
ပရိုမိုးရှင်းပက်ကေ့ချ် ပြောင်းလဲမှုများအကြောင်း သုံးစွဲသူများအားအသိပေးခြင်း
Published 10 Jul 2021
၂၀၂၁ ခုနှစ် ဇူလှိုင်လ ၁၃ ရက်နေ့မှစပြီး ပရိုမိုးရှင်းပက်ကေ့ချ်ဝန်ဆောင်မှုအချို့ကို ပြင်ဆင်သတ်မှတ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားချက်အရ အသိပေးအကြောင်းကြားအပ်ပါသည်။
လက်ရှိ၀ယ်ယူထားသော ပက်ကေ့ချ် အစီအစဥ်များကို ၄င်းတို့၏ သက်တမ်းကုန်ဆုံးရက်အထိ ပေးအပ်ထားသည့် ဒေတာ ပမာဏအားလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။
မြန်မာပြည်သူများအကြား အကောင်းဆုံး ချိတ်ဆက်မှုရရှိစေနိုင်ရေးအတွက် MPT အနေဖြင့် သုံးစွဲသူများ၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝန်းအပေါ် သက်ရောက်မှု အနည်းဆုံးဖြစ်စေရန် အကောင်းဆုံးကြိုးစားလုပ်ဆောင်လျက်ရှိကာ ဆက်သွယ်ရေး ဝန်ဆောင်မှုများကို မည်သည့်အခြေအနေတွင် မဆို ရယူအသုံးပြုနိုင်ရေးမှာ အရေးကြီးကြောင်း ကောင်းစွာမှတ်ယူထားပါသည်။