ဒုတိယအပတ်အပြီးတွင် “အလန်းစားဆု_အလန်းစား Friday” အစီအစဉ်မှတစ်ဆင့် ကံထူးရှင် (၁၂) ဦး ထွက်ပေါ်လာ

Published 16 Sep 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်) – MPT က သုံးစွဲသူများအား iPad Air 5၊ Apple Watch Series 7 နှင့် Beats Fit Pro စသော ဆုများစွာဖြင့် ပြန်လည်ပေးအပ်လျက်ရှိသော အထူးကံစမ်းမဲ ပရိုမိုးရှင်း အစီအစဉ် “အလန်းစားဆု_အလန်းစား Friday” အစီအစဉ်သည် ဒုတိယအပတ်ကာလပြီးဆုံးလွန်မြောက်၍ ခရီးတစ်ဝက်ကို ရောက်ရှိလာပြီဖြစ်ပါသည်။

MPT သည် ပထမအပတ် နှင့် ဒုတိယအပတ်အတွက် ဝင်ရောက်ယှဉ်ပြိုင်သူများ၏ Screenshot (ဓာတ်ပုံ) များထဲမှ ကံထူးရှင် (၁၂) ဦးကို စက်တင်ဘာလ (၇) ရက် နှင့် (၁၄) ရက်တို့တွင် ကျပန်းစနစ်ဖြင့် အသီးသီးရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။ ကံထူးရှင် (၁၂) ဦးကို အောက်တွင်ဖော်ပြထားပါသည်။

ပထမအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်အမည်နေရပ်လိပ်စာ
ဒေါ်ချမ်းမြေ့မေiPad Air 5 (64GB)ရန်ကုန်တိုင်းဒေသကြီး
ဦးမင်းမင်းiPad Air 5 (64GB)ဧရာဝတီတိုင်းဒေသကြီး
ဦးကိုဟိန်းApple Watch Series 7မကွေးတိုင်းဒေသကြီး
ဦးနောင်းနိုင်းနိုင်းApple Watch Series 7တနင်္သာရီတိုင်းဒေသကြီး
ဒေါ်ဆုသီရိမောင်Beats Fit Proရန်ကုန်တိုင်းဒေသကြီး
ဦး Pj PaiBeats Fit Proကရင်ပြည်နယ်

 

ဒုတိယအပတ် ကံထူးရှင်များစာရင်း

နံပါတ်အမည်အမည်နေရပ်လိပ်စာ
ဦးဝေဖြိုးiPad Air 5 (64GB)မကွေးတိုင်းဒေသကြီး
ဒေါ်ခင်ပြည့်ပြည့်ဖြိုးiPad Air 5 (64GB)နေပြည်တော်ကောင်စီနယ်မြေ
ဒေါ်မြတ်သင်ဇာမိုးApple Watch Series 7ရန်ကုန်တိုင်းဒေသကြီး
ဒေါ်ဇင်မာတင့်Apple Watch Series 7ရန်ကုန်တိုင်းဒေသကြီး
ဒေါ်ရွှေရီBeats Fit Proရန်ကုန်တိုင်းဒေသကြီး
ဒေါ်ဖြိုးသင်ဇာထွန်းBeats Fit Proရန်ကုန်တိုင်းဒေသကြီး

ပထမအပတ် နှင့် ဒုတိယအပတ်အတွက် ကံထူးရှင် (၁၂) ဦး အမည်စာရင်းများကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာခဲ့ပြီး ကံထူးရှင်များအား ၎င်းတို့၏ ကံထူးလက်ဆောင်များထုတ်ယူနိုင်ရန်အတွက် MPT က ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။

MPT သည် “အလန်းစားဆု_ အလန်းစား Friday” အစီအစဉ်၏ တတိယအပတ် နှင့် စတုတ္ထအပတ်အတွက် ကျန်ရှိနေသော ကံထူးရှင် (၁၃) ဦးကို စက်တင်ဘာလ (၂၁) ရက် နှင့် (၂၈) ရက်တို့တွင် အသီးသီး ရွေးချယ်ပေးသွားမည်ဖြစ်ပြီး သုံးစွဲသူများ အတွက် ဆုလက်ဆောင်များစွာလည်း ကျန်ရှိနေပါသေးသည်။ ထို့ကြောင့် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအနေဖြင့် ပျော်ရွှင်ဖွယ်ရာနှင့် ဆုလက်ဆောင်များ ကံထူးနိုင်ရန်အတွက် အဆိုပါအစီအစဉ်တွင် ပါဝင်ဆင်နွှဲကြရန် တိုက်တွန်းလိုက်ရပါသည်။

Facebook Campaign Postကံထူးဆုများဆုအရေအတွက်ကံထူးရှင်အရေအတွက်
တတိယအပတ်
(စက်တင်ဘာလ ၁၆ ရက်)
iPad Air 5 (64GB)
Apple Watch Series 7
Beats Fit Pro
စတုတ္ထအပတ်
(စက်တင်ဘာလ ၂၃ ရက်)
iPad Air 5 (64GB)
Apple Watch Series 7
Beats Fit Pro

 

အဆိုပါ ကံထူးဆုများအပြင် MPT4U အက်ပလီကေးရှင်းမှတစ်ဆင့် “အလန်းစား Friday” ပက်ကေ့ချ်များကို ဝယ်ယူအသုံးပြုသူများသည် ထိပေါက်ကစားခြင်းဖြင့် 200GB အထိ ကံထူးခွင့်နှင့် သောကြာနေ့အထူးဘောနပ်စ် အဖြစ် ပြန်အမ်းငွေ ၅၅၅ ကျပ်တို့ကို ရရှိနိုင်မည်ဖြစ်ပါသည်၊၊

MPT သုံးစွဲသူများသည် သောကြာနေ့တိုင်း “အလန်းစား Friday” ပက်ကေ့ချ်ကို အကြိမ်များစွာ ဝယ်ယူနိုင်သည့် အပြင် “ အလန်းစားဆု_အလန်းစား Friday” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ခြင်းဖြင့် များများဝယ်ယူလေလေ၊ ဆုလက်ဆောင်များကံထူးရန် အခွင့်အရေး ပိုမိုများပြားလေလေ ဖြစ်ပါသည်၊၊

MPT သုံးစွဲသူများအနေဖြင့် ယခုကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန် အသေးစိတ်အချက်အလက်များကို https://bit.ly/3qvWGiR မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်ကာလများအတွင်း သုံးစွဲသူများအတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကံထူးရှင်များ သို့ ကံထူးလက်ဆောင်များ လွှဲပြောင်းပေးအပ်ခဲ့သည့် အမှတ်တရဓါတ်ပုံများကို အောက်တွင်ဖော်ပြပေးထားပါသည်။

ဒေါ်ချမ်းမြေ့မေ အား iPad Air 5 (64GB) လွှဲပြောင်းပေးအပ်ခဲ့စဥ်(ရန်ကုန်)

ဦးနောင်နိုင်းနိုင်း ကိုယ်စား ဦးသန်းအောင်အား Apple Watch Series 7 လွှဲပြောင်းပေးအပ်ခဲ့စဥ် (တနင်္သာရီ)

ဦးမင်းမင်းအား iPad Air 5 (64GB) လွှဲပြောင်းပေးအပ်ခဲ့စဥ်(ဧရာဝတီ)

ဒေါ်မြတ်သင်ဇာမိုး အား Apple Watch Series 7 လွှဲပြောင်းပေးအပ်ခဲ့စဥ် (ရန်ကုန်)

ဒေါ်ဆုသီရိမောင် အား Beats Fit Pro လွှဲပြောင်းပေးအပ်ခဲ့စဥ် (ရန်ကုန်)

ဒေါ်ရွှေရီအား Beats Fit Pro လွှဲပြောင်းပေးအပ်ခဲ့စဥ် (ရန်ကုန်)

ဒေါ်ဇင်မာတင့် Apple Watch Series 7 လွှဲပြောင်းပေးအပ်ခဲ့စဥ် (ရန်ကုန်)

ဒေါဖြိုးသင်ဇာထွန်း Beats Fit Pro လွှဲပြောင်းပေးအပ်ခဲ့စဥ် (ရန်ကုန်)

best operator in Myanmar