မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအကြောင်း

MPTဆိုသည်မှာ မြန်မာပြည်၏ အကြီးမားဆုံး 3G ကွန်ရက်ကိုပိုင်ဆိုင်ထားပြီး ဖုန်းအသုံးပြုသူပေါင်း သန်း၂၀ကျော်ရှိသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် မြန်မာပြည်သူပြည်သားသုံးစွဲသူများနှင့် စီးပွားရေး လုပ်ငန်းကြီးများအတွက် လိုင်းဖုန်းများနှင့် မိုဘိုင်းဆက်သွယ်ရေးများကိုဝန်ဆောင်မှုပေးနေသော မြန်မာနိုင်ငံ၏ ပထမဆုံး နှင့် ထိပ်တန်းမှဦးဆောင်လျက်ရှိသောဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၁၃၀ကျော်ကြာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းလုပ်ဆောင်နေသော ဆက်သွယ်ရေးအော်ပရေတာတစ်ခုလည်း ဖြစ်ပါသည်။ ယနေ့တွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ရက်လွှမ်းခြုံနိုင်မှုမှာ  ၉၆% ရှိနေပြီး အကျယ်ပြန့်ဆုံးသောကွန်ရက်ကိုပိုင်ဆိုင်သည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ ကျယ်ပြန့်သောအရောင်းစျေးကွက်များကိုအသုံးပြု၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် တစ်နိုင်ငံလုံးအနှံ့ ဆက်သွယ်ရေးဝန်ဆောင်မှုများ ပိုမိုတိုးတက်များပြားလာစေရန် ရည်ရွယ် အကောင်အထည် ဖော်လျက်ရှိပါသည်။ KDDI-Sumitomo တို့နှင့်ပူးပေါင်း၍ ဝန်ထမ်းပေါင်း၈ထောင်ကျော်နှင့် အတူ ဆက်သွယ်ရေးနည်းပညာကဏ္ဍကို တိုးတက်စေခြင်းဖြင့် မြန်မာနိုင်ငံအားရှေ့သို့လှမ်းချီနိုင်စေရန် ကြိုးပမ်း ဆောင်ရွက်နေပါသည်။ MPT သည်ကမ္ဘာအကြီးဆုံးကြော်ငြာလုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်သည့် WPP နှင့် စျေးကွက်ဆိုင်ရာ သုတေသနအဖွဲ့ဖြစ်သောMillward Brown တို့ဆောင်ရွက်သည့် BrandZ မှ “Sportlight on Myanmar” ခေါင်းစဉ်ဖြင့် ကောက်ယူထားသောစစ်တမ်းအရ၂၀၁၆ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် ထုတ်ပြန်ရာတွင် အဓိက ကျသည့် ကုန်အမှတ်တံဆိပ် ၄၂ ခု၌နိုင်ငံအတွင်း၌ လူကြိုက် အများဆုံးကုန်အမှတ်တံဆိပ် စာရင်း ၏ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့ပါသည်။

best operator in Myanmar