စာတိုပေးပို့ခြင်းကို ကြိုက်နှစ်သက်တဲ့ သုံးစွဲသူများအတွက် စာတိုပေးပို့နေရင်း ပက်ကေ့ချ်သက်တမ်းကုန်ဆုံးသွားခြင်း နှင့် သုံးသလောက်ပေးနှုန်းထားကြောင့် ပိုမိုကျသင့်ခြင်းတွေအတွက် စိတ်ပူစရာမလိုပဲ အဆိုပြု၀ယ်ယူထားရုံနဲ့ အလိုအလျောက် သက်တမ်းတိုးပေးမယ့် အကြိုက်ပို့ ပက်ကေ့ချ်ကို MPT မှ ဂုဏ်ယူစွာမိတ်ဆက်ပေးလိုက်ပါပြီ။
ပုံမှန် ပက်ကေ့ချ်ထက် ပိုမိုစျေးနှုန်းသင့်တင့်တဲ့ ကြိုက်နှစ်သက်ရာအလိုအလျောက်သက်တမ်းတိုး အကြိုက်ပို့ ပက်ကေ့ချ်တွေကို အောက်ပါအတိုင်း ရွေးချယ်၀ယ်ယူနိုင်ပါသည်။