ဝါလကင်းလွတ်သီတင်းကျွတ်မှ တန်ဆောင်တိုင်ကာလအတွင်း MPT ရဲ့ ပက်ကေ့ချ်များကို ကြိုက်နှစ်သက်ရာ နည်းလမ်းမှတစ်ဆင့် ဝယ်ယူတိုင်း ရင်ခုန်ပျော်ရွှင်စရာ(ဒေတာဆုများစွာနှင့် အထူးဆု iPhone 18 Pro) စတဲ့ ဆုလက်ဆောင် ကံထူးခွင့်တွေကို ယူဆောင်လာပေးမယ့်
“သီတင်းကျွတ်မှ တန်ဆောင်တိုင် MPTရဲ့ ဆုတွေမြိုင်”
အထူးပရိုမိုးရှင်း အစီအစဉ်ကြီး ဖြစ်ပါသည်။
🏮“သီတင်းကျွတ်မှ တန်ဆောင်တိုင် MPT ရဲ့ ဆုတွေမြိုင်…”🏮
အထူးပရိုမိုးရှင်းအစီအစဉ်တွင် အောက်ပါအတိုင်း ပါဝင်ဆင်နွှဲပြီး ဆုလက်ဆောင်များအား ကံထူးရယူနိုင်ပါသည်။
| ပရိုမိုးရှင်းတွင်ပါဝင်ရန် | ပရိုမိုးရှင်းအသေးစိတ် |
|---|---|
| ပက်ကေ့ချ်များအား ဝယ်ယူပြီး “Kick & Win” ကစားခွင့်ရယူခြင်း။ | ကြိုက်နှစ်သက်ရာ MPT ပက်ကေ့ချ်များကို ကြိုက်ရာ နည်းလမ်းမှတစ်ဆင့် ဝယ်ယူချိန်တိုင်းမှာ MPT4U App ထဲရှိ “Kick & Win” ဂိမ်းကစားခွင့်(၁)ကြိမ်စီရရှိနိုင်မှာဖြစ်ပြီး၊ 5GB အထိဒေတာ ဆုလက်ဆောင်များအား ချက်ချင်း ကံထူးရယူနိုင်ပါသည်။ ထို့အပြင် အထူးဆုကြီးများအနေဖြင့် ရက် (၉၀) သက်တမ်းရှိ 100GB ဒေတာ (၅) ဆုနှင့် iPhone 18 Pro (၂) ဆု တို့ကိုလည်း ပရိုမိုးရှင်းကာလအပြီးတွင် ရယူနိုင်မည်ဖြစ်ပါသည်။ |
မှတ်ချက်။ အထက်ပါ ပရိုမိုးရှင်းတွင် Tourist SIM ပက်ကေ့ချ်များ၊ IDD နှင့် Roaming ပက်ကေ့ချ်များ၊ Data Loan၊ Htaw B Loan၊ Data အာမခံ နှင့် B2B ပက်ကေ့ချ်များ မပါဝင်ပါ။
1. “သီတင်းကျွတ်မှတန်ဆောင်တိုင် MPT ရဲ့ဆုတွေမြိုင်” ပရိုမိုးရှင်းဆိုတာဘာလဲ?
ဤပရိုမိုးရှင်းသည် သီတင်းကျွတ် မှ တန်ဆောင်တိုင် ပွဲတော် ကာလအတွင်း MPT မှ ပေးအပ်သော အထူးပရိုမိုးရှင်းဖြစ်ပြီး သုံးစွဲသူများသည် ပက်ကေ့ချ်များဝယ်ယူခြင်းဖြင့် ပါဝင်နိုင်ပြီး ဆုလက်ဆောင်များ ကံထူးရရှိနိုင်ပါသည်။
2. ပရိုမိုးရှင်းတွင် ဘယ်သူတွေပါဝင်နိုင်သလဲ?
MPT GSM/WCDMA prepaid (ဆွေသဟာ) လက်ရှိအသုံးပြုနေသူများ ပါဝင်နိုင်ပါတယ်။ Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့် လက်ရှိအသုံးမပြုနေသူများ ပါဝင်နိုင်မှာမဟုတ်ပါ။
3. ပရိုမိုးရှင်းတွင် ဘယ်လိုပါဝင်နိုင်သလဲ?
မိမိနှစ်သက်ရာ နည်းလမ်းဖြင့် ပက်ကေ့ချ်များဝယ်ယူခြင်းဖြင့် ပရိုမိုးရှင်းတွင် ပါဝင်နိုင်ပြီး ဒေတာလက်ဆောင်များ ချက်ချင်းကံထူးနိုင်သော “Kick & Win” ဂိမ်းကစားခွင့် တစ်ကြိမ် ရရှိမည်ဖြစ်သည်။
4. ပရိုမိုးရှင်းရဲ့ အကျိုးခံစားခွင့် ကဘာတွေလဲ?
MPT4U တွင် “Kick & Win” ဂိမ်းကစားခြင်းဖြင့် ဒေတာလက်ဆောင်များ ချက်ချင်းကံထူးနိုင်မည်ဖြစ်သည်။ ဒေတာလက်ဆောင်များ ပေါင်းစည်းသွားမည် မဟုတ်ဘဲ သီးခြားစီ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
ထို့အပြင် ပရိုမိုးရှင်းကာလအပြီးတွင် အောက်ပါ အထူးဆုလက်ဆောင်များကို ကံထူးရန် အလိုအလျောက် အကျုံးဝင်မည်ဖြစ်သည်။
• iPhone 18Pro * 2 ဆု
• 100 GB (90D) * 5 ဆု
5. ပရိုမိုးရှင်းတွင် ဘယ်နှစ်ကြိမ်ပါဝင်နိုင်ပါသလဲ?
အကြိမ်များစွာပါဝင်နိုင်ပါသည်။ ပက်ကေ့ချ်ဝယ်ယူတိုင်း “Kick & Win” ဂိမ်းကစားခွင့်ကိုရရှိမည်ဖြစ်သည်။ ဒေတာလက်ဆောင်များ ရရှိရန် MPT4U တွင် “Kick & Win” ဂိမ်းကစားရန် လိုအပ်ပါသည်။
6. ပရိုမိုးရှင်းတွင် ရရှိသော “Kick & Win” ဂိမ်း ကစားခွင့်ရဲ့ သက်တမ်းက ဘယ်လောက်ပါလဲ?
ကစားခွင့်ရဲ့ သက်တမ်းသည် (၁) ရက်ဖြစ်သည်။ ရရှိသောနေ့၏ ည ၂၃:၅၉:၅၉တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။
7. အခြားသူများသို့ ပက်ကေ့ချ် လက်ဆောင်ပေးပါက “Kick & Win” ဂိမ်း ကစားခွင့်ကို ရရှိပါမည်လား?
ပက်ကေ့ချ်အား လက်ဆောင်ပေးသူသည်ရရှိမည် မဟုတ်ဘဲ လက်ခံရရှိသူ သာကစားခွင့် ရရှိမည်ဖြစ်သည်။
8. ပရိုမိုးရှင်း တွင်ပါ၀င်ရန် အကျုံးမ၀င်သော ပက်ကေ့ချ်များရှိပါသလား?
အောက်ပါပက်ကေ့ချ်များသည် ပရိုမိုးရှင်းတွင် ပါ၀င်ရန် အကျုံးမ၀င်သော ပက်ကေ့ချ်များ ဖြစ်သည်။
– Tourist SIM packs
– IDD packs
– Roaming packs
– B2B packs
– Data Loan packs
– Htaw B Loan packs
– Data Armakhan packs
9. အထူးဆုကံထူးရှင်များကို ဘယ်လိုရွေးချယ်ကြေညာပါမည်လဲ?
MPT မှ ကံထူးရှင်များကို ကျပန်းစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး ကံထူးရှင်များကို ရွေးချယ်ပြီးနောက် MPT ရဲ့ လူမှုကွန်ရက် (Facebook၊Viber၊Telegram) တွင်ကြေညာပေးပါမည်။
10. ကံထူးရှင်များသည် ဆုလက်ဆောင်ကို ဘယ်လို လက်ခံရရှိပါမည်လဲ?
ကံထူးရှင်များအား ကြေညာပြီးနောက် MPT ၏သက်ဆိုင်ရာတာဝန်ရှိသူမှတစ်ဆင့် ကံထူးရှင်တစ်ဦးစီအား ဆက်သွယ်ပြီး ဆုလက်ခံရယူရန် လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
11. MPT4U App မရှိသေးပါက ဘယ်လို Download (ဒေါင်းလုတ်) ရယူနိုင်ပါသလဲ?
*4040# ကိုခေါ်ဆို၍ (သို့) သက်ဆိုင်ရာ Play Store မှလည်းတိုက်ရိုက် Download (ဒေါင်းလုတ်)ရယူနိုင်ပါသည်။
12. ပရိုမိုးရှင်းကာလက ဘယ်အထိလဲ?
ပရိုမိုးရှင်းကာလမှာ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက် မှ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်အထိ ဖြစ်သည်။
မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်းချက် များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာစာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုးအတည်ဖြစ်စေ ရမည်။



