
“ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ် မှ Samsung Z Flip 4 နှင့် ၁ ကျပ်သား ရွှေဒင်္ဂါးပြား ကံထူးရှင်များ ထွက်ပေါ်လာ
(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သော MPT သည် ၎င်း၏ သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အလန်းစားဆုကြီးများပါဝင်သော “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ အစီအစဉ်ကို စက်တင်ဘာလ (၁၉) ရက်မှ အောက်တိုဘာလ (၁၆) ရက် အထိ ကျင်းပခဲ့ပြီး ပရိုမိုးရှင်းကာလအတွင်း ကံထူးရှင်များအား အပတ်စဉ်ရွေးချယ်ခဲ့ပါသည်။ အဆိုပါအစီအစဉ် (၄) ပတ် ပြီးမြောက်သည့် အချိန်တွင် တတိယအပတ်အတွက် Samsung Z Flip 4 နှင့် စတုတ္ထအပတ်အတွက် ၁ ကျပ်သား ရွှေဒင်္ဂါးပြား ကံထူးရှင်များကို အောက်တိုဘာလ ၁၃ ရက်နှင့် ၂၀ ရက်တို့တွင် အသီးသီး ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။
“ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲ ပရိုမိုးရှင်းအစီအစဉ်အတွက် စုစုပေါင်း ကံထူးရှင် (၂၆) ဦး ရွေးချယ်ခဲ့ပြီး ပထမအပတ်၏ ကံထူးရှင် (၆) ယောက်ကို စက်တင်ဘာလ ၂၉ရက်နေ့နှင့် ဒုတိယအပတ်ကံထူးရှင် (၆) ယောက်ကို အောက်တိုဘာလ ၆ရက်နေ့တို့တွင် အသီးသီး ရွေးချယ်ခဲ့ပြီး ဆုရရှိကြောင်း အကြောင်းကြားခဲ့ပြီးဖြစ်ကာ ကံထူးလက်ဆောင်များထုတ်ယူနိုင်ရန်အတွက် MPT က ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအနေဖြင့် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ပရိုမိုးအစီအစဥ်ကို စိတ်ကျေနပ်မှု ရရှိမည်ဟု မျှော်လင့်မိပါသည်။ အနာဂတ်တွင်လည်း ပိုမိုစိတ်လှုပ်ရှားစရာကောင်းသော ဝန်ဆောင်မှုများ နှင့် ပရိုမိုးရှင်းအစီအစဉ်များအား ပေးအပ်သွားမည်ဖြစ်သောကြောင့် သုံးစွဲသူများအနေဖြင့် အဆိုပါအစီအစဉ်များကို စောင့်မျှော်ကြည့်ရှုပေးကြပါရန် တိုက်တွန်းလိုပါသည်။ MPT သည် အကောင်းဆုံး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပြီး သုံးစွဲသူများအတွက် ယုံကြည်စိတ်ချသော အော်ပရေတာတစ်ခု အဖြစ် အမြဲရပ်တည်သွားမည်ဖြစ်ပါသည်။
တတိယအပတ် (အောက်တိုဘာလ ၃ ရက်မှ ၉ ရက်ထိ)နှင့် စတုတ္ထအပတ် (အောက်တိုဘာလ ၁၀ ရက်မှ ၁၆ ရက်) အထိ ကံထူးရှင် (၁၄) ဉီးစာရင်းကို အောက်တွင်ဖော်ပြထားပါသည်။
တတိယအပတ် ကံထူးရှင်များစာရင်း
နံပါတ် | အမည် | ကံထူးဆုများ | နေရပ်လိပ်စာ | ဖုန်းနံပါတ် |
---|---|---|---|---|
၁ | မငုဝါလွင် | Samsung Z Flip 4 | မန္တလေးမြို့ | ၀၉၄၅၈၁၉XXXX |
၂ | ဦးလီဂူ | Samsung Z Flip 4 | တာချီလိတ်မြို့ | ၀၉၄၀၇၅၀XXXX |
၃ | ဦးဝင်းစိုး | Samsung Z Flip 4 | ရန်ကုန်မြို့ | ၀၉၄၂၆၉၀XXXX |
၄ | ဒေါ်မြင့်မြင့်စန်း | Samsung Z Flip 4 | ပြည်မြို့ | ၀၉၂၅၀၅၅XXXX |
၅ | ဒေါ်ဇင်မာခိုင် | Samsung Z Flip 4 | ရန်ကုန်မြို့ | ၀၉၄၃၂၂XXXX |
၆ | ဦးမျိုးကိုကို | Samsung Z Flip 4 | ရန်ကုန်မြို့ | ၀၉၈၉၉၂၅XXXX |
၇ | မ ရဲမ်ဇတျန်း | Samsung Z Flip 4 | ရန်ကုန်မြို့ | ၀၉၄၄၉၁၁XXXX |
၈ | ဦးဇင်ဖြိုးငြိမ်း | Samsung Z Flip 4 | ပုသိမ်မြို့ | ၀၉၈၉၃၇၁XXXX |
စတုတ္ထအပတ် ကံထူးရှင်များစာရင်း
နံပါတ် | အမည် | ကံထူးဆုများ | နေရပ်လိပ်စာ | ဖုန်းနံပါတ် |
---|---|---|---|---|
၁ | ဦးဝင်းနိုင် | ၁ ကျပ်သား ရွှေဒင်္ဂါးပြား | ရန်ကုန် | ၀၉၂၅၀၈၂XXXX |
၂ | ဒေါ်စန်းစန်းတင့် | ၁ ကျပ်သား ရွှေဒင်္ဂါးပြား | စစ်ကိုင်း | ၀၉၈၉၂၈၅XXXX |
၃ | ဦးစန်းအေး | ၁ ကျပ်သား ရွှေဒင်္ဂါးပြား | ရန်ကုန် | ၀၉၄၅၆၃၁XXXX |
၄ | ဦးကြည်စိုး | ၁ ကျပ်သား ရွှေဒင်္ဂါးပြား | တင်္နသာရီ | ၀၉၄၅၅၄၀XXXX |
၅ | ဦးဟန်ဝင်းအောင် | ၁ ကျပ်သား ရွှေဒင်္ဂါးပြား | မကွေး | ၀၉၂၅၉၆၄XXXX |
၆ | ဦးဝေယံလင်း | ၁ ကျပ်သား ရွှေဒင်္ဂါးပြား | ရန်ကုန် | ၀၉၂၆၁၅၁XXXX |
တတိယအပတ်နှင့် စတုတ္ထအပတ်အတွက် ကံထူးရှင် (၁၄) ဦး၏ အမည်စာရင်းများကို MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့မှတစ်ဆင့် ကြေညာခဲ့ပြီး ကံထူးရှင်များအား ၎င်းတို့၏ ကံထူးလက်ဆောင်များထုတ်ယူနိုင်ရန်အတွက် MPT က ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ “ရင်ခုန်ကံစမ်း ဆုတွေလန်း” ကံထူးရှင်များ၏စာရင်းကို https://bit.ly/3MyVnKh တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုကဲ့သို့ စိန်ခေါ်မှုများရှိနေသည့်ကာလများအတွင်း သုံးစွဲသူများ အတွက် ဆန်းသစ်ပြီး အဆင်ပြေလွယ်ကူသော ဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါသည်။
MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။