
ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်
(ရန်ကုန်၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အိတ်ချိန်းများကို ခေတ်မီအိတ်ချိန်းစက်များနှင့် ပြောင်းလဲတပ်ဆင်ပြီး ကေဘယ်လ်ကွန်ရက်စနစ် (Copper Cable Network) အား မြန်နှုန်းမြှင့် သတင်းအချက်အလက် ဝန်ဆောင်မှုပေးနိုင်သည့် ဖန်ကြိုးမျှင် (Fiber Cable) စနစ်သုံး တယ်လီဖုန်းများဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။
နယ်မြေ | အိတ်ချိန်း | လက်ရှိအသုံးပြုနေသော ဖုန်းနံပါတ် | အသစ်ပြောင်းလဲမည့် ဖုန်းနံပါတ် |
---|---|---|---|
ပဲခူးတိုင်းဒေသကြီး (အရှေ့) | ဖြူး အိတ်ချိန်း | ၀၅၄-၄၀xxx | ၀၅၄-၂၈၄၀xxx |
ကရင်ပြည်နယ် | လှိုင်းဘွဲ့ အိတ်ချိန်း | ၀၅၈-၄၅xxx | ၀၅၈-၂၀၄၅xxx |
ရခိုင်ပြည်နယ် | ကျောက်ဖြူ အိတ်ချိန်း | ၀၄၃-၄၆xxx | ၀၄၃-၂၀၄၆xxx |
စစ်ကိုင်းတိုင်း ဒေသကြီး | စစ်ကိုင်း အိတ်ချိန်း | ၀၇၂-၂၁xxx | ၀၇၂-၂၀၂၁xxx |
၀၇၂-၂၂xxx | ၀၇၂-၂၀၂၂xxx | ||
၀၇၂-၂၃xxx | ၀၇၂-၂၀၂၃xxx | ||
*ရှမ်းပြည်နယ် (မြောက်ပိုင်း) | *နမ့်ခမ်း အိတ်ချိန်း | ၀၈၂-၆၁xxx | ၀၈၂-၂၉၆၁xxx |
*ပဲခူးတိုင်းဒေသကြီး (အနောက်) | *ကြို့ပင်ကောက် အိတ်ချိန်း | ၀၅၃-၅၀xxx | ၀၅၃-၂၀၅၀xxx |
၀၅၃-၅၁xxx | ၀၅၃-၂၀၅၁xxx | ||
*ရန်ကုန်တိုင်းဒေသကြီး | *သန်လျင်အိတ်ချိန်း | ၀၅၆-၂၁xxx | ၀၅၆-၂၀၂၁xxx |
၀၅၆-၂၂xxx | ၀၅၆-၂၀၂၂xxx | ||
၀၅၆-၂၃xxx | ၀၅၆-၂၀၂၃xxx |
* ယခင်ထုတ်ပြန်ထားပြီးဖြစ်ကာ လုပ်ငန်းဆောင်ရွက်သည့်ရက် ပြင်ဆင်ထားသည့်နေရာများ
နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ (၃) လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။