
လေးစားရပါသော MPT သုံးစွဲသူ မိဘပြည်သူအပေါင်းတို့ခင်ဗျား….
Published 07 Feb 2023
MPT မှ ၀န်ဆောင်မှုပေးလျက်ရှိသော MPT Call Center, ဖိုင်ဘာအင်တာနက်များ၊ မိုဘိုင်းလ် အင်တာနက်များ၊ မိုဘိုင်းလ်နှင့် တယ်လီဖုန်းဆက်သွယ်ရေးများမှာ လတ်တလောတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတာ၀န်ရှိသူများအနေဖြင့် မူလအတိုင်း ဆက်သွယ်မှု ပြန်လည်ရရှိနိုင်စေရေးအတွက် အမြန်ဆုံး ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အဆင်မပြေမှုများအတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။
ဆက်သွယ်ရေးကွန်ရက်အခြေအနေများနှင့်ပတ်သက်ပြီးအပြောင်းအလဲရှိပါကအကြောင်းကြားပေး သွားမည်ဖြစ်ပါသည်။