GG_fast_IPad_(1400x430)

ဂိမ်းဝါသနာရှင်များ အနေဖြင့် MPT-GG Fest ၏ Vlog ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် Apple iPad Air5 ကို ကံထူးနိုင်မည်

Published 02 Nov 2023

(ရန်ကုန်၊၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်)-MPT သည် GG Fest 2023 ပွဲတော်အတွင်း MPT အသုံးပြုသူ များအနေဖြင့် တစ်မူထူးခြားသော ဗွီဒီယို ဖန်တီးနိုင်မှုစွမ်းရည်များကို ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် စိတ်လှုပ်ရှားဖွယ်ရာ MPT-GG Fest Vlog ပြိုင်ပွဲကို ကျင်းပ လိုက်ပြီဖြစ်ပါသည်။ Vlog ဝါသနာရှင်များအနေဖြင့် MPT နှင့် GG Fest 2023 ၏ အမှတ်တရပုံရိပ်များဖြင့် Vlog ဗွီဒီယိုများ ဖန်တီးပြီး အဆိုပါပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ Vlog ပြိုင်ပွဲကို ၂၀၂၃  ခုနှစ် နိုဝင်ဘာလ ၄ ရက်မှ ၁၅ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး  အကောင်းဆုံး Vlog ဗွီဒီယိုဖန်တီးနိုင်သူအား  Apple iPad Air 5 ဆု ကို ချီးမြှင့်သွားမည် ဖြစ်ပါသည်။ ထို့အပြင် GG Fest 2023 အော့ဖ်လိုင်း(Offline) ပွဲတော်ကိုလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၄ ရက်နှင့် ၅ ရက်တွင် Rose Garden ဟိုတယ်၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပွဲတော်သို့ ဝင်ရောက်ရန် GG Fest သို့ လက်မှတ်ပြရမည် ဖြစ်ပါသည်။ ပွဲတော်အတွင်း  ဂိမ်းချစ်သူများအနေဖြင့် cosplay ပြိုင်ပွဲ၊ PS4 ဂိမ်းပြိုင်ပွဲ အတွေ့အကြုံများ၊ အခြားသော ပျော်ရွှင်စရာ အစီအစဉ်များကို ခံစားနိုင်မည့်အပြင် ဂိမ်း ကဏ္ဍမှ နာမည်ကျော်ကြားသော အနုပညာရှင်များနှင့် တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ လူငယ်များအကြား ဒီဂျစ်တယ်နှင့် ဂိမ်းအတွေ့အကြုံများကို မြှင့်တင်ရန် MPT သည် GG Fest 2023 ကို Main Sponsor အဖြစ် ပံ့ပိုးကူညီထားပြီး ဂိမ်းကစားသူများသည် ၎င်းတို့၏ ကျွမ်းကျင်မှုနှင့် ဂိမ်းကစားနိုင်မှုစွမ်းရည်တို့ကို ပြသရန် အခွင့်အရေးရရှိမည် ဖြစ်ပါသည်။ Vlog ပြိုင်ပွဲသည် GG Fest 2023 အော့ဖ်လိုင်း(Offline) ပွဲတော်တွင် ဂိမ်းချစ်သူများ ပါဝင်နိုင်ယှဉ်ပြိုင်နိုင်ရန်အတွက် အထူးသီးသန့်ဆောင်ရွက်ထားခြင်း ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်ရန်လိုအပ်ပါသည်။

  1. ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် Vlog ဗွီဒိယိုကို မတင်မီတွင် https://bit.ly/mpt-gg-vlog မှတစ်ဆင့် စာရင်းသွင်းရန်လိုအပ်ပါသည်။
    1.  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ (၄) ရက်နှင့် (၅) ရက်တို့တွင် ရန်ကုန်မြို့၊ Rose Garden Hotel ၌ ပြုလုပ်မည့် GG Fest ပွဲအတွက် ဝယ်ယူထားသည့် လက်မှတ်ကို GG Fest သို့ ပြရမည် ဖြစ်ပါသည်။
    1. GG Fest ပွဲတွင် ရိုက်ကူးထားသည့် Volg သည် ကြာချိန် (၁)မိနစ် မှ (၃) မိနစ်အတွင်းရှိသည့် Vlog ဗွီဒီယို တစ်ခုဖန်တီးရမည်ဖြစ်ပြီး အဆိုပါ ဗွီဒီယိုတွင် MPT ၏ အမှတ်တံဆိပ်နှင့်ပုံရိပ်တို့အား Video ကြာမြင့်ချိန်၏ သုံးပုံတစ်ပုံပါရှိအောင် ထည့်သွင်းရိုက်ကူးရမည် ဖြစ်ပါသည်။
    1. ပါဝင်ဆောင်ရွက်သူမှ အထက်ပါအတိုင်းရိုက်ကူးထားသည့် ဗွီဒီယိုအား “#VlogMPTGGFest” ဆိုသောစာသားဖြင့် Facebook တွင် မိမိ၏ အကောင့်၌ Public ဖြင့် နိုဝင်ဘာလ ၁၅ ရက်နောက်ဆုံးထား၍ ပို့စ်တင်ရမည် ဖြစ်ပါသည်။

ပါဝင်ယှဉ်ပြိုင်သူများအနက်မှ အကောင်းဆုံး ဗွီဒီယိုအား ဖန်တီးနိုင်သူတစ်ဦးကို MPT နှင့် GG Fest အဖွဲ့တို့မှ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး ဆုရရှိသူအား MPT ၏ ​Facebook ပေ့ချ်တွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။ Vlog ပြိုင်ပွဲနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို https://bitly.ws/ZcE6 တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

GG Fest 2023 ပွဲတော်တွင် MPT အနေဖြင့် MPT booth ကိုဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါ MPT booth တွင် ပါဝင်မည့် Fun Meeting များ၊ PS4 ဂိမ်းပြိုင်ပွဲများ၊ Vlog ပြိုင်ပွဲအတွက် စာရင်းသွင်းနိုင်သည့် ကောင်တာနှင့် MPT အရောင်းကောင်တာတို့ကို ထည့်သွင်းထားပါသည်။ ထို့အပြင် MPT သည် MPT IPTV တွင်လည်း ဂိမ်းပြိုင်ပွဲအတွက် တိုက်ရိုက်ထုတ်လွှင့်မှုများကို တင်ဆက်ပေးသွားမည်ဖြစ်ပြီး အဆိုပါ အထူး ဆောင်ရွက်မှုသည် MPT သုံးစွဲသူများ ၎င်းတို့နေအိမ်တွင် သက်တောင့်သက်သာရှိစွာဖြင့် Offline ပြိုင်ပွဲ များကို ကြည့်ရှုနိုင်စေရန်နှင့် ၎င်းတို့၏ စိတ်ကြိုက်ကစားသမားများကို အားပေးရန် ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ဂိမ်းကိုနှစ်ခြိုက်သူများအတွက် ဆန်းသစ်၍ ပိုမိုကောင်းမွန်သော အတွေ့အကြုံကောင်းများကို ပံ့ပိုးပေးနိုင်သည့်အတွက် ဂုဏ်ယူမိပါသည်။ MPT ၏ တရားဝင် ဝက်ဘ်ဆိုက်နှင့် GG Gaming & Entertainment (G3E) ၏ ဆိုရှယ်မီဒီယာများတွင် ဖော်ပြပေးသွားမည့် ဂိမ်းပြိုင်ပွဲနှင့်ပတ်သက်သည့် အသစ်သစ်သော သတင်းများနှင့် စာရင်းသွင်းနိုင်မည့် အသေးစိတ် အချက်အလက်များကို စောင့်မျှော်ကြည့်ရှုပေးပါ။

best operator in Myanmar