PR_Wallpaper_ENG-1

နေပြည်တော်ကောင်စီနယ်မြေရှိ ခေတ်မီအိတ်ချိန်းစက်များလဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲပါမည်

Published 07 Apr 2023

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အောက်ဖော်ပြပါ နေပြည်တော်ကောင်စီနယ်မြေရှိ အိတ်ချိန်းကို ခေတ်မီအိတ်ချိန်းစက်နှင့် ပြောင်းလဲတပ်ဆင်ပြီး လက်ရှိ အသုံးပြုနေသော အော်တိုတယ်လီဖုန်းနံပါတ်ကို စက်မှုပိုင်းဆိုင်ရာလိုအပ်ချက်အရ ဂဏန်း (၇) လုံး ပါရှိသည့် အော်တိုတယ်လီဖုန်းနံပါတ်အသစ်ဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၉) ရက်မှစတင်၍ အောက်ပါအတိုင်း ပြောင်းလဲသွားမည် ဖြစ်ပါသည်။

နယ်မြေအိတ်ချိန်းလက်ရှိအသုံးပြု နေသော  ဖုန်းနံပါတ်အသစ်ပြောင်းလဲ မည့်ဖုန်းနံပါတ်
နေပြည်တော်ကောင်စီပြန်ကပြေး RSU အိတ်ချိန်း၀၆၇-၅၅၀xxx၀၆၇-၄၅၅၀xxx

နံပါတ်အဟောင်းမှ နံပါတ်အသစ်သို့ ပြောင်းလဲစဉ်ကာလအတွင်းတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိမိတို့၏ ဝန်ဆောင်မှုကို အသုံးပြုနေသူများ ဆက်သွယ်မှုအဆင်ပြေစေရန် Call Forward ဝန်ဆောင်မှုကို ပြောင်းလဲတပ်ဆင်သည့်နေ့မှစ၍ အများပြည်သူ သုံးစွဲသူများအတွက် (၃) လ နှင့် အစိုးရဌာနများအတွက် (၆)လအထိ အခမဲ့ပေးထားမည်ဖြစ်ပြီး သုံးစွဲသူများသည် နံပါတ်အသစ်သို့ ပြောင်းလဲနေစဉ်ကာလအတွင်းတွင် လက်ရှိနံပါတ် (သို့မဟုတ်) နံပါတ်အသစ်သို့ ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

best operator in Myanmar