အကျိုးတူပူးပေါင်းဆောင်ရွက်မှု

MPT သည် ပြည်သူများ ဆက်သွယ်ရေးလုပ်ငန်းများ လွယ်ကူအဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် ကွန်ရက်ဧရိယာတိုးချဲ့ခြင်းနှင့် နည်းပညာသစ်များ အသုံးပြု၍ ကွန်ရက်ချိတ်ဆက်မှုများကို ပြုလုပ် နိုင်ရန်အတွက် KDDI၊ Sumitomo Corporation အစရှိသည့် ကုမ္ပဏီများဖြင့် အကျိုးတူပူးပေါင်းသည့်စာချုပ်ကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လတွင် သဘောတူလက်မှတ်ရေးထိုး ခဲ့ပါသည်။

blank
blank

KDDI ဆိုသည်မှာ ဂျပန်နိုင်ငံ၏ ထိပ်တန်းအော်ပရေတာ တစ်ခုဖြစ်ပြီး လက်ရှိသုံးစွဲသူ သန်း (၅၀) ကျော် ရရှိထားပြီး နှစ်စဉ်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ (၄၂)ဘီလီယံကျော် ရရှိလျက်ရှိသည်။ ခေတ်မီ ဆက်သွယ်ရေးစျေးကွက်တွင် ကျွမ်းကျင်မှုအပြည့်ရှိခြင်း၊ သုံးစွဲသူများအား လွန်စွာအရေးထား၍ ၀န်ဆောင်မှု ကောင်းခြင်း၊ နောက်ဆုံးပေါ်နည်းပညာအသစ်များကိုလည်း စနစ်တကျ ၀န်ဆောင်မှုပေးနိုင်ခြင်းတို့ကြောင့် KDDI သည် ဂျပန်နိုင်ငံ၏ ပြည်တွင်းစျေးကွက်တွင် ဂုဏ်သတင်းကောင်းဖြင့် ရပ်တည်နိုင်သည့် ထိပ်တန်း အော်ပရေတာတစ်ခုဖြစ်သည်။

blank

Sumitomo Corporation ဆိုသည်မှာ လုပ်ငန်းနယ်ပယ် အသီးသီးတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများတွင် ကျယ်ပြန့်စွာ ပူးပေါင်းပါ၀င်ဆောင်ရွက်လျက်ရှိသော နိုင်ငံတကာအဆင့်မီ လုပ်ငန်းစုကြီးတစ်ခု ဖြစ်သည်။ ဂျပန် နိုင်ငံမှ အထင်ကရ ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံပေါင်း (၆၆)နိုင်ငံကျော်တွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိ ဆောင်ရွက်လျက်ရှိသည်။ ကျယ်ပြန့်သော သုံးစွဲသူကွန်ရက်၊ ခိုင်မာသော ရင်းနှီးမြှုပ်နှံမှုစွမ်းရည်နှင့် မြန်မာ နိုင်ငံတွင် နှစ်ပေါင်း (၅၀)ကျော်တိုင်အောင် လုပ်ဆောင်ဖူးသည့် အတွေ့အကြုံများ ရှိသည့်အတွက် Sumitomo Corporation သည် MPT နှင့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍအတွက် အကောင်းဆုံးလက်တွဲဖော်လည်း ဖြစ်သည်။ MPT နှင့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အရှန်အဟုန် မြင့်မားလာစေရန်အတွက် KDDI နှင့် Sumitomo Corporationတို့မှ အမေရိကန်ဒေါ်လာ (၂)ဘီလီယံကျော်ကို ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ ဤရင်းနှီးမြှုပ်နှံမှု့သည် မြန်မာနိုင်ငံသမိုင်းတစ်လျှောက်တွင် အကြီးမားဆုံးသော ဂျပန်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်သည်။

best operator in Myanmar