MPT Pay

MPT Pay ဝန်ဆောင်မှုသည် ယုံကြည်စိတ်ချရဆုံးသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုဖြစ်ပြီး သုံးစွဲသူများအား မိမိမိုဘိုင်းဖုန်းကိုအသုံးပြုပြီး ငွေလွှဲ၊ငွေထုတ် ပြုလုပ်နိုင်ခြင်း ၊ ဖုန်းဘေလ်ဖြည့်ခြင်း နှင့် ဈေးဝယ် ငွေပေးချေမှု လုပ်ဆောင်ချက်များကို နေရာမရွေးအချိန်မရွေး လွယ်ကူစွာဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

* မည်သည့် အော်ပရေတာ (SIM card) သုံးစွဲသူမဆို MPT Pay ဝန်ဆောင်မှုကိုအသုံးပြုနိုင်ပါသည်

MPT Pay Mock up
P2P_Free

ငွေလွှဲခ “အခမဲ့”

ချစ်ခင်ရသူတွေပျော်ရွှင်စေဖို့ MPT Pay ကနေ ငွေလွှဲပြီး ချစ်ခြင်းမေတ္တာတွေ ပြသလိုက်ပါ။ MPT Pay အကောင့်အချင်းချင်း ငွေလွှဲခ (လုံး၀) အခမဲ့ နဲ့ အချိန်နေရာမရွေး ငွေလွှဲနိုင်ပါတယ်။ ငွေလွှဲတဲ့အခါ လက်ခံမယ့်သူ ဖုန်းနံပါတ်နဲ့ လွှဲချင်တဲ့ ပမာဏကို သေသေချာချာလေး ရိုက်ထည့်ဖို့ အကြံပေးချင်ပါတယ်။

ပိုမိုကောင်းမွန်သောနေစဥ်ဘဝအတွက် ချောမွေ့သောပေးချေမှုပုံစံသစ်

MPT Pay application ဖြင့် လူကြီးမင်းတို့၏ နေ့စဥ် ငွေပေးချေမှုများကို လွယ်ကူလျင်မြန်စွာ လုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။

MPT Pay ၏ မိတ်ဖက်ဆိုင်များဖြစ်သော စားသောက်ဆိုင်၊ အီလက်ထရောနစ်နှင့် လူသုံးကုန် ပစ္စည်းဆိုင်များတွင် စျေးဝယ်ငွေပေးချေခြင်း၊ လစဥ်ဘေလ်ပေးဆောင်ခြင်း၊ အွန်လိုင်းဈေးဆိုင်များနှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများတွင် ငွေပေးချေခြင်းများကို MPT Pay application တွင် ငွေလက်ကျန်ရှိရုံဖြင့် ငွေသားအစားထိုး ပေးချေနိုင်ပြီဖြစ်ပါသည်။

mpt pay_payment solution for replacing 3 percent promotion

အကျိုးကျေးဇူးများ

မြန်မာနိုင်ငံအနှံ့ရှိ မည်သည့် အော်ပရေတာ (SIM Card) သုံးစွဲသူကိုမဆို ငွေလွှဲပေးပို့နိုင်ပါသည်

MPT Money အပလီကေးရှင်းအသုံးပြုပြီး စျေးဝယ်ငွေပေးချေမှုကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်

အမျိုးမျိုးသော အကျိုးခံစားခွင့်များ ရရှိနိုင်ခြင်း နှင့် ပြန်ပေးငွေများ ရရှိနိုင်ပါသည်

MPT Pay မှ ရရှိုနိုင်သောဝန်ဆောင်မှုများ

MPT Pay ကိုယ်စားလှယ်ဆိုင် နှင့် မိုဘိုင်းအပလီကေးရှင်းမှတဆင့် ငွေလွှဲပြောင်းနိုင်ခြင်း

ဖုန်းဘေလ်ဖြည့်ခြင်းနှင့် ဒေတာပတ်ကေ့များဝယ်ယူနိုင်ခြင်း

စျေးဝယ်ငွေပေးချေနိုင်ခြင်း

MPT Pay အကောင့်ထဲသို့ (E-Money)ငွေဖြည့်သွင်းနိုင်ခြင်း

အကောင့်ထဲမှ ငွေသားကို MPT Pay ကိုယ်စားလှယ်ဆိုင် နှင့် CB Bank ATM စက်များမှထုတ်ယူနိုင်ခြင်း

အမေးများသောမေးခွန်းများ

၁။ အထွေထွေ

၁.၁ ဤစည်းကမ်းသတ်မှတ်ချက်များကို ဤစည်းကမ်းသတ်မှတ်ချက်များ၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် ပါဝင်ဖွဲ့စည်းမည့် MPT စည်းကမ်းသတ်မှတ်ချက်များနှင့် MPT Money ကိုယ်ရေး အချက် အလက်မူဝါဒ (စုပေါင်း၍ “MPT Money စည်းကမ်းသတ်မှတ်ချက်များ”) တို့၏ နောက်ဆုံးမူကွဲ နှင်အတူ ဖတ်ရှုရန်ဖြစ်သည်။ ဤစည်းကမ်းသတ်မှတ်ချက်များနှင့် MPT Money စည်းကမ်း သတ်မှတ်ချက်များအကြား ကွဲလွှဲမှုရှိပါက ကွဲလွှဲသည့်အတိုင်းအတာအထိသာ ဤစည်းကမ်း သတ်မှတ်ချက်များက လွှမ်းမိုးမည်ဖြစ်သည်။

၁.၂ MPT Pay ကိုယ်စားလှယ်တစ်ဦးအဖြစ် လျှောက်ထားခြင်းဖြင့် လူကြီးမင်းသည် ဤစည်းကမ်း သတ်မှတ်ချက်များကို ဖတ်ရှု၊ နားလည်၍ ၎င်းတို့ကို လိုက်နာမည်ဖြစ်ကြောင်းကို ဖော်ပြ ပါသည်။

၁.၃ ဤစည်းကမ်းသတ်မှတ်ချက်များသည် လက်ရှိကိုယ်စားလှယ်များနှင့် ကိုယ်စားလှယ်အသစ် များအပေါ် သက်ဆိုင်မည်ဖြစ်သည်။

၁.၄ ဥပဒေအပေါ်မူတည်၍ MPT Money သည် အဆိုပါ စည်းကမ်းသတ်မှတ်ချက်များကို ကိုယ်စားလှယ်၏ ခွင့်မပြုချက်မလိုဘဲ ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲနိုင်ခွင့်ကို ထိန်းသိမ်းထားရှိပါသည်။ အခြားနည်းဖော်ပြထားခြင်း မရှိပါက ဤစည်းကမ်းသတ်မှတ်ချက် များကို ပြောင်းလဲပြီးနောက် ကိုယ်စားလှယ်၏ MPT Money ဝန်ဆောင်မှု အစိတ်အပိုင်း တစ်ရပ်ရပ်ကို ဆက်လက်သုံးစွဲခြင်းသည် ပြင်ဆင်ထားသော စည်းကမ်းသတမှတ်ချက်များ အပေါ် ကိုယ်စားလှယ်၏ သဘောတူညီမှုနှင့် အသိအမှတ်ပြုသည့် ခွင့်ပြုချက်မြောက်ပါသည်။ လူကြီးမင်းသည် MPT Money က ထုတ်ပြန်နိုင်သည့် စည်းကမ်းသတ်မှတ်ချက်များနှင့် ၎င်းတို့ အပေါ်ရှိ ပြင်ဆင် ချက်များကို ပုံမှန် ဖတ်ရှုသုံးသပ်ရန် တာဝန်ရှိပါသည်။

၁.၅ ဤစည်းကမ်းသတ်မှတ်ချက်များအရ လူကြီးမင်း၏ အချက်အလက် ကောက်ခံမှုနှင့် အသုံးပြုမှု အားလုံးသည် MPT Money ကိုယ်ရေးအချက်အလက် မူဝါဒအရဖြစ်သည်။

၁.၆ လူကြီးမင်းသည် ဤလျှောက်လွှာတွင် ဖော်ပြသည့် အချက်အလက်သည် မှန်ကန်၊ တိကျ၍ ပြည့်စုံမှု ရှိကြောင်းနှင့် တင်ပြထားသည့် စာရွက်စာတမ်းများအားလုံးသည် စစ်မှန်ပြီး အစစ်အမှန် ဖြစ်ကြောင်းကို ကြေညာပါသည်။ လိုအပ်သည့် အချက်အလက် ပေးအပ်ရန် ပျက် ကွက်ခြင်း သို့မဟုတ် မှားယွင်းသည့်၊ မတိကျသည့်၊ မပြည့်စုံသည့် သို့မဟုတ် အထင်အမြင်မှား စေသည့် အချက်အလက် ပေးခြင်း သို့မဟုတ် စာရွက်စာတမ်းအတုများ ပေးခြင်းသည် MPT Money က ရရှိနိုင်သည့် အခြားသော ကုစားမှုများကို လျှောက်လွှာခွင့်ပြုခြင်းကို ကြာမြင့်စေ မည် သို့မဟုတ် လျှောက်လွှာ ငြင်းပယ်ခြင်းကို ဖြစ်စေမည်ဖြစ်သည်။ လျှောက်လွှာပုံစုံထဲတွင် ဖော်ပြထားသည့် အသေးစိတ်အချက်အလက်များအပေါ် မည်သည့် နောက်ဆက်တွဲ ပြောင်းလဲမှု များမဆိုကို MPT Money ထံ ချက်ခြင်း ဆက်သွယ်အကြောင်းကြားရမည်ဖြစ်သည်။

၂။ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ

၂.၁ ကိုယ်စားလှယ်သည်
(က)လွှဲပြောင်းဆောင်ရွက်မှုများအားလုံးကို မှတ်တမ်းထားရှိခြင်းနှင့် ကိုယ်စားလှယ် အကောင့် နှင့်စပ်လျဉ်း၍ မှတ်တမ်းများ ထိန်းသိမ်းထားရှိခြင်းအပါအဝင် MPT Money က အခါအား လျော်စွာပေးအပ်နိုင်သည့် မည်သည့်ညွှန်ကြားချက်များကိုမဆို လိုက်နာဆောင်ရွက် ရမည်၊
(ခ) ၎င်းတို့သည် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသူကိုယ်စား ဆောင်ရွက်နေသည်ကို သုံးစွဲသူများ အပြည့်အဝ သိရှိစေရေးကို သေချာစေရမည်၊
(ဂ) MPT Money က ခွင့်ပြုထားသည့် အခကြေးငွေများမှ လွှဲ၍ မည်သည့်အခကြေးငွေမှ သုံးစွဲသူကို မကောက်ခံရ၊
(ဃ)ဝန်ဆောင်မှုများအတွက် ကောက်ခံသည့် အခကြေးငွေများနှင့် ကောက်ခံမှုများ စာရင်းကို သုံးစွဲသူများထံ အမြဲပေးပို့ရမည်၊
(င) ၎င်း၏ လုပ်ငန်းကို လည်ပတ်ဆောင်ရွက်ရန် ၎င်းတွင် လုံလောက်သော အီလက်ထရောနစ် ငွေကြေးနှင့် ကိုင်တွယ်အသုံးပြု၍ရသည့် ငွေသားရှိစေရေးကို သေချာစေရမည်၊
(စ) သက်ဆိုင်ရာ အထူးကိုယ်စားလှယ်လုပ်ငန်းအား အီလက်ထရောနစ်ငွေကြေးနှင့် ကိုယ်တိုင် အသုံးပြု၍ ရသည့် ငွေသားပြောင်းလဲမှုဆိုင်ရာ လိုအပ်ချက်ကို ချက်ခြင်းအကြောင်း ကြားရမည်။
၂.၂ MPT Money သည် သက်ဆိုင်ရာ ဥပဒေနှင့်အညီ ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အောက်ပါတို့ကို ပြုလုပ်နိုင်သည့် အခွင့်အရေးကို ထိန်းသိမ်းထားရှိပါသည် –
(က) သုံးစွဲသူများထံ ကမ်းလှမ်းသည့် ဝန်ဆောင်မှုများကို မည်သည့်အချိန်တွင် မဆို ပြင်ဆင်ခြင်း၊
(ခ) MPT Pay နှင့်ဆက်စပ်သည့် အခကြွေးငွေများ၊ ကောက်ခံမှုများနှင့် လွှဲပြောင်း ဆောင်ရွက်မှု ကန့်သတ်ချက်များကို မည်သည့်အချိန်တွင်မဆို ချမှတ်ခြင်းနှင့် ပြင်ဆင် ခြင်း။

၃။ ရပ်ဆိုင်းခြင်း သို့မဟုတ် ရပ်စဲခြင်း

၃.၁ အကယ်၍ MPT Money အနေဖြင့် ကိုယ်စားလှယ်က လိမ်လည်သော၊ ခွင့်ပြုချက်မရှိသော၊ ဥပဒေနှင့် ဆန့်ကျင်သော၊ မလျော်ကန်သော၊ တရားမဝင်သော သို့မဟုတ် ကျင့်ဝတ်နှင့်မညီ သော လုပ်ငန်းဆောင်ရွက်မှုများ ပါဝင်ဆောင်ရွက်နေကြောင်း သို့မဟုတ် လျှောက်ထားသူက ပါဝင်ဆောင်ရွက်နေသည်ဟု သံသယရှိကြောင်း သို့မဟုတ် ဤစည်းကမ်းသတ်မှတ်ချက်များကို နည်းလမ်းတစ်ရပ်ရပ်ဖြင့် ချိုးဖောက်သည့် လုပ်ငန်းဆောင်ရွက်မှုများတွင် ပါဝင်ပတ်သက်နေ ကြောင်း၊ MPT ကို ဆိုးရွားသော စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ အရေးယူမှုဖြစ်ပေါ်စေ နိုင်ကြောင်း၊ MPT Money/MPT Pay ၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေကြောင်း၊ ဥပဒေ တစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ အခွင့်အရေးများကို ချိုးဖောက်ကြောင်း၊ သို့မဟုတ် MPT အား အကြောင်းရင်းတစ်ရပ်ရပ်အတွက် တာဝန်ခံမှုဖြစ်ပေါ်စေကြောင်းကို ကျိုးကြောင်းသင့်စွာ ဆုံးဖြတ်သတ်မှတ်ပါက MPT Money သည် ကိုယ်စားလှယ်အား စာဖြင့် ရေးသားထားသော အကြောင်းကြားစာပေးပို့၍ MPT Money အပေါ် မည်သည့် တာဝန်ခံမှုမှ မရှိဘဲနှင့် MPT Money ရရှိနိုင်သည့် အခြားသော ကုစားမှုများကို မထိခိုက်စေဘဲ ကိုယ်စားလှယ် နှင့် သို့မဟုတ် ကိုယ်စားလှယ်၏ အကောင့်ကို ချက်ခြင်း ရပ်ဆိုင်း နှင့်/ သို့မဟုတ် ရပ်စဲနိုင်သည်။

၃.၂ အကယ်၍ MPT Money သည် ကိုယ်စားလှယ်က (လွှဲပြောင်း ဆောင်ရွက်မှု မအောင်မြင်သည်ကို အောင်မြင်ကြောင်း ထင်မြင်စေရန် ကိုယ်စားလှယ်က ပြုလုပ်ခြင်းကဲ့သို့) သံသယဖြစ်ဖွယ်ရာ လိမ်လည်သော သို့မဟုတ် အတုအယောင် သို့မဟုတ် မမှန်ကန်သော လွှဲပြောင်းဆောင်ရွက်မှု ကို ကျူးလွန်ခဲ့သည့် သို့မဟုတ် ကျူးလွန်လျက်ရှိသည်ဟု ကျိုးကြောင်းသင့်စွာ ဆုံးဖြတ် သတ်မှတ်ပါက MPT Money သည် ကိုယ်စားလှယ်အား စာဖြင့်ရေးသားထားသော အကြောင်း ကြားစာပေးပို့၍ MPT Money အပေါ် မည်သည့် တာဝန်ခံမှုမှ မရှိဘဲနှင့် MPT Money ရရှိနိုင် သည့် အခြားသော ကုစားမှုများကို မထိခိုက်စေဘဲ ကိုယ်စားလှယ် နှင့် သို့မဟုတ် ကိုယ်စားလှယ် ၏ အကောင့်ကို ချက်ခြင်း ရပ်ဆိုင်း နှင့်/ သို့မဟုတ် ရပ်စဲခြင်း အပါအဝင် အဆိုပါ အရေးယူမှုများ ချမှတ်ခြင်းနှင့် MPT မှ ရရှိနိုင်သည့် အဆိုပါ ကုစားပိုင်ခွင့်များကို ကျင့်သုံးခြင်းကို မထိခိုက်စေဘဲ အဆိုပါ သံသယဖြစ်ဖွယ်ရာ လိမ်လည်သော သို့မဟုတ် အတုအယောင် သို့မဟုတ် မမှန်ကန် သော လွှဲပြောင်းဆောင်ရွက်မှုတွင် ပါဝင်သည့် ငွေပမဏကို ပြန်လည်ရယူနိုင်သည့် အခွင့် အရေးကို ထိန်းသိမ်းထားရှိပါသည်။

၃.၃ ဆက်သွယ်ဆောင်ရွက်သူ စိတ်ကျေနပ်မှု ရရှိအောင် ဆောင်ရွက်ရန် ပျက်ကွက်မှုကို ဤစည်း ကမ်းသတ်မှတ်ချက်များ၏ ဆိုးရွားသော ဖောက်ဖျက်မှုအဖြစ် သတ်မှတ်ပါသည်။ အကယ်၍ MPT Money သည် အနည်းဆုံး ဆက်သွယ်ဆောင်ရွက်သူတစ်(၁)ဦးထံမှ ကိုယ်စားလှယ် သို့မဟုတ် ကိုယ်စားလှယ်၏ ဝန်ဆောင်မှုများ အစိတ်အပိုင်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ တိုင် ကြားမှုရှိခဲ့ပါက MPT Money သည် ကိုယ်စားလှယ်အား စာဖြင့် ရေးသားထားသောအကြောင်း ကြားစာပေးပို့၍ MPT Money အပေါ် မည်သည့် တာဝန်ခံမှုမှ မရှိဘဲနှင့် MPT Money ရရှိနိုင် သည့် အခြားသော ကုစားမှုများကို မထိခိုက်စေဘဲ ကိုယ်စားလှယ်ကို ရပ်စဲပိုင်ခွင့်နှင့် ကိုယ်စား လှယ် အကောင့်ကို ပိတ်သိမ်းပိုင်ခွင့်ကို ထိန်းသိမ်းထားရှိပါသည်။

၃.၄ MPT Money သည် MPT Money ဝန်ဆောင်မှု အစိတ်အပိုင်းတစ်ရပ်ရပ် နှင့်/သို့မဟုတ် ကိုယ်စားလှယ်အကောင့်ကို အကြောင်းပြချက်နှင့် တာဝန်ခံမှုမရှိဘဲ ကိုယ်စားလှယ်ထံ ရက်ပေါင်းသုံးဆယ်(၃၀) စာဖြင့်ရေးသားထားသော အကြောင်းကြားစာပေးပို့၍ ရပ်ဆိုင်း သို့မဟုတ် ရပ်စဲပိုင်ခွင့်ရှိသည်။

၃.၅ ကိုယ်စားလှယ်ကို ရပ်စဲပြီးသည်နှင့် အထူးကိုယ်စားလှယ်လုပ်ငန်းနှင့် ကိုယ်စားလှယ်တို့အကြား ရှိ စာရင်းစစ်ဆေးညှိနှိုင်းမှုကို ရပ်စဲသည့်နေ့မှ အလုပ်ဖွင့်ရက် ရက်ပေါင်း (၃၀) အတွင်း ဆောင်ရွက်ရမည်။

၃.၆ ကိုယ်စားလှယ်သည် MPT Money က ပေးအပ်ထားသည့် MPT Pay POSM နှင့် ဈေးကွက်မြင့် တင်ရေးဆိုင်ရာ ပစ္စည်းများအားလုံးအား MPT Pay ဝန်ဆောင်မှု သို့မဟုတ် ကိုယ်စားလှယ်၏ အကောင့် ရပ်စဲသည့်နေ့တွင် ပြန်လည်ပေးအပ်ရမည်။

၄။ အခကြေးငွေများနှင့် ပေးချေမှု

၄.၁ ကိုယ်စားလှယ်သည် MPT Money က သတ်မှတ်သည့် စည်းကမ်းချက်များ၊ သတ်မှတ်ချက်များ၊ ကန့်သတ်ချက်များနှင့် ကောက်ခံမှုများအရ ငွေထုတ်ယူခြင်း ဝန်ဆောင်မှုများ ထားရှိရမည်။

၄.၂ လူကြီးမင်းသည် MPT Money ၏ ကိုယ်စားလှယ်တစ်ဦးအဖြစ် ပံ့ပိုးသည့် ဝန်ဆောင်မှုများ အတွက် ကော်မရှင် ရပိုင်ခွင့်ရှိသည်။ MPT Money သည် ကော်မရှင်/အခကြေးငွေပုံစံကို မည်သည့် အချိန်တွင် မဆိုပြောင်းလဲရန် တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ အဆိုပါ ပြောင်းလဲမှုများနှင့် အဆိုပါ ပြောင်းလဲမှုများ အသက်ဝင်သည့် အချိန်အား လူကြီးမင်းထံ အသိ ပေးသွားပါမည်။

၄.၃။ ကိုယ်စားလှယ်သည် ဤစည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသည်မှ လွှဲ၍ ကုန်သွယ် လုပ်ငန်းခွန်၊ ထပ်ဆောင်း ကောက်ခံမှုများ၊ သို့မဟုတ် အခြားသော ငွေကြေးခံစားခွင့်များ သို့မဟုတ် အကျိုးခံစားခွင့်များအပါအဝင် မည်သည့် အခွန်အခများကိုမဆို ကိုယ်စားလှယ်မှ ရပိုင်ခွင့်မရှိကြောင်းနှင့် MPT Money က ကိုယ်စားလှယ်သို့ ပေးရန် တာဝန်မရှိကြောင်း အသိအမှတ်ပြု၍ သဘောတူပါသည်။

၄.၄ မည်သည့်အခြေအနေတွင်မဆို ကုန်သွယ်လုပ်ငန်းခွန်အပါအဝင် ကိုယ်စားလှယ်၏ အခွန်အခ များ သို့မဟုတ် အခွန်ကုန်ကျစရိတ်များအတွက် MPT Money တွင် ပေးရန်တာဝန်တစ်ရပ်ရပ် မရှိစေရ။ လူကြီးမင်းသည် လူကြီးမင်းကို MPT Money ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်မှုနှင့် MPT Money ဝန်ဆောင်မှုများ အသုံးပြုခြင်း သို့မဟုတ် MPT Money ထံ အဆိုပါ အခွန်အခများ တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည်ဖြစ်စေ MPT Pay ဝန်ဆောင်မှုမှ တစ်ဆင့် လူကြီးမင်းရရှိသည့် ပေးချေမှုများအကျိုးဆက်တစ်ရပ်အနေဖြင့် ပေါ်ပေါက်လာသော မည်သည့် မဆိုနှင့်အားလုံးသော အခွန်အခများကို ပေးရန်အတွက် တစ်ဦးတည်းနှင့် သီးသန့်တာဝန်ရှိမည် ဖြစ်သည်။ သို့သော် MPT Money သည် သက်ဆိုင်ရာ ဥပဒေအရ လိုအပ်ပါက လျှောက်ထားသူ ထံပေးရမည့် အခကြေးငွများမှ ပင်ရင်းမှဖြတ်တောက်နှုတ်ယူသည့် အခွန် (withholding tax) ကို ဖြတ်တောက်နိုင်ပြီး ၎င်းကို လူကြီးမင်း၏ကိုယ်စား သက်ဆိုင်ရာ အခွန်အာဏာပိုင်ထံသို့ ပေးအပ်နိုင်ပါသည်။ အဆိုပါ ဖြတ်တောက်နှုတ်ယူမှု၏ အကျိုးဆက်တစ်ရပ်အနေဖြင့် လူကြီး မင်းအား နောင်တွင် ပြန်လည်ပေးချမှုတစ်ရပ်ရပ် သို့မဟုတ် ထပ်ဆောင်းပေးချေမှု ပြုလုပ်ရန် MPT Money တွင် ပေးရန် တာဝန်မရှိစေရ။

၅။ တာဝန်ခံမှုမှ ကင်းလွှတ်စေခြင်း၊ ပေးရန်တာဝန်ကန့်သတ်ခြင်း

၅.၁ ကိုယ်စားလှယ်သည် ဤစည်းကမ်းသတ်မှတ်ချက်များကို ကိုယ်စားလှယ်၏ ချိုးဖောက်မှုမှ ပေါ်ပေါက်လာပြီး MPT ကခံစားရသည့် မည်သည့်မဆိုနှင့် အားလုံးသော ထိခိုက်နစ်နာမှုများ အတွက် တာဝန်ရှိ မည်ဖြစ်သည်။

၅.၂ ဤတွင်ပါရှိသော ပြဋ္ဌာန်းချက်များနှင့် မည်သို့ပင်ဆန့်ကျင်စေကာမူ လူကြီးမင်းသည် MPT Money အား လူကြီးမင်းကို MPT Money ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်မှု၊ MPT Money ဝန်ဆောင်မှုများ အသုံးပြုခြင်း သို့မဟုတ် MPT Pay ဝန်ဆောင်မှုမှ တစ်ဆင့် လူကြီးမင်းရရှိသည့် ပေးချေမှုများ၏ အကျိုးဆက်တစ်ရပ်အဖြစ် ချမှတ်ကောက်ခံသည့် မည်သည့်အခွန်အခများကို မဆိုကို တာဝန်ခံစေခြင်းမှ ကင်းလွှတ်ခွင့်ပြုရမည်။

၅.၃ လူကြီးမင်းသည် MPT Money နှင့် ၎င်း၏ အေးဂျင်းများ၊ မန်နေဂျာများ၊ နှင့် အခြားသော ဆက်စပ်ကုမ္ပဏီများနှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေးဂျင့်များ၊ အရာရှိများ၊ ဒါရိုက်တာများအား (၁) လူကြီးမင်းကို MPT Money ၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်မှု၊ (၂) လူကြီမင်းထုတ်လွှတ်သော သို့မဟုတ် ရရှိသော ဒေတာ သို့မဟုတ် အကြောင်းအရာ တစ်ရပ်ရပ် အပါအဝင် MPT Money ဝန်ဆောင်မှု တစ်ရပ်ရပ်ကို လူကြီးမင်း၏ အသုံးပြုမှု နှင့်ရယူမှု၊ (၃) ဤစည်းကမ်းသတ်မှတ်ချက်များ၏ မည်သည့် စည်းကမ်းချက်ကိုမဆို ချိုးဖောက်မှုတစ်ရပ်ရပ်၊ (၄) ပုဂ္ဂိုလ်ဆိုင်ရာလွှတ်လပ်မှု အခွင့်အရေး၊ လူတစ်ဦးတစ်ယောက်၏ ကျော်ကြားမှု ကိုယ်ပိုင် လက္ခဏာများအား အလွဲသုံးစားပြုခြင်းကို ကာကွယ်သည့်အခွင့်အရေးများ (publicity rights) သို့မဟုတ် အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့်အရေးများ တစ်ရပ်ရပ် ချိုးဖောက်မှုတစ်ရပ်ရပ်၊ (၅) မြန်မာနိုင်ငံ သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ မည်သည့် ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်းကိုမဆို ချိုးဖောက်မှုတစ်ရပ်ရပ်၊ (၆) MPT Money ဝန်ဆောင်မှုမှတစ်ဆင့် လူကြီးမင်း တင်ပြသော သို့မဟုတ် ရရှိသော အချက်အလက်တစ်ခုခု၏ အကျိုးဆက်တစ်ရပ်အဖြစ် ပေါ်ပေါက်လာသည့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှုများတစ်ရပ်ရပ်၊ သို့မဟုတ် (၇) လူကြီးမင်း ၏ ကိုယ်စားလှယ်အကောင့်မှ တစ်ဆင့် MPT Money ဝန်ဆောင်မှုကို အခြား တတိယပုဂ္ဂိုလ် တစ်ဦးဦး၏ ရယူမှု နှင့် သုံးစွဲမှုတို့ကြောင့် ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှုများ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ အခွန်အခများ၊ ကုန်ကျစရိတ်များ သို့မဟုတ် ကြွေးမြီနှင့် အသုံးစရိတ်များ (ရှေ့နေ့ခများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာမက) တစ်ရပ်ရပ်နှင့် အားလုံးထံမှ နှင့် ၎င်းတို့ကို ဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် ထိခိုက်နစ်နာစေခြင်းမှ ကင်းလွတ်စေရန် သဘောတူပါသည်။

၆။ မလွန်ဆန်နိုင်သည့် ဖြစ်ရပ်

၆.၁ သဘာဝဘေးများ၊ ငလျင်များ၊ မီးဘေး၊ ပေါက်ကွဲမှုများ၊ သဘာဝအန္တရာယ်များ၊ မြေပြိုခြင်းများ၊ အကြမ်းဖက်မှု၊ စစ်ဖြစ်ပွားမှုများ၊ အုံကြွမှုများ၊ ဆန္ဒပြမှုများ သို့မဟုတ် အလုပ်သမား အငြင်းပွားမှုများ၊ ကုန်သွယ်မှု ပိတ်ပင်ခြင်း၊ အဖျက်အမှောင့်လုပ်ငန်း၊ ရေကြီးလျှံမှု၊ လျှပ်စစ် ဓာတ်အားပြတ်တောက်ခြင်းများ၊ လျှပ်စစ် ပစ္စည်းကိရိယာ သို့မဟုတ် လျှပ်စစ်စနစ် ရရှိမှု နှောင့် နှေးခြင်း ပျက်ကွက်ခြင်း၊ အစိုးရသို့မဟုတ် စည်းကမ်းထိန်းသိမ်းမှုဆိုင်ရာ ကြားဝင်ဖြေရှင်းခြင်း၊ သို့မဟုတ် လုပ်ငန်းကဏ္ဍဆိုင်ရာအနှောင့်အယှက်၊ ပြည်တွင်း သို့မဟုတ် နိုင်ငံတကာ ကပ်ဘေးများ၊ ကူးစက်ရောဂါ၊ သက်ဆိုင်ရာ စီရင်ပိုင်ခွင့်ရှိ အစိုးရ အာဏာပိုင်တစ်ရပ်ရပ်၏ ထုတ်ပြန်မှုများမှ အကျိုးဆက်အဖြစ် ပေါ်ပေါက်လာပြီး MPT Money သို့မဟုတ် ကိုယ်စားလှယ် ခံစားရသည့် မည်သည့် ထိခိုက်မှု သို့မဟုတ် ဆုံးရှုံးမှုကိုမဆိုအတွက် ၎င်းတို့ကို ခံစားရသည့် စာချုပ်ဝင်ကသာ တာဝန်ရှိမည်ဖြစ်ပြီး တစ်ဖက်စာချုပ်ဝင်က ၎င်းတို့အတွက် တာဝန်မရှိစေရ။

၇။ လွှတ်လပ်သော ကန်ထရိုက်တာ

၇.၁ လူကြီးမင်းသည် MPT Money ကိုယ်စား MPT Money ဝန်ဆောင်မှုများ ပံ့ပိုးရန်အတွက် MPT Money က အခွင့်အာဏာပေးထားသည့် လွှတ်လပ်သော ဆိုင်တစ်ဆိုင်ဖြစ်ကြောင်းကို အသိ အမှတ်ပြုပါသည်။ MPT Money နှင့် ကိုယ်စားလှယ်အကြား မည်သည့် ကိုယ်စားလှယ် ဆက်ဆံ ရေးမှ မရှိပါ။ MPT Money သည် MPT Money ဝန်ဆောင်မှု၏ အပိုင်းတစ်ရပ်ရပ် ပံ့ပိုးရာတွင် ကိုယ်စားလှယ်ဖက်မှ မည်သည့် ပျက်ကွက်မှု သို့မဟုတ် ပေါ့ဆမှုကိုမဆိုအတွက် တာဝန်ခံမှု သို့မဟုတ် ပေးရန်တာဝန် မရှိပါ။

၈။ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

၈.၁ သက်ဆိုင်ရာ ဥပဒေက ခွင့်ပြုနိုင်သည့် အများဆုံး အတိုင်းအတာအထိ MPT Money သည် ရည်ရွယ်ချက်တစ်ရပ်အတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သော အာမခံချက်များအပါအဝင် ယင်းတို့ချည်းသာမက အတိအလင်းဖော်ပြထားသော သို့မဟုတ် တိုက်ရိုက်မဟုတ်သော အာမခံချက်များအားလုံးကို မသက်ဆိုင်ကြောင်း ရှင်းလင်းပါသည်။

၉။ အထွေထွေ

၉.၁ အကယ်၍ ဤစည်းကမ်းသတ်မှတ်ချက်များ၏ စည်းကမ်းချက်၊ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်းချက် တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသောအဖွဲ့တစ်ခု သို့မဟုတ် ထိုအကြောင်း အရာနှင့် စပ်လျဉ်း၍ ဥပဒေ တစ်ရပ်ရပ်အရ ဥပဒေနှင့်မကိုက်ညီခြင်း၊ တရားမဝင်ဖြစ်ခြင်း သို့မဟုတ် အာဏာမသက်ရောက်နိုင်ခြင်းအဖြစ် သတ်မှတ်ခဲ့ပါက ဤစည်းကမ်းသတ်မှတ် ချက်များ၏ ကျန်ရှိသောအပိုင်း သို့မဟုတ် အဆိုပါသတ်မှတ်ချက်၊ ပဋိညာဉ် ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ ပုဂ္ဂိုလ်တစ်ဦးဦး အပေါ် အကျိုးသက်ရောက်မှု (ထိုပုဂ္ဂိုလ်များ အပေါ် တရားမဝင်ကြောင်း သို့မဟုတ် အာဏာသက်ရောက်မှုမရှိကြောင်း သတ်မှတ်ခံထားသည့် ပြဋ္ဌာန်းချက်များမှ လွှဲ၍) ကို မထိခိုက်စေဘဲ ဤစည်းကမ်းသတ်မှတ်ချက်များ၏ ပြဋ္ဌာန်းချက် တစ်ရပ်စီသည် ဥပဒေအရ ခွင့်ပြုထားသော အများဆုံးအတိုင်းအတာအထိ တရားဝင်ဖြစ်ပြီး အာဏာသက်ရောက်မှု ဆက်လက်တည်ရှိရမည်။

၉.၂ ဤစည်းကမ်းသတ်မှတ်ချက်များ၏ အင်္ဂလိပ်ဘာသာစကားမူကွဲသည် ကဏ္ဍများအားလုံးတွင် ထိန်းချုပ်မည်ဖြစ်ပြီး ဘာသာပြန်ဆိုထားသော မူကွဲများ (အကယ်၍ရှိပါက)နှင့် မကိုက်ညီမှုများ တစ်ရပ်ရပ်ရှိပါက အစားထိုးလွှမ်းမိုးမည်ဖြစ်သည်။

best operator in Myanmar