"MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း အရေးကြီး အသိပေးချက်"

လူကြီးမင်း၏ SIM Card များကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရှိ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးပြီး  အချက်အလက် ကွဲလွဲစွာ မှတ်ပုံတင်ထားသည့် ဆင်းမ်ကတ်များအား အသိပေးစာတို ပေးပို့ထားပါသည်။

MPTSimAlert ခေါင်းစဉ်ဖြင့် စာတို (SMS) အသိပေးစာ လက်ခံရရှိပါက စာတို ရရှိသည့် ပထမရက်မှ စ၍ရက်ပေါင်း (၃၀)အတွင်း အောက်ပါအချက်များကို လုပ်ဆောင်ရန် လိုအပ်ပါသည်။

(၁) *601#သို့ ခေါ်ဆို၍ မိမိမှတ်ပုံတင်ထားသော အချက်အလက် ပြန်လည်စစ်ဆေးပါ။
(၂) နိုင်ငံသားစိစစ်ရေးကတ်ပြားပါ အချက်အလက်များအတိုင်း MPT4U app https://bit.ly/UpdateSIMData တွင်လည်းကောင်း၊  နီးစပ်ရာ အရောင်းဆိုင်များတွင် လည်းကောင်း မှန်ကန်စွာ မှတ်ပုံတင်ရန် လုပ်ဆောင်ပါ။ နိုင်ငံသားစိစစ်ရေးကတ် (၁)ကတ် ဖြင့် ဆင်းမ်ကတ် (၂) ကတ်အထိ အသုံးပြုနိုင်ပြီး အရောင်းဆိုင်များတွင် မှတ်ပုံတင်မည်ဆိုပါက ကျေးဇူးပြု၍ မှနိုင်ငံသားစိစစ်ရေးကတ် အား တစ်ပါတည်း ယူဆောင်သွားရန် တိုက်တွန်းအပ်ပါသည်။
(၃)အချက်အလက်မှန်ကန်စွာ ပြန်လည်မှတ်ပုံတင်ရန် လုပ်ဆောင်ရာတွင် အခက်အခဲရှိပါက MPT Call center (106) သို့ဆက်သွယ်၍ သော်လည်းကောင်း နီးစပ်ရာ MPT ဝန်ထမ်းများမှ လည်းကောင်း အကူအညီ ရယူပါ။

ပြင်ဆင်မှုမရှိပါက အထွက်ခေါ်ဆိုမှုနှင့် ဒေတာဝန်ဆောင်မှုများ ကန့်သတ်သွားမည် ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေးအပ်ပါသည်။

MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း(သို့မဟုတ်) မှတ်ပုံတင်အချက်လက်များ စစ်ဆေးရန်

 လင့်ခ်သို့နှိပ်ပါ https://bit.ly/UpdateSIMData

အမေးများသော မေးခွန်းများ

၁။ ကျွန်တော့်ရဲ့ SIM registration က ၂ ကဒ် ပြည့်ပီလား မပြည့်သေးဘူးလား စစ်ဆေးပေးလို့ရပါသလား ခင်ဗျာ။

ကျေးဇူးပြု၍ MPT4U သို့ USSD code *601# ဖြင့် စစ်ဆေးနိုင်ပါသည်။ အကယ်၍ စစ်ဆေး၍ မရခြင်း (သို့) အချက်အလက်များ ပြင်ဆင်၍ မရပါက Ownshop သို့ သွားရောက်နိုင်ပါသည်။

၂။ အကယ်၍ KBZ Pay နှင့် SIM registration အချက်အလက်များ သည် တူညီခြင်း မရှိပါက ဆင်းကဒ် သည် ပိတ်သိမ်းသွားမှာလား။ အတည်ပြုချက်လေးများ ရနိုင်မလား ခင်ဗျာ။

သင်၏ အချက်အလက်များ ဖြင့် PTD မှ ညွှန်ကြားချက်များအတိုင်း ဆင်းကဒ်အား Register ပြုလုပ်ရန် လိုအပ်ပါသည်။

၃။ MPT4U မှာ ဆင်းကဒ် Register ပြုလုပ်လို့ မရဘူး။ အကြံပေးပါအုန်းရှင့်။

ပထမဆုံးအနေဖြင့် MPT4U နောက်ဆုံး version အား update ပြုလုပ်ထားရန် လိုအပ်ပါသည်။ ထို့နောက် နောက်တစ်ကြိမ် Register ပြုလုပ်ပါ။ အကယ်၍ မရပါက Ownshop သို့ သွားရောက်ပါ။

၄။MPT4U မှာ Sim ကဒ်ကို Register လုပ်လိုက်တဲ့အခါ " ၂ ကဒ် အသုံးပြုပြီး ဖြစ်ပါသည်“ လို့ ပြနေပါတယ်။ မည်သို့ ဆက်လက်လုပ်ဆောင်ရမလဲ။

ထိုသို့ ပြဿနာများကို အနီးစပ်ဆုံး Ownshop များတွင် သွားရောက် စစ်ဆေးနိုင်ပါသည်။ အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။

၅။ ကျွန်တော် ဆိုင်ကို သွားခဲ့သေးတယ်။ သူတို့ မကူညီနိုင်ဘူး။

အဆင်မပြေမှုအတွက် တောင်းပန်ပါတယ် ခင်ဗျာ။ Sim Re-registration အတွက် own shop က သာ အကူအညီ ပေးနိုင်မှာမို့ပါ။

၆။ ကျွန်တော်တို့ ဆင်းကဒ်တွေ က ဘယ်ချိန်မှာ ရပ်သွားမှာလဲ။

ပိတ်သိမ်းမည့် အချိန်အား အတိအကျ မသိရသေးပါ။ သို့သော်လည်း မိမိ လက်ရှိအသုံးပြုနေသည့် Sim Card များအား PTD မှ ချမှတ်ထားသည့် စည်းမျဥ်းစည်းကမ်း များအတိုင်း မှန်ကန်စွာ Register ပြုလုပ်ပေးရပါမည်။

၇။ ကျွန်ုပ်တို့ အချက်အလက်တွေ နဲ့ Register လုပ်ရမှာလား။

ဟုတ်ပါတယ်။ အကယ်၍ သုံးစွဲသူမှ မိမိ အချက်အလက်များဖြင့် မှန်ကန်စွာ ဆင်းကဒ်အား Register ပြုလုပ်ထားခြင်း မရှိပါက ၄င်းဆင်းကဒ်အား ဌာနမှ ပိတ်သိမ်းသွားမည် ဖြစ်ပါသည်။ ကျေးဇူးပြု၍ MPT4U သို့ USSD code *601# ဖြင့် စစ်ဆေးနိုင်ပါသည်။

၈။ တွင် အချက်အလက်များ ပြင်ဆင်ထားပါတယ်။ သို့ပေမဲ့ ဒီနေ့ ပြန်စစ်ဆေးသည့် အခါ ဒီတိုင်းပဲ မပြောင်းလဲ တာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲ။

ကျေးဇူးပြု၍ ထပ်မံကြိုးစား၍ ညွှန်ကြားထားသည့် အချက်အလက်များအတိုင်း ပြီးဆုံးသည် အထိ အဆင့်ဆင့် ဆောင်ရွက်ပေးပါ။

၉။ MPT4U မှတဆင့် Sim Registration အား မည်သို့ပြုလုပ်ရမည်နည်း။ သုံးစွဲသူ နေထိုင်သည့် လိပ်စာ ထည့်ရန်လိုအပ်ပါသလား။

၁) ကြည်လင်ပြတ်သားသည့် မှတ်ပုံတင် ဓါတ်ပုံ၊ မှတ်ပုံတင်တွင် ပါရှိသည့် အချက်အလက်များအား သေချာစွာ ရိုက်သွင်းရပါမည်။
၂) လိပ်စာ သည် မဖြစ်မနေ ဖြည့်သွင်းရမည့် အချက်အလက် မဟုတ်ပေမဲ့ ဖြည့်စွက်ထားပါက ပိုမို ပြည့်စုံပါသည်။

၁၀။ Sim Re-registration နှင့် ပတ်သတ်သည့် SMS များ (ဖုန်းခေါ်ဆိုမှုများ) လက်ခံရရှိနေပါသည်။ ဘာဖြစ် လို့ပါလဲ။

ကျွန်တော်တို့ အနေဖြင့် သုံးစွဲသူ အချက်အလက် များဖြင့် PTD ၏ ညွှန်ကြားချက်များအတိုင်း မှန်ကန်စွာ မှတ်ပုံတင်ရန် အသိပေးခြင်းဖြစ်ပါသည်။ သို့မဟုတ်ပါက လူကြီးမင်းတို့ ဆင်းကဒ် ဝန်ဆောင်မှုများ ပိတ်သိမ်းခံရမည် ဖြစ်ပါသည်။ ပိတ်သိမ်းမည့် ရက်အား ထပ်မံအကြောင်းကြားပါမည်။ ထို့ကြောင့် ကျေးဇူးပြု၍ သင်၏ အချက်အလက်များဖြင့် မှတ်ပုံတင်သွင်း ထားကြပါရန် အသိပေး အကြောင်းအပ်ပါသည်။

၁၁။ ၄င်းအချက်အလက်များအား လက်ခံလိုခြင်း မရှိပါ။

အဆင်မပြေမှုများအတွက် တောင်းပန်ပါတယ်ခင်ဗျာ။ ယခုကာလများတွင် အလွန်အရေးကြီးနေပါသဖြင့် အဆင်မပြေမှုအတွက် အနူးအညွတ် တောင်းပန်ပါတယ် ခင်ဗျာ။

၁၂။ Sim Registration က ဘာလို့ လုပ်ရတာလဲ။

ဒါကတော့ လက်ရှိ အစိုးရ နှင့် (PTD: Post & Telecommunications Department)  က သတ်မှတ်ပေးလိုက်သည့် အချက်အလက် ဖြစ်ပြီး MPT အနေဖြင့် အစိုးရ က သတ်မှတ်ပေးသည့် စည်းမျဥ်း စည်းကမ်းများကို လိုက်နာခြင်း ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ဆင်းကဒ်အား ဝယ်ယူပြီးပါက မိမိ အချက်အလက်များဖြင့် မှန်ကန်စွာ မှတ်ပုံတင်ရန် လိုအပ်ပါသည်။

၁၃။ မှန်ကန်သည့် မှတ်ပုံတင်ခြင်း အတွက် မည်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းများ လိုအပ် ပါသနည်း။

သုံးစွဲသူသည် ၄င်း၏ အမည် နှင့်  မြန်မာနိုင်ငံ နိုင်ငံသားဥပဒေ နှင့် အညီ ထုတ်ပေးထားသည့် မှတ်ပုံတင် မူရင်း နှင့် မိတူ လိုအပ်ပါသည်။ (နိုင်ငံခြားသားများ အနေဖြင့် Passport လိုအပ်ပါသည်။)

၁၄။ ဆင်းကဒ်အား မိမိ နာမည်ဖြင့် Register ပြုလုပ်ထားခြင်း ရှိ၊ မရှိအား မည်သို့ စစ်ဆေးနိုင်ပါသနည်း။

သုံးစွဲသူများသည် * 601 # အား ခေါ်ဆို၍ မိမိ၏ အချက်အလက်များ မှန်ကန်မှုခြင်း ရှိ၊ မရှိအား စစ်ဆေးနိုင်ပါသည်။ အကယ်၍ မမှန်ကန်ပါက MPT 4U Application နှင့် care.mpt.com.mm သို့မဟုတ် မိမိတို့ မြို့နယ်များရှိ MPT Own Shop  များတွင် ပြင်ဆင်နိုင်ပြီး နိုင်ပါသည်။

၁၅။ MPT4U Application အား download ပြုလုပ်ခြင်းအတွက် Data ဖိုးများ ကျသင့်ပါမည်လား။

MPT 4U Application အား *4040# သို့ ခေါ်ဆို၍ Download ပြုလုပ်ပါက အခမဲ့ ဖြစ်ပြီး ၄င်းအား Apple store / Google Play store များမှ Download ပြုလုပ်ပါ Data နှုန်းထားများ ကျသင့်မည် ဖြစ်ပါသည်။

best operator in Myanmar