
ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှု ပေးနိုင်သည့် ကြိုးမဲ့စနစ်သုံး (Wireless) တယ်လီဖုန်းများဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်မှ စတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ် |
---|---|---|---|
ဧရာဝတီတိုင်း ဒေသကြီး | မဲဇလီကုန်း အိတ်ချိန်း | ၀၄၄-၆၀xxx | ၀၄၄-၄၇၆၀xxx |
ကချင်ပြည်နယ် | ဆားမော် အိတ်ချိန်း | ၀၇၄-၄၄xxx | ၀၇၄-၄၇၄၄xxx |
ကရင်ပြည်နယ် | ကြာအင်းဆိပ်ကြီး အိတ်ချိန်း | ၀၅၈-၆၀xxx | ၀၅၈-၄၇၆၀xxx |
ရှမ်းပြည်နယ် (အရှေ့ပိုင်း) | ကတ်တောင် အိတ်ချိန်း | ၀၈၄-၇၃xxx | ၀၈၄-၄၇၇၃xxx |
တာလေ အိတ်ချိန်း | ၀၈၄-၇၅xxx | ၀၈၄-၄၇၇၅xxx | |
တနင်္သာရီတိုင်း ဒေသကြီး | ရေဖြူ အိတ်ချိန်း | ၀၅၉-၃၇xxx | ၀၅၉-၄၇၃၇xxx |
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။