အထွေထွေစည်းကမ်းသတ်မှတ်ချက်များ

၁။ အကျုံးဝင်သက်ဆိုင်မှု

၁.၁။ ဤအထွေထွေစည်းကမ်းသတ်မှတ်ချက်များ(“အထွေထွေစည်းကမ်းချက်များ”) သည် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပံ့ပိုးလျက်ရှိသည့် ဝန်ဆောင်မှုများအားလုံးနှင့် အကျုံးဝင်သက်ဆိုင်ပြီး ၂၇ ဇူလိုင် ၂၀၁၉ တွင် အကျိုးသက် ရောက်ပါမည်။

၁.၂။ အကယ်၍ သီးသန့်စည်းကမ်းချက်များနှင့် ဤအထွေထွေစည်းကမ်းချက်များအကြား ဆန့်ကျင်ကွဲလွဲမှုရှိပါက ဆန့်ကျင်ကွဲလွဲမှုရှိနေသည့် အတိုင်းအတာအထိသာ သီးသန့်စည်းကမ်းချက်များက လွှမ်းမိုးရမည်။

၂။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

အောက်ပါစကားလုံးများနှင့် စကားရပ်များသည် ဤအထွေထွေစည်းကမ်းချက်များ၏ ရည်ရွယ်ချက်များ အတွက် အောက်ပါအနက်အဓိပ္ပာယ်များ ရှိရမည်။

“အကောင့်”ဝန်ဆောင်မှုတစ်ရပ်ရပ်နှင့်ပတ်သက်၍ MPT ၏ သုံးစွဲသူတစ်ဦး၏ မည်သည့် အကောင့်ကိုမဆို ကို ရည်ညွှန်းသည်။
“ပတ်သက်ဆက်နွယ်သည့်အဖွဲ့အစည်းများ”
MPTကို ထိန်းချုပ်သည့် သို့မဟုတ် MPT က ထိန်းချုပ်သည့် သို့မဟုတ် MPT နှင့်အတူ ဘုံထိန်းချုပ်မှုအောက်တွင် ရှိနေသည့် မည်သည့်တရားဝင်အဖွဲ့ အစည်းကိုမဆို ဆိုလိုသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်အလို့ငှာ “ထိန်းချုပ်” ဟူသော စကားရပ်သည် (၁) ကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် မဲပေးခွင့်ရှိ သောအစုရှယ်ယာများရှိသည့် အခြားစီးပွားရေးလုပ်ငန်းအဖွဲ့အစည်း၏မဲပေး ခွင့်ရှိသော အစုရှယ်ယာများ၏ ငါးဆယ်ရာခိုင်နှုန်း (၅၀%)ကျော် အကျိုးဖြစ် ထွန်းမည့်ပိုင်ဆိုင်မှု သို့မဟုတ် (၂) အစုစပ်လုပ်ငန်းတစ်ခု သို့မဟုတ် မဲပေး ခွင့်ရှိသော အစုရှယ်ယာများမရှိသည့် အခြားစီးပွားရေးလုပ်ငန်းအဖွဲ့အစည်း ၏ အသားတင်ပိုင်ဆိုင်မှုများ သို့မဟုတ် အမြတ်ငွေများပေါ်တွင် ငါးဆယ်ရာ ခိုင်နှုန်း(၅၀%)ကျော် အကျိုးစီးပွားရှိခြင်းကို ဆိုလိုသည်။

“ကျသင့်ငွေတောင်းခံလွှာ”မည်သည့်ဝန်ဆောင်မှု သို့မဟုတ် အကောင့်နှင့်မဆိုပတ်သက်၍ ကောက်ခံ မှု၊ အဖိုးအခ သို့မဟုတ် MPT သို့ ပေးချေရမည့် အခြားငွေပမာဏတစ်ရပ်ရပ် အတွက် မည်သည့်ငွေတောင်းခံလွှာ၊ ကျသင့်ငွေတောင်းခံလွှာ သို့မဟုတ် စာရင်းရှင်းတမ်းကိုမဆို ရည်ညွှန်းပါသည်။
“သုံးစွဲသူ” မည်သည့်ဝန်ဆောင်မှုကိုမဆိုလျှောက်ထားသော၊ သုံးစွဲရန်စာရင်းပေးသော သို့မဟုတ် အသုံးပြုသော မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် တရားဝင်အဖွဲ့အစည်း ကိုမဆို ရည်ညွှန်းသည်။
“သုံးစွဲသူနှင့်ပတ်သက်ဆက်နွယ်သည့်အဖွဲ့အစည်းများ”
သုံးစွဲသူကို ထိန်းချုပ်သည့် သို့မဟုတ် သုံးစွဲသူက ထိန်းချုပ်သည့် သို့မဟုတ် သုံးစွဲသူနှင့်အတူ ဘုံထိန်းချုပ်မှုအောက်တွင် ရှိနေသည့် မည်သည့်တရားဝင် အဖွဲ့အစည်းကိုမဆို ဆိုလိုသည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်အလို့ငှာ “ထိန်း ချုပ်”ဟူသောစကားရပ်သည် (၁) ကော်ပိုရေးရှင်းတစ်ခု သို့မဟုတ် မဲပေးခွင့် ရှိသော အစုရှယ်ယာများရှိသည့် အခြားစီးပွားရေးလုပ်ငန်းအဖွဲ့အစည်း၏ မဲ ပေးခွင့်ရှိသော အစုရှယ်ယာများ၏ ငါးဆယ်ရာခိုင်နှုန်း (၅၀%)ကျော် အကျိုး ဖြစ်ထွန်းမည့်ပိုင်ဆိုင်မှု သို့မဟုတ် (၂) အစုစပ်လုပ်ငန်းတစ်ခု သို့မဟုတ် မဲ ပေးခွင့်ရှိသော အစုရှယ်ယာများမရှိသည့် အခြားစီးပွားရေးလုပ်ငန်းအဖွဲ့ အစည်း၏ အသားတင်ပိုင်ဆိုင်မှုများ သို့မဟုတ် အမြတ်ငွေများပေါ်တွင် ငါး ဆယ်ရာခိုင်နှုန်း(၅၀%)ကျော် အကျိုးစီးပွားရှိခြင်းကို ဆိုလိုသည်။

“သုံးစွဲသူနှင့်သဘောတူညီ ချက်” ဝန်ဆောင်မှုတစ်ရပ်နှင့်ပတ်သက်၍ MPT နှင့် သုံးစွဲသူကြားရှိ သဘောတူစာ ချုပ်တစ်ခုကိုရည်ညွှန်းသည်။ သုံးစွဲသူနှင့်သဘောတူညီချက်တွင် ဤအထွေ ထွေ စည်းကမ်းချက်များနှင့် သီးသန့် စည်းကမ်းချက်များ(ရှိလျှင်) ပါဝင်ပါ သည်။
“သုံးစွဲသူ၏တောင်းဆိုချက်” သုံးစွဲသူဘက်မှ စတင်၍ MPT သို့ ပေးပို့သော တောင်းဆိုချက်၊ ညွှန်ကြား ချက် သို့မဟုတ် အမှာစာတစ်ရပ်ရပ်ကို ရည်ညွှန်းသည်။
“စေ့ရောက်သည့်နေ့” အပိုဒ် ၄.၅ တွင်ပေးထားသည့် အဓိပ္ပာယ်အတိုင်းဖြစ်သည်။
“ဝန်ဆောင်ခများ” ဝန်ဆောင်မှုတစ်ရပ်ရပ် ပံ့ပိုးပေးခြင်းနှင့်ဆက်နွယ်ပြီး သတ်မှတ်ထားသည့် ဝန်ဆောင်ခများ သို့မဟုတ် အဖိုးအခများကို ရည်ညွှန်းသည်။
“အသိဉာဏ်ပစ္စည်း” မှတ်ပုံတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ MPT က ပိုင်ဆိုင်သော သို့မဟုတ် တရားဝင်တောင်းဆိုခွင့်ရှိသော သို့မဟုတ် ပစ္စည်းဆိုင်ရာအခွင့် အရေးများကို အသုံးပြုရန်၊ စီမံခန့်ခွဲရန်နှင့် အကျိုးခံစားရန် MPT အား နည်း လမ်းတကျ ခွင့်ပြုချက်ပေးထားသော စာပေအနုပညာရပ်ဆိုင်ရာ မူပိုင်ခွင့် ရရှိထားသောဖန်တီးမှု၊ တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်း၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် သို့မဟုတ် အခြားအသိဉာဏ်ဆိုင်ရာ သို့မဟုတ် ပိုင်ဆိုင်မှုဆိုင်ရာ ပစ္စည်းကိုဆိုလိုသည်။
“ဥပေဒ” မြန်မာနိုင်ငံ၏ ဥပဒေများ၊ နည်းဥပဒေများနှင့် တရားဝင်အမိန့်ကြော်ငြာစာ များနှင့် MPT က လိုက်နာရမည့် သက်ဆိုင်သောအခြားမည်သည့်ဥပဒေကို မဆို ဆိုလိုသည်။
“တရားဝင်အဖွဲ့အစည်း” အစုရှယ်ယာရှင်တစ်ဦး၊ စီးပွားဖက် သို့မဟုတ် အဖွဲ့ဝင်တစ်ဦးနှင့် သီးခြား ဖြစ်ပြီး ၎င်းတို့နှင့်ကွဲပြားခြားနားသည့် တရားဝင် အခွင့်အရေးများနှင့် တာဝန် များ (Judicial Personality) ရှိသော လူပုဂ္ဂိုလ်(များ)အဖွဲ့၊ ကော်ပိုရေးရှင်း၊ ကုမ္ပဏီ၊ အစုစပ်လုပ်ငန်း သို့မဟုတ် ဥပဒေအရအသိအမှတ်ပြုသော အခြား တရားဝင်ပုဂ္ဂိုလ်ကို ရည်ညွှန်းသည်။
“MPT” မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ယင်း၏အကျိုးစီးပွားအား ဆက်ခံသူများ နှင့် လွှဲအပ်ခံရသူများကို ရည်ညွှန်းသည်။
“MPT ပစ္စည်းကိရိယာများ” သုံးစွဲသူ၏ ဥပစာတွင်ရှိသော ဆင်းမ်ကတ်များနှင့် ပစ္စည်းကိရိယာများ အပါ အဝင် MPT က ပိုင်ဆိုင်သော၊ အသုံးပြုနေသော၊ တပ်ဆင်ထားသော နှင့်/ သို့မဟုတ် အငှားချထားသော မည်သည့်ပစ္စည်းကိရိယာ၊ ကိရိယာ သို့မ ဟုတ် အရာဝတ္ထုကိုမဆို ရည်ညွှန်းသည်။
“MPT ဆော့ဖ်ဝဲ”
MPT က ဖြစ်စေ၊ MPT ကိုယ်စားဖြစ်စေ တပ်ဆင်ပေးထားသော သို့မဟုတ် ပံ့ပိုးပေးထားသော မည်သည့်ကွန်ပျူတာပရိုဂရမ်၊ Script ၊ Application၊ Firmware သို့မဟုတ် ဆော့ဖ်ဝဲ ကိုမဆို ရည်ညွှန်းသည်။
“မြန်မာနိုင်ငံ” ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ရည်ညွှန်းသည်။
“စာချုပ်ဝင်များ” MPTနှင့်သုံးစွဲသူကို ရည်ညွှန်းပြီး “စာချုပ်ဝင်”တစ်ဦးဟူသော စကားရပ် သည် ယင်းတို့ထဲမှ တစ်ဦးဦးကို ဆိုလိုသည်။
“ငွေပေးချေမှုဆိုင်ရာ စည်းကမ်းချက်များ” MPTကအခါအားလျော်စွာသတ်မှတ်နိုင်သည့်အတိုင်းနှင့် သီးသန့်စည်းကမ်း ချက်များတွင် သတ်မှတ်ထားနိုင်သည့်အတိုင်း ပေးချေရန်စေ့ရောက်လာပြီး ပေးချေရန်ဖြစ်လာသော ဝန်ဆောင်ခများအပေါ် စည်းကမ်းသတ်မှတ်ချက် များ သို့မဟုတ် ကျသင့်ငွေတောင်းခံလွှာများနှင့်သက်ဆိုင်သော ကိစ္စရပ်များ အပေါ် လွှမ်းမိုးသော စည်းကမ်းသတ်မှတ်ချက်များကို ရည်ညွှန်းသည်။
“ကြိုတင်ပေးချေသည့် ဝန်ဆောင်ခများ” အကောင့်တစ်ခုသို့ ပေးချေသောနှင့် သုံးစွဲသူတစ်ဦးအပေါ် ပေးအပ်သော ငွေကြေးကို ရည်ညွှန်းပြီး မည်သည့်ကျသင့်ငွေတောင်းခံလွှာကိုမျှ ထုတ်ပေး ခြင်းမရှိပဲ စုစည်းကျသင့်သည့်အချိန်တွင် ဝန်ဆောင်ခများကို အဆိုပါငွေ ကြေးမှ နုတ်ယူပါသည်။
“သတ်မှတ်အတိုးနှုန်း” မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်အတိုးနှုန်းကို ရည်ညွှန်းသည်။
“ဝန်ဆောင်မှု” MPT က ပံ့ပိုးပေးသည့် ဆက်သွယ်ရေးဝန်ဆောင်မှုတစ်ရပ်ရပ်၊ MPT ပစ္စည်း ကိရိယာများ သို့မဟုတ် MPT ဆော့ဖ်ဝဲ နှင့်ပတ်သက်သည့် ဝန်ဆောင်မှု သို့မဟုတ် (မည်သည့်ပစ္စည်းကိရိယာ သို့မဟုတ် ဆော့ဖ်ဝဲကိုမဆို ထောက် ပံ့ခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် တပ်ဆင်ခြင်းအပါအဝင်) အခြားဝန်ဆောင်မှု တစ်ရပ်ရပ်ကို ရည်ညွှန်းသည်။
“ဝန်ဆောင်မှုနံပါတ်”
သုံးစွဲသူအား ခွဲခြားသိရှိနိုင်ရန် MPT က သတ်မှတ်ပြီး မည်သည့်ဝန်ဆောင်မှု ကိုမဆိုအသုံးပြုနိုင်စေသော အက္ခရာစာလုံးများ နှင့်/သို့မဟုတ် ကိန်းဂဏန်း များ တွဲဖက်မှုတစ်ရပ်ရပ်ကို ရည်ညွှန်းသည်။
“သီးသန့်စည်းကမ်းချက် များ” ဝန်ဆောင်မှုတစ်ရပ်နှင့်ပတ်သက်၍ MPT က သတ်မှတ်သည့် သီးသန့်စည်း ကမ်းသတ်မှတ်ချက်များကို ရည်ညွှန်းသည်။
“အခွန်များ”ဝန်ဆောင်မှုတစ်ရပ်ရပ် ပံ့ပိုးပေးခြင်းနှင့် ပတ်သက်၍ သို့မဟုတ် ၎င်းနှင့်စပ် လျဉ်း၍သော်လည်းကောင်း၊ သုံးစွဲသူက MPT သို့ ပေးချေရန်စေ့ရောက်ပြီး ပေးချေရမည်ဖြစ်သော မည်သည့်ဝန်ဆောင်ခများ သို့မဟုတ် ပေးချေမှု အပေါ်မဆိုသော်လည်းကောင်း ဥပဒေတစ်ရပ်ရပ်အရနှင့် ဥပဒေတစ်ရပ်ရပ် ကြောင့် သို့မဟုတ် မြန်မာနိုင်ငံပြင်ပစီရင်ပိုင်ခွင့်ရှိသောနယ်မြေတစ်ခုခု၏ ဥပဒေအရနှင့်ထိုဥပဒေကြောင့် မည်သို့ပင်မဆို သတ်မှတ်ထားသော၊ ချမှတ် ထားသော သက်ဆိုင်ရာအခွန်များ၊ အကောက်ခွန်များ၊ စည်းကြပ်ရငွေများ နှင့် အခြားအလားတူကောက်ခံမှုများအားလုံးကို ရည်ညွှန်းသည်။
“တတိယပုဂ္ဂိုလ် ထောက်ပံ့သူများ”အပိုဒ် ၉.၁ တွင်ပေးထားသည့် အဓိပ္ပာယ်အတိုင်းဖြစ်သည်။

၃။ ဝန်ဆောင်မှုဆိုင်ရာ စည်းကမ်းချက်များ

၃.၁။ ဝန်ဆောင်မှုတစ်ရပ်ရပ်ကို အသုံးပြုခြင်းအားဖြင့် သုံးစွဲသူသည် ဤအထွေထွေစည်းကမ်းချက်များကို ဖတ်ရှုပြီး၊ နားလည်ပြီးနှင့် လက်ခံပြီး ဖြစ်သည်ဟု မှတ်ယူသည်။ ဤအထွေထွေစည်းကမ်းချက်များကို MPT က အခါအား လျော်စွာ ပြင်ဆင်ပြောင်းလဲနိုင်ပြီး ပြင်ဆင်ပြောင်းလဲမှုတစ်ရပ်ရပ်ရှိပါက MPT က သုံးစွဲသူကို အကြောင်းကြား နိုင်ပါသည်။ အကယ်၍ အခြားနည်း သတ်မှတ်မထားပါက ထိုအထွေထွေစည်းကမ်းချက်များအပေါ် ပြင်ဆင် ပြောင်းလဲမှုတစ်ရပ်ရပ်ပြုလုပ်ပြီးနောက် သုံးစွဲသူအနေဖြင့် ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုခြင်းသည် ပြင် ဆင်ပြောင်းလဲထားသည့် အထွေထွေစည်းကမ်းချက်များတစ်ခုလုံးကို သုံးစွဲသူက သဘောတူညီကြောင်းနှင့် အပြည့်အဝနားလည်၍ သဘောတူခွင့်ပြုကြောင်း မှတ်ယူရမည်။

၃.၂။ ဝန်ဆောင်မှုတစ်ရပ်ရပ်ကို အသုံးပြုရန်အလို့ငှာ သုံးစွဲသူသည် (၁) အနည်းဆုံးအသက်တစ်ဆယ့်ရှစ်(၁၈)နှစ် ပြည့်ပြီးဖြစ်ရမည် သို့မဟုတ် မိဘ သို့မဟုတ် ဥပဒေအရ အသိအမှတ်ပြုထားသည့် အုပ်ထိန်းသူတစ်ဦး၏ သဘောတူညီချက်ရရှိထားပြီး ဖြစ်ရမည့်အပြင် (ခ) ဤအထွေထွေစည်းကမ်းချက်များကို ချုပ်ဆိုရန်နှင့် ၎င်း၏ စည်းနှောင်မှုကို ခံယူရန် လုပ်ပိုင်ခွင့်နှင့် စွမ်းဆောင်နိုင်မှု ရှိရမည်။

၃.၃။ ဥပဒေအရလိုအပ်ပါက၊ သုံးစွဲသူသည် ဝန်ဆောင်မှုတစ်ရပ်ရပ်ကိုအသုံးပြုရန်ဖြစ်စေ၊ (MPTပစ္စည်းကိရိယာများ အပါအဝင်) ပစ္စည်းကိရိယာတစ်ခုခုကို အသုံးပြုရန်အတွက် လိုအပ်သည့် လိုင်စင်များ၊ ခွင့်ပြုချက်များ၊ လုပ်ပိုင် ခွင့်များနှင့် အခြားလိုအပ်သည့် အခွင့်အရေးများအားလုံးကို မိမိ၏ကိုယ်ပိုင်စရိတ်ဖြင့် ရယူခြင်းနှင့် ထိန်းသိမ်း ခြင်းအတွက် တာဝန်ရှိရမည်။

၃.၄။ သုံးစွဲသူသည် အောက်ပါတို့အတွက် တာဝန်ရှိသည် –

(က) ဤအထွေထွေစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် သုံးစွဲသူ၏ မိုဘိုင်းပစ္စည်းကိရိယာ များကို သုံးစွဲသောမည်သူမဆိုသည် ထိုအထွေထွေစည်းကမ်းချက်းများကို လိုက်နာကြောင်း သေချာ စေရန်၊

(ခ) ဝန်ဆောင်မှုကို တပ်ဆင်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် လည်ပတ်ခြင်းနည်းလမ်းနှင့်ပတ်သက်၍ MPT ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊

(ဂ) ဝန်ဆောင်မှုတစ်ရပ်ရပ်နှင့်ပတ်သက်၍ အသုံးပြုသော ပစ္စည်းကိရိယာတစ်ရပ်ရပ်နှင့် အားလုံးအပြင် ဝန်ဆောင်မှုကိုယ်တိုင်ကိုပင် ဥပဒေနှင့်အညီ အသုံးပြုကြောင်း သေချာစေရန်၊

(ဃ) MPT ပစ္စည်းကိရိယာများအား တပ်ဆင်မှု၊ ပြင်ဆင်မွမ်းမံမှုများနှင့် အသုံးပြုမှုအတွက် MPT၊ ထုတ် လုပ်သူ နှင့်/သို့မဟုတ် ဖြန့်ချိသူတို့၏ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ သို့မဟုတ် သတ်မှတ် ချက်များ အားလုံးကိုလိုက်နာရန်နှင့် ထို MPT ပစ္စည်းကိရိယာများအားလုံးကို ကောင်းမွန်စွာ အသုံးပြု နိုင်သော အခြေအနေတွင်ရှိနေစေရန် အဆိုပါသတ်မှတ်ချက်များနှင့်အညီ ထိန်းသိမ်းရန်၊

(င) မည်သည့်နည်းလမ်းဖြင့်မဆို ဝန်ဆောင်မှုတစ်ရပ်ရပ်နှင့် ချိတ်ဆက်နိုင်သော၊ ၎င်းနှင့် အပြန်အလှန် သက်ရောက်မှုရှိနိုင်သော သို့မဟုတ် ၎င်းနှင့်ဆက်စပ်၍ အလုပ်လုပ်သော ပစ္စည်းကိရိယာများနှင့် ဆော့ဖ်ဝဲများအားလုံးနှင့် အံဝင်ဂွင်ကျဖြစ်အောင် သေချာစေရန်၊

(စ) သုံးစွဲသူက သတ်မှတ်ပြီး MPT က စာဖြင့်ရေးသားအတည်ပြုထားသည့် ဥပစာတွင် MPT ပစ္စည်းကိရိ ယာများအားလုံးကို လုံခြုံစွာထားရှိရန်၊

(ဆ) ဝန်ဆောင်မှုအတွက် လိုအပ်သော MPT ပစ္စည်းကိရိယာများ တည်ဆောက်ခြင်း၊ တပ်ဆင်ခြင်း၊ လည် ပတ်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်းအတွက်လိုအပ်သော ချိတ်ဆက်မှုဆိုင်ရာအထောက်အပံ့များ၊ စည်း ကမ်းထိန်းသိမ်းမှုဆိုင်ရာခွင့်ပြုချက်များနှင့်အခြားအလားတူလုပ်ပိုင်ခွင့်များအပါအဝင်ဝန်ဆောင်မှုနှင့် ပတ်သက်၍လိုအပ်သော ဆက်စပ်ဆောင်ရွက်မှုများအားလုံးကို MPTဘက်မှ လိုအပ်ပါက သုံးစွဲသူ၏ စရိတ်ဖြင့် ဆောင်ရွက်ပေးရန်၊

၃.၅။ သုံးစွဲသူဘက်မှ အောက်ပါတို့ကို မပြုလုပ်ရန် သဘောတူသည် –

(က) သက်ဆိုင်ရာဥပဒေတစ်ရပ်ရပ်၊ သုံးစွဲသူနှင့် သဘောတူညီချက်၊ အသိဉာဏ်ပစ္စည်းဆိုင်ရာ အခွင့် အရေးများကို ချိုးဖောက်၍သော်လည်းကောင်း၊ အလွဲသုံးစားဖြစ်သော၊ လိမ်လည်သော၊ ထိခိုက်မှု ဖြစ်စေသော နည်းလမ်းဖြင့်သော်လည်းကောင်း၊ MPT က ခွင့်ပြုထားသော ရည်ရွယ်ချက်များမှတပါး အခြားရည်ရွယ်ချက်တစ်ခုခုအတွက်သော်လည်းကောင်း မည်သည့်ဝန်ဆောင်မှုကိုမဆို အသုံးပြု ခြင်း သို့မဟုတ် သုံးစွဲရန်ခွင့်ပြုခြင်း၊

(ခ) MPT၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက် မရှိဘဲ MPT ပစ္စည်းကိရိယာများ သို့မဟုတ် MPTဆော့ဖ်ဝဲတစ်ခုခုကို မည်သည့်နည်းဖြင့်မဆိုပြောင်းလဲခြင်း၊ တည်းဖြတ်ခြင်း၊ လိုက်လျောညီထွေ ဖြစ်အောင်ပြင်ဆင်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ပျက်စီးအောင်အပြောင်းအလဲပြုလုပ်ခြင်း၊ ပြန်လည်ချိန်ညှိ ခြင်း၊ တစ်စစီဖြုတ်ခြင်း၊ ဖြုတ်သိမ်းခြင်း၊ ဖျက်သိမ်းခြင်း၊ ဖယ်ရှားခြင်း၊ ရွှေ့ပြောင်းခြင်း၊ အစားထိုးခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို လေ့လာ၍ ပြန်လည်ဖန်တီးခြင်း (Reverse Engineer)၊ ကူးယူခြင်း၊ ပြန် လည်ရောင်းချခြင်း၊ အငှားချခြင်း၊ ထပ်ဆင့်အငှားချခြင်း၊ အသုံးပြုခွင့်လိုင်စင်ပေးခြင်း၊ ထပ်ဆင့် အသုံးပြုခွင့်လိုင်စင်ပေးခြင်း၊ မျှဝေခြင်း၊ ဖြန့်ချိခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ အများပြည်သူသိစေရန် ပြသခြင်း၊ ထုတ်ဝေခြင်း၊ ထပ်ဆင့်ပိုင်းဖြတ်ခြင်း၊ ခွဲထုတ်ခြင်း၊ လွှဲပြောင်းခြင်း၊ လွှဲအပ်ခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် ကြွေးမြီတာဝန်တင်ရှိစေခြင်း သို့မဟုတ် အထက်ပါကိစ္စရပ်များထဲမှ မည်သည့်ကိစ္စရပ်ကို မဆို ဆောင်ရွက်ရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ခွင့်ပြုခြင်း၊

(ဂ) MPT ၏ စာဖြင့်ရေးသားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ မည်သည့်ဝန်ဆောင်မှုကိုမဆို တိုက်ရိုက်ဖြစ် စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြန်လည်ရောင်းချခြင်း၊ ထပ်ဆင့်အငှားချခြင်း၊ ထပ်ဆင့်အသုံးပြုခွင့်လိုင်စင် ပေးခြင်း၊ မျှဝေခြင်း၊ ခွဲထုတ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း၊

(ဃ) MPT ၏ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဝန်ဆောင်မှုတစ်ရပ်ရပ်ပေးခြင်း သို့မ ဟုတ် လည်ပတ်ခြင်းအပေါ် ပိတ်ဆို့မှု သို့မဟုတ် နှောင့်ယှက်မှုဖြစ်ပေါ်စေသည့် သို့မဟုတ် ဖြစ်ပေါ် စေနိုင်ဖွယ်ရှိသည့် ဆက်သွယ်ရေးသတင်းအချက်အလက်စီးဆင်းမှု သို့မဟုတ် အသုံးပြုမှု ဖြစ်စေ သည့် သို့မဟုတ် ဖြစ်စေနိုင်ဖွယ်ရှိသည့် ဝန်ဆောင်မှုတစ်ရပ်ရပ်ကို အသုံးပြုခြင်း သို့မဟုတ် အသုံးပြု ခွင့်ပေးခြင်း၊

၃.၆။ ဤဝန်ဆောင်မှုကို ရည်ရွယ်ထားသည့် သို့မဟုတ် တရားဝင်ခွင့်ပြုထားသည့် ရည်ရွယ်ချက်မဟုတ်သော ကွဲ ပြားသောရည်ရွယ်ချက်အတွက်အသုံးပြုပါက MPT က ထိုသို့သောအခြားအသုံးပြုမှု သို့မဟုတ် ရည်ရွယ်ချက် အတွက်ကွဲပြားသော သို့မဟုတ် ထပ်ဆောင်းဖြစ်သောဝန်ဆောင်ခများကို သတ်မှတ်နိုင်သည်။ ဝန်ဆောင်မှု အသုံးပြုသည့် ရည်ရွယ်ချက်ပြောင်းလဲမှုအတွက် သုံးစွဲသူသည် MPT အား အကြောင်းကြားရန်နှင့် ခွင့်ပြုချက် ယူရန် ယခင်က ပျက်ကွက်သည့်ဖြစ်ရပ်၌် MPT အနေဖြင့် ထိုက်သင့်သည့်ဝန်ဆောင်ခကို နောက်ကြောင်း ပြန် သတ်မှတ်ပိုင်ခွင့် အလားတူ ရှိစေရမည်။

၃.၇။ MPT က ၎င်း၏ မည်သည့် ပစ္စည်းကိရိယာ၊ အခြေခံအဆောက်အဦ၊ Hardware ၊ ဆော့ဖ်ဝဲ ၊ Firmware ၊ လုပ် ငန်းစဉ်များ၊ လုပ်ထုံးလုပ်နည်းများကိုမဆို သို့မဟုတ် ၎င်း၏ ကွန်ယက် သို့မဟုတ် ဝန်ဆောင်မှုနှင့် ဆက်စပ် သည့် အခြားမည်သည့်အရာများကိုမဆို ၎င်း၏ တစ်ဦးတည်းအကြွင်းမဲ့ဆုံးဖြတ်ချက်ဖြင့် မည်သည့်အချိန်တွင် မဆို ပြင်ဆင်ရန်၊ ပြောင်းလဲရန်၊ ရပ်စဲရန်၊ အစားထိုးရန်၊ နေရာရွှေ့ပြောင်းရန်၊ ပြင်ဆင်မွမ်းမံရန် သို့မဟုတ် ပိုမို ကောင်းမွန်အောင်ပြုလုပ်ရန် အခွင့်အရေးကို ရယူထားပါသည်။ အကယ်၍ အဆိုပါပြောင်းလဲမှုပြုပါက သုံးစွဲသူ သည် ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုနိုင်ရန်အတွက် လိုအပ်သော အပြောင်းအလဲများကို ၎င်း၏ ကိုယ်ပိုင် စရိတ်ဖြင့် ပြုလုပ်ရပါမည်။ ထိုသို့ပြုလုပ်ရာတွင်နှင့် MPT က တောင်းဆိုသည့်အခါတွင် သုံးစွဲသူသည် MPT ပစ္စည်းကိရိယာများ နှင့်/သို့မဟုတ် MPT ဆော့ဖ်ဝဲ ကို ချက်ခြင်း ပြန်လည်အပ်နှံရပါမည် နှင့်/သို့မဟုတ် ပြန် လည်လဲလှယ်ရပါမည်။ သံသယကင်းရှင်းစေရန်အလို့ငှာ MPT ပစ္စည်းကိရိယာများအားလုံးကို MPT အနေဖြင့် အခြားနည်း စာဖြင့်ရေးသားမဖော်ပြထားပါက MPT က ပိုင်ဆိုင်ပါသည်။

၃.၈။ MPT သည် မည်သည့်ဝန်ဆောင်မှုကိုမဆို အရည်အသွေးကောင်းမွန်မှုသေချာစေရန်အတွက် မြန်မာနိုင်ငံတွင် ပုံမှန်ကျင့်သုံးလျက်ရှိသည့် လုပ်ငန်းကျင့်ထုံးများနှင့်အညီ ကျိုးကြောင်းဆီလျော်သည့် အားထုတ်မှုပြုရမည်။ သို့ရာတွင် MPTက အပြစ်ကင်းသည့်ဝန်ဆောင်မှုများဖြစ်စေရမည်ဟုအာမ မခံနိုင်သည့်အပြင် ဝန်ဆောင်မှု တစ်ရပ်ရပ်မှ တစ်ဆင့် သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ရပ်၏အစိတ်အပိုင်းတစ်ရပ်မှ ထုတ်လွှင့်သောမည်သည့် ထုတ်လွှင့်ချက်များ သို့မဟုတ် ဒေတာများ ကိုမဆို ဆုံးရှုံးမှု၊ အနှောင့်အယှက်ဖြစ်မှု သို့မဟုတ် ပျက်စီးမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သို့မဟုတ် ၎င်းတို့မှပေါ်ပေါက်လာနိုင်သည့် တောင်းဆိုမှုများ၊ ဆုံးရှုံးမှုများ၊ နစ်နာမှုများ၊ တာဝန်ဝတ္တရားများ၊ ပေးရန်တာဝန်ရှိမှုများ၊ ဒဏ်ငွေများ၊ ပြစ်ဒဏ်များ၊ ကုန်ကျမှုများ၊ ကြွေးမြီများ၊ အသုံးစရိတ် များ၊ သို့မဟုတ် ရှေ့နေစရိတ်များအပါအဝင်အဖိုးအခများ (စုပေါင်း၍“ဆုံးရှုံးမှုများ”ဟုခေါ်ဆိုရန်) အတွက် တာဝန်မရှိ စေရ။

၃.၉။ MPT က သုံးစွဲသူ၏ တောင်းဆိုချက်များကို ဆောင်ရွက်ရန် သို့မဟုတ် အကောင်အထည်ဖော်ရန် အကျိုးသင့် အကြောင်းသင့် ကြိုးပမ်းအားထုတ်ရမည်။ သို့သော် MPT က အတိအလင်း သဘောတူမထားပါက MPT တွင် သုံးစွဲသူ၏ မည်သည့်တောင်းဆိုချက်ကိုမဆို ပံ့ပိုးပေးရန်၊ ဆောင်ရွက်ပေးရန် သို့မဟုတ် အကောင်အထည် ဖော်ပေးရန် တာဝန်မရှိစေရ။ မည်သည့်ကိစ္စရပ်တွင်မဆို သုံးစွဲသူ၏ တောင်းဆိုမှုကို MPT က ဆောင်ရွက်ပေး ပါက ထိုသို့ဆောင်ရွက်ပေးရခြင်းအတွက် MPTကသတ်မှတ်နိုင်သောနှုန်းထား သို့မဟုတ် ငွေပမာဏတစ်ခုဖြင့် ဝန်ဆောင်ခများကို MPT သည် ၎င်း၏ ဆုံးဖြတ်ချက်ဖြင့် သတ်မှတ်ကောက်ခံနိုင်ပါသည်။

၃.၁၀။ လိုအပ်သည့်အခါတိုင်းနှင့် MPT က သတ်မှတ်နိုင်သည့်အချိန်တွင် သုံးစွဲသူသည် MPT ၏ အခွင့်ရကိုယ်စား လှယ်များအား သုံးစွဲသူ သို့မဟုတ် သုံးစွဲသူနှင့် ပတ်သက်ဆက်နွယ်သည့် မည်သည့်အဖွဲ့အစည်းကမဆို အသုံး ပြုနေသော သို့မဟုတ် ထိန်းချုပ်ထားသော ဥပစာတစ်ခုခုထဲသို့ ဝင်ရောက်ရန်နှင့် မည်သည့် MPT ပစ္စည်း ကိရိယာများ သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ရပ်ပေးခြင်းနှင့်သက်ဆိုင်သော အခြားပစ္စည်းကိရိယာများကိုမဆို တပ်ဆင်ရန်၊ ကောက်ယူရန်၊ ဖယ်ရှားရန်၊ ထိန်းသိမ်းရန်၊ အစားထိုးရန်၊ စစ်ဆေးရန်၊ ပြုပြင်ရန် နှင့်/သို့မဟုတ် စမ်းသပ်ရန် လိုအပ်နိုင်သော ကာလအတွက် အဆိုပါဥပစာများတွင် ဆက်ရှိနေရန် သို့မဟုတ် မည်သည့်ဝန် ဆောင်မှုကိုမဆို အသုံးပြုရာတွင် သုံးစွဲသူ၏ ဤစည်းကမ်းများ၊ သီးသန့်စည်းကမ်းများနှင့် ဥပဒေလိုက်နာမှုကို စစ်ဆေးရန် သဘောတူခွင့်ပြုပါသည်။ MPT ၏ အခွင့်ရကိုယ်စားလှယ်များသည် ဤအပိုဒ်နှင့်အညီ မည်သည့် ဥပစာသို့မဆိုသွားရောက်ရန်လိုအပ်ပါက သွားရောက်သည့် တစ်ကြိမ်စီနှင့် သုံးစွဲသူ၏ ဥပစာတွင် ဆောင်ရွက် သောလုပ်ငန်းအတွက် MPT နှင့် သုံးစွဲသူကြားအခြားနည်းသဘောမတူထားပါက MPT က ထိုက်သင့်စွာ သတ် မှတ်နိုင်သောနည်းလမ်းဖြင့်တွက်ချက်ထားသောနှုန်းထား သို့မဟုတ် ငွေပမာဏဖြင့် သုံးစွဲသူအား ဝန်ဆောင်ခ ကောက်ခံနိုင်ပါသည်။

၃.၁၁။ သုံးစွဲသူက မည်သည့်ဝန်ဆောင်မှုနံပါတ်ကိုမဆို ကာလမည်မျှကြာအောင် အသုံးပြုခဲ့နိုင်သည်ဖြစ်စေနှင့် သုံးစွဲ သူက ထိုဝန်ဆောင်မှုနံပါတ်အားအသုံးပြုမှုအတွက် မည်သည့်ငွေပေးချေမှုကိုမဆိုပြုလုပ်ခဲ့သည်ဖြစ်စေ သုံးစွဲ သူသည် အဆိုပါဝန်ဆောင်မှုနံပါတ်ရှိ မည်သည့်အခွင့်အရေး သို့မဟုတ် အကျိုးစီးပွားကိုမဆိုရရှိမည်မဟုတ်ဘဲ ဤစည်းကမ်းချက်များအရစွန့်လွှတ်ရမည်။ ကြိုတင်အသိပေးရန်ခွင့်ပြုချက်ယူရန်မလိုဘဲ မည်သည့်အချိန်တွင် မဆို MPT က ဝန်ဆောင်မှု နံပါတ်တစ်ခုခုအား အသုံးပြုနိုင်မှုကို ရပ်စဲနိုင်သည် သို့မဟုတ် ဝန်ဆောင်မှုနံပါတ် တစ်ခုခုအား ပြောင်းလဲနိုင်၊ ပြန်လည်သတ်မှတ်နိုင် သို့မဟုတ် အစားထိုးနိုင်သည်။

၄။ ဝန်ဆောင်ခများနှင့် ငွေပေးချေမှု

၄.၁။ ပံ့ပိုးပေးသည့်ဝန်ဆောင်မှုများအတွက်သာ သုံးစွဲသူအား သက်ဆိုင်ရာအခွန်များနှင့်တကွ ကျသင့်ငွေကောက် ခံပါမည်။ သံသယကင်းရှင်းစေရန်ဆိုရလျှင် ကြိုတင်ငွေပေးချေရသည့်ဆယ်သွယ်ရေးအင်တာနက်ဝန်ဆောင် မှုများ အသုံးပြုခြင်းအတွက် ဝန်ဆောင်ခများကောက်ခံခြင်းအပါအဝင် အချို့သောဝန်ဆောင်မှုများ၏ သဘော သဘာဝအရ သုံးစွဲသူ၏ အကောင့်ရှိ လက်ကျန်ငွေသည် သုညအောက်လျော့နည်းသွားသည့် ကိစ္စရပ်များဖြစ် လာနိုင်ပြီး အဆိုပါကိစ္စရပ်များတွင် ဤအထွေထွေစည်းကမ်းချက်များနှင့်အညီ သုံးစွဲသူသည် လိုငွေအတွက် ပေးရန်တာဝန်ရှိပါသည်။

၄.၂။ MPTအား ပေးချေရန်စေ့ရောက်ပြီး ပေးချေရမည်ဖြစ်သော စုစည်းကျသင့်လာသည့်ဝန်ဆောင်ခများနှင့်ငွေပမာ ဏများအားလုံးကို သုံးစွဲသူက ဥပဒေအရလိုအပ်သည့်အတိုင်းအတာအထိမှတစ်ပါးမည်သည့်ခုနှိမ်မှု၊ နုတ်ယူမှု သို့မဟုတ် ပင်ရင်းမှဖြတ်တောက်မှုကိုမျှ မပြုလုပ်ဘဲ ပေးချေရမည်။

၄.၃။ MPTသည် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ ကျသင့်ငွေတောင်းခံလွှာတစ်စောင်ကို လစဉ်ဖြစ်စေ၊ မြန်မာအစိုးရ အာဏာပိုင်များက သတ်မှတ်ထားသည့် ညွှန်ကြားချက်များ သို့မဟုတ် သတ်မှတ်ချက်များအရ MPT က သင့် လျော်သည်ဟု ယူဆနိုင်သော အချိန်ကာလများတွင်ဖြစ်စေ ပေးပို့နိုင်သည်။ ကျသင့်ငွေတောင်းခံလွှာများကို MPT က အောက်ပါနည်းလမ်းများထဲမှ မည်သည့်နည်းလမ်းဖြင့်မဆို သုံးစွဲသူထံ ပေးပို့နိုင်သည် –

(က) MPT က ထိန်းသိမ်းထားသည့်မှတ်တမ်းများတွင်ရှိသော သို့မဟုတ် MPT က သုံးစွဲသူထံမှ နောက်ဆုံး လက်ခံရရှိထားသည့်ဆက်သွယ်မှုမှရသော နောက်ဆုံးမှတ်သားထားသည့်လိပ်စာသို့ လက်ရောက်၊ အမြန်ချောပို့ သို့မဟုတ် စာတိုက်မှ ပေးပို့ခြင်း၊ နှင့်/သို့မဟုတ်

(ခ) MPT က ထိန်းသိမ်းထားသည့် မည်သည့်မှတ်တမ်းများတွင်မဆို ရှိသော သို့မဟုတ် သုံးစွဲသူက MPT ထံသို့ ဆက်သွယ်မှုတစ်ရပ်ရပ်မှ ရရှိသော အီးမေးလ်လိပ်စာ သို့မဟုတ် တယ်လီဖုန်း/မိုဘိုင်းလ် နံပါတ်သို့ အီလက်ထရွန်နစ်မေးလ်၊ ဖက်စ်ပေးပို့မှု သို့မဟုတ် စာတိုဝန်ဆောင်မှု (Short Message Service – SMS) အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော တပြိုင်နက် တည်းဖြစ်သည့် အီလက်ထရွန်နစ်ဆက်သွယ်မှုများ

၄.၄။ ပေးပို့ထားသည့် မည်သည့်ကျသင့်ငွေတောင်းခံလွှာကိုမဆို သုံးစွဲသူက အောက်ပါအခြေအနေတို့တွင် လက်ခံ ရရှိပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(က) အကယ်၍ လက်ရောက် သို့မဟုတ် အမြန်ချောပို့ဖြင့်ပေးပို့ပါက ထိုလိပ်စာ၌ပို့ခဲ့သည့် သို့မဟုတ် ထား ခဲ့သည့် နေ့ရက်နှင့် အချိန်၊

(ခ) မြန်မာနိုင်ငံတွင်းရှိ လိပ်စာတစ်ခုခုသို့ MPT က စာတိုက်မှတဆင့်ပေးပို့ပြီးနောက် ခုနှစ် (၇) ရက် မြောက်နေ့၊

(ဂ) မြန်မာနိုင်ငံပြင်ပရှိ လိပ်စာတစ်ခုခုသို့ MPT က လေကြောင်းစာမှတဆင့် ပေးပို့ပြီးနောက် တစ်ဆယ့် လေး(၁၄)ရက်မြောက်နေ့၊ သို့မဟုတ်

(ဃ) အီးမေးလ်၊ ဖက်စ်ပေးပို့မှု သို့မဟုတ် အခြားတပြိုင်နက်တည်းဖြစ်သည့် အီလက်ထရွန်နစ် ဆက်သွယ် ရေးအားဖြင့် ထုတ်လွှင့်ပြီးနောက် နှစ်ဆယ့်လေး (၂၄) နာရီအတွင်း။

၄.၅။ သုံးစွဲသူသည် MPT သို့ ပေးရန်စေ့ရောက်သည်ဟု သို့မဟုတ် ပေးချေရမည်ဟု ပြသထားသော သို့မဟုတ် ဖော် ပြထားသော စုစုပေါင်းငွေကြေးပမာဏကို အဆိုပါကျသင့်ငွေတောင်းခံလွှာတွင် သတ်မှတ်ထားသော အချိန် ကာလအတွင်း MPT အား ပေးချေရန်တာဝန်ရှိသည် သို့မဟုတ် အဆိုပါအချိန်ကာလသတ်မှတ်ထားခြင်း မရှိ ပါက သုံးစွဲသူသည် နောက်လ၏ နှစ်ဆယ်(၂၀)ရက်နေ့တွင် သို့မဟုတ် ထိုနေ့မတိုင်မီဖြစ်စေ၊ ထိုလ၏နှစ်ဆယ် ရက်နေ့သည် စနေနေ့၊ တနင်္ဂနွေနေ့ သို့မဟုတ် မြန်မာနိုင်ငံ၏ အများပြည်သူအလုပ်ပိတ်ရက်တွင် ကျရောက် ပါက နောက်ကပ်လျက် အလုပ်ဖွင့်သည့်နေ့တွင်ဖြစ်စေ၊ MPT က ဆုံးဖြတ်ပြီး သုံးစွဲသူအား စာဖြင့်ရေးသား အသိပေးသောအခြားနေ့ရက်တွင်ဖြစ်စေ MPT အား ပေးချေရမည် (အဆိုပါသက်ဆိုင်ရာအချိန်ကာလကို နောင်တွင် “စေ့ရောက်သောနေ့ရက်” အဖြစ် ရည်ညွှန်းရမည်)။

၄.၆။ သီးသန့်စည်းကမ်းချက်များတွင် အခြားနည်းပြဋ္ဌာန်းထားခြင်းမရှိပါက သုံးစွဲသူသည် MPT သို့ ပေးချေရန်စေ့ ရောက်သော သို့မဟုတ် ပေးချေရမည်ဖြစ်သော ဝန်ဆောင်ခများနှင့် အခြားမည်သည့် ငွေပမာဏများကိုမဆို ဤစည်းကမ်းချက်များနှင့်အညီ ပေးချေရမည်။ (MPTကဖြစ်စေ၊ သုံးစွဲသူကဖြစ်စေ) ဝန်ဆောင်မှုကို ရပ်စဲလိုက် ပါက သုံးစွဲသူကဝန်ဆောင်မှုကို စွန့်လွှတ်ခဲ့ကြောင်း၊ သုံးစွဲသူ၏ ဤဝန်ဆောင်မှုကို အသုံးပြုမှုသည် သုံးစွဲသူ၏ ဤဝန်ဆောင်မှုကို ပျှမ်းမျှအသုံးပြုမှုထက် သိသိသာသာပိုများနေကြောင်း သို့မဟုတ် MPT က လိုအပ်သည်ဟု ယူဆသောအခြားမည်သည့်ဖြစ်ရပ်တွင်မဆို သုံးစွဲသူသည် အခွန်များအပါအဝင် ဝန်ဆောင်ခများနှင့် ပေးချေ ရန်စေ့ရောက်သော သို့မဟုတ် ပေးချေရမည့်ဖြစ်သောအခြားမည်သည့်ငွေပမာဏများကိုမဆိုတောင်းဆိုသည့် အခါချက်ချင်း MPT အား ပေးဆောင်ရမည်ဖြစ်ကြောင်း MPT က သတ်မှတ်ပါသည်။

၄.၇။ သက်ဆိုင်ရာဥပဒေအရ MPT သည် ဝန်ဆောင်ခများနှင့် ငွေပေးချေမှုဆိုင်ရာစည်းကမ်းချက်များကို အခါအား လျော်စွာ ပြောင်းလဲ သို့မဟုတ် ပြင်ဆင်ခွင့်ကို ရယူထားပြီး ထိုသို့သော ပြောင်းလဲမှု သို့မဟုတ် ပြင်ဆင်မှုသည် သုံးစွဲသူထံ ထိုက်သင့်သောအကြောင်းကြားမှုပြုလုပ်၍ MPT က ဆုံးဖြတ်သည့် နေ့စွဲမှစ၍ အကျိုးသက်ရောက် ရမည်။

၄.၈။ သုံးစွဲသူကပေးချေရမည့်ငွေပမာဏများကိုပေးချေရန်ပျက်ကွက်လျှင်ဖြစ်စေ၊ နှောင့်နှေးလျှင်ဖြစ်စေ MPTသည် ယင်း၏ တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်အရ –

(က) မပေးဆောင်ရသေးသော ပေးချေရန်ပျက်ကွက်နေသည့် မည်သည့်ငွေပမာဏအပေါ်မဆို သတ်မှတ် အတိုးနှုန်းဖြင့် သုံးစွဲသူအပေါ် အတိုးငွေကောက်ခံနိုင်သည်၊ နှင့်/သို့မဟုတ်

(ခ) သုံးစွဲသူထံ ကြိုတင်အသိပေးရန် သို့မဟုတ် ခွင့်ပြုချက်ယူရန်မလိုဘဲ အဆိုပါပေးချေရန် ပျက်ကွက် နေသော ငွေပမာဏနှင့် အတိုးငွေနှင့်ပတ်သက်၍ မည်သည့်အကောင့်မှမဆို ဖြတ်တောက်နိုင်သည်။

၄.၉။ အချို့သောအခြေအနေများတွင် MPTသည် သုံးစွဲသူအား အောက်ပါတို့ကိုဆောင်ရွက်ပေးရန် တောင်းဆိုနိုင် ပြီး သုံးစွဲသူက ၎င်းတို့ကို ဆောင်ရွက်ပေးရန် တာဝန်ရှိရမည် –

(က) ဝန်ဆောင်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ MPTက အခါအားလျော်စွာလိုအပ်နိုင်သည့်ငွေပမာဏအတွက် ဘဏ်တစ်ခုမှ ဘဏ်အာမခံချက် တစ်ခုပေးရန်၊ နှင့်/သို့မဟုတ်

(ခ) ဝန်ဆောင်မှုတစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ MPT က အခါအားလျော်စွာ လိုအပ်နိုင်သည့် ငွေပမာဏများ သို့မဟုတ် နောက်ထပ် သို့မဟုတ် ထပ်ဆောင်း ငွေပမာဏများကို MPT ထံသို့ ပေးသွင်းရန်။

၄.၁၀။ အထက်အပိုဒ်အရ ပေးသွင်းထားသည့်ငွေနှင့်ပတ်သက်၍ MPT သည် –

(က) (ရပ်ဆိုင်းထားသောဝန်ဆောင်မှုတစ်ရပ်ရပ်အပါအဝင်)ဝန်ဆောင်မှုတစ်ရပ်ရပ်ကို သုံးစွဲသူအားဆက် လက်ပံ့ပိုးပေးနေသရွေ့၊ သုံးစွဲသူက အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားသရွေ့ သို့မဟုတ် သုံးစွဲသူက ရယူထားသရွေ့ သုံးစွဲသူက MPT ထံသို့ ပေးသွင်းထားသည့် ငွေပမာဏများအားလုံးကို MPT က ထိန်းသိမ်းထားနိုင်သည်၊

(ခ) MPT သည် မိမိ၏ တစ်ဦးတည်းဆုံးဖြတ်ပိုင်ခွင့်ဖြင့် သုံးစွဲသူထံမှ ခွင့်ပြုချက်မလိုဘဲ အဆိုပါပေးသွင်း ထားသည့် ငွေပမာဏများထဲမှ သုံးစွဲသူက MPT ထံ ပေးချေရန်စေ့ရောက်ပြီး ပေးချေရမည်ဖြစ်သော ငွေပမာဏတစ်ရပ်ရပ် သို့မဟုတ် အားလုံးကို ဖြတ်တောက်နုတ်ယူနိုင်သည်။

၄.၁၁။ သံသယကင်းရှင်းစေရန်အလို့ငှာ သုံးစွဲသူသည် MPT ထံသို့ ပေးသွင်းထားသည့်ငွေပမာဏတစ်ခုကို မည်သည့် ဝန်ဆောင်ခများကိုမဆိုပေးချေရာတွင် MPT က အသုံးပြုပေးရမည်ဟုမသတ်မှတ်ရ။ ပေးသွင်းငွေကြောင့် ပေးချေရန်စေ့ရောက်လာပြီး ပေးချေရန်ဖြစ်လာသောငွေပမာဏများအား MPTထံသို့ပေးချရမည့် တာဝန် ဝတ္တရားများမှ သုံးစွဲသူအား ကင်းလွတ်ခွင့်မပေးသလို ပေးသွင်းငွေကြောင့် ပေးရန်စေ့ရောက်သော သို့မဟုတ် ပေးချေရမည်ဖြစ်သော မည်သည့်ငွေပမာဏများကိုမဆိုမပေးချေခြင်းကြောင့် ဝန်ဆောင်မှုအားရပ်ဆိုင်းရန်၊ ဖြတ်တောက်ရန် သို့မဟုတ် ရပ်စဲရန် MPT ၏ အခွင့်အရေးများကို စွှန့်လွှတ်ရာမရောက်ပါ။

၄.၁၂ သုံးစွဲသူသည် ဝန်ဆောင်မှုနှင့်ပတ်သက်သည့် အခွန်များအားလုံးကို ကျခံပေးရန်နှင့် ပေးချေရန် သဘောတူ သည်။ သံသယကင်းရှင်းစေရန်ဆိုရလျှင် MPT သို့ပေးချေရမည့် မည်သည့်ငွေပမာဏနှင့်မဆိုပတ်သက်၍ သုံး စွဲသူသည် ငွေပမာဏတစ်ရပ်ရပ်ကို အခွန်များအဖြစ် ဖြတ်တောက်နုတ်ယူရန် ဥပဒေအရ လိုအပ်ပါက သုံးစွဲသူ သည် လိုအပ်သည့်အတိုင်း အဆိုပါဖြတ်တောက်နုတ်ယူမှုများကို ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါဖြတ်တောက် နုတ်ယူမှုတစ်ရပ်ရပ်သာ မရှိခဲ့ပါက MPT က လက်ခံရရှိလိမ့်မည့် အသားတင်ပမာဏကို MPT က ရရှိအောင် သေချာစေရန် လိုအပ်ငွေပမာဏတစ်ခုအားဖြင့် MPT သို့ ပေးချေရမည့် ငွေပမာဏကို ဥပဒေတွင် အခြားနည်း တားမြစ်ထားခြင်းမရှိသောအတိုင်းအတာအထိ တိုးမြှင့်ရမည်။

၅။ အငြင်းပွားမှုများ

၅.၁။ သုံးစွဲသူတစ်ဦးဦးသည် ကျသင့်ငွေတောင်းခံလွှာတွင် ဖော်ပြထားသည့် မည်သည့်ငွေပမာဏ သို့မဟုတ် အကြောင်းအရာအပေါ်မဆို အငြင်းပွားပါက သို့မဟုတ် ကြိုတင်ပေးချေသည့်ဝန်ဆောင်ခများမှ ဖြတ်တောက် နုတ်ယူသော ငွေပမာဏတစ်ရပ်အပေါ် အငြင်းပွားပါက ထိုကျသင့်ငွေတောင်းခံလွှာပါ ရက်စွဲ သို့မဟုတ် ကြို တင်ပေးချေသည့် ဝန်ဆောင်ခများမှ ဖြတ်တောက်သည့်နေ့ရက်မှ ရက်ပေါင်းကိုးဆယ်(၉၀)အတွင်း ထိုအငြင်း ပွားမှုအတွက်အကြောင်းအရင်းများဖော်ပြကာ အထောက်အကူပြုသည့်စာရွက်စာတမ်းအထောက်အထားများ ထည့်ပေး၍ MPT အား စာဖြင့်ရေးသားထားသည့်အကြောင်းကြားစာ ပေးရမည်။ MPT က ထိုအငြင်းပွားမှုအား အသေးစိတ်လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ပြီး အဆိုပါစာဖြင့်ရေးသားထားသည့် အကြောင်းကြားစာ လက်ခံ ရရှိသည်မှထိုက်သင့်သည့်ကာလတစ်ခုအတွင်း သုံးစွဲသူအား အကြောင်းပြန်ကြားရမည်။ အထက်တွင် မည်သို့ ပင်ဖော်ပြထားစေကာမူ သုံးစွဲသူသည် ငွေတောင်းခံလွှာ၏ အငြင်းပွားမှု မဖြစ်သော ငွေပမာဏများအားလုံးကို သက်ဆိုင်ရာစေ့ရောက်သည့်နေ့တွင် ပေးရမည်။

၅.၂။ ထိုမပေးချေရသေးသောငွေပမာဏကို MPT အား ပေးချေရန်စေ့ရောက်ပြီး ပေးချေရမည်ဟု သတ်မှတ်ပါက သုံးစွဲသူသည် MPT က အခါအားလျော်စွာ သတ်မှတ်သည့်နည်းလမ်းအတိုင်း တွက်ချက်ပြီး တိုးရင်းပေါင်းထား သော အတိုးငွေကို သတ်မှတ်အတိုးနှုန်းဖြင့် အတိုးပေးရမည်။

၅.၃။ ကိစ္စရပ်အားလုံးတွင် MPT နှင့် သုံးစွဲသူကြား မည်သည့်အငြင်းပွားမှုကိုမဆို အပိုဒ် ၁၆ အရ ဖြေရှင်းရမည်။ စာ ချုပ်ဝင်တစ်ဦးချင်းစီသည် လူတစ်စု၏အဖွဲ့ဝင် သို့မဟုတ် ကိုယ်စားလှယ်အနေဖြင့် စုပေါင်းတရားစွဲဆိုမှု (Class Action) အဖြစ် တရားရုံးတွင် တရားစွဲဆိုပိုင်ခွင့် သို့မဟုတ် တောင်းဆိုမှု သို့မဟုတ် အငြင်းပွားမှုတစ်ရပ်ရပ်ကို အနုညာတနည်းဖြင့်စီရင်ဆုံးဖြတ်စေပိုင်ခွင့်ကို စွန့်လွှတ်ပါသည်။

၆။ ဝန်ဆောင်မှု ရပ်ဆိုင်းခြင်းနှင့် သို့မဟုတ် ရပ်စဲခြင်း

၆.၁။ ဥပဒေအရခွင့်ပြုသော အတိုင်းအတာအထိ MPT သည် သုံးစွဲသူအား အကြောင်းကြား၍ဖြစ်စေ၊ အကြောင်း မကြားဘဲဖြစ်စေ၊ မည်သည့်ပေးရန်တာဝန်မျှမရှိဘဲ မည်သည့်ဝန်ဆောင်မှုကိုမဆို ရပ်ဆိုင်းနိုင်သည် သို့မဟုတ် ရပ်စဲနိုင်သည်။ အောက်ပါတို့သည် MPT က အဆိုပါ ရပ်ဆိုင်းခွင့် သို့မဟုတ် ရပ်စဲခွင့်ကို ကျင့်သုံးနိုင်သည့် သာ ဓကများ၏ စေ့စပ်ပြည့်စုံခြင်းမရှိသောစာရင်းဖြစ်ပါသည် –

(က) MPTကြောင့်ဖြစ်စေ၊ MPT ၏ ကွန်ရက်များတွင်ဖြစ်ပေါ်နေသည်ဖြစ်စေ သို့မဟုတ် အခြားသူတစ်ဦးဦး ကြောင့်ဖြစ်စေ၊ အခြားကွန်ရက်တစ်ခုခုတွင် ဖြစ်ပေါ်နေသည်ဖြစ်စေ မည်သည့်ဆက်သွယ်ရေး ကွန် ရက်၊ စနစ် သို့မဟုတ် ဝန်ဆောင်မှုတွင်မဆို ပျက်မှု၊ နှောင့်ယှက်မှု၊ ပြတ်တောက်မှု သို့မဟုတ် ပိတ် ဆို့မှုတစ်ရပ်ရပ်။

(ခ) အကယ်၍သုံးစွဲသူ သို့မဟုတ် သုံးစွဲသူ၏ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်းများအနေဖြင့် MPT၏ ထင်မြင်ယူဆချက်အရ –

(၁) မည်သည့်ဥပဒေ သို့မဟုတ် သုံးစွဲသူနှင့်သဘောတူညီချက်ကိုမဆိုချိုးဖောက်၍ ဝန်ဆောင် မှုတစ်ရပ်ရပ်အား အသုံးပြုခဲ့ခြင်း သို့မဟုတ် (အောင်မြင်သည်ဖြစ်စေ သို့မဟုတ် မအောင် မြင်သည်ဖြစ်စေ) အသုံးပြုရန်အားထုတ်ခဲ့ခြင်း သို့မဟုတ် မဝေးသောအနာဂတ်တွင် အား ထုတ်နိုင်ဖွယ်ရှိခြင်း၊

(၂) MPT ၏ အကျိုးစီးပွားအား အနှောင့်အယှက်တစ်ရပ်ရပ် ဖြစ်စေမည့် သို့မဟုတ် အခြားနည်း အားဖြင့် ထိခိုက်စေမည့် မည်သည့်နည်းလမ်းဖြင့်မဆို ဝန်ဆောင်မှုတစ်ရပ်ရပ်အား အသုံးပြု ခဲ့ခြင်း သို့မဟုတ် (အောင်မြင်သည်ဖြစ်စေ သို့မဟုတ် မအောင်မြင်သည်ဖြစ်စေ) အသုံးပြု ရန် အားထုတ်ခဲ့ခြင်း သို့မဟုတ် မဝေးသောအနာဂတ်တွင် အားထုတ်နိုင်ဖွယ်ရှိခြင်း၊

(၃) ဝန်ဆောင်မှုနှင့်ပတ်သက်၍ စွန့်လွှတ်ခြင်း သို့မဟုတ် သုံးစွဲမှုမရှိခြင်း၊

(၄) ဝန်ဆောင်မှုတစ်ရပ်ရပ်ပံ့ပိုးခြင်း၊ ၎င်း၏အရည်အသွေး သို့မဟုတ် လည်ပတ်မှုကို အနှောင့် အယှက်ပေးရန်အတွက်၊ ဝန်ဆောင်မှုတစ်ရပ်ရပ်အား အသုံးပြုခဲ့ခြင်း သို့မဟုတ် (အောင် မြင်သည်ဖြစ်စေ သို့မဟုတ် မအောင်မြင်သည်ဖြစ်စေ) အသုံးပြုရန်အားထုတ်ခဲ့ခြင်း သို့မ ဟုတ် မဝေးသောအနာဂတ်တွင် အားထုတ်နိုင်ဖွယ်ရှိခြင်း၊ သို့မဟုတ်

(၅) သုံးစွဲသူနှင့် သဘောတူညီချက်တစ်ရပ်ရပ်တွင် ပါရှိသည့် တာဝန်ဝတ္တရားတစ်ရပ်အား ချိုး ဖောက်ခဲ့ခြင်း၊

(ဂ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန သို့မဟုတ် အခြားသော အစိုးရအာဏာပိုင်တစ်ရပ်ရပ်က တောင်းဆိုသည့်အခါ / အမိန့်ထုတ်ပြန်သည့်အခါ၊

(ဃ) (MPT သို့မဟုတ် အခြားပုဂ္ဂိုလ်တစ်ဦးဦး၏) မည်သည့်ဆက်သွယ်ရေးကွန်ယက်၊ စနစ် သို့မဟုတ် ဆက်သွယ်ရေးဝန်ဆောင်မှုများကိုမဆို သို့မဟုတ် ယင်းတို့အတွင်းတွင် ပျက်မှု၊ အနှောင့်အယှက် သို့ မဟုတ် ပိတ်ဆို့မှုတစ်ရပ်ရပ်ဖြစ်ပေါ်အောင်သုံးစွဲသူကဆောင်ရွက်ခဲ့ခြင်း သို့မဟုတ် (အောင်မြင်သည် ဖြစ်စေ သို့မဟုတ် မအောင်မြင်သည်ဖြစ်စေ) ဆောင်ရွက်ရန်အားထုတ်ခဲ့ခြင်း သို့မဟုတ် မဝေးသော အနာဂတ်တွင် အားထုတ်နိုင်ဖွယ်ရှိခြင်း၊

(င) စေ့ရောက်သည့်အတိုင်း ပေးချေရန်တာဝန်ဝတ္တရားကို လိုက်နာရန် သုံးစွဲသူအနေဖြင့် ပျက်ကွက်ခဲ့ ခြင်း၊ သို့မဟုတ်

(စ) သုံးစွဲသူက ၎င်း၏ မိုဘိုင်းကိရိယာ ပျောက်ဆုံးခဲ့ခြင်း သို့မဟုတ် အခိုးခံရခဲ့ခြင်း၊ သို့မဟုတ်

(စ) သုံးစွဲသူ ဆုံးပါးသွားခြင်း သို့မဟုတ် ယင်း၏ စိတ်ပိုင်းဆိုင်ရာမသန်စွမ်းခြင်း။

၆.၂။ သုံးစွဲသူ၏ ကြွေးမြီဆိုင်ရာအခြေအနေ(Credit Status) သို့မဟုတ် ဘဏ္ဍာရေးတာဝန်များ ထမ်းဆောင်နိုင်မှု အခြေအနေ(Solvency Status)သည် လက်ခံနိုင်ဖွယ် ရှိ၊ မရှိဆိုသည်ကို MPT အနေဖြင့် ယင်း၏ တစ်ဦးတည်း ဆုံးဖြတ်ခွင့်ဖြင့် ဆုံးဖြတ်နိုင်ပြီး သုံးစွဲသူ၏ ကြွေးမြီဆိုင်ရာအခြေအနေ သို့မဟုတ် ဘဏ္ဍာရေးတာဝန်များ ထမ်း ဆောင်နိုင်မှုအခြေအနေ ပြောင်းလဲပါက အချို့သောဝန်ဆောင်မှု ပံ့ပိုးပေးခြင်းကို ငြင်းဆန်ခွင့် နှင့်/သို့မဟုတ် ကန့်သတ်ခွင့် သို့မဟုတ် သုံးစွဲသူ၏ အကောင့်အတွက် အကြွေးယူနိုင်ခွင့်အပေါ်ကန့်သတ်ချက်(Credit Limit) သတ်မှတ်ပိုင်ခွင့်ကို ရယူထားပါသည်။

၆.၃။ သီးခြားစည်းကမ်းချက်များတွင် အခြားနည်းသဘောတူညီထားခြင်းမရှိပါက သို့မဟုတ် ဥပဒေအရ အခြားနည်း မသတ်မှတ်ထားပါက သုံးစွဲသူကလည်း MPT ထံ မရပ်စဲမီလေးဆယ့်ငါး(၄၅)ရက်ကြိုတင်၍ စာဖြင့်ရေးသား ထားသော အကြောင်းကြားစာပေးပို့၍ ဝန်ဆောင်မှုကို ရပ်စဲနိုင်ပါသည်။

၆.၄။ ဝန်ဆောင်မှု ရပ်စဲသည့်အခါ –

(က) ထိုဝန်ဆောင်မှု စပ်လျဉ်းသည့် MPT က စုပေါင်းရရှိမည့် ငွေပမာဏများအားလုံးသည် ဝန်ဆောင်မှု ရပ်စဲသည့်အချိန်တွင် ချက်ချင်း ပေးချေရန်စေ့ရောက်ပြီး ပေးချေရန်ဖြစ်လာရမည်၊ နှင့်

(ခ) MPT ပစ္စည်းကိရိယာများအားလုံးကို ကောင်းမွန်စွာအသုံးပြုနိုင်သည့်အခြေအနေအတိုင်း သုံးစွဲသူက ချက်ချင်းပြန်လည်အပ်နှံရမည်၊ သို့ရာတွင် မည်သည့် MPT ပစ္စည်းကိရိယာများကိုမဆို ကောင်းမွန်စွာ အသုံးပြုနိုင်သည့်အခြေအနေအတိုင်း MPTထံ ပြန်လည်အပ်နှံရန် သုံးစွဲသူအနေဖြင့် ပျက်ကွက်ပါက၊ MPTက ကျခံထားသည့်(လက်ဝယ်ပြန်လည်ရယူခြင်းအတွက်ဖြစ်စေ၊ အစားထိုးခြင်းအတွက်ဖြစ်စေ) မည်သည့်ကုန်ကျစရိတ်များအတွက်မဆို သုံးစွဲသူသည် MPT အား ပေးရန်တာဝန်ရှိစေရမည်။

၆.၅။ သတ်မှတ်ကာလ သို့မဟုတ် အနည်းဆုံးသတ်မှတ်ကာလတစ်ရပ်ရပ်အတွက် သုံးစွဲသူအားပံ့ပိုးပေးရန်သဘော တူထားသည့်မည်သည့်ဝန်ဆောင်မှုကိုမဆို MPTကသော်လည်းကောင်း၊ သုံးစွဲသူကသော်လည်းကောင်း ရပ်စဲ ပါက အဆိုပါသဘောတူထားသည့် အနည်းဆုံးသတ်မှတ်ကာလမကုန်ဆုံးမီ သုံးစွဲသူုသည် အောက်ပါတို့ကို ဆောင်ရွက်ရမည် –

(က) ရပ်စဲခြင်းအတွက် သို့မဟုတ် ဖျက်သိမ်းခြင်းအတွက် မည်သည့်အဖိုးအခများကိုမဆို အဆိုပါကာလ မကုန်ဆုံးမီ ပေးချေရန်၊ နှင့်

(ခ) အဆိုပါအဖိုးအခများပေးရန် မရှိလျှင်၊ ဆန့်ကျင်ဖော်ပြထားသော မည်သည့်သီးခြားစည်းကမ်းချက် များမျှ မရှိလျှင်၊ သုံးစွဲသူသည် စုပေါင်းပေးဆောင်ရမည့် အခြားသောဝန်ဆောင်ခများအားလုံးအပြင် သဘောတူထားသည့် သတ်မှတ်ကာလ သို့မဟုတ် အနည်းဆုံးသတ်မှတ်ကာလ၏ ကျန်ရှိနေသော ကာလအတွက် ကျသင့်သည့်ဝန်ဆောင်ခများအားလုံး၏ အချိုးကျပမာဏအား ပေးဆောင်ရမည့် အပြင် အဆိုပါဝန်ဆောင်ခများအားလုံး၏ စုစုပေါင်းပမာဏသည် ရပ်စဲသည့်အချိန်တွင် ချက်ချင်းပေး ချေရန်စေ့ရောက်ပြီး ပေးချေရန်ဖြစ်လာရမည်။

၆.၆။ MPT သည် သင်၏နိုင်ငံတကာကွန်ယက်များအသုံးပြုမှုနှင့် နိုင်ငံတကာခေါ်ဆိုမှုများပြုလုပ်ခြင်းအပါအဝင် ဝန် ဆောင်မှု၏ မည်သည့် အစိတ်အပိုင်းကိုမဆို သင့်ထံ ပံ့ပိုးပေးမှုအား ငြင်းဆန်ရန် ဆုံးဖြတ်နိုင်သည်။

၇။ တာဝန်ခံမှုမှ ကင်းလွှတ်စေခြင်း

၇.၁။ သုံးစွဲသူသည် အောက်ပါတို့မှပေါ်ပေါက်လာသော ဆုံးရှုံးမှုများအားလုံးနှင့် တစ်ရပ်ရပ်အတွက် အပြည့်အဝတာ ဝန်ယူရမည့်အပြင် MPT၊ ယင်း၏ ဒါရိုက်တာများ၊ အရာရှိများ၊ အလုပ်သမားများ၊ ကန်ထရိုက်တာများ၊ ကိုယ် စားလှယ်များနှင့် အေးဂျင့်များ၊ ယင်း၏ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်းများ သို့မဟုတ် လုပ်ငန်းပူးပေါင်း ဆောင်ရွက်သူ(Joint Operation Partner)အား အောက်ပါတို့မှပေါ်ပေါက်လာသောဆုံးရှုံးမှုများအားလုံးနှင့် တစ်ရပ်ရပ်တို့မှ တာဝန်ခံမှုမှ ကင်းလွတ်စေရမည်၊ လွတ်ငြိမ်းစေရမည်။ –

(က) သုံးစွဲသူက လုပ်ပိုင်ခွင့်ပေးထားသည်၊ လုပ်ပိုင်ခွင့်မပေးထားသည်ဖြစ်စေ သို့မဟုတ် ခွင့်ပြုထားသည် ဖြစ်စေ၊ ခွင့်မပြုထားသည်ဖြစ်စေ သုံးစွဲသူ၊ သုံးစွဲသူနှင့် ပတ်သက်ဆက်နွယ်သည့်အဖွဲ့အစည်း သို့မ ဟုတ် ကလေးသူငယ်များ သို့မဟုတ် မသန်မစွမ်းဖြစ်သူများအပါအဝင် ပုဂ္ဂိုလ်တစ်ဦးဦးက မည်သည့် နည်းလမ်းဖြင့်မဆို ပြုလုပ်သော ဆောင်ရွက်မှု၊ ပျက်ကွက်မှု သို့မဟုတ် ဝန်ဆောင်မှုတစ်ရပ်ရပ် အသုံးပြုမှု၊

(ခ) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သို့မဟုတ် ဝန်ဆောင်မှုမှ ပေါ်ပေါက်လာသည့် ပစ္စည်းအပေါ် သို့မဟုတ် လူပုဂ္ဂိုလ်အပေါ် မည်သည့်ထိခိုက်ခြင်း၊ ဆုံးရှုံးခြင်း သို့မဟုတ် (သေဆုံးခြင်းအပါအဝင်) ထိခိုက်ဒဏ် ရာရရှိမှုမဆို၊

(ဂ) ဝန်ဆောင်မှု ပြတ်တောက်ခြင်း သို့မဟုတ် အကန့်အသတ်ဖြင့်သာရရှိခြင်းအား ဖြစ်ပေါ်စေသည့် ဝန် ဆောင်မှုတစ်ရပ်ရပ်၏ လည်ပတ်မှုတွင် ဖြစ်ပေါ်သော အနှောင့်အယှက်တစ်ရပ်ရပ်၊

(ဃ) သုံးစွဲသူ၏ မည်သည့်သုံးစွဲသူနှင့်သဘောတူညီချက်ကိုမဆို ဖောက်ဖျက်ခြင်း၊ မည်သည့်အသိဉာဏ် ပစ္စည်းဆိုင်ရာ အခွင့်အရေးကိုမဆို ချိုးဖောက်ခြင်း သို့မဟုတ် ဥပဒေချိုးဖောက်ခြင်း၊ နှင့်

(င) သုံးစွဲသူသဘောတူညီချက်တစ်ရပ်ရပ်အရ မည်သည့်အခွင့်အရးများကိုမဆို MPT က သုံးစွဲသူအပေါ် အာဏာသက်ရောက်စေမှု။

၈။ ပေးရန်တာဝန် ကန့်သတ်ခြင်း

၈.၁။ သုံးစွဲသူနှင့်သဘောတူညီချက်တစ်ရပ်ရပ်အရ MPT ၏ တာဝန်ဝတ္တရားများကိုမဆို MPT က ထမ်းဆောင်ရန် ကြန့်ကြာမှု၊ ချိုးဖောက်မှု သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ရပ်မှပေါ်ပေါက်သည့် မည်သည့်ဆုံးရှုံးမှုမဆိုအပါ အဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသည့် (ဝင်ငွေ သို့မဟုတ် အမြတ်ငွေများဆုံးရှုံးမှု အပါအဝင်) စီးပွားရေးဆိုင်ရာ သို့မဟုတ် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအစရှိသောမည်သည့် အထူး၊ သွယ်ဝိုက်သော သို့မဟုတ် အကျိုးဆက်အားဖြင့်ဖြစ်ပေါ်သောဆုံးရှုံးမှုများ သို့မဟုတ် နစ်နာမှုများ အတွက် MPTသည် ပဋိညာဉ်အရသော်လည်းကောင်း၊ တရားမ နစ်နာမှုအရသော်လည်းကောင်း၊ အခြားနည်း အရ သော်လည်းကောင်း သုံးစွဲသူအပေါ် ပေးရန်တာဝန်မရှိစေရ။

၈.၂။ အောက်ပါတို့ကြောင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ဖြစ်ပေါ်စေသည့် သုံးစွဲ သူက ကျခံရသော သို့မဟုတ် ခံစားရသော မည်သည့်ဆုံးရှုံးမှုများအတွက်မဆို ဥပဒေအရ တာဝန်ရှိမှုများကို ပေါ့ဆမှု သို့မဟုတ် ချိုးဖောက်မှုအပါအဝင်တို့အတွက် MPT သည် ပဋိညာဉ်အရသော်လည်းကောင်း၊ တရားမ နစ်နာမှုအရသော်လည်းကောင်း၊ အခြားနည်းအရသော်လည်းကောင်း သုံးစွဲသူအပေါ်ပေးရန်တာဝန်မရှိစေရ –

(က) ဝန်ဆောင်မှုနှင့်ပတ်သက်၍ သုံးစွဲသူက လုပ်ပိုင်ခွင့်ပေးထားသည်၊ လုပ်ပိုင်ခွင့်မပေးထားသည်ဖြစ်စေ သို့မဟုတ် ခွင့်ပြုထားသည် ဖြစ်စေ၊ ခွင့်မပြုထားသည်ဖြစ်စေ သုံးစွဲသူ၊ သုံးစွဲသူနှင့် ပတ်သက်ဆက် နွယ်သည့်အဖွဲ့အစည်း သို့မဟုတ် ကလေးသူငယ်များ သို့မဟုတ် မသန်မစွမ်းဖြစ်သူများအပါအဝင် ပုဂ္ဂိုလ်တစ်ဦးဦးက မည်သည့် နည်းလမ်းဖြင့်မဆို ပြုလုပ်သော ဆောင်ရွက်မှု၊ ပျက်ကွက်မှု သို့မဟုတ် ပေါ့ဆမှု သို့မဟုတ် ရည်ရွယ်ချက်ရှိရှိကျင့်ဝတ်ချိုးဖောက်မှုှု၊

(ခ) ဝန်ဆောင်မှုတစ်ရပ်ရပ်မှတဆင့် ဝင်ရောက်သော၊ ကြည့်ရှုသော သို့မဟုတ် ဒေါင်းလုပ်(Download) လုပ်သော မည်သည့်အကြောင်းအရာ၊ ဖိုင်များ သို့မဟုတ် သတင်းအချက်အလက်များမဆို၊

(ဂ) ဝန်ဆောင်မှုတစ်ရပ်ရပ်မှတစ်ဆင့် အချက်အလက်တစ်ခုခု ပေးပို့ထုတ်လွှတ်ရာတွင် သို့မဟုတ် လက် ခံရရှိရာတွင် မည်သည့်နည်းဖြင့်မဆိုဖြစ်ပေါ်စေသည့်ဝန်ဆောင်မှုတစ်ရပ်ရပ် ပျက်ခြင်း၊ အလုပ်မလုပ် ခြင်း၊ ကြန့်ကြာခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်း သို့မဟုတ် ပြတ်တောက်ခြင်းတစ်ရပ်ရပ် ၊

(ဃ) MPTပစ္စည်းကိရိယာ သို့မဟုတ် MPT ဆော့ဖ်ဝဲတစ်ခုခု၏ ချွတ်ယွင်းချက်၊ တွဲဖက်အသုံးမပြုနိုင်ခြင်း၊ အလုပ်မလုပ်ခြင်း သို့မဟုတ် ပျက်ခြင်း၊

(င) ဝန်ဆောင်မှုတစ်ရပ်ရပ်ကို အသုံးချရန် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း အသုံးပြုသည့် ပစ္စည်းကိရိယာ သို့မဟုတ် စနစ်တစ်ရပ်ရပ် ချွတ်ယွင်းခြင်း သို့မဟုတ် ပျက် စီးခြင်း သို့မဟုတ် ပျက်ခြင်းတစ်ရပ်ရပ်၊

(စ) ဝန်ဆောင်မှုတစ်ရပ်ရပ်မှတစ်ဆင့် သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် ထုတ်လွှင့်သော ထုတ်လွှင့်ချက် သို့မဟုတ် အချက်အလက်တစ်ရပ်ရပ်၏ အရည်အသွေးတွင် ချွတ် ယွင်းမှု၊ အားနည်းမှု၊ အနှောင့်အယှက်ဖြစ်မှု၊ ပျက်ယွင်းခြင်း သို့မဟုတ် လျော့ကျမှုတစ်ရပ်ရပ်၊

(ဆ) ဝန်ဆောင်မှုတစ်ရပ်ရပ်မှတစ်ဆင့် သို့မဟုတ် ဝန်ဆောင်မှု တစ်ရပ်ရပ်၏ တစ်စိတ်တစ်ဒေသအဖြစ် ထုတ်လွှင့်သော နှင့်/သို့မဟုတ် စနစ်တစ်ရပ်ရပ် သို့မဟုတ် ပစ္စည်းကိရိယာတစ်စုံတစ်ရာတွင် သိမ်း ဆည်းထားသည့် အချက်အလက် သို့မဟုတ် သတင်းအချက်အလက်တစ်ရပ်ရပ် ဆုံးရှုံးခြင်း၊ ပျက် ယွင်းခြင်း၊ ပြည့်စုံမှုမရှိခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတစ်ရပ်ရပ်၊

(ဇ) ဝန်ဆောင်မှုကိုရယူရန်အသုံးပြုသော သုံးစွဲသူ၏ မိုဘိုင်းစက်ပစ္စည်း သို့မဟုတ် စက်ကိရိယာ ဆုံးရှုံးမှု၊ ထိခိုက်မှု သို့မဟုတ် အခိုးခံရမှု၊

(ဈ) တတိယပုဂ္ဂိုလ် ပံ့ပိုးသူများ၏ ဝန်ဆောင်မှုများ သို့မဟုတ် ထုတ်ကုန်များ၊

(ည) လျှပ်စစ်ဓာတ်အား သို့မဟုတ် ဓာတ်အားပေးဝေမှု ပြတ်တောက်ခြင်း၊ မလုံလောက်ခြင်း သို့မဟုတ် အနှောင့်အယှက်ဖြစ်ခြင်း၊ အဓိကရုဏ်းများ သို့မဟုတ် ပြည်တွင်းမငြိမ်သက်မှု၊ အဖျက်အမှောင့်၊ ဆန္ဒပြမှုများ၊ လုပ်ငန်းပိတ်ခြင်းများ၊ အလုပ်သမားများ သို့မဟုတ် အလုပ်သမားရေးရာ အငြင်းပွားမှု များ သို့မဟုတ် အနှောင့်အယှက်များ၊ ပလိပ်ရောဂါဖြစ်ပွားခြင်း၊ ကူးစက်ရောဂါဖြစ်ပွားခြင်း သို့မဟုတ် ရောဂါမပြန့်ပွားစေရန်ဆောင် ရွက်ထားခြင်း၊ မီးလောင်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ မတော်တဆမှု၊ ရေ ကြီးခြင်း၊ ပုံမှန်သယ်ယူပို့ဆောင်သူ၏ ပျက်ကွက်မှု၊ မိုးခေါင်ရေရှားခြင်း သို့မဟုတ် အစိုးရတစ်ရပ်ရပ် သို့မဟုတ် အာဏာပိုင်တစ်ရပ်ရပ်၏ ဆောင်ရွက်ချက်များ၊ ဥပဒေတစ်ရပ်ရပ်ပြောင်းလဲမှု၊ စစ်မက်ဖြစ် ပွားခြင်း သို့မဟုတ် အကြမ်းဖက်မှုဖြစ်ပွားခြင်း (အမှန်တကယ်ဖြစ်စေ၊ ထင်မြင်ယူဆရသည်ဖြစ်စေ)၊ သို့မဟုတ် သဘာဝဘေးအန္တရာယ်တို့အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ် မထားသည့် ကြိုတင်မမျှော်မှန်းနိုင်သော သို့မဟုတ် ကြိုတင်မျှော်မှန်းနိုင်သော်ငြားလည်း ရှောင်လွှဲ၍ မရနိုင်သော သို့မဟုတ် ထိန်းချုပ်နိုင်စွမ်းမရှိသော အကြောင်းတရားများကြောင့် ဖြစ်ပေါ်သော မည် သည့်ဖြစ်ရပ်မဆို၊

(ဋ) သုံးစွဲသူ၏ဝန်ဆောင်မှုတစ်ရပ်ရပ်အသုံးပြုခြင်းမှတစ်ဆင့်ထုတ်လွှင့်သည့်သုံးစွဲသူနှင့်ပတ်သက်သော သတင်းအချက်အလက်တစ်ရပ်ရပ်အား (သုံးစွဲသူနှင့်သဘောတူညီချက်တွင် အတိအကျ သတ်မှတ် ထားသူမှလွှဲ၍) တစ်စုံတစ်ဦးက မည်သည့်အချိန်တွင်မဆို၊ မည်သည့်နည်းလမ်းဖြင့်မဆို နှင့်/သို့မ ဟုတ် မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုခြင်း။

၈.၃။ သုံးစွဲသူနှင့်သဘောတူညီချက်အရ MPT က သုံးစွဲသူအား ဆောင်ရွက်ပေးရမည့် ၎င်း၏ မည်သည့်တာဝန်ဝတ္တ ရားများ သို့မဟုတ် တာဝန်များကိုမဆို ချိုးဖောက်မှု၊ ပျက်ကွက်မှု သို့မဟုတ် မဆောင်ရွက်ပေးမှုတစ်ရပ်ရပ်မှ ပေါ်ပေါက်လာသည့် ဆုံးရှုံးမှုများအားလုံးအတွက် ပဋိညာဏ်အရသော်လည်းကောင်၊ တရားမနစ်နာမှုအရ သော်လည်းကောင်း၊ အခြားနည်းအရသော်လည်းကောင်း သုံးစွဲသူအပေါ် MPT ၏ ပေးရန်တာဝန်ရှိမှုစုစုပေါင်း သည် MPT ဘက်မှ ထိုချိုးဖောက်မှု၊ ပျက်ကွက်မှု သို့မဟုတ် မဆောင်ရွက်ပေးမှုမတိုင်မီ ကပ်လျက်သုံး(၃)လ အတွက် အဆိုပါသုံးစွဲသူနှင့်ပတ်သက်၍ စုစည်းကျသင့်သောဝန်ဆောင်ခများနှင့် ညီမျှသော ငွေပမာဏထက် မကျော်လွန်စေရ။

၈.၄။ ဝန်ဆောင်မှုနှင့် ဝန်ဆောင်မှုတွင်ပါဝင်သော သို့မဟုတ် ဝန်ဆောင်မှုတွင် သုံးစွဲသူကရရှိနိုင်အောင် အခြားနည်း ဆောင်ရွက်ပေးထားသော သတင်းအချက်အလက်များ၊ အကြောင်းအရာများ၊ အချက်အလက်များ၊ ပစ္စည်းကိ ရိယာများ၊ (ဆော့ဖ်ဝဲအပါအဝင်)ထုတ်ကုန်များနှင့်အခြားဝန်ဆောင်မှုများအားလုံးကို “ရှိသည့်အတိုင်း”နှင့် “ရရှိ နိုင်မည့်အတိုင်း”စနစ်(As Is And As Available Basis)ဖြင့် ပံ့ပိုးခြင်းဖြစ်သည်။ ဝန်ဆောင်မှု၏ လည်ပတ်မှု သို့မဟုတ် ဝန်ဆောင်မှုတွင်ပါဝင်သော သို့မဟုတ် ဝန်ဆောင်မှုမှတဆင့် သုံးစွဲသူက ရရှိနိုင်အောင် အခြားနည်း ဆောင်ရွက်ပေးထားသော သတင်းအချက်အလက်များ (၎င်း၏ တိကျမှန်ကန်မှုအပါအဝင်)၊ အကြောင်းအရာ များ၊ အချက်အလက်များ၊ ပစ္စည်းကိရိယာများ၊ (ဆော့ဖ်ဝဲအပါအဝင်)ထုတ်ကုန်များနှင့် အခြားဝန်ဆောင်မှုများ အားလုံးနှင့်ပတ်သက်၍အတိအလင်းဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မည်သည့်အမျိုးအစားမဆိုရှိသော ကိုယ်စား ပြုတင်ပြခြင်းများ သို့မဟုတ် အာမခံချက်များကိုမျှ MPTက မပြုလုပ်ပါ။ သုံးစွဲသူ၏ ဝန်ဆောင်မှုအသုံးပြုမှုသည် မိမိတာဝန်သာဖြစ်ကြောင်း သုံးစွဲသူက အတိအလင်း သဘောတူပါသည်။

၈.၅။ သက်ဆိုင်ရာဥပဒေများအရ ခွင့်ပြုနိုင်သည့် အများဆုံးအတိုင်းအတာအထိ MPT သည် တိကျသော ရည်ရွယ် ချက်တစ်ခုအတွက် ဈေးကွက်တင်ရောင်းချနိုင်မှုနှင့် သင့်လျော်မှုအတွက် သွယ်ဝိုက်သောအာမခံချက်များအပါ အဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသော အတိအလင်း သို့မဟုတ် သွယ်ဝိုက် အာမခံ ချက်များအားလုံးနှင့် မသက်ဆိုင်ကြောင်းငြင်းဆိုပါသည်။

၈.၆။ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များ၊ အကြောင်းအရာများ၊ အချက်အလက်များ၊ ပစ္စည်း ကိရိယာများ၊ (ဆော့ဖ်ဝဲအပါအဝင်) ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများတွင်ပါဝင်သော သို့မဟုတ် ဝန်ဆောင်မှုများတွင် သုံးစွဲ သူကရရှိနိုင်အောင် အခြားနည်း ဆောင်ရွက်ပေးထားသော အခြားဝန်ဆောင်မှုများအားလုံး၊ MPT ဆာဗာများ သို့မဟုတ် MPT က ပေးပို့သော အီလက်ထရွန်နစ်ဆက်သွယ်မှုများသည် ဗိုင်းရပ်စ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသောအစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT က အာမ မခံပါ။

၉။ တတိယပုဂ္ဂိုလ် ထောက်ပံ့သူများ

၉.၁။ သုံးစွဲသူက ဝန်ဆောင်မှုတစ်ရပ်အား အသုံးပြုနေစဉ်အတွင်း သို့မဟုတ် ယင်းနှင့်စပ်လျဉ်း၍ တတိယပုဂ္ဂိုလ်ဝန် ဆောင်မှု သို့မဟုတ် အကြောင်းအရာထောက်ပံ့သူများ (“တတိယပုဂ္ဂိုလ်ထောက်ပံ့သူများ”)ထံမှ ဝန်ဆောင်မှု များ ရယူရန် သုံးစွဲသူအား ခွင့်ပြုထားသော်လည်း အဆိုပါတတိယပုဂ္ဂိုလ်ထောက်ပံ့သူများအားလုံးသည် လွတ် လပ်သောကန်ထရိုက်တာများ သို့မဟုတ် ထောက်ပံ့သူများဖြစ်ကြောင်းနှင့် ဝန်ဆောင်မှုများဆောင်ရွက်ပေး ခြင်း၏ ရလဒ်များနှင့် MPT က ပေးအပ်ထားသည့် သတ်မှတ်ချက်များအား ၎င်းတို့က လိုက်နာဆောင်ရွက်ခြင်း တို့နှင့်ပတ်သက်၍မှတစ်ပါး ၎င်းတို့အားလုံးသည် ဝန်ဆောင်မှုများဆောင်ရွက်ပေးခြင်းနှင့်ဆက်စပ်သော ကိစ္စ ရပ်အားလုံးတွင် MPT ၏ ထိန်းချုပ်မှုနှင့် ညွှန်ကြားမှုတို့မှ ကင်းလွတ်ကြောင်း သုံးစွဲသူက အသိအမှတ်ပြုပါ သည်။

၉.၂။ သုံးစွဲသူက ခွင့်ပြုထားပါက တတိယပုဂ္ဂိုလ်ထောက်ပံ့သူများထံမှ ပေါ်ပေါက်လာသော ကျသင့်ငွေများနှင့်စပ် လျဉ်း၍ MPT သည် သုံးစွဲသူ၏ အကောင့်ထဲမှ နုတ်ယူနိုင်ပါသည်။

၁၀။ အသိဉာဏ်ပစ္စည်း

ဆော့ဖ်ဝဲ ၊ Script ၊ Code ၊ ပုံရိပ်များ၊ စာသား၊ ဂရပ်ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုအမှတ်အသားများ၊ စာပေအနုပညာမူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့် အကြောင်းအရာပါဝင်မှုနှင့် ၎င်းတို့နှင့် သက်ဆိုင်သည့် အသိဉာဏ်ပစ္စည်းအခွင့်အရေး များအားလုံးအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု ကန့်သတ်မထားသည့် မည်သည့် အသိဉာဏ် ပစ္စည်းမဆိုသည် MPT နှင့် ၎င်း၏ လိုင်စင်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်စွဲ ထားသူများ သို့မဟုတ် အကြောင်းအရာပံ့ပိုးပေးသူများ၏ သီးသန့်ပိုင်ဆိုင်မှုပစ္စည်းဖြစ်သည်။ သုံးစွဲသူနှင့် သဘောတူညီချက်တွင်အတိအလင်းဖော်ပြထားသည်မှအပ ဤတွင်ပါဝင်သောမည်သည့်အရာကိုမျှ အသိ ဉာဏ်ပစ္စည်း တစ်ရပ်ရပ်တွင် သို့မဟုတ် ၎င်းအရ လိုင်စင် သို့မဟုတ် အခွင့်အရေးတစ်ခု ဖန်တီးပေးသည်ဟု မမှတ်ယူရမည့်အပြင် သုံးစွဲသူသည် ထိုအသိဉာဏ်ပစ္စည်းမှ ဆင့်ပွားရရှိလာသောအရာများကို ရောင်းချခြင်း၊ ပြန်လည်ရောင်းချခြင်း၊ လိုင်စင်ပေးခြင်း၊ ထပ်ဆင့်လိုင်စင်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြင်ဆင်ပြောင်းလဲခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို လေ့လာ၍ ပြန်လည်ဖန်တီးခြင်း (Reverse Engineer)၊ ထုတ်လွှင့်ခြင်း၊ အများပြည်သူရှေ့ချပြခြင်း၊ အများပြည်သူရှေ့ဖျော်ဖြေခြင်း၊ ထုတ်ဝေ ခြင်း၊ ပြင်ဆင်ညှိနှိုင်းခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများ မပြုလုပ်ရန် သဘောတူပါသည်။ သုံးစွဲသူ နှင့်သဘောတူညီချက်တွင်အတိအလင်းခွင့်ပြုမထားသည့် မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသိဉာဏ် ပစ္စည်းကို အသုံးပြုခြင်းအား တင်းကြပ်စွာ တားမြစ်ပါသည်။

၁၁။ သုံးစွဲသူဆိုင်ရာသတင်းအချက်အလက်

သုံးစွဲသူတစ်ဦးအဖြစ် သင်သည် အောက်ပါ[Privacy Policy]တွင်တွေ့ရှိနိုင်သော ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်း အချက်အလက်ထိန်းသိမ်းမှုမူဝါဒကို ဖတ်ရှုပြီး၍ သဘောတူကြောင်းကို အတည်ပြုပါသည်။

၁၂။ စွန့်လွှတ်ခြင်း

သုံးစွဲသူ၏ လုပ်ရပ်၊ ဆောင်ရွက်မှုမရှိခြင်း၊ နှောင့်နှေးခြင်း၊ ပေါ့ဆခြင်း သို့မဟုတ် ပျက်ကွက်ခြင်းတစ်ရပ်ရပ်ကို MPT က ဖော်ပြရန် ပျက်ကွက်ခြင်းသည် ဤစည်းကမ်းချက်များပါ MPT ၏ မည်သည့်အခွင့်အရေးကိုမဆို စွန့် လွှတ်ခြင်းတစ်ရပ် မမြောက်စေရ။ သုံးစွဲသူတစ်ဦးဦး၏ မည်သည့်ပျက်ကွက်မှုမှမဆို ပေါ်ပေါက်လာသော MPT ၏ အခွင့်အရေးတစ်ရပ်ရပ်စွန့်လွှတ်မှုသည် (၁) တူညီသောတာဝန်ဝတ္တရားအား နောက်ဆက်တွဲပျက်ကွက်မှု အတွက် ထိုတူညီသောအခွင့်အရေးကို စွန့်လွှတ်မှု၊ (၂) တူညီသောတာဝန်ဝတ္တရားအား နောက်ဆက်တွဲ ပျက် ကွက်မှုမှ ပေါ်ပေါက်လာသော အခြားအခွင့်အရေးတစ်ရပ်ရပ်ကို စွန့်လွှတ်မှု၊ သို့မဟုတ် (၃) ယခင်၊ လက်ရှိ သို့မဟုတ် အနာဂတ်တွင် အခြားသောပျက်ကွက်မှုတစ်ရပ်ရပ်ကို စွန့်လွှတ်မှု မမြောက်စေရ။။ MPT ၏ သုံးစွဲသူ နှင့်သဘောတူညီချက်ပါ ၎င်း၏မည်သည့်အခွင့်အရေးများကိုမဆိုစွန့်လွှတ်မှုတစ်ရပ်ရပ်အား စာဖြင့်ရေးသား၍ MPT က လက်မှတ်ရေးထိုးရမည်ဖြစ်ပြီး ထိုစွန့်လွှတ်မှုသည် အနာဂတ်တွင် သုံးစွဲသူနှင့်သဘောတူညီချက်ပါ ၎င်း၏ အခြားသောအခွင့်အရေးများကို စွန့်လွှတ်ခြင်း သို့မဟုတ် လက်လွှတ်ခြင်း မဖြစ်စေရ။

၁၃။ လျှို့ဝှက်ထားရှိမှု

MPTက အခြားနည်းကြိုတင်ခွင့်ပြုထားခြင်းမရှိပါက သုံးစွဲသူသည် MPT ၊ ဝန်ဆောင်မှုတစ်ရပ်ရပ်၊ MPT ပစ္စည်း ကိရိယာများ၊ MPT ဆော့ဖ်ဝဲ သို့မဟုတ် သုံးစွဲသူသဘောတူစာချုပ်နှင့်သက်ဆိုင်သော မည်သည့်သတင်း အချက်အလက်ကိုမဆို တတိယပုဂ္ဂိုလ်တစ်ဦးဦးထံတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေဖွင့်ဟထုတ်ဖော်ခြင်း၊ ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း၊ ထုတ်လွှင့်ခြင်း၊ မျှဝေခြင်း သို့မဟုတ် အခြားနည်းဖြင့် ရရှိနိုင်အောင် မပြုလုပ်ရ။ သို့သော် အဆိုပါလျှို့ဝှက်ထားခြင်းဆိုင်ရာ တာဝန်ဝတ္တရားသည် သုံးစွဲသူ၏ တာဝန်ဝတ္တရားတစ်ရပ်ရပ်ကို ချိုး ဖောက်ခြင်းမှတဆင့်မဟုတ်သော အခြားနည်းအားဖြင့် အများပြည်သူက ရရှိနိုင်သော သို့မဟုတ် ရရှိလာနိုင် သည့် သတင်းအချက်အလက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၁၄။ လွှဲအပ်ခြင်း

၁၄.၁။ သုံးစွဲသူသည် MPT ၏ စာဖြင့်ကြိုတင်ခွင့်ပြုချက်မရှိဘဲ သုံးစွဲသူနှင့်သဘောတူညီချက်တစ်ရပ်ရပ် သို့မဟုတ် ယင်းတွင် အပ်နှင်းထားသည့် မည်သည့်အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများကိုမဆို လွှဲအပ်ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း မပြုရ။

၁၄.၂။ MPT သည် သုံးစွဲသူနှင့်သဘောတူညီချက်တစ်ရပ်ရပ်ပါ MPT ၏ လုပ်ပိုင်ခွင့်များ၊ အကျိုးစီးပွားများနှင့် တာဝန် ဝတ္တရားများအားလုံးနှင့်၎င်းတို့၏မည်သည့်အစိတ်အပိုင်းကိုမဆို ပတ်သက်ဆက်နွယ်သောအဖွဲ့အစည်းတစ်ခု၊ ဆက်ခံသူတစ်ဦး သို့မဟုတ် တတိယပုဂ္ဂိုလ်တစ်ဦးထံ လွှဲပြောင်းနိုင်ပါသည်။

၁၅။ ပြင်ဆင်ခြင်း

ဤအထွေထွေစည်းကမ်းချက်များကို MPT က အခါအားလျော်စွာ ပြင်ဆင်မွမ်းမံနိုင်ပြီး အကြောင်းကြားသည့် နေ့ရက် သို့မဟုတ် ထုတ်ပြန်သည့်နေ့ရက်တွင်သော်လည်းကောင်း၊ MPT က အခြားနည်း သတ်မှတ်သည့် အတိုင်းသော်လည်းကောင်း အကျိုးသက်ရောက် ရမည်။ အဆိုပါ အထွေထွေစည်းကမ်းချက်များအပေါ် ပြင် ဆင်မှု သို့မဟုတ် မွမ်းမံမှုအကြောင်းကြားစာကို MPT ၏ ဝက်ဘ်ဆိုဒ်ပေါ်တွင် တင်ပေးခြင်းအပါအဝင် MPT က သင့်လျော်သည်ဟု ဆုံးဖြတ်သတ်မှတ်သည့် မည်သည့်နည်းလမ်းဖြင့်မဆို သုံးစွဲသူထံ ပေးအပ်နိုင်သည်။

၁၆။ အငြင်းပွားမှု ဖြေရှင်းခြင်း

၁၆.၁။ သုံးစွဲသူနှင့်သဘောတူညီချက်အား ဥပဒေက လွှမ်းမိုးရမည်ဖြစ်ပြီး ယင်းနှင့်အညီ ဖတ်ရှုနားလည်၍ အဓိပ္ပာယ် ကောက်ယူရမည်။

၁၆.၂။ အခြားနည်းအားဖြင့် သဘောတူထားနိုင်သည့်အတိုင်းနှင့် ဥပဒေနှင့်အညီမှအပ သုံးစွဲသူနှင့်သဘောတူညီချက် ချိုးဖောက်မှု၊ ၎င်း၏ တည်ရှိမှု၊ အကျိုးသက်ရောက်မှု၊ တရားဝင်မှု သို့မဟုတ် ရပ်စဲမှုနှင့်ပတ်သက်သော မည် သည့်မေးခွန်းမဆိုအပါအဝင် သုံးစွဲသူနှင့်သဘောတူညီချက်မှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းနှင့်ဆက်စပ် သော တောင်းခံမှုများ၊ တောင်းဆိုမှုများ၊ အရေးယူဆောင်ရွက်ရသည့်အကြောင်းအရင်းများ၊ အငြင်းပွားမှုများ၊ အငြင်းပွားဖွယ်ရာကိစ္စရပ်များနှင့် အခြားမေးခွန်းထုတ်ဖွယ်ဖြစ်သည့်ကိစ္စရပ်များအားလုံးနှင့် တစ်ရပ်ရပ်ကို စာချုပ်ဝင်တစ်ဦးက ဖြေရှင်းရန်လိုအပ်သောကိစ္စရပ်ကို အခြားစာချုပ်ဝင်ထံ ပထမဦးဆုံးအသိပေးအကြောင်း ကြားသည့်နေ့မှရက်ပေါင်းသုံးဆယ်(၃၀)ကာလအတွင်း ပြေလည်စွာမဖြေရှင်းနိုင်ပါက ၂၀၁၆ခုနှစ် အနုညာတ စီရင်ဆုံးဖြတ်ခြင်းဥပဒေ(“MAL”)ပါ ပြဋ္ဌာန်းချက်များအရ မြန်မာနိုင်ငံတွင် အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ ဆောင်ရွက်မှုများအတိုင်း အပြီးသတ်ဖြေရှင်းရမည်ဖြစ်ပြီး MAL ဟု ရည်ညွှန်းရာတွင် သုံးစွဲသူနှင့်သဘောတူညီ ချက်ကို ချုပ်ဆိုသည့်နေ့ပြီးနောက် အခါအားလျော်စွာပြင်ဆင် သို့မဟုတ် ပြန်လည်ပြဋ္ဌာန်း သို့မဟုတ် အစားထိုး သို့မဟုတ် လဲလှယ်ထားသည့် MAL ဥပဒေပါဝင်ရမည်။ MALနှင့်အညီ မြန်မာနိုင်ငံတွင် အနုညာ တစီရင်ဆုံးဖြတ်ခြင်းနှင့် စပ်လျဉ်း၍ ခုံသမာဓိလူကြီးသုံး(၃)ဦး ရှိရမည်။ စာချုပ်ဝင်တစ်ဦးချင်းစီသည် စတင် တရားစွဲသည့်နေ့မှရက်ပေါင်းသုံးဆယ်(၃၀)အတွင်း ခုံသမာဓိလူကြီးတစ်(၁)ဦး ခန့်အပ်ရမည်ဖြစ်ပြီး ထိုသို့ခန့် အပ်ထားသော ခုံသမာဓိများသည် ခုံသမာဓိလူကြီးနှစ်(၂)ဦးထဲမှ နောက်ဆုံးတစ်ဦးကို ခန့်အပ်ပြီးနောက် ရက် ပေါင်းသုံးဆယ်(၃၀)အတွင်း နောက်ဆုံးအဆင့်ခုံသမာဓိလူကြီးတစ်ဦးကို ခန့်အပ်ရမည်။ အကယ်၍ စာချုပ်ဝင် တစ်ဦးသည် စာချုပ်ဝင်ကခန့်အပ်ရမည် ခုံသမာဓိလူကြီးကို ခန့်အပ်ရန် ပျက်ကွက်လျှင် သို့မဟုတ် စာချုပ်ဝင် က ခန့်အပ်သော ခုံသမာဓိလူကြီးများသည် သက်ဆိုင်ရာအချိန်ကာလအတွင်း နောက်ဆုံးအဆင့်ခုံသမာဓိ လူ ကြီးတစ်ဦးအပေါ် သဘောတူညီမှု မရရှိနိုင်ပါက မည်သည့်စာချုပ်ဝင်ကမဆို အဆိုပါခုံသမာဓိလူကြီး သို့မ ဟုတ် နောက်ဆုံးအဆင့်ခုံသမာဓိလူကြီးတစ်ဦးကို သက်ဆိုင်သည့်အတိုင်း ခန့်အပ်ရန်အတွက် တရားရုံးသို့ လျှောက်ထားနိုင်ပါသည်။ အဆိုပါမည်သည့် အနုညာတစီရင်ဆုံးဖြတ်ခြင်း ဆောင်ရွက်မှုများတွင်မဆို ခုံသမာ ဓိလူကြီး အများစု၏ ဆုံးဖြတ်ချက်က လွှမ်းမိုးရမည်ဖြစ်သော်လည်း ခုံသမာဓိလူကြီးများ၏ သဘောထားထင် မြင်ချက်များသည် တူညီသည့်အရေအတွက်ဖြစ်နေပါက နောက်ဆုံးအဆင့်ခုံသမာဓိလူကြီး၏ ဆုံးဖြတ်ချက်က လွှမ်းမိုးရမည်။ အနုညာတစီရင်ဆုံးဖြတ်ခြင်းတွင် အသုံးပြုရမည့်ဘာသာစကားသည် မြန်မာဘာသာ ဖြစ်ရမည် ဖြစ်ပြီး ရရှိလာသော အနုညာတစီရင်ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ရမည့်အပြင် စာချုပ်ဝင်များအပေါ်တွင် စည်းနှောင်မှုရှိရမည်။ အဆိုပါဆုံးဖြတ်ချက်အပေါ်တွင် ချမှတ်သည့် စီရင်ချက်အား တရားစီရင်ပိုင်ခွင့်ရှိသော တရားရုံးတစ်ရုံးရုံးတွင် အတည်ပြုနိုင်ပါသည်။ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ပြုလုပ်ရမည်။

၁၇။ အကြောင်းကြားမှုများ

၁၇.၁။ MPT မှ သုံးစွဲသူထံသို့ အကြောင်းကြားမှုများနှင့် ဆက်သွယ်မှုများအားလုံး(အပိုဒ် ၄.၃အရ အကျုံးဝင်သည့် ငွေ တောင်းခံလွှာများ မပါဝင်ဘဲ)ကို MPT က ထိန်းသိမ်းထားသည့် သုံးစွဲသူ၏ မှတ်တမ်းတစ်ရပ်ရပ်တွင်ရှိသော သို့မဟုတ် သုံးစွဲသူက MPT ထံ ပေးပို့လာသော ဆက်သွယ်မှုတစ်ခုခုတွင်ရှိသော သို့မဟုတ် MPT က အခြား နည်း နောက်ဆုံးသိရှိခဲ့သော သုံးစွဲသူ၏ အီးမေးလ်လိပ်စာ သို့မဟုတ် အခြားလိပ်စာ သို့မဟုတ် ဖက်စ်နံပါတ် ထံ သို့ လက်ရောက်၊ စာတိုက်မှ၊ အီးမေးလ်ဖြင့် သို့မဟုတ် ဖက်စ်ပေးပို့မှုဖြင့် သို့မဟုတ် MPT က သင့်လျော် သည်ဟု ထင်မြင်သော အခြားမည်သည့်နည်းလမ်းများဖြင့်မဆို ပေးပို့နိုင်ပါသည်။ သုံးစွဲသူထံ လိပ်မူပေးပို့ လိုက်သော အဆိုပါမည်သည့်အကြောင်းကြားမှု၊ တောင်းဆိုမှု သို့မဟုတ် ဆက်သွယ်မှုကိုမဆို အောက်ပါ အချိန်များတွင် သုံးစွဲသူက လက်ခံရရှိပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(က) အီးမေးလ်ဖြင့် သို့မဟုတ် ဖက်စ်ပေးပို့မှုဖြင့် သို့မဟုတ် တပြိုင်နက်တည်းဖြစ်သော အခြားအီလက်ထ ရောနစ် ဆက်သွယ်ရေးဖြင့် ပေးပို့ခြင်း ဖြစ်ပါက MPT က ပေးပို့ပြီးနောက် ချက်ချင်း၊

(ခ) သုံးစွဲသူ၏ လိပ်စာထံ လက်ရောက်ပေးပို့ခြင်း ဖြစ်ပါက အဆိုပါ လိပ်စာ၌ ပေးပို့ခဲ့သည့် သို့မဟုတ် ချန် ထားခဲ့သည့် နေ့ရက်နှင့် အချိန်တွင်၊

(ဂ) ကြိုတင်ပေးချေ၍မှတ်ပုံတင်စာတိုက်မှပေးပို့ခြင်းဖြစ်ပါက MPTက စာတိုက်မှပေးပို့ပြီးနောက်ခုနှစ်(၇) ရက်မြောက်နေ့တွင်။

၁၇.၂။ MPT က သုံးစွဲသူထံသို့ အခြားနည်းသတ်မှတ်ထားခြင်းမရှိပါက သုံးစွဲသူမှ MPT ထံသို့ အကြောင်းကြားမှုများ နှင့် တောင်းဆိုမှုများအားလုံးကို စာဖြင့်ရေးသားရမည်။ MPT က သုံးစွဲသူ၏ အကြောင်းကြားမှုနှင့် တောင်းဆိုမှု တစ်ရပ်ရပ်အား လက်ခံရရှိကြောင်း သုံးစွဲသူထံ အတည်မပြုရသေးပါက အဆိုပါအကြောင်းကြားမှုနှင့် တောင်း ဆိုမှုသည် အကျိုးသက်ရောက်ခြင်းနှင့် တရားဝင်ခြင်းမရှိဟု သတ်မှတ်ပိုင်ခွင့်ရှိရမည်။

၁၈။ အဓိပ္ပာယ်ကောက်ယူခြင်း

၁၈.၁။ စကားအသွားအလာအရ ရှေ့နောက်မညီညွတ်မှုဖြစ်နေသည့်အခါတွင်မှအပ ဤအထွေထွေ စည်းကမ်းချက် များအား အဓိပ္ပာယ်ကောက်ယူရာတွင် –

(က) အများကိန်းအား ရည်ညွှန်းချက်တစ်ရပ်ရပ်တွင် အနည်းကိန်းပါဝင်ရမည်ဖြစ်ပြီး အပြန်အလှန်လည်း ဖြစ်သည်၊

(ခ) လိင်တစ်မျိုးအား ရည်ညွှန်းချက်တစ်ရပ်ရပ်တွင် လိင်အားလုံး ပါဝင်ရမည်၊

(ဂ) ပုဂ္ဂိုလ်တစ်ဦးအား ရည်ညွှန်းချက်တစ်ရပ်ရပ်တွင် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ အစုစပ် လုပ်ငန်းများ၊ လုပ်ငန်းအဖွဲ့များ၊ ဖွဲ့စည်းတည်ထောင်ထားခြင်းမရှိသည့်အဖွဲ့အစည်းများ၊ အစိုးရများ၊ အစိုးရနှင့် အခြားသောပြည်သူ့အာဏာပိုင်များနှင့် တရားဝင်ပုဂ္ဂိုလ်များအားလုံး ပါဝင်ရမည်။ ကိစ္စရပ် တစ်ခုချင်းစီတွင် ဥပဒေအရ ပဋိညာဉ်ပြုနိုင်သည့် သီးခြားပုဂ္ဂိုလ် (Separate Legal Personality) ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ပါဝင်ရမည်၊

(ဃ) မာတိကာဇယားတွင်ပါဝင်သည့်ခေါင်းစဉ်များအပါအဝင် ခေါင်းစဉ်များအား အဆင်ပြေစေရန်အတွက် သာ ဖော်ပြထားခြင်းဖြစ်ပြီး အဓိပ္ပာယ်ကောက်ယူမှုများအပေါ် အကျိုးသက်ရောက်ခြင်း မရှိစေရ၊

(င) အပိုဒ်၊ အပိုဒ်ခွဲ သို့မဟုတ် ဇယားတစ်ခုအား ရည်ညွှန်းချက်တစ်ရပ်ရပ်သည် ဤအထွေထွေစည်း ကမ်းချက်များတွင် ပါရှိသော အပိုဒ်၊ အပိုဒ်ခွဲ သို့မဟုတ် ဇယားတစ်ခုအား ရည်ညွှန်းချက်ဖြစ်သည်၊

(စ) တိကျသောပြဋ္ဌာန်းဥပဒေ၊ စည်းမျဉ်း၊ နိုင်ငံတကာစာချုပ် သို့မဟုတ် ကွန်ဗန်းရှင်းတစ်ရပ်အား ရည် ညွှန်းချက်တစ်ရပ်ရပ်တွင် အမိန့်များ၊ စည်းမျဉ်းများနှင့် ၎င်းတို့အရ သို့မဟုတ် ၎င်းတို့နှင့်စပ်လျဉ်း၍ အခါအားလျော်စွာ ပြဋ္ဌာန်းသော ဆင့်ပွားဥပဒေသော်လည်းကောင်း၊ ၎င်းတို့အား (ဤအထွေထွေ စည်းကမ်းချက်များပြဋ္ဌာန်းသည့်ရက်စွဲမတိုင်မီဖြစ်စေ၊ ထိုရက်စွဲပြီးနောက်ဖြစ်စေ) အခါအားလျော်စွာ ပြင်ဆင်ထားသော သို့မဟုတ် ပြန်လည်ပြဋ္ဌာန်းထားသောသည့်အတိုင်းသော်လည်းကောင်း ပါဝင်ပြီး ပြဋ္ဌာန်းဥပဒေ၊ စည်းမျဉ်း၊ နိုင်ငံတကာစာချုပ် သို့မဟုတ် ကွန်ဗန်းရှင်းတစ်ရပ်၏ တိကျသော ပုဒ်မတစ်ခုအား ရည်ညွှန်းချက်တစ်ရပ်ရပ်တွင် အဆိုပါပုဒ်မအား ပြင်ဆင်သော၊ အစားထိုးသော သို့မ ဟုတ် ပြန်လည်ပြဋ္ဌာန်းသော နောက်ပိုင်းပြဋ္ဌာန်းဥပဒေ၊ စည်းမျဉ်း၊ နိုင်ငံတကာစာချုပ် သို့မဟုတ် ကွန် ဗန်းရှင်းတစ်ရပ်၏ မည်သည့်ပုဒ်မ မဆိုပါဝင်သည်၊

(ဆ) စာချုပ်ဝင်တစ်ဦးအား ရည်ညွှန်းချက်တစ်ရပ်ရပ်တွင် ၎င်းတို့၏ ခွင့်ပြုချက်ရရှိထားသည့် အသီးသီး သော ဆက်ခံသူများနှင့် လွှဲအပ်ခံရသူများ ပါဝင်သည်၊

(ဇ) ဤစည်းကမ်းချက်များ၏အင်္ဂလိပ်ဘာသာနှင့်မြန်မာဘာသာမူကွဲများအကြား ဆန့်ကျင်ကွဲလွဲမှုရှိပါက မြန်မာဘာသာပြန်ဆိုချက်က လွှမ်းမိုးရမည်၊

(ဈ) စာချုပ်ဝင်တစ်ဦးက ဤအထွေထွေစည်းကမ်းချက်များ သို့မဟုတ် ဤအထွေထွေစည်းကမ်းချက်များ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ရေးသားပြုစုခြင်းအတွက် တာဝန်ရှိခဲ့သည်ဟူသည့်အကြောင်းပြချက် တစ်ခုတည်းကြောင့် ထိုပြဋ္ဌာန်းချက်ကို အဆိုပါစာချုပ်ဝင်အပေါ် နစ်နာအောင် အဓိပ္ပာယ်ကောက်ယူ ခြင်းမပြုရ၊

(ည) (ဤအထွေထွေစည်းကမ်းချက်များအပါအဝင်)မည်သည့်စာရွက်စာတမ်းကိုမဆို သို့မဟုတ် ၎င်း၏ မည်သည့်ပြဋ္ဌာန်းချက်ကိုမဆို ရည်ညွှန်းချက်တစ်ရပ်ရပ်တွင် ၎င်း၏စည်းကမ်းချက်များနှင့်အညီ အခါ အားလျော်စွာ ပြောင်းလဲ သို့မဟုတ် ဖြည့်စွက်ထားသည့် စာရွက်စာတမ်းနှင့် ပြဋ္ဌာန်းချက်များ ပါဝင် သည်။

၁၉။ သီးခြားတစ်ခုစီ ဖြစ်တည်ခြင်း

သုံးစွဲသူနှင့်သဘောတူညီချက်တစ်ရပ်ရပ်နှင့် ဤအထွေထွေစည်းကမ်းချက်များတွင်ပါရှိသော ပြဋ္ဌာန်းချက်များ ထဲမှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော မည်သည့်ပြဋ္ဌာန်းချက်များမဆို မည်သည့်ရှုထောင့်မှမဆို တရား မဝင်ခြင်း၊ ဥပဒေနှင့်မညီခြင်း သို့မဟုတ် အာဏာမသက်ရောက်နိုင်ခြင်း ဖြစ်ပေါ်လာပါက ယင်းတို့တွင် ပါဝင် သော ကျန်ရှိနေသည့် ပြဋ္ဌာန်းချက်များ၏ တရားဝင်မှု၊ ဥပဒေနှင့် ညီညွတ်မှုနှင့် အာဏာသက်ရောက်နိုင်မှုတို့ အပေါ် မည်သည့်နည်းနှင့်မျှ မထိခိုက်စေရ သို့မဟုတ် ချို့ယွင်းမှုမဖြစ်စေရမည့်အပြင် တရားမဝင်၊ အာဏာမ သက်ရောက်နိုင် သို့မဟုတ် ဥပဒေနှင့်မညီဟုယူဆရသည့်အပိုင်းအား ၎င်း၏ စည်းကမ်းချက်များနှင့်အညီ ဖြစ် နိုင်သမျှ အနီးစပ်ဆုံး အာဏာသက်ဝင်အောင် ဆောင်ရွက်ရမည်။

၂၀။ ဆက်လက်အသက်ဝင်မှု

ပါဝင်သောစည်းကမ်းချက်များအရဖြစ်စေ၊ ဥပဒေအရဖြစ်စေ၊ အခြားနည်းအရဖြစ်စေ သုံးစွဲသူနှင့်သဘောတူ ညီချက် သက်တမ်းကုန်ဆုံးခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ ဖြစ်ပေါ်ပြီးနောက်တွင် ဖော်ပြထားသော စည်းကမ်း သတ်မှတ်ချက်များအပြင် သုံးစွဲသူနှင့်သဘောတူညီချက်ကို အဓိပ္ပာယ်ကောက်ယူခြင်းအတွက် လိုအပ်သော သို့မဟုတ် ထိုသဘောတူညီချက်၏စာချုပ်ဝင်တစ်ဦးချင်းစီက ရပ်စဲသည့်နေ့မတိုင်မီပေါ်ပေါက်လာသော အခွင့် အရေးများနှင့် တာဝန်ဝတ္တရားများအားလုံးကို အပြည့်အဝလိုက်နာခြင်းနှင့် ဆောက်ရွက်ခြင်းအတွက် လိုအပ် သော မည်သည့်သတ်မှတ်ချက်၊ ပြဋ္ဌာန်းချက် သို့မဟုတ် စည်းကမ်းချက်မဆို အဆိုပါသက်တမ်းကုန်ဆုံးခြင်း သို့မဟုတ် ရပ်စဲခြင်းပြီးနောက် ဆက်လက်အသက်ဝင်ရမည်။

best operator in Myanmar