်ပါတယ်။

၆။ လက်ရှိ (MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၃၀) ရက်စာ ဒေတာ ပက်ကေ့ချ်ထဲရှိ ကျန်ရှိသော ဒေတာလက်ကျန်များသည် နောက်ထပ်ဝယ်ယူလိုက်သော ဒေတာ ပက်ကေ့ချ်တွင် ပေါင်းစည်းသွားမှာလား?

ဟုတ်ပါတယ်။ ဒေတာလက်ကျန်များပေါင်းစည်းသွားမှာ ဖြစ်ပြီး နောက်ဆုံး ၀ယ်ယူထားသော ပက်ကေ့ချ်၏ သက်တမ်းကုန်ဆုံးရက်အတိုင်း သတ်မှတ်သွားမှာဖြစ်ပါတယ်။

[(MLBB+PUBG+FREE FIRE)Combo Data 30 Days Pack’s 100% CashBack Promotion]

၁။ 100% CashBack (ပြန်အမ်းငွေ) promotion ဆိုတာဘာလဲ?

1999ကျပ် CashBack (ပြန်အမ်းငွေ) promotion ဆိုတာ Mobile Legends နှင့် PUBG Mobile အသုံးပြုနိုင်သော (၃၀) ရက်စာ ဒေတာ ပက်ကေ့ချ်၀ယ်ယူသူများအားလုံး ရရှိနိုင်မည့် အထူးအစီအစဥ်တစ်ခုဖြစ်ပါတယ်။

၂။ 100% CashBack (ပြန်အမ်းငွေ) promotion ကနေ ရရှိနိုင်မယ့် အခွင့်အရေးတွေက ဘာတွေလဲ?

ဒေတာ ပက်ကေ့ချ်၀ယ်ယူသူများအနေဖြင့် အပိုထပ်ဆောင်းကာ 1999 ကျပ်ဖြင့်ညီမျှသော internet MB အား Pay-as-you go နှုန်းထားအတိုင်း အသုံးပြုနိုင်ရန် ကံထူးရရှိမှာ ဖြစ်ပါသည်။

၃။ MLBB+PUBG+FREE FIRE)Combo အသုံးပြုနိုင်သော (၃၀) ရက်စာ ဒေတာ ပက်ကေ့ချ်၀ယ်ယူသူက ဘယ်အချိန်မှာ CashBack (ပြန်အမ်းငွေ) ကို ရရှိမှာလဲ?

ဒေတာ ပက်ကေ့ချ်ဝယ်ယူလိုက်ပြီး မကြာခင် အချိန်ပိုင်းအတွင်းမှာပဲ ဖုန်းထဲသို့ SMS ဖြင့်အကြောင်းကြားစာ ပေးပို့သွားမှာဖြစ်ပါသည်။

၄။ 100% CashBack (ပြန်အမ်းငွေ) promotion ကို ဘယ်မှာအသုံးပြုနိုင်မှာလဲ? အခြား Game ကစားရာတွင် အသုံးပြုလို့ရနိုင်ပါသလား?

မရပါ။ ရရှိလာသော 100% CashBack (ပြန်အမ်းငွေ) ကို Mobile Legends၊ PUBG Mobile နှင့် Free Fire ကစားရာတွင်သာ အသုံးပြုနိုင်ပါသည်။

၅။ 100% CashBack (ပြန်အမ်းငွေ) promotion ၏ သက်တမ်းမှာ ဘယ်လောက်ပါလဲ?

(၅)ရက် ဖြစ်ပါသည်။

၆။ ရရှိလာသော 100% CashBack (ပြန်အမ်းငွေ) promotion ကိုမည်သည့်နေရာတွင် စစ်ဆေးနိုင်ပါသလဲ?

MPT4U အက်ပလီကေးရှင်းတွင် စစ်ဆေးနိုင်ပါသည်။

best operator in Myanmar